အမေရိကန်က အစ္စရေးကို စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးဖို့ စီစဉ်နေဟု အမေရိကန်သတင်းစာဖော်ပြ
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၇
နယ်သာလန်အပါအဝင် ဥရောပနိုင်ငံအချို့က အစ္စရေးနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးဖို့ ပိတ်ပင်နေချိန်မှာပဲ အမေရိကန်နိုင်ငံဟာ အစ္စရေးကို အမေရိကန်ဒေါ်လာသန်းနဲ့ချီတန်ကြေးရှိတဲ့ ဗုံးနဲ့အခြား စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးဖို့ပြင်ဆင်နေကြောင်း ဝါရှင်တန်ပိုစ့်သတင်းစာက ဖော်ပြထားပါတယ်။
အမေရိကန်အစိုးရတာဝန်ရှိသူတွေက ပေါင်ချိန် ၁၀၀၀ ဝန်းကျင်ရှိတဲ့ MK-82 အမျိုးအစားဗုံးတွေနဲ့ ပဲ့ထိန်းစနစ်ပါတဲ့ဗုံးတွေကို လွှဲပြောင်းပေးဖို့ စီစဉ်နေတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ အမေရိကန်အစိုးရဟာ အစ္စရေးနိုင်ငံကို ဗုံးတွေကူညီထောက်ပံ့ပေးဖို့ သင်္ဘောနဲ့တင်ပို့နိုင်ရေး ဆွေးနွေးနေဆဲဖြစ်ပြီး လွှတ်တော်က အပြီးသတ်ဆုံးဖြတ်ခွင့်ပြုသွားဖွယ်ရှိနေကြောင်းသိရပါတယ်။
အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒေသအတွင်း ခြိမ်းခြောက်မှုတွေကို ဆက်လက်ကာကွယ်နိုင်ဖို့ အစ္စရေးကို စစ်လက်နက်ပစ္စည်းတွေ အလျင်အမြန်ကူညီပေးဖို့တောင်းဆိုထားကြောင်းသိရပါတယ်။ အမေရိကန်ဟာ ၂၀၂၃ ခုနှစ်အောက်တိုဘာလမှာ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးခဲ့ပြီး မကြာသေးမီကလည်း အမေရိကန်လွှတ်တော်ဟာ အစ္စရေးကို တင့်ကားကျည်ဆံ ၁၄၀၀၀ ကျော် ကူညီပေးဖို့ခွင့်ပြုခဲ့ကြောင်းသိရပါတယ်။
အမေရိကန်ဟာ ယူကရိန်းအပြင် အစ္စရေးနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေကူညီထောက်ပံ့ပေးနေတဲ့အတွက် စစ်လက်နက်ပစ္စည်းလိုအပ်ချက်တွေ ပိုမိုဖြစ်လာနေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ အစ္စရေးဟာ ဂါဇာစစ်ပွဲနဲ့ဆက်နွယ်ပြီး လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုချိုးဖောက်မှုတွေရှိနေတယ်လို့ စွပ်စွဲခံရကာ နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုခံထားရကြောင်းသိရပါတယ်။ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စု မဟာမိတ်နိုင်ငံတွေကြား အစ္စရေးကို စစ်လက်နက်ပစ္စည်းကူညီထောက်ပံ့ပေးခြင်းနဲ့ပတ်သက်ပြီး သဘောထားအမြင်ကွဲလွဲနေဆဲဖြစ်ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
One Championship ၏ ပွဲဦးထွက်ပွဲစဉ်များတွင် ပြိုင်ဘက်များကို အလဲထိုးအနိုင်ယူကာ ဘတ်ငွေသုံးသိန်းခွဲစီရရှိခဲ့သည့် စိုးလင်းဦး နှင့် သန့်ဇင်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ