TikTok နှင့်ပတ်သက်ပြီး အမေရိကန်၏ စွပ်စွဲပြောဆိုချက်များကို တရုတ်အစိုးရငြင်းဆန်ပယ်ချ
Pika (NP News) - မတ် ၂၆
တရုတ်သည် TikTok အပလီကေးရှင်းကို အသုံးပြုကာ အမေရိကန်နိုင်ငံသားများ၏ ဒေတာအချက်အလက်များကို ရယူနေသည်ဆိုသည့် အမေရိကန်အရာရှိများ၏ စွပ်စွဲပြောဆိုချက်ကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ ဒေတာအချက်အလက်များနှင့် လုံခြုံရေးပိုင်းကို အလွန်အလေးအနက်ထားကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာအိုနင်က ပြောကြားခဲ့သည်။
မာအိုနင်က"တရုတ်အစိုးရဟာ ပြည်တွင်းဥပဒေကို ဆန့်ကျင်တဲ့ ဒေတာအချက်အလက်တွေ ဒါမှမဟုတ် ထောက်လှမ်းရေးအချက်အလက်တွေကို စုဆောင်းဖို့ ကုမ္ပဏီတစ်ခုချင်းစီကို ဘယ်တော့မှတောင်းဆိုမှာ မဟုတ်ပါဘူး။ TikTok အပ်ပ်ဟာ အမေရိကန်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေအတွက် သက်သေအထောက်အထားလည်းမရှိပါဘူး။ ဒါပေမယ့် အမေရိကန်က TikTok အပ်ပ်အသုံးပြုမှုကို ပိတ်ပင်တားမြစ်ဖို့ အကြိမ်ကြိမ်ကြိုးပမ်းနေပါတယ်" ဟုပြောဆိုခဲ့သည်။
အမေရိကန်အစိုးရသည် ဈေးကွက်စီးပွားရေး၊ တရားမျှတသောပြိုင်ဆိုင်မှုဆိုင်ရာ အခြေခံမူများကို လေးစားလိုက်နာရန်နှင့် နိုင်ငံတွင်းလည်ပတ်နေသော နိုင်ငံခြားကုမ္ပဏီများကို ဖိနှိပ်ခြင်းမှ ရပ်တန့်သင့်ကြောင်း မာအိုနင်က တိုက်တွန်းပြောဆိုခဲ့သည်။ အမေရိကန်အစိုးရနှင့် ပြည်နယ်(၂၅)ခုသည် အစိုးရပိုင်ကွန်ပျူတာများ၊ ဖုန်းများတွင် TikTok အပလီကေးရှင်း အသုံးပြုမှုကို တားမြစ်ပိတ်ပင်သည့် ဥပဒေတစ်ရပ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း Yahoo Finance ဝက်ဘ်ဆိုက်မှတင်ထားသော အချက်အလက်များအရသိရသည်။
အမေရိကန်နိုင်ငံတွင် TikTok အပလီကေးရှင်း အသုံးပြုခြင်း တားမြစ်ပိတ်ပင်မှုများကို လက်ရှိအချိန်အထိ အပြည့်အဝမလုပ်ဆောင်နိုင်သေးသော်လည်း တာဝန်ရှိသူများက အရေးယူမှုများကို ဆက်လက် လုပ်ဆောင်ရန် တိုက်တွန်းတောင်းဆိုထားကြောင်းလည်းသိရသည်။ အမေရိကန်နိုင်ငံက စွပ်စွဲ ပြောဆိုခြင်းများကို ဆက်လက်လုပ်ဆောင်နေသော်လည်း TikTok ကုမ္ပဏီ နှင့် တရုတ်အစိုးရတို့က ဒေတာအချက်အလက်များ စုဆောင်းခြင်းအတွက် အပလီကေးရှင်းကိုအသုံးပြုနေသည်ဆိုသည့် ပြောဆိုချက်များကို အကြိမ်ကြိမ်ငြင်းဆိုထားကြောင်းလည်းသိရသည်။
အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် တရုတ်နိုင်ငံက ထုတ်လုပ်ထားသော TikTok အသုံးပြုသူအရေအတွက် သန်း(၁၅ဝ)နီးပါးရှိလာခဲ့ကြောင်းသိရသည်။ TikTok အပလီကေးရှင်းသည် ကမ္ဘာတစ်ဝှမ်းရှိ လူမှုကွန်ရက်များတွင် လူကြိုက်များသော အပလီကေးရှင်းတစ်ခုအဖြစ် ရပ်တည်လာခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စားသုံးဆီဖူလုံရန်အတွက် နေကြာ စိုက်ပျိုးဧက (၄)သန်းကျော်အထိတိုးချဲ့စိုက်ပျိုးရန်စီစဉ်နေ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ