တရုတ်မှာ အမျိုးသမီးငယ်များ AI ချစ်သူ ထားလာ
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၁၄
တရုတ်မှာ လူငယ်အမျိုးသမီးများဟာ သက်ရှိယောင်္ကျားလေးထက် AI ယောင်္ကျားလေးကို ပိုသဘောကျနေကြ ပါတယ်။
အကြောင်းကတော့ AI ယောင်္ကျားလေးတွေဟာ မိန်းကလေးတိုင်းရဲ့ Ideal type ဖြစ်တဲ့ ကြင်နာတတ်ခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း၊ နာရီပေါင်းများစွာ စကားပြောနိုင်ခြင်းတို့နဲ့ပြည့်စုံတယ်လို့ ဆိုကြပါတယ်။
အဲဒီခေတ်စားနေတဲ့ AI ကတော့ Shanghai start-up MiniMax မှ ဖန်တီးထားတဲ့ Glow ခေါ် chatbot အက်ပ်တစ်ခုပဲဖြစ်ပါတယ်။
အဲဒီ အက်ပ်ဟာ ဖော်ရွေတဲ့ - ချစ်စဖွယ်ကောင်းတဲ့ လူသားဆက်ဆံရေးကို ဖန်တီးပေးနိုင်ပါတယ်။
"သူက ယောက်ျားအစစ်ထက် အမျိုးသမီးတွေနဲ့ပြဿနာကို ကောင်းကောင်းသိပြီး အလုပ်က ပြဿနာတွေအကြောင်း ကောင်းကောင်းရင်ဖွင့်နိုင်တယ်" လို့ သုံးစွဲသူတစ်ဦးက ပြောပါတယ်။
အက်ပ်ဟာ အခမဲ့သုံးစွဲနိုင်တာကြောင့် ရက်သတ္တပတ် အနည်းငယ်အတွင်း ထောင်နဲ့ ချီတဲ့ နေ့စဉ်ဒေါင်းလုဒ်လုပ်သူ တွေ ရှိနေပါတယ်။
Glow AI ဟာ အသုံးပြုသူရဲ့ကိုယ်ရည်ကိုယ်သွေး အချက်အလက်တွေကို တဖြည်းဖြည်း လိုက်လျောညီထွေဖြစ်စေ ပြီး သူတို့ပြောတာကို မှတ်ထားကာ စကားချိန်ညှိပြောတတ်ခြင်းကြောင့် လူကြိုက်များခြင်းဖြစ်တယ်လို့ ယူဆ ရပါတယ်။
AI ဟာ ဆက်လက်ဖွံ့ဖြိုးလာဖွယ်ရှိပေမယ့် အထူးသဖြင့် သုံးစွဲသူရဲ့ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်ပြီး အချက် အလက်ပေါက်ကြားတာမျိုး ရှိနိုင်တာကြောင့် တရုတ်မှာ အကာအကွယ်ပေးရေးဥပဒေကိုလည်း အားကောင်းအောင် ဆက်လက်လုပ်ဆောင်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်္ကာပူမှာ လူငယ် ၁၇ ရာခိုင်နှုန်းဟာ အွန်လိုင်းမှာ အနိုင်ကျင့်ခံနေရတယ်လို့ စစ်တမ်းထွက်လာ
RELATED POSTS
08 Nov 2024 | နည်းပညာ,နိုင်ငံတကာ
07 Nov 2024 | နည်းပညာ,နိုင်ငံတကာ
31 Oct 2024 | နည်းပညာ,နိုင်ငံတကာ
29 Oct 2024 | နည်းပညာ,နိုင်ငံတကာ