စင်္ကာပူမှာ လူငယ် ၁၇ ရာခိုင်နှုန်းဟာ အွန်လိုင်းမှာ အနိုင်ကျင့်ခံနေရတယ်လို့ စစ်တမ်းထွက်လာ
ရောင်နီ (NSS) - ဖေဖော်ဝါရီ ၁၄
စင်္ကာပူမှာ အာဏာပိုင်တွေက လူငယ်အွန်လိုင်းဂိမ်းကစားမှု စစ်တမ်းအရ အသက် ၁၃ နှစ်မှ ၁၈ နှစ်ကြား ဂိမ်းကစားသူ ငါးဦးမှာ တစ်ဦးခန့်ဟာ ဗီဒီယိုဂိမ်းတွေမှာ အနိုင်ကျင့်ခံနေရတယ်လို့ သိရပါတယ်။
ဆက်သွယ်ရေးနဲ့သတင်းအချက်အလက် ဝန်ကြီးဌာန (MCI) ဟာ ဖေဖော်ဝါရီ ၁၃ ရက်မှာ စစ်တမ်းမှ တွေ့ရှိချက်တွေကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပါတယ်။
စစ်တမ်းကို ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း တစ်လကို အနည်းဆုံး တစ်ကြိမ် အွန်လိုင်းဂိမ်းကစားသော စင်ကာပူလူငယ်တွေကို မေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။
အနိုင်ကျင့်ခံရတယ်လို့ ခံစားရသူ ၁၇ ရာခိုင်နှုန်းရဲ့ ထက်ဝက်နီးပါးဟာ ဂိမ်းတွင်း အနိုင်ကျင့်ခံရတာကို ကြုံတွေ့ခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
အသက် ၁၀ နှစ်မှ ၁၈ နှစ်ကြား ဂိမ်းကစားသူ ၁၄ ရာခိုင်နှုန်းအထိ အွန်လိုင်းဂိမ်းကစားသူတွေဟာ ဂိမ်းပြင်ပ တွေ့တဲ့ သူစိမ်းတွေနဲ့ထိတွေ့ဆက်ဆံခြင်း (သို့မဟုတ်) ကိုယ်ရေးကိုယ်တာအချက်အလက်များအကြောင်း စကားပြောဆိုခြင်းမှာ အားနည်းသွားတတ်တာ တွေ့ရပါတယ်။
ဒီအတွက် ဝန်ကြီးဌာနက မိဘတွေကို ကူညီဖို့ ကိရိယာတွေနဲ့ သင်တန်းတွေကို ဖြည်းဖြည်းချင်းဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။
စစ်တမ်းမှာ ဖြေဆိုသူ လူငယ်အားလုံးရဲ့ထက်ဝက်နီးပါးဟာ ပုံမှန်အားဖြင့် နှစ်နာရီ (သို့မဟုတ်) အဲဒီထက်ပိုပြီး နေ့စဉ် ဂိမ်းကစားကြပါတယ်။
အသက် ၁၃ နှစ်နဲ့ ၁၈ နှစ်ကြားရှိ player သုံးပုံတစ်ပုံကျော်ဟာ အထူးသဖြင့် လူသေနတ်ပစ်ဂိမ်းများ (သို့မဟုတ်) ကြမ်းတမ်းတဲ့ အကြောင်းအရာ game တွေ ဆော့တာတွေ့ရပါတယ်။ ဒီလို ဂိမ်းကစားသူ ၁၄ ရာခိုင်နှုန်းက ကစားရင်းနဲ့ သူစိမ်းတွေနဲ့ ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံခြင်း၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များ မျှဝေခြင်း (သို့မဟုတ်) ဂိမ်းအကြောင်းမဟုတ်တဲ့ အကြောင်းအရာတွေကို စကားပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီလိုအပြုအမူဟာ အရွယ်ရောက်ပြီးသူများ အွန်လိုင်းလိမ်လည်လှည့်ဖြားမှုတွေနဲ့ ထိတွေ့နိုင်ခြေရှိတဲ့ အန္တရာယ်တစ်ခုဖြစ်တယ်လို့ MCI မှ သတိပေးထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း သတင်းထူးများ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း