Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဦးနှောက်ချပ်စ်ပြားတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် လူသားခန္ဓာကိုယ်တွင် အောင်မြင်စွာထည့်သွင်းနိုင်ခဲ့ကြောင်း ကမ္ဘာကျော်ဘီလျံနာအီလွန်မတ်ကြေညာ

Pika (NSS) - ဖေဖော်ဝါရီ ၁

ကမ္ဘာကျော်ဘီလျံနာအီလွန်မတ်က ၎င်း၏ ဇီဝနည်းပညာကုမ္ပဏီ Neuralink သည် ဦးနှောက်ချပ်စ်ပြားတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် လူသားခန္ဓာကိုယ်ထဲသို့ အောင်မြင်စွာထည့်သွင်းနိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

ထို့အပြင် ဦးနှောက်ချပ်စ်ပြားထည့်သွင်းခံရသူသည် ခွဲစိတ်မှုများလုပ်ဆောင်ပြီးနောက် တည်ငြိမ်ကောင်းမွန်သည့် အခြေအနေတွင်ရှိနေကြောင်း အီလွန်မတ်က ပြောကြားခဲ့သည်။

Neuralink ကုမ္ပဏီသည် လူသားများအား ၎င်းတို့၏ ဦးနှောက်တစ်ခုတည်းကို အသုံးပြုကာ စက်ပစ္စည်းများအား ထိန်းချုပ်မှုများလုပ်ဆောင်နိုင်မည့် ကြားခံပေါင်းကူးနည်းစနစ်ကို တီထွင်ဖန်တီးနိုင်ရန် မျှော်လင့်ထားကြောင်း လည်း သိရသည်။ 


အီလွန်မတ်သည် အဆိုပါဖွံ့ဖြိုးတိုးတက်မှုကို ၎င်း၏ X (တွစ်တာ)ပေါ်တွင် ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါပို့စ်တွင် "ဇီဝနည်းပညာကုမ္ပဏီ Neuralink ဟာ   ဦးနှောက်ချပ်စ်ပြားတစ်ခုကို ပထမဆုံးအကြိမ် အဖြစ် လူသားခန္ဓာကိုယ်တွင်းမှာ အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ပါတယ်။ အဲဒီလူသားက ခွဲစိတ်မှုတွေ လုပ်ဆောင် ပြီးတော့ လက်ရှိအချိန်မှာ တည်ငြိမ်ကောင်းမွန်တဲ့အခြေအနေမှာရှိနေပါတယ်" ဟု ရေးသားထားသည်။ ထို့အပြင် လေဖြတ်သူများနှင့် အမျိုးမျိုးသော မသန်မစွမ်းဝေဒနာများကို ခံစားနေရသူများအတွက် ဆန်းသစ်သော ကုသမှု များကို လုပ်ဆောင်ပေးနိုင်မည့် ကြိုးမဲ့ဦးနှောက်-ကွန်ပျူတာကြားခံပေါင်းကူးနည်းစနစ်ကို တီထွင်ဖန်တီးနိုင်မည်ဟု Neuralink ကုမ္ပဏီက မျှော်လင့်နေကြောင်းလည်း သိရသည်။ 

ဦးနှောက်အစိတ်အပိုင်းတစ်ခုတွင် ချပ်စ်ပြားကို အောင်မြင်စွာ ခွဲစိတ်ထည့်သွင်းနိုင်ရန်အတွက် R1 စက်ရုပ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း Neuralink က ပြောကြားခဲ့သည်။ အဆိုပါလုပ်ဆောင်မှု၏ ရည်ရွယ်ချက်မှာ မှတ်တမ်းများ နှင့် ဦးနှောက်၏ အချက်ပြမှုများကို ကြိုးမဲ့စနစ်ဖြင့် အပ်ပ်တစ်ခုထံပေးပို့ကာ ယင်းအချက်ပြမှုများ၏ ရည်ရွယ်ချက်များကို အဓိပ္ပါယ်ပြန်ရန်အတွက်ဖြစ်ကြောင်း သိရသည်။ 

လူသားများတွင် ဦးနှောက်ချပ်စ်ပြားထည့်ရန် စမ်းသပ်မှုကို အမေရိကန်အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဌာန (FDA) က ပြီးခဲ့သည့်နှစ် မေလတွင် ခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် Neuralink ကုမ္ပဏီသည် ၎င်း၏ အစောပိုင်းစမ်းသပ်မှုများကို တိရစ္ဆာန်များတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိရစ္ဆာန်အခွင့်အရေးများကို ချိုးဖောက်ကြောင်း စွပ်စွဲပြောဆိုမှုများလည်း ရှိခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နျူကလီးယားစွမ်းအင်ထုတ်လုပ်မှုက သက်တမ်းတစ်လျှောက် အမြင့်ဆုံးသို့ရောက်ရှိလာနိုင်ဖွယ်ရှိနေကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီ ခန့်မှန်း

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved