Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နျူကလီးယားစွမ်းအင်ထုတ်လုပ်မှုက သက်တမ်းတစ်လျှောက် အမြင့်ဆုံးသို့ရောက်ရှိလာနိုင်ဖွယ်ရှိနေကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီ ခန့်မှန်း

Pika (NSS) - ဖေဖော်ဝါရီ ၁  

နိုင်ငံအများအပြားသည် ဓါတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် နည်းပညာများကို ပိုမိုအသုံးပြုလာခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာနျူကလီးယားစွမ်းအင်ထုတ်လုပ်မှုသည် ၂ဝ၂၅ ခုနှစ်တွင် သမိုင်း တစ်လျှောက် အမြင့်ဆုံးသို့ရောက်ရှိလာနိုင်ဖွယ်ရှိနေကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီ(IEA) ၏ နောက်ဆုံး ခန့်မှန်းချက်များအရ သိရသည်။ 

နျူကလီးယားစွမ်းအင်ထုတ်လုပ်မှုများသည် ၂ဝ၂၆ ခုနှစ်နောက်ပိုင်းတွင် ပျမ်းမျှအားဖြင့် နှစ်စဉ်(၃)ရာခိုင်နှုန်းနီးပါး မြင့်တက်လာနိုင်ဖွယ်ရှိနေကြောင်း IEA က ခန့်မှန်းပြောခဲ့သည်။ အဆိုပါဖွံ့ဖြိုးတိုးတက်မှုများကြောင့် တောင်ကိုရီးယားနှင့် ဥရောပတို့တွင် နျူကလီးယားစက်ရုံအသစ်များကို မြင်တွေ့ရနိုင်ဖွယ်ရှိနေသော်လည်း အဓိကအားဖြင့် တရုတ် နှင့် အိန္ဒိယတို့တွင် နျူကလီးယားစက်ရုံသစ်များကို ပိုမိုမြင်တွေ့ရလာနိုင်ဖွယ်ရှိနေကြောင်း IEA က ပြောကြားခဲ့သည်။


ထို့အပြင် ဂျပန်နိုင်ငံသည် ၎င်း၏ နျူကလီးယားဓါတ်အားပေးစက်ရုံအချို့ကို ပြန်လည်စတင်ရန် စီစဉ်နေကြောင်း လည်း သိရသည်။ ပြင်သစ်နိုင်ငံသည်လည်း ၎င်း၏ နျူကလီးယားစက်ရုံများကို ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင် ခဲ့ပြီးနောက် နျူကလီးယားစွမ်းအင်များကို ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်းလည်း သိရသည်။

ဗြိတိန်၊ ဆွီဒင် နှင့် ဆွစ်ဇာလန်နိုင်ငံတို့သည်လည်း လက်ရှိနျူကလီးယားစက်ရုံများ၏ လည်ပတ်မှုသက်တမ်းကို တိုးမြှင့်ခြင်းအပြင် လျှပ်စစ်ဓါတ်အားလိုအပ်ချက်များ မြင့်တက်လာမှုနှင့်အတူ စွမ်းအင်လုံခြုံရေးကိုမြှင့်တင်နိုင်ရန် အတွက် စက်ရုံအသစ်များကို တည်ဆောက်ခြင်းဖြင့် ပြည်တွင်းနျူကလီးယားစွမ်းအင်ထုတ်လုပ်မှုကို အရှိန်မြှင့် လုပ်ဆောင်နေသည့် နိုင်ငံများထဲတွင် ပါဝင်ကြောင်းလည်း သိရသည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကြီးထွားလာမှု နှင့် ကမ္ဘာလုံးဆိုင်ရာနျူကလီးယားလုပ်ငန်းများ ပြန်လည်ပေါ်ထွက် လာမှုတို့သည် လာမည့်သုံးနှစ်အတွင်း ဓါတ်ငွေ့ထုတ်လွှတ်မှုများကို ပိုမိုနည်းပါးလာစေမည်ဖြစ်ကြောင်း IEA က ပြောကြားခဲ့သည်။

"လက်ရှိကမ္ဘာ့စီးပွားရေးမှာ စွမ်းအင်ကဏ္ဍဟာ အခြားကဏ္ဍတွေထက် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေကို ပိုမို ထုတ်လွှတ်နေပါတယ်။ အဲဒါကြောင့်မလို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကြီးထွားလာမှုနဲ့ နျူကလီးယားစွမ်းအင်ကို ပိုမိုတိုးချဲ့လာတာဟာ လာမယ့်သုံးနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာလျှပ်စစ်ဓါတ်အား လိုအပ်ချက် တိုးမြင့်လာမှုတွေကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်" ဟု IEA အမှုဆောင်ဒါရိုက်တာ Fatih Birol က ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နစက သက်တမ်း(၆)လတိုးခြင်း၊ ပါတီတွေကို ဖြေလျှော့ခြင်းနဲ့ တင်းကြပ်ခြင်း၊ တရုတ်ကို လွှဲပေးလိုက်တဲ့ ပယ်ဆောက်ချိန်ပါ(၁ဝ)ဦးကိစ္စ (၃၁-၁-၂ဝ၂၄)

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved