Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုပ်ရှင်နဲ့ ရုပ်ရှင်လောကသားတွေ ပြည်သူ့အတွက် ဖြစ်ခဲ့သလား . . . အပိုင်း(၁) (အင်တာဗျူး)

ယွန်း (NSS) - ဇူလိုင် ၂၆

မေး - ဥက္ကဋ္ဌ မင်္ဂလာပါ။ ရုပ်ရှင်သည် ပြည်သူ့အ တွက်ဆိုတဲ့စကားလုံးကို ကျွန်တော်တို့က အမြဲကြားခဲ့ရတယ်။ သာမန်ပြည်သူတွေက ရုတ်တရက်ဆိုရင် အဓိပ္ပာယ်ကိုနားမလည်ဘူး။ ဥက္ကဋ္ဌအနေနဲ့ ရုပ်ရှင်သည် ပြည်သူ့အတွက်ဆိုတာကို အဓိပ္ပာယ်ဖွင့်ပေးလို့ရမလား။

ဖြေ - အမှန်က ရုပ်ရှင်သည် ပြည်သူ့အတွက်ဆိုတဲ့ ဆောင်ပုဒ်ကို ပြောသွားတဲ့ပုဂ္ဂိုလ်ကတော့ မြန်မာ နိုင်ငံမှာ ပထမဆုံးရုပ်ရှင်မင်းသားကြီးဖြစ်တဲ့ ဦးညီပုပါ။ ၁၉၂၀ မေတ္တာနှင့်သူရာရုပ်ရှင်ကားမှာ ပထမဆုံး မင်းသားပေါ့နော်။ သူတို့ရဲ့မျိုးဆက်ကလည်း ကောင်းတယ်။ အေဝမ်းမျိုးဆက်တွေပေါ့။ မြန်မာနိုင်ငံမှာ ကျေးဇူးကြီးတဲ့ မျိုးဆက်(၂)ဆက်ရှိတယ်။ တစ်ခုကတော့ ဗြိတိသျှဘားမားနဲ့ တစ်ခုက အေဝမ်းပဲ။ ဒီမှာ ကျောင်း တွေဘာတွေမရှိပေမယ့် သူတို့ကတော့ ကျောင်းတွေလိုပဲ။ ကျွန်တော်တို့ဆိုရင်လည်း ပညာတွေ ရခဲ့တာပေါ့။ အဲဒီတော့ ကျေးဇူးကြီးတယ်။ အဲဒီကျေးဇူးကြီးတဲ့ အေဝမ်းမျိုးဆက်တွေထဲမှာ ဦးညီပု ကနေ ပြီးတော့ ပြောခဲ့တဲ့စကားဖြစ်ပါတယ်။ ရုပ်ရှင်သည်ပြည်သူ့ အတွက်ဆိုတာကိုပေါ့။ တကယ်တမ်း ကျ တော့ ရုပ်ရှင် ဆိုတာ ဘယ်ပေါ်မှာရပ်တည်နေလဲဆိုတော့ ပရိသတ်ပေါ်မှာရပ်တည်နေတာ။ ပရိသတ်မရှိ ရင် ရုပ်ရှင်ဆိုတာမရှိဘူး။ အဲဒါသေချာတယ်။ အဲဒီ စကားကလည်း ကျွန်တော်ပြောတဲ့စကားမဟုတ်ဘူး။ ၁၉၁၅ လောက်တုန်းက တကယ်ထင်ရှားခဲ့တဲ့ ဒါရိုက်တာကြီးတစ်ယောက်ကနေပြီးတော့ ပြောခဲ့တဲ့ စကား ဖြစ်ပါတယ်။ D.W.Griffith တဲ့ သူ့နာမည်က။ အဲဒီ ပုဂ္ဂိုလ်ကြီးကပြောခဲ့တာ ပရိသတ်မရှိရင် ရုပ်ရှင် မရှိဘူးတဲ့။ ဆိုတော့ ဦးညီပုအနေနဲ့ ပြောလိုက်တာကတော့ ဒီဆောင်ပုဒ်လေး ကျွန်တော်တို့ ကလည်း ကြိုက်တယ်။ လက်လည်းလက်ခံတယ်။ ကျွန်တော်တို့ကို တကယ် အကျိုးပြုတာ ပရိသတ် ဖြစ်တယ်။ ပြည်သူ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ရုပ်ရှင်သည်ပြည်သူ့အတွက်ဆိုတာကို ကျွန်တော် ကိုယ်တိုင်ကလည်း လက်ခံတယ်။ သူပြောခဲ့တာကိုလည်း သဘောကျပါတယ်။

မေး - ရုပ်ရှင်သည် ပြည်သူ့အတွက်ဆိုတာကိုမှ ကျွန်တော်တို့က ရိုးရိုးရှင်းရှင်းထပ်ပြောရရင် ပြည်သူ တွေနောက်ကို ရုပ်ရှင်ကလိုက်မှာလား။ ရုပ်ရှင်တွေက ပြည်သူတွေကိုဆွဲခေါ်မှာလားဆိုတဲ့ မေးခွန်းပေါ့။ အဲဒါကိုကော ဘယ်လိုဖြေချင်သေးလဲ။

ဖြေ - ဒီဟာကတော့ စောစောကပြောသလိုပေါ့လေ။ ပန်းချီဆရာတစ်ယောက်ဆိုရင် သူ့စိတ်ကြိုက်သူ ရေးတာပဲ။ ကဗျာဆရာလည်း သူ့ခံစားချက်သူရေးတာပဲ။ ကြိုက်အောင်ရေးတယ်တို့၊ ကြိုက်အောင်ဆွဲ တယ်တို့ သိပ်မရှိကြဘူး။ ရုပ်ရှင်ကျတော့ မရဘူး။ ကျွန်တော်တို့ရုပ်ရှင်ထဲဝင်လာတာ ၁၉၇၀ ကျော် လောက်က ဝင်လာတဲ့အခါမှာ အဲဒီအချိန်မှာ ဓားကား တွေပေါ့၊ Fighting ကားတွေနဲ့ ရင်းနှီးခဲ့ရတာ။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဓားကားနဲ့ဝင်လာတာ ပေါ့။ ဝင်လာတဲ့အချိန်မှာ နယ်က ကန်ထရိုက်က ရောက်လာတယ်ဆိုရင် ဒီကားက Fighting ပါလား လို့မေးတာ။ အဲဒီကျတော့ ကျွန်တော်တို့ကလည်း ဘယ်လိုဖြစ်ရလဲဆိုတော့ Fighting  မပါပါအောင် ထည့်ပြီး ရိုက်ရတဲ့အခြေအနေဖြစ်လာတယ်။ နောက် အသက်ကလေး ရလာတဲ့အခါကျတော့ တစ်မျိုးဖြစ် လာတာပေါ့။ ငါဒီကား Fighting မထည့်လည်း ပရသတ်ကို ဘယ်လိုဆွဲဆောင်လို့ရမလဲဆိုတာမျိုးနဲ့ စသည်အားဖြင့်ပေါ့။ ဒါသည် Fighting ကို အောက်တန်းကျတယ်လို့ပြောတာ မဟုတ်ဘူးနော်။ Fighting ကြိုက်တဲ့ခေတ်ရှိတယ်၊ ဟာသကြိုက်တဲ့ ခေတ်ရှိတယ်။ အဲဒီအချိန်မှာ မှတ်မှတ်ရရ ၁၉၇၇ မှာ Fighting တွေ၊ ဟာသတွေ ကြိုက်နေတဲ့အချိန်မှာ ဟာသမင်းသားပဲ ကိုစိန်မင်းကနေပြီးတော့ အဖေတစ် ခုသားတစ်ခုဆိုတဲ့ကားကိုရိုက်တာ ဝက်ဝက်ကွဲ အောင် မြင်တာ။ အဲဒါကျတော့ ဒရမ်မာဖြစ်သွားပြန်ရော။ အဲဒီ တော့ ဆိုလိုတာကတော့ ခုနမေးတဲ့ ပရိသတ်နောက် ကလိုက်မှာလား၊ ပရိသတ်ရှေ့ကသွားမှာလား ဆိုရင် ရုပ်ရှင်ဆိုတာ အနုပညာနဲ့ အတက်ပညာပေါင်း ထားပြီးတော့ စီးပွားရေးပေါ်မှာထိုင်ထားရတာ။ စီးပွားမဖြစ်ဘူးဆိုရင် ဒီဒါရိုက်တာ ရိုက်တာကကွာ ပိုက်ဆံလည်းမရပါဘူးဆိုတာမျိုး အဖြစ်မခံချင်တော့ ပိုက်ဆံရအောင် ကျွန်တော်တို့က စဉ်းစားရတာပေါ့ နော်။ ကားတစ်ကားလုံးကို ပရိသတ်အကြိုက် တွေချည်းပဲ ပေါတောတောရိုက်ရင် တော့လည်း မကောင်းဘူးလေနော်။ ကိုယ်လုပ်ချင်တာလုပ် အနုပညာသက်သက်ပဲလုပ်မယ်ဆိုတာ လည်းရှိတယ်။ တစ်ချိန်တုန်းကရှိခဲ့ဖူးတယ်လေ ရန်ကုန်ဘဆွေတို့၊ ကို‌အောင်လွင်တို့၊ မာန်ဆိုတဲ့ကား ပရိသတ်ကိုမငဲ့ဘူး။ ရန်ကုန်ဘဆွေဆို မာန်ဆိုတဲ့ကားရိုက်တော့ ဘာပြောလဲဆိုတော့ “ လူလိုစကား ပြောမည်” တဲ့။ အဲဒီလိုဟာမျိုးနဲ့ ကြေညာပြီးတော့ သူကရိုက်တာ။ ပြောချင်တာက ရုပ်ရှင်မှာလည်း အနုပညာမြောက် အောင်ရိုက်တဲ့သူတွေရှိတယ်။ ပရိသတ်ရဲ့ကြိုက်တာ မကြိုက်တာကို အာရုံမထားဘဲနဲ့ ရိုက်တဲ့သူလည်း ရှိတာပေါ့။ ကျွန်တော်တို့ကျတော့လည်း အဲဒီလိုမ ဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ငဲ့ရတာပေါ့။ ခုနပြောသလိုပထမဆုံးဒါရိုက်တာကြီးကတောင်မှ ၁၉၁၅ ထဲက သူပြောသွားတယ်။ သူ့ကားက ပြောရရင် ရုပ်ရှင်ပေါ် လာတဲ့အချိန်မှာ ဘယ်သူမှအထင်မကြီးဘူး။ ရုပ်ရှင် က ၁၈၉၅ ဒီဇင်ဘာ လောက်မှာ သိသိသာသာပေါ်လာ တာပေါ့။ ၁၈၉၅ မှာ ပိုက်ဆံယူပြီးတော့ပြတယ်။ ပြင်သစ်နိုင်ငံက စတာပေါ့နော်။ ပရိတ်သတ်က ၃၅ ယောက်။ အဲဒီအချိန်တည်းကစခဲ့တဲ့ ရုပ်ရှင်က ဘယ်သူမှ အထင်မကြီးတာ။ ရုပ်ရှင်ဆိုတာဓာတ်ပုံရိုက်ပြီးတော့ အတုလုပ်တဲ့ဟာဆိုပြီးတော့ ဇာတ်လောက်အထင် မကြီးကြဘူး။ နှစ် ၂၀ လောက်ကြာတော့မှ ၁၉၁၅ ခုနှစ်လောက်ကျမှ The Birth of a Nation  ဆိုတဲ့ရုပ်ရှင်ကားထွက်တယ်။ အဲဒီကားက ခုနတုန်းက ကျွန်တော်ပြောတဲ့ D.W.Griffith ဆိုတဲ့ ဒါရိုက် တာကြီးက ရိုက်တယ်။ ရိုက်တဲ့အခါမှာ နိုင်ငံတကာမှာ အဲဒီကားက ဝက်ဝက်ကွဲအောင်မြင်သွားတာပေါ့ နော်။ သူကပြောတာက ရှင်းတယ်။ ပရိသတ်မရှိဘဲ ရုပ်ရှင်မရှိဘူး။ ပရိသတ်ကိုအကျိုးရှိစေချင်တဲ့ ပုဂ္ဂိုလ်တွေကလည်း အကျိုးရှိတဲ့ကားတွေရိုက်ပါလား၊ ဘာလို့ပေါကားတွေရိုက်နေတာလဲဆိုတာလည်း ကြားရပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ပေါတောတောတွေများတာတော့ မကြိုက်ဘူးပေါ့ နော်။ အကယ်ဒမီမှာလည်း ကြည့်နေရတဲ့အခါကျတော့ ပယ်လိုက်တဲ့ကားတွေကြည့်လိုက်ရင် သိသာ တယ်။ အကဲဖြတ်တဲ့နေရာမှာ ပေါကားတွေမကြိုက်ဘူးဆို တာပေါ်တော့ပေါ်ပါတယ်။ သို့သော် လည်း ပရိသတ် တွေကလည်းရှိနေတယ်။ ရုပ်ရှင်နဲ့ညှိပြီးရိုက်နေတဲ့အခါမှာ ကောင်းတာ တွေလည်းရှိပါ တယ်။ အကျိုး ရှိတာတွေလည်းရှိပါတယ်။

မေး- အားပေးကြည့်ရှုတဲ့ပရိသတ်တွေထဲမှာလည်း ပုံစံမျိုးစုံနဲ့ရှိကြတယ်။ Entertainment ကတော့ Entertainment လိုပဲသွားရတာပေါ့။ တချို့ ကတော့ Entertainment မပါဘူးလားတို့၊ ရသမပါဘူး လားတို့ လူတွေရဲ့စိတ်ဆန္ဒတွေက ပုံစံမျိုး စုံကွဲပြားတယ်။ ရုပ်ရှင်က ဘာကိုတည်ပြီးရပ်တည် နေရ တယ်လို့ပြောမလဲ။

ဖြေ- ပရိသတ်ကိုပဲရပ်တည်ပြီးတော့ နေရတာပေါ့။ ဆိုပါတော့  Fighting ကားတွေ၊ ဟာသကားတွေက တော့ လူကြိုက်အများဆုံးလို့ထင်တာပေါ့နော်။ ကျွန်တော်တို့ကိုယ်တိုင် ငယ်ငယ် တုန်းကဆိုရင် ဂျက် ကီချန်းတို့လိုမျိုးကိုကြိုက်တာ။ ဘာကြောင့်ကြိုက်လဲ ဆိုတော့ စကားကိုသိပ်ပြီးနားလည်စရာမလိုဘူး လေ။ အက်ရှင်ဖြစ်တာကိုး။ ဘာပဲဖြစ်ဖြစ်လူက Entertain  ဖြစ်ချင်လို့ ရုပ်ရှင်သွားကြည့်တယ်။ အဲဒီ ထဲမှာ ပညာတွေပေးနေလို့ မကြိုက်ဘူးထင်တယ်။ ပညာသားပါပါ လေး အရင်တုန်းက ဦးသုခတို့လုပ်တဲ့ ဟာမျိုးဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒီနေရာမှာ ကြုံကြိုက် လို့ပြောရရင် ရုပ်ရှင်သမားတို့၊ သဘင် သမားတို့ဆိုတာ ဂီတသမားလည်းပါတာပေါ့နော် တကယ်တမ်းကျ အကုသိုလ်ကင်းတဲ့ အလုပ်မဟုတ်ဘူး ဗျ။ အကုသိုလ် ရှိတယ်။ လူတွေကို စိတ်ငြိမ်အောင်၊ သမာဓိရှိအောင်၊ လောဘ၊ ဒေါသ၊ မောဟကင်း အောင် လုပ်ရမယ့်ဟာ ကို ကျွန်တော်တို့ကများအောင်လုပ်တာ။ များအောင် လုပ်နေကတည်းက ကျွန်တော်တို့က အကုသိုလ်ဖြစ် နေပြီ။ ဟိုးတုန်းက သဘင်သည်ကြီးတစ်ဦးရှိတယ်။ အဲဒီသဘင်သည် ကြီးကနေပြီးတော့ ဘုရားဆီကို လျှောက်တယ်။ တပည့်တော်တို့သဘင်သည်တွေ သေရင် ပဟာသနတ် ပြည်ကိုရောက်တယ်ဆိုတာ ဟုတ်လားပေါ့။ ဘုရားကမဖြေဘူး။ သုံးကြိမ်မဖြေဘူး။ သူကလည်းမေးတာ ပဲ။ ပြောပါဦးဘုရားပေါ့။ မဟုတ် ဘူး ပဟာသဆိုတာ ငရဲပေါ့။ မင်းတို့သဘင်သည်တွေက ပဟာသငရဲကို ရောက်သွားတာ။ ညဆိုမင်းတို့ကပျော်ကြပါးကြကကြခုန်ကြ။ နေ့ခင်းကျမင်းတို့က ငရဲခံရတာပေါ့လေ။ ပဟာသငရဲဆိုတဲ့အကြောင်းကို ပြောပြတာပေါ့။ ပြောပြတော့ သူကချုံးပွဲချငိုတာ။ အဲဒါလေး ဖတ်ပြီး တော့ ဆရာကြီးဦးသုခနဲ့တွေ့တဲ့ အခါကျတော့ အဲဒီအကြောင်းပြောပြတယ်။ ကျွန် တော်တို့ကသေရင် ငရဲသွားရမှာဆရာဆိုတော့ အဲဒီလိုလည်းမဟုတ်ပါဘူးတဲ့။ ကိုယ့်ရဲ့ရည်ရွယ်ချက် က အရေးကြီးပါ တယ်တဲ့။ အများပြည်သူကောင်းကျိုး အတွက်လုပ်တယ်ဆိုရင် ကောင်းပါတယ်တဲ့။ ဦးဖိုးစိန် ကြီးက ကတာလေ။ ခုခေတ်လူတွေအားပေးတယ် ဆိုတာသူ့ဘယ်မီမလဲ။ အဲဒီခေတ်အမျိုးသမီးတွေဆို ရွှေဒင်္ဂါးတွေတောင် ဆုချကြတာလေ။ ခုနကျွန်တော် ကြားသလိုသူကြားတော့ သူစဉ်းစားသွားတယ်။ သူကြောက်သွားတယ်။ ငရဲကျမှာကြောက်တော့ သူဘာလုပ်လဲ ဆိုတော့ ငါးရာ့ငါးဆယ်နိပါတ်တို့၊ ဇာတ်ကြီးဆယ်ဘွဲ့တို့နဲ့ အကျိုးပြုအောင်လုပ်သွား တာ။ ကျွန်တော်တို့မှာ ရည်ရွယ်ချက်လိုတာပေါ့။ ဟာသကားတစ်ကားကိုရိုက်မယ်ဆိုရင် ဟာသလေး က ၆၀%၊ ၇၀% လောက်နဲ့ ကျေနပ်အောင် ဒီဘက်က အကျိုးရှိအောင် ဘယ်လိုလုပ်မလဲ အဲဒါလေးကအရေး ကြီးတယ်။ တစ်ခါကလည်း ဒီလိုဗျ။ ကိုကျော်ဟိန်းနဲ့ကျွန်တော်နဲ့ပြောတုန်းကလည်း ရယ်စရာ တစ်ခုရှိတယ်။ ကိုကျော်ဟိန်းက ဆရာ တော်ကြီးတစ်ပါးကို သွားဖူးတဲ့ အခါကျတော့ ဆရာတော်ကြီးက မင်းကဘယ်သူလဲ ဆိုတော့ တပည့်တော်ကျော်ဟိန်းပါဘုရားတဲ့။ မင်းက ဘာလုပ်တာလဲ ထပ်မေးတယ်တဲ့။ တပည့်တော်က ရုပ်ရှင်မင်းသားလုပ်ပါတယ်ဘုရားတဲ့။ သူ့ကိုလူတိုင်း က သိတယ်။ ဒီဆရာ‌တော်ကြီးကမသိဘူး။ ရုပ်ရှင် မင်းသားဆိုတော့ ဆရာတော်ကြီးက သေရင်ငရဲသွား မယ့်ကောင်ပဲတဲ့။ ကျွန်တော်တို့ကအဲဒီလိုဗျ။ တကယ် တမ်းကျတော့ ဘယ်နေရာဖြစ်ဖြစ်ပါ စေတနာမမှန်ဘူး၊ မရိုးသားဘူးဆိုရင်တော့ ငရဲသွား မယ့်လူချည်းပဲ။ စိတ်ကလေးပေါ့ စေတနာလေးထည့်ဖို့၊ အများအကျိုး ဖြစ်ဖို့၊ ရုပ်ရှင်သည်ပြည်သူ့ အတွက်ဆိုသလိုပဲ ပြည်သူ့အတွက်ပါအောင်တော့ လုပ်စေချင်တာပေါ့။ လုပ်နိုင်အောင်လည်း တတ်နိုင် သမျှတော့ ကိုယ့်လော က သားတွေကိုတော့ ပြောပြပါတယ်။

မေး - ပြီးခဲ့တဲ့ တစ်ခေတ်တစ်ခါတစ်လျှောက် လုံးမှာတော့ ရုပ်ရှင်တွေက လူထုကိုတကယ်လည်း အကျိုးပြုခဲ့တယ်။ ခေတ်ကာလပြောင်းသွားတော့ တဖြည်းဖြည်းနဲ့လူတွေရဲ့ အကြိုက်တွေလည်း ပြောင်းလာတော့ အဲဒီပေါ်မူတည်ပြီးရိုက်နေရတာ တွေလည်း တွေ့ရတယ်။ ရုပ်ရှင်က စီးပွားဖြစ်နဲ့ Entertainment ကိုတွဲလာတယ်လို့မြင်ရတယ်။ ခေတ်အဆက်အဆက်ဥက္ကဋ္ဌတို့ ကြည့်လာတဲ့ နေရာ မှာ ပြောင်းလဲလာတာကို ဘယ်လိုမျိုး သတိထားမိလဲ။ 

ဖြေ - ကျွန်တော့်အယူအဆမဟုတ်ဘဲနဲ့ ဖုန်းထဲ မှာတက်လာတဲ့ဟာတွေကြည့်လိုက်ရင် လူကြီးတွေ ညည်းတာတွေ့ရတယ်။ သရုပ်ဆောင်ကြီးတွေ ညည်း တယ်။ ဘာညည်းလဲဆိုတော့ အရင်လို ဂါရဝတရား မရှိ ဘူးလို့ညည်းကြတာလေးတွေတွေ့ရတယ်။ ခေတ်ကိုက နည်းနည်းလေးသတ္တိပဲ ကောင်းတာလား။ နိဝါတ တရားပဲနည်းတာလား ကျွန်တော်လည်း မပြောတတ် ဘူး။ နောက်ခုဆိုးနေတာက ဘာဆိုးနေလဲ ဆိုတော့ ကျွန်တော့်အနေအထားဆိုရင်တော့ ဒီအဘိုးကြီးက အောက်နေပြီလို့ ထင်ကောင်းထင်မှာပေါ့။ ပြောချင် လည်း ပြောကြပေါ့လေ။ ပြောလည်းမတတ်နိုင်ဘူး ကျွန်တော်ကတော့ ကျွန်တော်ခံစားရ တာဘာလဲဆို တော့ တစ်ချက်ကတော့ ရုပ်ရှင်တွေမှာ ယောကျာ်းချင်း ကြိုက်တဲ့ဟာ၊ မိန်းမချင်းကြိုက်တဲ့ ဟာတွေ LGBT  ခေါ်လားမသိဘူး။ ကျွန်တော်ခေတ်မမီဘူးပဲ ပြောပြော၊ ခေတ်နောက်ကျတယ်ပဲ ပြော ပြော အားမပေးချင်ဘူး။ နောက်တစ်ခါ ဘာသာတရားနဲ့ ပတ်သက်ပြီးတော့ လွဲနေတာလေးတွေရှိတယ်။ ထေရဝါဒဗုဒ္ဓဘာသာနဲ့ ဒီနေ့သစ္ဆေသရဲကား‌တွေနဲ့ ကိုက်ညီရဲ့လားဆိုတာတော့ ညှိစေချင်တာပေါ့။ ဘာလို့တုံးဆိုတော့ ထေရဝါဒဗုဒ္ဓဘာသာဆိုတာ ကျွန်တော်တို့နိုင်ငံပဲ မာမာထန်ထန်နဲ့ကာကွယ်နိုင် တဲ့နိုင်ငံရှိတာ။ ကျန်တဲ့နိုင်ငံတွေကလည်း ဗုဒ္ဓဘာသာ ဆိုပေမယ့် မြန်မာနိုင်ငံလောက်တော့ မကာကွယ် နိုင်ဘူး။ ကျွန်တော်တို့သိပ်ကံကောင်းတယ်။ ပါချုပ်ဆရာ တော်ရဲ့တရားတော်တွေဘာတွေနာရတယ်ဆို တာ တကယ် ကံကောင်းတာ။ အဲဒီထဲကမှ လွဲပြီးတော့သိပ်ခေတ်မီချင်ရင်တော့ ကျွန်တော့်အယူအဆ အရတော့ သိပ်မကောင်းဘူးထင်တာပဲလေ။ မဖြစ်စေချင်တာက တော့ ဘာသာရေးနဲ့ပတ်သက်တာရယ်၊ လိင်မှုကိစ္စ တွေရယ်ကတော့ ကျွန်တော်တို့ခေတ်ထက်ဆိုးနေ တယ်။ တစ်ခါတလေပြောကြတယ်။ ကောင်မလေးနဲ့ ကောင်လေးနဲ့မှားသွားတယ် ကျားကြီးကနေ ဘာကို အုပ်လိုက်တယ်၊ ပန်းအိုးလေး လဲသွားတယ်ဆိုတာ အောက်နေပြီတဲ့။ အဲဒါအောက်ရင်ဘာပြမလဲဆိုတော့ မှန်တော့မှန်တယ် ခြင်ထောင်ထဲကဟာတွေလျှောက် ပြရင်တော့ မဖြစ်ဘူးထင်တယ်။ သူတို့မှားသွားကြတယ် နားလည် ရင်ပြီးတာပါပဲ။ ဒါကိုခရေစေ့တွင်းကျပြ တော့ကော ဘာအကျိုးရှိလဲ။ ကျွန်တော်တို့နဲ့ နည်း နည်းတော့ ကွာနေတာပေါ့။ ဘယ်လိုပဲကွာကွာ ကျွန်တော်ကတော့ ရုပ်ရှင်လောကကြီး ဆက်လက်တည်တံ့ဖို့ရယ်၊ သိက္ခာရှိဖို့ရယ်တော့ အမြဲစဉ်းစားပါတယ်။

မေး- ရုပ်ရှင်လောကကြီးတည်တံ့စေဖို့၊ ရေရှည် ကောင်းဖို့၊ အများပြည်သူကြားမှာ တကယ်ပဲ ဂုဏ် သိက္ခာရှိဖို့၊ အဆင့်အတန်းပိုမြင့်လာဖို့ ဥက္ကဋ္ဌအနေနဲ့ ဘာတွေရင်ဆိုင်နေရလဲ။

ဖြေ- ရင်ဆိုင်နေရတာက ၂၀၂၁ မှာဖြစ်တော့ ကျွန်တော်က ကိုဗစ်ဖြစ်တာဗျ။ သေကောင်ပေါင်းလဲ ဖြစ်တယ်။ ကျွန်တော့်အမျိုးသမီးကလည်း တတိယ လှိုင်းမှာပဲဆုံးသွားတော့ ကျွန်တော် တော်တော်စိတ် ညစ်တယ်။ နေတောင်မနေချင်တော့ဘူး လောက ကြီးကို တော်တော်စိတ်ပျက်သွားတာ။ ငါတော် လောက်ပြီထင်တယ်။ သတင်းစာဖတ်ရင် စာမျက်နှာ (၃၁)ကို ကျွန်တော်က ပါဖို့သင့်နေပြီ။ အသက်က (၈၀)နားကပ်နေပြီဆိုတော့ ပါရင်လည်း ကျွန်တော်က ကျေနပ်နေပြီ။ ကိုဗစ်ဖြစ်တော့ ပင်လုံမှာ တက်ရ တာ။ လူကလည်းထမင်းလည်းမစားနိုင်။ ရုပ်ရှင်အစည်း အရုံး မှာကလည်း ဖရိုဖရဲတွေဖြစ်သွားပြီ။ EC က ၁၅ ယောက်လောက်ပဲရှိတော့တယ်။ ဝန်ထမ်းက ၄ ယောက်ပဲကျန်တော့တယ်။ သက်ကြီးပူဇော်ပွဲလုပ်တဲ့ အချိန်ကျတော့ နာယကတွေကရော၊ အမှုဆောင်တွေကရော ဒီမှာဆက်ပြီးလုပ်ပေးမှကောင်းမယ်ဆို တော့ ကျွန်တော်ကလည်းစဉ်းစားတယ်။ ငါဒီတိုင်းနေရင် စိတ်ဓာတ်ကျပြီး သေလိမ့်မယ်။ ဒီမှာကမှ လှုပ်ရှား မှုရှိသေးတယ်ဆိုပြီး ကျွန်တော်စပြီးလှုပ်ရှားတာ။ တုတ်ကောက်မလွတ်သေးဘူး။ အိမ်သာ ထဲမှာချော်လဲ သေးတယ်။ ဒါပေမဲ့ အဲဒီကနေစပြီးတော့ နည်း နည်းစီလုပ်လာလိုက်တာ အမှုဆောင်က ၂၅/၃၀ လောက် ဖြစ်သွားပြီ။ ဝန်ထမ်းကလည်း ၂၅ လောက် ဖြစ်သွားပြီ။ ဒါကတော့ နည်းနည်းလေး ကံကောင်းလာ တာပေါ့နော်။ နိုင်ငံကတော်ကနေလည်း ဥပမာ- သိန်း ၁၀ဝ၀ ဆိုပြီး ကူညီတာမျိုးတွေ ရှိတဲ့ အထဲကနေ အောက်ကရုပ်ရှင်ရုံကြီးက ဘာဖြစ်သွားလဲဆိုတော့ ပြဇာတ်ကပျက်သွားတယ်။ နောက်တစ်ခုက ဒီဘက် မှာဆိုရင် မြေကပြိုသွားတယ်။ မြေကပြိုသွားတော့ သိန်း ၂၀ဝ၀ နီးပါး လောက်ကုန်သွားတယ်။ အဲဒါမျိုး လေးတွေပြင်ဆင်ရတယ်။ ဗုံးကွဲတာတွေ၊ အမျိုးမျိုး ရှိတယ်။ အကယ်ဒမီလုပ်တဲ့အခါကျရင် တထိတ် ထိတ်နဲ့ လုပ်ခဲ့ရတာတွေ။ ရုပ်ရှင်ရုံကားထိုးတွေပြတဲ့ အခါ မှာလည်း ဒီနေ့ဒီအချိန်အထိ ကြောက်နေရဆဲပဲ။ ပရိသတ်က အားပေးတဲ့အခါကျတော့ အားတက် ရတာပေါ့။ အမှန်ပြောရရင် ကျွန်တော်လည်း နားချင် နေပြီ။ ဒီပေါ်မှာ တကယ်ကို စေတနာရှိပြီး ထိန်းသိမ်း ချင်တဲ့သူရှိရင်တော့ ကျွန်တော်နားချင်နေပြီ။ ကျွန်တော့်အသက်အရွယ်ကလည်း နားဖို့ ကောင်းနေပြီလေ။ ကျွန်တော်တို့အပေါ်မှာတော့ ထုတ်လုပ်သူကရော၊ ရုံတွေကရော နားလည်တဲ့အခါ ကျတော့ ပံ့ပိုးမှုပေးပါတယ်။ အခုကျွန်တော်ပြောတယ် ဘယ်သူ့မှ အလှူမခံနဲ့။ လှူချင်စိတ်ရှိရင် လှူလို့ ရတယ် ဒါပဲပြော။ မင်းကွန်းဆရာတော်ရဲ့ အဆိုအမိန့်လို “အလှူ ဌာနပဲရှိတယ် အလှူမခံဘူး” ။ ခွက်ထိုး မခံဘူး။ ဘာကောင်းသွားလဲဆိုတော့ တကယ်စေတနာရှိတဲ့သူက ကျွန်တော်တို့ကို တကယ်လာ လှူတာ မျိုးတွေ ပိုပီတိ ဖြစ်တာပေါ့။

မေး - ပထမအကြိမ် ဥက္ကဋ္ဌဖြစ်ခဲ့တုန်းက ပုံမှန် အေးဆေး ဖြစ်ပေမယ့် အခုဥက္ကဋ္ဌလုပ်တဲ့အခါမှာတော့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ တည့်တည့်တိုးတာပေါ့ နော်။ ဒါကြီးက ဥက္ကဋ္ဌအတွက် ရင်ဆိုင်ရတာ ခက် ခက်ခဲခဲကျော်ဖြတ်ရတယ်လို့ထင်တယ်။ ဒီကြားထဲမှာ ဥက္ကဋ္ဌကိုယ်တိုင် ရင်ဆိုင်ရတာ အားမလို အားမရ (သို့မဟုတ်) စိတ်ထဲမှာ တွန့်ဆုတ်သွားတာတွေ၊ စိုးရိမ်ကြောင့်ကြ သွားတာတွေ စသည်ဖြင့်ပေါ့လေ ဘာတွေများဖြစ်ခဲ့တာရှိလဲ။

ဖြေ- ပထမတစ်ခေါက် နည်းနည်းလှုပ်တုန်းက ကျွန်တော်က ဟန်ကျတယ်၊ ကံကောင်းတယ်‌ပေါ့။ ထုတ်လုပ်သူကောင်းကောင်းနဲ့ ပံ့ပိုးပေးနိုင်တယ်။ ဗီဒီယိုကလည်း ပံ့ပိုးပေးနိုင်တယ်။ အဲဒီတုန်းက ဝင်ငွေကလည်းကောင်းတယ်။ ဆင်ဆာတံဆိပ်တွေ ထုတယ်။ အဲဒီတုန်းက သိန်း ၉၀ဝ ကျွန်တော်က စပြီးလက်ခံတယ်။ သိန်း ၃၀ဝ၀ လောက် နောက်လူကို လွှဲနိုင်တယ်။ အခုဒီတစ်ခေါက်ကလည်း ပိုက်ဆံ လေး နည်းနည်းတက်လာတာလေးတွေရှိတယ်။ ဒီထဲမှာ ကျွန်တော် အနေနဲ့ အားပြတ်ပြတ်သွားတာက ကျွန်တော့်လူတွေ က ကျွန်တော့်ကိုအမြင်မမှန်တာလေးတွေပေါ့။ အဲဒီအခါကျရင်တော့ အားပြတ်တယ်။ အမြင်မှန်စေ ချင်တာပေါ့။ ရုပ်ရှင်လောကကြီးက ချစ်စေချင်တယ်။ ဒီရုပ်ရှင်အစည်းအရုံးကြီးရဲ့ ကျေးဇူး ကိုလည်း သိစေချင်တယ်။ ဆက်ပြီးတော့ လည်း ထိန်းသိမ်းစေချင်တယ်။ ဘယ်လောက်ထိတောင် ကျွန်တော်ပြောလဲဆို ရုပ်ရှင်က ကျွန်တော် တို့ရဲ့ ဒုတိယအိမ်ပဲဆိုတာ ပြောတယ်။ နောက်တစ်ခုက ရုပ်ရှင် အစည်းအရုံးကိုလာရင် ငါ့ကိုရုပ်ရှင်အစည်း အရုံးက ဘာပေးမလဲဆိုတဲ့စိတ်နဲ့မလာပါနဲ့ ငါရုပ်ရှင် အစည်းအရုံးအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတဲ့စိတ် နဲ့လာပါ ဒါလေးလည်း ကျွန်တော်ပြောဖြစ်တယ်။ တစ်ခါတလေကျတော့ ရုပ်ရှင်အစည်းအရုံးက ဘာရမလဲဆိုပြီး လာတဲ့သူကများတဲ့အခါ ကျွန်တော် စိတ်ဓာတ်ကျတာပေါ့။ လုပ်ပေးနိုင်တဲ့သူရှိတော့လည်း စိတ်ကတက် လာတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ တာဝန်ရှိတယ်‌လေ။ ဒါနဲ့ကျွန်တော့်ဘဝကို တည်ဆောက်ထားတော့ ဒါရဲ့ကျေးဇူးကိုတော့ ကျွန်တော်စိတ်ဓာတ်ကျသည်ဖြစ်ဖြစ်၊ နောက် ထပ်လာမယ့်သူမပေါ်မချင်း ကျွန်တော်ကတော့ ဘယ်လောက်ခံစားရခံစားရ လုပ်ရမှာပါပဲ။ ဒါပေမဲ့ အမှန်ပြောရရင်တော့ ဒီအချိန်မှာများ လက်လွှဲလို့ရ ရင်တော့ လက်လွှဲချင်တာပေါ့။ စိတ်ဓာတ်ကျလို့တော့ မထင်ပါနဲ့။ လုပ်မယ့်သူမရှိရင်တော့ လုပ်ပေးဦး မှာပါ။

မေး- ဒီအတွင်းမှာ သတိထားမိတာက ရုပ်ရှင် လောကသားတွေနဲ့ ပြည်သူတွေကြား၊ ပြည်ပထွက် ပြေးသူတွေကြား၊ အစိုးရကြားတွေမှာ ပြဿနာပေါင်း သောင်းခြောက်‌ထောင်ကို တွေ့ရတယ်။ လူတွေကြား ထဲမှာ ပွတ်တိုက်မှုတွေ၊ အစိုးရနဲ့ ရုပ်ရှင်လောက သားတွေကြား၊ ပြည်သူတွေနဲ့ ရုပ်ရှင် လောကသား တွေကြား၊ မီဒီယာတွေနဲ့ရုပ်ရှင်လောကသားတွေကြား မှာ ပွတ်တိုက်မှုဖြစ်နေတဲ့ အရှုပ်အထွေးပေါ့လေ။ ဒီအရှုပ်အထွေးကြီးကို ဥက္ကဋ္ဌ ဘယ်လိုကြည့်ပြီး ပြောချင်လဲ။ 

ဖြေ- ကျွန်တော်တို့ မြန်မာလူမျိုးတွေက အင်မတန် ကံကောင်းတာနော်။ ဘာလို့ကံကောင်း တာလဲဆို တော့ ကောင်းမွန်တဲ့ဘာသာတရားကို ရထားတာ။ ဘာသာ တရားရဲ့အဆုံးအမနဲ့ တိုးတက်ရမယ့်လူမျိုး။ ဘုရား က နိဗ္ဗာန်ချည်းပဲပြောတာမဟုတ်ဘူး။ လူမှုရေးတွေ လည်းပြောတာပဲ။ ဥပမာ-သင်္ဂဟတရား လေးပါးတို့ ဘာတို့ ဆိုတာ လူမှုရေးတွေပဲ။ ပေးကမ်းရမယ်၊ ချိုချို သာသာပြောရမယ်၊ မနှိမ်ရဘူး၊ ကူညီရ မယ်ဆိုတာ အဖွဲ့အစည်းတွေမှာ တကယ်လိုအပ်တာပေါ့။ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေမြင်တယ်ဗျာ။ အဲဒါမကောင်းဘူး။ တစ် ယောက်နဲ့တစ်ယောက် မေတ္တာသက်ဝင်ရမှာပေါ့။ တစ်ခါတလေကျတော့လည်း ရယ်စရာဖြစ်နေတာ ပေါ့ဗျာ။ ပါချုပ်ဆရာတော်ကြီးပြောသလို ကျွန်တော် တို့ဘာလို့ အဲဒီလိုမညီညွတ်နေတာလဲဆိုတော့ ဆရာတော်ကြီးကပြောလိုက်တယ်တဲ့ နိုင်ငံခြားသား တစ်ယောက်ကို။ ငါတို့သွေးထဲမှာကိုက အဲဒီမညီ ညွတ်တဲ့သွေးတွေရှိနေတယ်တဲ့။ အဲဒီတော့ ကျွန်‌တော် တို့ဘယ်လိုရှင်းကြမလဲ။ ကျွန်တော်ကတော့ ဘာသာတရားရဲ့လွှမ်းမိုးမှုကို များများရရင်တော့ ညီညွတ် ကြလိမ့်မယ်ထင်တယ်။ ကျွန်တော်နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေဘာတွေ ထွက်တဲ့အချိန်မှာ အောက်မှာ ကမ္ဘောဒီးယားရှိတယ်၊ လာအိုရှိတယ်။ ဖိလစ်ပိုင်တို့ဘာတို့ဆိုတာက ဖလင်သာရှိရင် လူပုံ မဖြစ်ဘူး။ ဖလင်ခေတ်မှာ ကျွန်တော်တို့က လူကြီး တွေရဲ့ကျေးဇူးကြောင့် ၁၉၂၀ ကတည်းကနေစခဲ့တာ ဖလင်ကို ကျွန်တော်တို့ လူမျိုးတွေကောင်းကောင်း ကျွမ်းတယ်။ ဖိလစ်ပိုင်ဆိုတာ ဖလင်ကို ကောင်းကောင်း မကျွမ်းဘူး။ ကမ္ဘောဒီးယား၊ လာအိုဆိုတာက တစ်နှစ် မှာ နှစ်ကား၊ သုံးကားရိုက်နိုင်တဲ့သူတွေ။ အခုက ဖြစ်နေတာက ကျွန်တော်တို့က သူတို့အောက်တောင် ရောက်နေတယ်။ ဒါကဘာဖြစ်လို့လဲဆိုတော့ မညီညွတ်တာဗျ။ ညီညွတ်အောင်စဉ်းစားပေးရမယ်။ ဗိုလ်တစ်ထောင် ဗိုလ်ကများနေတော့ မတိုးတက် တာ အဲဒီလိုထင်တယ်။

မေး- ရုပ်ရှင်လုပ်ငန်းတွေ ပြန်လည်လည်ပတ်လာတာတော့ ဝမ်းသာစရာတွေ့ရတယ်။ ဒါပေမဲ့ ပြည်ဟိန်း သီဟလိုလူမျိုးတွေ၊ အောင်သော်တို့ အုပ်စုတွေ၊ စိန်သီးတို့ အုပ်စုတွေ၊ မင်းမော်ကွန်းတို့ အဖွဲ့တွေ အကုန် လုံးပေါ့။ သူတို့တွေအကုန်လုံးက ပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ အနုပညာရှင် တော်‌တော်များများကို လူမှုကွန်ရက်ကနေ တောက်လျှောက်ပြောနေတာ တွေ့ရတယ်။ ဒါကိုကြည့်ပြီးတော့ ရုပ်ရှင်အစည်းအရုံး နဲ့ ရုပ်ရှင်အနုပညာသမားတွေက ဘာမှပြန်လုပ်နိုင်တာ မတွေ့ရဘူး။ ဥက္ကဋ္ဌတို့ဘက်ကကော ဘာတွေ လုပ်တာရှိလဲ။

ဖြေ- သူတို့ကိုလက်မခံတာက ကျွန်တော်တို့က ပြောစရာမလိုဘူး။ ပရိသတ်ကပြောတာ။ ပရိသတ်က ရုပ်ရှင်ရုံတွေကိုလာတယ် အားပေးနေတယ်။ သူတို့မအောင်မြင်ဘူးလေ ဟုတ်တယ်မလား။ ပရိသတ်က သူတို့ကိုဆန့်ကျင်နေတဲ့သဘောရှိတယ်ဗျ။ လာကြည့်နေတဲ့ပရိသတ်က သူတို့ပြောတာကို လက်ခံမနေ ဘူး။ သူတို့ကတော့ မကြည့်ပါနဲ့ ပြောချင်မှာပေါ့။ ဒါပေမဲ့ ပရိသတ်ကိုက သူတို့ ပြောစကားကို လက်မခံ ဘူး။ အဲဒီလိုတော့ ကျွန်တော်မြင်တယ်။ သူတို့ကိုပြောလိုက်ရင် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတစ်ယောက် အနေနဲ့ တစ်ခါတလေကျရင် ထုတ်လုပ်သူက ဟိုကိုရောက်သွားတဲ့တစ်ယောက်ရဲ့ ကားတွေဖြစ်နေတယ် ၅၀၅ ရဲ့ကားတွေဖြစ်နေတယ် အဲဒါလေးကိုကျွန်တော်ကယ်ထုတ်ချင်တယ်။ ဒီလူ ၅၀၅ ဖြစ်ပေမယ့် နိုင်ငံတော်မှာ ဘယ်လိုဖြစ်ခဲ့ပါတယ်ဆိုတာ လူကြီးတွေနဲ့ကျွန်တော်ကပြောချင်တယ် သူ့ကားလေးတွေ ပြစေချင်တယ်။ တစ်ခါတ လေကျတော့ ဟိုဘက်ကနေ ထပြီးအော်တော့ ကျွန်တော်လုပ်ချင်တာလေး တွေက မလုပ်ရဖြစ်နေတယ်။ သူတို့လည်းကျွန်တော်အပေါ်မှာတော့ ဒီအဘိုးကြီးကွာ သနားပါတယ်ကွာ ဆိုပြီး သနားစိတ်နဲ့လွှတ်ထားထားခံနိုင်တယ်။ ဒါပေမဲ့ ရုပ်ရှင်လောကကြီးနစ်နာမှာ ကြောက်တော့ သူတို့ကို ရန်သူလို့တော့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမဲ့ သူတို့မအောင်မြင်ဘူးဆိုတာတော့ သတိထားစရာ ကောင်းတယ်။ ငါတို့ ဘယ်လောက်ပြောပြော၊ ဘယ်သူ့ကိုပဲ ဘယ်လောက် တိုက်ခိုက် တိုက်ခိုက် သူတို့ကိုပရိတ်သတ်ကအားပေးနေပါလားဆိုတာ မြင်သွားရင်တော့ သူတို့နားလည်လိမ့်မယ် ထင်တာပဲ။                             

အင်တာဗျူး အပိုင်း(၂)ကို ဆက်လက်ဖော်ပြပါမည်။                                          

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရှေးခေတ်ရောမလူမျိုးတွေ စတင်တည်ထောင်ခဲ့တဲ့ ဗြိတိန်တို့ရဲ့ မြို့တော် “လန်ဒန်” အကြောင်း (ဗဟုသုတဆောင်းပါး)

RECENT POSTS
မြန်မာ့ကားမူဝါဒနှင့် ဈေးကွက်အခြေအနေများ (အင်တာဗျူး)
07 Sep 2024
စက်မက်ကင်းတဲ့ နိုင်ငံ (သို့မဟုတ်) ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ကုန်းတွင်းပိတ်နိုင်ငံ “ဘူတန်”
07 Sep 2024
မြို့ ပြနေလူထုအကြား အချင်းချင်း ယုံကြည်မှုကျဆင်းနေကာ စိုးရိမ်စိတ်များ မြင့်တက်နေ
07 Sep 2024
သက်တမ်း (၃၂၈) နှစ်ရှိတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်း
07 Sep 2024
မြန်မာနိုင်ငံရှိ ကုန်းနေ၊ ရေနေလိပ်များသည် (၇၀)ရာခိုင်နှုန်းခန့် ရှားပါးနေသဖြင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်း အကြံပြု
07 Sep 2024
အသက်(၁၁၂)နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား
07 Sep 2024
မြန်မာ့ပထမဆုံး ဖွဲနုဆီစက်ရုံမှ ဆီများ လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်မည်
07 Sep 2024
တက်တူးအများဆုံးနဲ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံးဂင်းနစ်စံချိန်နှစ်ခုကိုရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီး
07 Sep 2024
ရှမ်းမြောက်(အရှေ့မြောက် ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက်နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း - ၃)
07 Sep 2024
ထိုင်းအစိုးရက မြန်မာဘာသာစကားဖြင့် သင်ကြားနေသည့် ပညာရေးစင်တာ (၆)ခုကို ပိတ်သိမ်း
07 Sep 2024
ကားဈေးကွက်အတွင်း သိန်း(၄ဝဝ)(၅ဝဝ)ဝန်းကျင်ကားများ ဝယ်ယူရခက်ခဲလာ
07 Sep 2024
ကျိုက်ထိုမြို့တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်သံသယလူနာမှာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
07 Sep 2024
မျှစ်ခြောက်ကို နိုင်ငံတကာနည်းပညာများဖြင့် ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရန် စီစဉ်နေ
07 Sep 2024
လှိုင်းဘွဲ့တွင် အသက်(၁၂)နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ်တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား
06 Sep 2024
ကမ္ဘောဒီးယားဝန်ကြီးချုပ် "ဟွန်မာနက်" အကြောင်း တစေ့တစောင်း
06 Sep 2024
နိုင်ငံရေးပြဿနာများဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုပြီး ပညာရေးမူဝါဒများကို တတ်နိုင်သမျှ ဖြေလျှော့ပေးသင့်ကြောင်း အကြံပြု
06 Sep 2024
သူတို့နိုင်သွားရင် ထီးချိုင့်ကို KIA ကပဲ အုပ်ချုပ်လိမ့်မယ် (အင်တာဗျူး)
06 Sep 2024
နှစ်ပေါင်း (၁၅၀ဝ)နီးပါးကြာ လည်ပတ်နေဆဲ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ
06 Sep 2024
ဘဝများ ခြေမွခံလိုက်ရသည့် စစ်ဘေးရှောင်တို့မှာ ကြောက်စိတ်ဖြင့် ပြေးစရာမြေမရှိဖြစ်နေ
06 Sep 2024
အရှေ့ဒဂုံမြို့နယ်တွင် ရပ်ထားသည့် ကွန်တိန်နာကားကို အိမ်စီးကားက နောက်မှဝင်တိုက်မိရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံး
06 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved