Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံရေးပြဿနာများဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုပြီး ပညာရေးမူဝါဒများကို တတ်နိုင်သမျှ ဖြေလျှော့ပေးသင့်ကြောင်း အကြံပြု

ယွန်း (NSS) - စက်တင်ဘာ ၆

နိုင်ငံရေးပြဿနာများကိုဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေသည့်နည်းလမ်း များဖြင့် ဖြေရှင်းရန်လိုပြီး ပညာ‌ရေး မူဝါဒများကိုလည်း တတ်နိုင်သမျှ‌ ဖြေလျှော့ပေးသင့် ကြောင်း ပညာရေးအသိုင်း အဝိုင်းတွင် ထဲထဲဝင်ဝင် ဆောင်ရွက်နေသူများကို NSS ၏ ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။  

လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဒေသအချို့၌ အခြေခံပညာကျောင်းများအပါအဝင် အဆင့်မြင့်‌ ကျောင်းများကိုပိတ်သိမ်းခဲ့ရပြီး ပညာသင်ယူဆဲကျောင်းသားများ၌ ပညာရေးအခွင့်အလမ်း ဆုံးရှုံးမှုများရှိနေသည့်အပြင် ပညာသင်ခွင့်ဆုံးရှုံးရသော ကျောင်းသား/သူအရေအတွက်မှာလည်း မြင့်တက်လာခြင်းဖြစ်သည်။

ထိုမျှသာမက အချို့နေရာများတွင် အကြမ်းဖက်သမားများက ပညာသင်ကြားနေသော ကျောင်းသူ/သားများကို ခြိမ်းခြောက်ခြင်း၊ ကျောင်း မတက်စေခြင်းများ ပြုလုပ်နေကြသည်။

‘အသိသာဆုံးအချက်ကတော့ လက်ရှိပဋိ ပက္ခဖြစ်ပွားနေတဲ့နေရာတွေမှာဆိုရင် ကလေးတွေ ကျောင်းမတက်ရ ဘူး။ အခြေခံပညာမှာရော အဆင့်မြင့်ပညာရေးရော ပညာသင်ယူခွင့်မရကြဘူး။ စာမေးပွဲဖြေခွင့်လည်း မရကြဘူး။ နောက်ဆက်တွဲမှာက ကျွန်တော်တို့မြန်မာပြည်မှာ တက္ကသိုလ်ဝင်တန်း အခြေခံအောင်မှ အလုပ်လုပ်ခွင့်ရကြတယ်။ တစ်ဖက် မှာလည်း စားဝတ်နေ‌ရေးအတွက် ရုန်းကန်ရတဲ့အ ခြေအနေတစ်ခုမှာ (၁၀)တန်းမအောင်ရင် တူတူတန် တန်အလုပ်မရကြဘူး။ အလုပ်ပေါ်မှာလည်း သက်ရောက်မှုရှိတယ်။ ပြီးရင် လူမှုရေးဆိုင်ရာတွေမှာလည်း သက်ရောက်မှု တွေရှိကြတယ်’ဟု တက္ကသိုလ်ကထိက တစ်ဦးက NP News ကို ပြောသည်။

ထို့ပြင် ကျောင်းမဖွင့်နိုင်သည့် ဒေသအချို့၌ အင်တာနက်သုံးစွဲရန် ကန့်သတ်မှုများရှိနေသည့်အတွက် အသိ ပညာရပိုင်ခွင့်ဆုံးရှုံးမှုများနှင့်လည်း ရင်ဆိုင်နေရကြောင်း သိရသည်။

တိုင်းပြည်တွင်ဖြစ်‌ပေါ်နေသည့် အခြေအ နေများသည် ကျောင်းသားလူငယ်များ‌ပေါ်တွင် ရိုက် ခတ်မှုများရှိနေပြီး နိုင်ငံရေးကိစ္စများကို ဖြေရှင်းရာ၌ လူငယ်များ၏ပညာရေးနှင့် အနာဂတ်များကို မထိခိုက် စေသည့်နည်းလမ်းများဖြင့် ဖြေရှင်းသင့်ကြောင်း ၎င်းကအကြုံပြုသည်။

‘ပဋိပက္ခဖြစ်နေတဲ့နေရာတွေမှာ ပညာရေး ကို အနှောင့်အယှက်မဖြစ်စေတဲ့နည်းလမ်းတွေကို သုံးစေချင်တယ်။ ကလေးတွေရဲ့ ပညာရေး၊ ကလေး တွေရဲ့ အနာဂတ်ကို မထိခိုက်စေတဲ့နည်းလမ်းတွေနဲ့ တခြားသောနိုင်ငံရေးကိစ္စတွေကို ဖြေရှင်းစေချင်ပါတယ်။ ဒီကလေးတွေက သိပ်မကြာခင်ကာလတစ်ခုမှာ လက်ရှိလူကြီးတွေနေရာကို အစားထိုးဝင် လာကြမှာ။ နိုင်ငံကို သူတို့လက်ထဲကိုထည့်ရတော့မှာ။ အဲဒီအချိန်မှာ နိုင်ငံကိုထိန်းကျောင်းနိုင်တဲ့အရည်အချင်း မရှိခဲ့ ဘူးဆိုရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်ပါ သက်ရောက်မှုပိုဆိုးသွားနိုင်တယ်’ဟု အထက်ပါ ကထိကက ဆိုသည်။

ပဋိပက္ခတွင် ပါဝင်သူများအနေဖြင့် ယုံကြည်ချက်အတိုင်းလုပ်ဆောင်သည်ကို မပြောလိုသော်လည်း မိမိ၏ ယုံကြည်ချက်ကြောင့် နိုင်ငံ၊ မိသားစု၊ ရပ်ရွာ မထိခိုက်သည့်နည်းလမ်းကို သုံးစေလို ကြောင်းလည်း ၎င်းကဆိုသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို လျှောက်ထားရန် ပြီးခဲ့သည့်ရက်ပိုင်းက အသိပေးခဲ့ရာ (၂၀၂၃) ခုနှစ် တွင် တက္ကသိုလ်ပေါင်း(၂၆)ခု၌ လျှောက်ထားခွင့်ပြုခဲ့ သော်လည်း ယခုပညာသင်နှစ်တွင် လားရှိုးတက္ကသိုလ် အပါအဝင် လွိုင်ကော်တက္ကသိုလ်နှင့် တောင်ကုတ် တက္ကသိုလ်တို့၌ ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ပါဝင်ခြင်းမရှိကြောင်းတွေ့မြင်ရသည်။

လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အမှန်တကယ်ဖွင့်လှစ်နိုင်သည့် ကျောင်းအရေအတွက်မှာ အနည်း ငယ်သာရှိနေပြီး ဖွင့်လှစ်ပြီးသား ကျောင်းအချို့မှာလည်း အကြောင်းအမျိုးမျိုးကြောင့် ပြန်လည် ပိတ်သိမ်းမှုများရှိ နေ ကြောင်း သိရသည်။

‘ပကတိမြေပြင်အနေအထားမှာ ကျောင်းတွေက အဖွင့်စာရင်းပဲပြထားတာ။ တကယ်ဖွင့်နိုင်တဲ့ ကျောင်းက နည်းတယ်။ ကျောင်းတွေ တိုးချဲ့ဖွင့် လှစ်ရမယ်ဆိုတာကလည်း စာရင်းဇယားကိန်းဂဏန်း တွေမှာပဲတိုးသွားတာ။ တကယ့်မြေပြင်မှာ ဖွင့်နိုင်တဲ့ ကျောင်းတွေက နည်းတယ်။ ရှမ်းအရှေ့မြောက်၊ သပိတ်ကျင်း၊ မန္တလေးတိုင်းဧရိယာ၊ စစ်ကိုင်းတိုင်း တော်တော်များများကျောင်းတွေမှာ ဖွင့်နေတဲ့ကျောင်း တွေတောင်မှ ရပ်တန့်ပစ်လိုက်ရတာတွေရှိတယ်။ နိုင်ငံတော်အစိုးရက ပေါ်လစီကြီးတွေ၊ မူဝါဒကြီးတွေနဲ့ ဘယ်လောက်ပဲòန်ကြားထားထား မြေပြင်မှာ ဒီကလေးတွေ ပညာဆက်လက်သင်ကြားမှုက အင်မတန်မှခက်ခဲမှုရှိတယ်။ စစ်ပွဲတွေနဲ့ပဋိပက္ခတွေကြောင့် ပြည်သူပြည်သား တွေရဲ့ အနာဂတ်တွေ ဒုက္ခရောက်ကြပြီ။ အထူးသဖြင့် အနာဂတ်ကိုရှင်သန်မယ့်ကလေး တွေရဲ့ဘဝတွေက လက်နက်ကိုင်ကြလို့ အနာဂတ် တွေပျောက်ဆုံးသွားကြတာတစ်မျိုး၊ ပညာသင်နေကြ ဆဲကလေးတွေကိုယ်တိုင်မှာ ထပ်ပြီးတော့ ခြိမ်း ခြောက်မှုတွေ၊ ပညာ‌ရေးနဲ့ပတ်သက်တဲ့စိန်ခေါ်မှုတွေ ရှိကြတယ်’ဟု စစ်ဘေးဒဏ်သင့်ကလေးငယ်များ၏ ပညာရေးနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနေသော စတော့ဟုမ်း ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။

လက်ရှိအခြေအနေတွင် နိုင်ငံတော်အစိုး ရအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ မူဝါဒများကို တင်းကြပ်မှုများမလုပ်ဘဲ ဖြေလျှော့ပေးစေလိုကြောင်း လည်း ဆရာတော်ကမိန့်ကြားသည်။

‘နိုင်ငံတော်အစိုးရကိုအကြံပြုချင်တာကတော့ တချို့ကိစ္စတွေမှာ တိုင်းပြည်ကြီးက အခက်အခဲဖြစ်နေတဲ့ အချိန်မှာ ပညာရေးဆိုရင်လည်း မူဝါဒတွေထက် မြေပြင်မှာဆောင်ရွက်ပေးနေကြတဲ့ ကျောင်းတွေကို မူဝါဒတွေနဲ့ တင်းကြပ်တာတွေသိပ် မလုပ်ဘဲနဲ့ ဖြေလျှော့ပေးစေချင်တယ်။ တစ်ခါတစ်ခါကျရင် စာရွက်ထဲကဟာတွေက အလုပ် မဖြစ်ပါဘူး။ အပြင်မှာ တကယ်လက်တွေ့လုပ်နေကြတဲ့အခါမှာ အခက်အခဲပေါင်းများစွာနဲ့လုပ်ရတယ်။ ဘုန်းကြီးတွေ၊ သီလရှင်တွေပါ တိုင်းပြည်ရဲ့ အကျိုးစီးပွားကိုလို လားလို့ ဝိုင်းလုပ်နေတဲ့သူတွေမှာ အခက်အခဲတွေရှိကြတယ်။ ဝန်ကြီးဌာနအနေနဲ့ ပေါ်လစီမူ ဝါဒတွေကို သိပ်ပြီးမတင်းကြပ်သင့်ဘူး။ ဖြေလျှော့ သင့်တဲ့ကိစ္စကို ဖြေလျှော့ပေးစေချင် တယ်။ မူဝါဒ ပေါ်လစီတွေဆိုတာ တိုင်းပြည်တည်ငြိမ်တဲ့ အချိန်ကျ မှလုပ်ရမှာ။ အားလုံးက ကလေးတွေရဲ့ပညာရေး တွေ၊ တိုင်းပြည်ရဲ့ပဋိပက္ခတွေချုပ်ငြိမ်းရေးတွေ ဆောင်ရွက်ပေးနိုင်ဖို့ လှုပ်သာလှည့်သာဖြစ်အောင်ထား သင့်တယ်’ဟု ဆရာ တော် ဦးသောဘိတက သုံးသပ်မိန့်ကြားသည်။

လက်ရှိတွင် IBEC ကျောင်းတိုက်အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအပါအဝင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် အစရှိသည့် နယ်မြေဒေသ မအေးချမ်းသည့်နေရာများနှင့် စစ်ဘေးရှောင်ဒေသများမှ ပညာရေးတစ်ပိုင်း တစ်စဖြစ်နေ သော ကလေးငယ်များကို ပညာဆက်လက်သင်ကြားပေးနေကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်ရှိ ကျေးရွာ(၁၆)ရွာမှ အခြားဒေသများ သို့ သွားရောက်ပညာသင်ယူနေသူ လူငယ်များကို မိဘများမှတစ်ဆင့် PDF အဖွဲ့က ခြိမ်းခြောက်ခေါ်ယူခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သော ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး ရှိ အခြေခံပညာကျောင်းများ၏ (၂၃) ရာခိုင်နှုန်းကျော်မှာ ဖွင့်လှစ် နိုင်ခြင်းမရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုထားသည်။ 

‘ကချင်ဘက်ကို မပြန်ဖြစ်တော့ဘူး။ ပထမနှစ်ကတည်းက နယ်မြေအခြေအနေက မငြိမ်ဘူး။ စစ်တွေဖြစ်နေ သေးတယ်လေ။ ပြန်ရင် ဖားကန့်ဘက် ကိုပြန်ရမှာ။ အဖေအမေတို့လည်း မန္တလေးကို ပြောင်းလာရတယ်။ ဆွေမျိုးတွေ တော့ အဲဒီဘက်မှာ မရှိ တော့ဘူး။ စစ်ပွဲတွေဖြစ်နေတော့ နေတဲ့သူလည်း သိပ်မရှိတော့ဘူး။ ခုလက်ရှိဆို ဖုန်းလိုင်းတောင် မရ ဘူးထင်တယ်။ နယ်မြေအခြေအနေက မငြိမ်တော့ ကျောင်းပြီးရင်တောင် ပြန်လို့မဖြစ်သေးဘူး။ ငွေကြေးကတော့ ကျောင်းတက်ဖို့တော့ ထောက်ပံ့ပေးတာပေါ့။ ဒါပေမဲ့ နယ်မြေအခြေအနေကြောင့် တခြားမြို့ကိုလာ နေရတော့ အကုန်အကျများတယ်လေ။ တစ်ချိန်ချိန်တော့ ပြန်ဖြစ်မှာပေါ့’ဟု ရန်ကုန်တွင် ပညာသင်ကြားနေသော တက္ကသိုလ် ကျောင်း သူတစ်ဦးက ရင်ဖွင့် ပြောကြားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကမ္ဘောဒီးယားဝန်ကြီးချုပ် "ဟွန်မာနက်" အကြောင်း တစေ့တစောင်း

RELATED POSTS
RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved