Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် "ဟွန်မာနက်" အကြောင်း တစေ့တစောင်း

ဂျန်ဇက် (NSS) - စက်တင်ဘာ ၆

ကမ္ဘောဒီးယားနိုင်ငံမှာ လက်ရှိဝန်ကြီးချုပ်အဖြစ် နိုင်ငံကို နှစ်ပေါင်းများစွာကြာအုပ်ချုပ်ခဲ့တဲ့ ဝန်ကြီး ချုပ်ဟောင်း ဟွန်ဆန်ရဲ့သားဖြစ်သူ ဟွန်မာနက်က တာဝန်ယူနေပါတယ်။ ဟွန်ဆန်ဟာ ကမ္ဘာဒီးယား နိုင်ငံမှာ နှစ်ပေါင်းများစွာဖြစ်နေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်အောင်စွမ်းဆောင်ခဲ့သူတွေထဲမှာပါဝင်ခဲ့တဲ့ အဓိကကျသူတစ်ဦးဖြစ်ခဲ့ကာ ကမ္ဘာဒီးယားနိုင်ငံမှာ ဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးချုပ်အပါအဝင် ရာထူးတာဝန်အမျိုးမျိုးကို နှစ်ပေါင်း (၄၀)ကျော် ကြာတာဝန်ယူခဲ့သူဖြစ်ပါတယ်။ ဟွန်ဆန်ဟာ ပြီးခဲ့တဲ့ (၂၀၂၃)ခုနှစ်မှာ ဝန်ကြီးချုပ်ရာထူးကနုတ် ထွက်ခဲ့ပြီးနောက် သားဖြစ်သူ ဟွန်မာနက်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ်တာဝန်ယူဖို့ လွှဲပြောင်းပေးခဲ့သူဖြစ်ပါတယ်။ ဟွန်မာနက်ဟာ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်အဖြစ် တာဝန်မယူခင် ကမ္ဘောဒီးယားနိုင် ငံရေးသမားတစ်ဦးအဖြစ်လှုပ်ရှားခဲ့ပြီး ကမ္ဘောဒီးယားတော် ဝင်တပ်မတော်ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်ကာ ကြည်းတပ်ရဲ့စစ်ဦးစီးချုပ်ဖြစ်ပါတယ်။ ဟွန်မာနက်ကို (၁၉၇၇) ခုနှစ် အောက်တိုဘာလ (၂၀) ရက်နေ့က ကမ်ပွန်ချန်ပြည်နယ်မှာမွေးဖွားခဲ့ ပြီး ဖနွမ်းပင်မြို့မှာကြီးပြင်းခဲ့ကာ ပညာသင်ယူခဲ့ပါတယ်။

ဟွန်မာနက်ဟာ (၁၉၉၅)ခုနှစ်မှာ ကမ္ဘောဒီး ယား တော်ဝင်တပ်မတော်ကိုဝင်ရောက်ခဲ့ပြီး အဲဒီနှစ်မှာပဲ အမေရိကန်ပြည်ထောင်စု နယူးယောက်ရှိ အ မေရိကန်စစ်တက္ကသိုလ်ကိုတက်ရောက်ခဲ့ကာ (၁၉၉၉)ခုနှစ်မှာ ဒီပလိုမာရရှိခဲ့တယ်။ အဲဒီနောက် ဟွန်မာနက်ဟာ စီးပွားရေးဘာသာနဲ့ဘွဲ့ရရှိခဲ့ပြီး (၂၀ဝ၂)ခုနှစ်မှာ နယူးယောက်တက္ကသိုလ်မှ ဘွဲ့လွန် ဘွဲ့နဲ့ (၂၀ဝ၉)ခုနှစ်မှာ အင်္ဂလန်နိုင်ငံ ဘရစ်စတွန် တက္ကသိုလ်မှ ပါရဂူဘွဲ့ကို ထပ်မံရရှိခဲ့ပါတယ်။ ဟွန်မာနက်ဟာ (၁၉၉၅) ခုနှစ်မှာ စစ်တပ်ကိုဝင်ရောက်ခဲ့ပြီး နောက် အမေရိကန်ကိုပညာသွားသင်ခဲ့ကာ တော်ဝင် ကြည်းတပ်ရဲ့ ဒုတိယစစ်ဦးစီးချုပ်နဲ့ တော်ဝင်တပ်မ တော်ရဲ့ ဒုတိယညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်လာပြီး လပိုင်းအကြာ (၂၀၁၁)ခုနှစ်မှာ ဗိုလ်ချုပ်ရာထူးရရှိခဲ့ ပါတယ်။ ဟွန်မာနက်ဟာ ဗိုလ်ချုပ်ရာထူးရရှိခဲ့ပြီး နောက် နှစ်နှစ်အကြာ (၂၀၁၃) ခုနှစ်မှာ ဒုတိယဗိုလ် ချုပ်ကြီးဖြစ်လာခဲ့ပြီး (၂၀၁၈) ခုနှစ်မှာ ကြယ်လေးပွင့် အဆင့်ရှိ ဗိုလ်ချုပ်ကြီးရာထူးနဲ့ တော်ဝင်တပ်မတော်ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့ပါတယ်။ (၂၀၁၈)ခုနှစ် ဇွန် (၃၀) ရက်နေ့မှာ ရွေးကောက်ပွဲမ တိုင်မီ ဖခင်ဖြစ်သူဟွန်ဆန်က သားဖြစ်သူကို တပ်မ တော်ထိပ်ပိုင်းရာထူးခန့်ခဲ့တာဖြစ်ပါတယ်။ ဟွန်ဆန် က၎င်းအနေနဲ့ နိုင်ငံရေးကနေ အနားယူခဲ့ခြင်း သို့မဟုတ် သေဆုံးခဲ့ပါက ဟွန်မာနက်ကို နိုင်ငံရေးရာထူး လွှဲအပ်နိုင်ဖို့ ရည်ရွယ်ခဲ့တာမျိုးလည်းဖြစ်ပါတယ်။ ဟွန်ဆန်ဟာ (၂၀၂၃) ခုနှစ် ဧပြီ (၂၀)ရက်နေ့မှာ သားဖြစ်သူဟွန်မာနက်ကို ဗိုလ်ချုပ်ကြီးအဖြစ် တရားဝင် ရာထူးတိုးပေးခဲ့တယ်လို့ဆိုပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန်ဟာ သားဖြစ်သူ ဟွန်မာနက်ကို ၎င်းရဲ့နေရာဆက်ခံမယ့်သူအဖြစ် လူသိရှင်ကြားထုတ် ဖော်ကြေညာခြင်းမျိုးမရှိခဲ့ပေမယ့် (၂၀၂၁) ခုနှစ် ဒီဇင်ဘာလမှာတော့ သားဖြစ်သူ ဟွန်မာနက်ကို ၎င်းရဲ့နေရာကို ဆက်ခံရန်လျာထားကြောင်း ပထမဆုံး ကြေညာခဲ့ပါတယ်။

ဟွန်မာနက်ဟာ  ဝန်ကြီးချုပ်ရာထူးကို စိတ်အား ထက်သန်ကြောင်း မည်သည့်အခါကမှ လူသိရှင်ကြား မထုတ်ဖော်ခဲ့ပေမယ့် ဝန်ကြီးတွေ၊ ပါတီဝင်တွေရဲ့ ထောက်ခံမှုရခဲ့ပါတယ်။ (၂၀၂၃) ရွေးကောက်ပွဲမှာ ဟွန်မာနက်ဟာ ပထမအဆင့်လွှတ်တော်အမတ်နေရာ အတွက်ရွေးကောက်ခံခဲ့ရပြီး အဲဒီနေရာဟာ  ဝန်ကြီး ချုပ်လောင်း ဖြစ်ခွင့်ရှိပါတယ်။ ကမ္ဘောဒီးယားအာဏာရပါတီဖြစ်တဲ့ စီပီပီပါတီဟာ အနိုင်ရခဲ့ပြီးသုံးရက် အကြာမှာ ဝန်ကြီးချုပ်ဟွန်ဆန်ဟာ သားဖြစ်သူကို ဝန်ကြီးချုပ်အဖြစ်လွှဲပြောင်းပေးမယ်လို့ တရားဝင် ထပ်မံကြေညာခဲ့သလို ကမ္ဘောဒီးယားဘုရင်  နိုရိုဒွန် သီဟမုနိကလည်း ဟွန်မာနက်ကို ဝန်ကြီးချုပ်အဖြစ် ခွင့်ပြုမိန့်ထုတ်ပြန်ပေးခဲ့ပါတယ်။ ဟွန်မာနက် ဦးဆောင်တဲ့ ကမ္ဘောဒီးယားအစိုးရအဖွဲ့အသစ်မှာ လူငယ်တွေပါဝင်ခဲ့ပေမယ့် အများစုက အနားယူမယ့် ဝန်ကြီးတွေရဲ့သားသမီးတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဟွန်မာနက် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူ ချိန်အတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ ပြုပြင်ပြောင်းလဲ မှုတွေ ပိုမိုလုပ်ဆောင်လာဖွယ်ရှိတယ်လို့မျှော်လင့်နေ ပေမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဖြစ်သလို ၎င်းရဲ့ဖခင်ဖြစ်သူ ဟွန်ဆန်က နောက်ကွယ်က ထိန်း ချုပ်လုပ်ကိုင်မှုတွေရှိနေဆဲဖြစ်တယ်လို့ ဝေဖန်မှုတွေ လည်းရှိနေပါတယ်။ ဟွန်ဆန်ဟာ သားဖြစ်သူကို ဝန် ကြီးချုပ်တာဝန်မလွှဲပြောင်းခင် ၎င်းတို့ရဲ့ အဓိကအ တိုက်ခံပါတီခေါင်းဆောင်တွေကို ဖမ်းဆီးတာ၊ ထောင် ချတာတွေလည်းလုပ်ဆောင်ခဲ့ဖူးပါတယ်။ ဟွန်ဆန်ဟာ ဝန်ကြီးချုပ်ရာထူးကအနားယူသွားပေမယ့် ကမ္ဘောဒီးယားအထက်လွှတ် တော်ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူနေဆဲဖြစ်ရာ သားဖြစ်သူကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ထိန်းချုပ်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ ဟွန်မာနက်ကို ပြုပြင်ပြောင်းလဲရေးသမားဖြစ်လာမလား သို့မဟုတ် အာဏာရှင်တစ်ဦးဖြစ်လာမလားဆိုပြီး ပြည်တွင်းနဲ့ နိုင်ငံတ ကာအသိုင်းအဝိုင်းက စိတ်ဝင်စားနေခဲ့ပါတယ်။ ဟွန်မာနက်ဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန် ကာလအတွင်း နိုင်ငံ့စီးပွားရေးကို ပိုမို ကောင်းမွန်စေ ဖို့ကြိုးပမ်းနေရာ ကမ္ဘောဒီးယားနိုင်ငံရဲ့ စီးပွားရေးတိုး တက်မှုနှုန်းဟာ (၇) ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။ ဟွန်မာနက်ဟာ ဝန်ကြီးချုပ် အဖြစ်တာ ဝန်ယူချိန်အတွင်း ၎င်းရဲ့လုပ်ပိုင်ခွင့်ထဲကနေ တရုတ် ကုမ္ပဏီတွေထက် နိုင်ငံတကာကုမ္ပဏီတွေကို ပိုမိုရင်း နှီးလုပ်ကိုင်ခွင့်ပေးဖို့ လိုလားနေခဲ့သူဖြစ်ရာ ဝန်ကြီး ချုပ်အဖြစ်တာဝန်ယူတဲ့ တစ်နှစ်အတွင်းမှာပဲ နိုင်ငံ့စီး ပွားရေး အရင်ထက် သိသိသာသာတိုးတက်လာခဲ့ပါ တယ်။ ဖခင်ဖြစ်သူ ဟွန်ဆန် ကမ္ဘောဒီးယားဝန်ကြီး ချုပ်အဖြစ်တာဝန်ယူချိန်အတွင်း နိုင်ငံ့စီးပွားရေး တိုး တက်စေဖို့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ တရုတ်စီး ပွားရေးလုပ်ငန်းရှင်တွေကို အားထားခဲ့ပေမယ့် ဟွန်မာနက်လက်ထက်မှာတော့ တရုတ်စီးပွားရေးလုပ် ငန်းရှင်တွေအပြင် တခြား နိုင်ငံတကာစီးပွားရေးလုပ် ငန်းရှင်တွေနဲ့ ပိုမိုထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းလာခဲ့ပါ တယ်။ ဟွန်မာနက်ဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူပြီး နောက် ပြည်တွင်းနိုင်ငံရေးပြဿနာတွေထက် နိုင်ငံ့စီးပွားရေးပိုမိုကောင်းမွန်စေဖို့ ဦးစားပေးလုပ်ဆောင် လာခဲ့ရာ နိုင်ငံ့စီးပွားရေးတိုးတက်လာနေတဲ့အတွက် ပြည်တွင်းနိုင်ငံရေးနဲ့ နိုင်ငံတကာဖိအားတွေလည်း မျှော်လင့်ထားသလောက် တိုးတက်နေတာမျိုးမရှိသေး ပါဘူး။ ဟွန်မာနက်ရဲ့ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်လက်ထက်က ကမ္ဘောဒီးယားနိုင်ငံဟာ ပြည် တွင်းနိုင်ငံရေးဖိအားတွေအပြင် နိုင်ငံတကာဖိအား တွေနဲ့ရင်ဆိုင်ခဲ့ရပေမယ့် ဟွန်မာနက် ဝန်ကြီးချုပ် အဖြစ်တာဝန်ယူချိန်ကာလအတွင်း ပြည်တွင်း နိုင်ငံ ရေးနဲ့ နိုင်ငံတကာဖိအားတွေလည်း လျော့နည်းလာခဲ့ တယ်လို့ဆိုနိုင်ပါတယ်။ ဟွန်မာနက်လက်ထက်မှာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံရေးပြန်လည်ကောင်းမွန်အောင်တည်ဆောက် ဖို့ ကြိုးပမ်းနေပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်ကိုယ်တိုင် ကမ္ဘောဒီးယားနိုင်ငံကို လာရောက်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် နဲ့ တွေ့ဆုံဆွေးနွေးတာတွေရှိခဲ့ပါတယ်။ ဟွန်မာနက် ရဲ့ဖခင်ဖြစ်သူ ဟွန်ဆန် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူ ချိန်ကာလတုန်းက အမေရိကန်နိုင်ငံဟာ ဟွန်ဆန်ကို  အာဏာရှင်တစ်ဦးအဖြစ် ဝေဖန်ပြစ်တင်ခဲ့ပြီး စီးပွား ရေးပိတ်ဆို့မှုတွေ ချမှတ်ခဲ့ဖူးပါတယ်။ 

လက်ရှိအချိန်မှာတော့ ဟွန်မာနက် ဝန်ကြီးချုပ် အဖြစ်တာဝန်ယူတဲ့ တစ်နှစ်နီးပါးကာလအတွင်းမှာ နိုင် ငံကို တည်ငြိမ်အောင်ထိန်းထားနိုင်သလို နိုင်ငံ့စီးပွား ရေးနဲ့ နိုင်ငံတကာဆက်ဆံရေးကို ကောင်းမွန်အောင် ဆောင်ရွက်ထားနိုင်သူဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ဟွန်မာနက် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံရဲ့အခြေအနေတွေဟာ ယခင်နဲ့မတူဘဲ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေး တိုး တက်မှုနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဖြစ်ထွန်း လာနေရာ ဟွန်မာနက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ နေတဲ့သက်တမ်းအတွင်း နိုင်ငံ့အခြေအနေတွေကို ပို မိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မလား ဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ ကမ္ဘော ဒီးယားနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဆို ရင် (၂၀၂၃) ခုနှစ်မှာ နိုင်ငံဝန်ကြီးချုပ်အဖြစ် ရွေး ချယ်ခန့်အပ်နိုင်ခဲ့ပေမယ့် ဝန်ကြီးချုပ်ဆာရက် သာ တာဗီဆင်လက်ထက်မှာ ထိုင်းနိုင်ငံရဲ့စီးပွားရေးနဲ့နိုင် ငံရေးတည်ငြိမ်မှုတွေဟာ ကမ္ဘောဒီးယားနိုင်ငံလောက် ကောင်းမွန်မှုမရှိဘဲ ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာ ဗီဆင်ဆိုရင် တစ်နှစ်ကျော်အတွင်း ဝန်ကြီးချုပ်အဖြစ် ကထုတ်ပယ်ခံခဲ့ရပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယား နိုင်ငံမှာ (၂၀၂၃) ခုနှစ်က ဝန်ကြီးချုပ်အသစ်တွေခန့် အပ်ခဲ့ပေမယ့် ဟွန်မာနက်ဟာ ဝန်ကြီးချုပ်အဖြစ် တာ ဝန်ယူချိန်အတွင်း နိုင်ငံစီးပွားရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုပိုင်းတွေကို ပိုမိုလုပ်ဆောင်နိုင်တယ် လို့ သုံးသပ်တင်ပြလိုက်ပါတယ်။           

 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လှိုင်းဘွဲ့တွင် အသက်(၁၂)နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ်တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved