Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရှင်မဖြူကျိန်စာသင့် ဘီဂမ် ရှိတ်ဟာစီနာဝါဇစ် (ဆောင်းပါး)

ဇာမဏီစံမောင် (NSS) - စက်တင်ဘာ ၁၃

(၁၈)ရာစုအစ ပင်လယ်ကဆိုသည့် (၁၈၂၄) ခုနှစ်မှ ယနေ့ (၂၀၂၄) ခုနှစ်အထိ  နှစ်ပေါင်း (၂၀ဝ) ပြည့်မြောက်သည့်ကာလတွင် ချစ်စွာသောစာရှုသူတို့ ကို ကမ္ဘာ့နိုင်ငံကြီးများမှခေါင်းဆောင်များ၏ အရည်အချင်းကိုလိုက်မီလာသော အာရှတိုက်နိုင်ငံရေးခေါင်း ဆောင်များသည် ထိုထိုသောအင်အားကြီးနိုင်ငံကြီး များကို မိမိတို့နိုင်ငံတော်အကျိုးစီးပွားနှင့် အမျိုးသား လုံခြုံရေးအတွက် လိုက်လျောညီထွေဖြစ်အောင် တန်းတူဆက်ဆံပြကာ လုပ်နိုင်စွမ်းခဲ့သည် ။ 

အထူးသဖြင့် လားဇပ်ကားနဲ့သံလွင်ပင် စာအုပ်ဖန်တီးရှင် သောမတ်စ်ဖရိုက်မင်းက ရွှေရောင် ကိုယ်ကျပ်အင်္ကျီဟု တင်စားခေါ်ဝေါ်လိုက်သည့် Glo­b­al­ution Sprit and Protocol   အမျိုးသားရေးအကျိုးစီးပွားအခြေခံ မိတ်ဝတ်မပျက် အသိစိတ်တည်း။ အမှန်တရားကိုမြတ်နိုးသည့် လူငယ်လူရွယ် Generation Z တို့၏ ထက်မြက်တက်ကြွသော မဟုတ်မခံသည့်တော်လှန်စိတ်ကိုအသုံးချပြီး နိုင်ငံတော်လုံခြုံရေးကို ထိပါးလာအောင်လုပ်နိုင်သည့် နိုင်ငံစုံကော်ပိုရေးရှင်းဈေးကွက် ပဓာနဆရာကြီးများ၏ (၁၂) ကြိုးမကသော အရှေ့နောက်နိုင်ငံရေးအောက် လမ်းနည်းများကို ကြိုတင်သတိထားမိကြဖို့ အမေရိ ကန်နိုင်ငံသား သတင်းစာဆရာ သောမတ်စ်ဖရိုက်မင်း က စစ်မှန်သောသတင်းသမားပီပီ ဖွင့်ချ အသိပေးသွား ခဲ့သည်မှာ နှစ် (၃၀)ကျော်ခဲ့ပြီ။ မြန်မာ့ခေါင်းဆောင်တို့ မြင်ကြပါစ။

ဘီဂမ်ရှိတ်ဟာစီနာဝါဇစ် ဘယ်သူလဲ

သူ့ကို (၁၉၄၇)ခုနှစ်တွင် Bengal  အရှေ့ ပိုင်းရှိ Tungipara မှ ဘင်္ဂါလီမွတ်စလင် Sheikh မိသားစုမှမွေးဖွားခဲ့သည်။ သူ၏ဖခင်မှာ ဘင်္ဂါလီ အမျိုးသားရေးဝါဒီ၊ လွတ်လပ်ရေးခေါင်းဆောင်Sheikh Mujibur Rahman ဖြစ်ပြီး သူ၏မိခင်မှာ Begum Fazilatunnesa Mujib ဖြစ်သည်။ သူ့တွင် မိသားစု၏ ဖခင်နှင့်မိခင် နှစ်ဖက်စလုံးမှ တစ် ဆင့် အီရတ်-အာရပ်မျိုးရိုးရှိပြီး သူ၏မျိုးရိုးသည် ဘဂ္ဂဒက်မြို့မှ မွတ်စလင်တရားဟောဆရာSheikh Abdul Awal Darwish ၏ တိုက်ရိုက် သားစဉ်မြေးဆက်ဖြစ်သည်။  ဟာစီနာသည် ငယ်စဉ်ကလေးဘဝ က မိခင်၊ အဘွားတို့နှင့်Tung­i­para တွင်ကြီးပြင်းခဲ့ သည်။ မိသားစုသည် ဒါကာသို့ပြောင်း ရွှေ့လာသော အခါတွင် ၎င်းတို့သည် Segunbagicha  ရပ်ကွက် တွင်နေထိုင်ခဲ့ကြသည်။ ဟာစီနာ၏ဖခင်သည် (၁၉၅၄) ခုနှစ်တွင် အစိုးရဝန်ကြီးဖြစ်လာသောအခါ မိသားစုသည် 3 Minto Road တွင်နေထိုင်ခဲ့သည်။ (၁၉၅၀)ပြည့်နှစ်များတွင် သူ၏ဖခင်သည် ၎င်း၏နိုင်ငံရေးလှုပ်ရှားမှုများမှလွဲ၍ Alpha Insu­rance Company  တွင်လည်းအလုပ်လုပ်ခဲ့သည်။ (၁၉၆၀)ပြည့်နှစ်များတွင် မိသားစုသည်Dhanm­ondi  ရှိ Road 32 တွင် ဖခင်ဖြစ်သူတည်ဆောက်ထားသော အိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ အင်တာဗျူးများ နှင့် မိန့်ခွန်းများစွာတွင် ဟာဆီနာသည် သူ၏ဖခင်ကို ပါကစ္စတန်အစိုးရက နိုင်ငံရေးအကျဉ်းသားအဖြစ်   ချုပ်နှောင်ထားစဉ်ကြီးပြင်းလာရသည့်အကြောင်း ပြောဆိုခဲ့သည်။

ဘီဂမ်ရှိတ်ဟာစီနာဝါဇစ်၏ ဘဝအချိန်  အကျဉ်းချုပ်

ရှိတ်ဟာစီနာသည် (၁၉၉၆)ခုနှစ် ရွေး ကောက်ပွဲတွင် သူ၏ အဝါမီလိဂ်ပါတီ အနိုင်ရပြီး နောက် ပထမဆုံးအကြိမ် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ 

ဒီဇင်ဘာလ(၂၉)ရက် (၂၀ဝ၈)ခုနှစ်-Awami League  သည် အထွေထွေရွေးကောက်ပွဲတွင် အနိုင် ရရှိပြီး ဟာစီနာသည် ဒုတိယအကြိမ် ဝန်ကြီးချုပ်ဖြစ် လာသည်။ 

ဖေဖော်ဝါရီ (၂၀ဝ၉)ခုနှစ် - အရန်တပ်ဖွဲ့ ဖြစ်သော ဘင်္ဂလားဒေ့ရှ် ရိုင်ဖယ်နယ်ခြားစောင့်တပ် များသည် မိမိအထက်အရာရှိရာဂဏန်းမျှကို သုတ်သင်ပြီးပုန်ကန်ခဲ့ရာ လူပေါင်း (၇၄)ဦး သေဆုံးခဲ့သည်။ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စစ်ခုံရုံး က ပုန်ကန်သူများ ကို သေဒဏ်ချမှတ်သည်။ 

ဇွန်လ (၂၀၁၁)ခုနှစ် - ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး (၁၅) ကြိမ်မြောက် အတည်ပြုခဲ့ သည်။ ၎င်းသည် ရွေးကောက်ပွဲများနှင့် အစိုးရအကူး အပြောင်းကာလအတွင်းအုပ်ချုပ်ခဲ့သည့် ကြားနေ  အိမ်စောင့်အစိုးရများကိုဖယ်ရှားခြင်းအပါအဝင် သိ သာထင်ရှားသောအပြောင်းအလဲများကို ဆောင် ကြဉ်းပေးပါသည်။ လွတ်လပ်ပြီးတရားမျှတသည့် ရွေး ကောက်ပွဲအတွက် အိမ်စောင့်စနစ်ကိုထားရှိရန်အရေး ကြီးကြောင်း အတိုက်အခံများကပြောလာသည်။

ဖေဖော်ဝါရီ (၂၀၁၃)ခုနှစ်  - Shahbagh  ၊ Dhaka  တွင် လူထုဆန္ဒပြပွဲများသည် (၁၉၇၁) ခုနှစ် ဘင်္ဂလား ဒေ့ရှ်လွတ်မြောက်ရေးစစ်ပွဲအတွင်း ရက်စက်ကြမ်း ကြုတ်မှုများကျူးလွန်သူများကို သေဒဏ်ပေးရန် တောင်းဆိုခဲ့သည်။ 

အောက်တိုဘာလ (၂၀၁၃) ခုနှစ် -Rana Plaza အဆောက်အအုံပြိုကျပြီး လူပေါင်း (၁၀ဝဝဝ) ကျော် သေဆုံးကာ ဘင်္ဂလားဒေ့ရှ်စီးပွားရေး၏ အဓိကကျ သော အထည်ချုပ်လုပ်ငန်းတွင် ဘေးကင်းလုံခြုံမှုမရှိခြင်းကိုမီးမောင်းထိုးပြသည်။ 

ဇန်နဝါရီ (၅) ရက် (၂၀၁၄) - အဓိက အတိုက်အခံပါ တီနှင့် ၎င်း၏မဟာမိတ်များက သပိတ်မှောက်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အဝါမီလိဂ်က အနိုင်ရသည်။ ဟာစီနာသည် ဒုတိယသက်တမ်း ဝန်ကြီးချုပ် အဖြစ်အနိုင်ရရှိခဲ့သည်။ ဇန်နဝါရီ (၂၀၁၄-၂၀၁၅)ခုနှစ် ရွေးကောက်ပွဲအပြီးတွင် အတိုက်အခံ ဘင်္ဂလားဒေ့ရှ်မျိုးချစ်ပါတီ၏တောင်းဆိုမှုများကြောင့် နိုင်ငံရေး မငြိမ်သက်မှုများနှင့် အကြမ်းဖက်မှုများ ပေါ်ပေါက်လာ သည်။  

ဒီဇင်ဘာ (၃၀) ရက် (၂၀၁၈)ခုနှစ်  - အဝါမီလိဂ်သည် မဲလိမ်ကြောင်းစွပ်စွဲမှုများကြားတွင် အထွေထွေရွေး ကောက်ပွဲ၌အနိုင်ရရှိခဲ့သည်။ ဟာစီနာသည် ထောက်ခံမဲ(၉၆) ရာခိုင်နှုန်းဖြင့်အနိုင်ရပြီးနောက် တတိယအကြိမ် မြောက်သက်တမ်းကို ရယူခဲ့သည်။ 

မတ် (၂၀၂၀)  ခုနှစ် - COVID-19  ကပ်ရောဂါကြောင့် ဘင်္ဂလားဒေ့ရှ်၏စီးပွားရေး အဆင် မပြေ။ ကန့်သတ်ကြီးကြပ် Locked Down က ဈေးနှုန်းတက်စေပြီး လူနေမှုစရိတ်ကို အကျပ်အ တည်းဖြစ်လာစေသည်။

ဒီဇင်ဘာ (၂၀၂၁)ခုနှစ် - အမေရိကန်သည် ဘင်္ဂ လားဒေ့ရှ်၏ အထူးအရန်တပ်ဖွဲ့၊Rapid Action Battalion  နှင့် ၎င်း၏ လက်ရှိနှင့် ယခင် အရာရှိ ခုနစ်ဦးတို့ကို (၂၀ဝ၉) ခုနှစ်ကတည်းက ရာနှင့်ချီ သောပျောက်ဆုံးမှုနှင့် တရားလက်လွတ်သတ်ဖြတ်မှု များတွင် ပါဝင်ပတ်သက်သည်ဟု အမေရိကန်က လူ့ အခွင့်အရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ ချမှတ် ခဲ့သည်။

(၂၀၂၂)ခုနှစ် - ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်   ပြည်တွင်း အသားတင်ထုတ်ကုန်တိုးတက်မှုနှုန်း (၇ ဒသမ ၂) ရာခိုင်နှုန်းရှိခဲ့ပြီး ၎င်းသည် ကမ္ဘာပေါ်တွင် တိုးတက်မှု အမြန်ဆုံးစီးပွားရေးနိုင်ငံတစ်ခုဖြစ်လာခဲ့သည်။ အ ထည်ချုပ်ပို့ကုန်နှင့် ငွေလွှဲလုပ်ငန်းများချဲ့ထွင်ရန် တွန်းအားပေးသည်။ သို့သော်လည်း ချမ်းသာကြွယ်ဝမှု ကွာဟချက်တိုးလာပြီး လူဦးရေ၏ (၁၀) ရာခိုင်နှုန်း အချမ်းသာဆုံးသူများသည် စုစုပေါင်းဝင်ငွေ၏ (၄၁) ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်။

ဇန်နဝါရီလ (၂၀၂၄)- အတိုက်အခံများက သပိတ်မှောက်သည့်ရွေးကောက်ပွဲတွင် ဟာဆီနာသည် လေး ကြိမ်မြောက်သက်တမ်းကို အနိုင်ရသည်။ 

(၂၀၂၄) ခုနှစ် ဇွန်လတွင် ဟာစီနာသည် နယူးဒေလီ သို့ နိုင်ငံတော်အလည်အပတ်သွားရောက်ခဲ့ပြီး ဘင်္ဂ လားဒေ့ရှ်နှင့်အိန္ဒိယတို့သည် ဘင်္ဂလားဒေ့ရှ်ပိုင်နက် ကိုဖြတ်၍ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းသို့ ရထား စင်္ကြံဖြတ်သန်းခွင့်အပါအဝင် နှစ်နိုင်ငံ သဘောတူညီ ချက်ဆယ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။ ယင်း ကြောင့် ဟာစီနာသည် "နိုင်ငံကို အိန္ဒိယသို့ရောင်း စားသည်"ဟုစွပ်စွဲကာ နိုင်ငံ၏ အချုပ်အခြာအာဏာ နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်တွင် ကျယ်ကျယ်ပြန့် ပြန့် ဝေဖန်မှုများဖြစ်ပေါ်စေခဲ့သည်။ ဇူလိုင်လ (၂၀၂၄)ခုနှစ် ကျောင်းသားများ (၁၉၇၁)လွတ်လပ် ရေးစစ်ပွဲတွင် တိုက်ပွဲဝင်ခဲ့ကြသူများ၏သားစဉ်မြေး ဆက်များအတွက် အစိုးရအလုပ်ခွဲတမ်း၏သုံးပုံတစ်ပုံ သော အစိုးရအလုပ် ခွဲတမ်းကိုဆန့်ကျင်သောဆန္ဒပြပွဲများစတင်ခဲ့သည်။ အစိုးရကဖြိုခွင်းပြီး အာဏာရ ပါတီနှင့်ဆက်နွှယ်သည့်အဖွဲ့များ၏ တိုက်ခိုက်မှုများ ကြောင့် ဆန္ဒပြပွဲများပြင်းထန်လာခဲ့သည်။ 

ဇူလိုင်လ(၂၉) (၂၀၂၄)ခုနှစ် - ဆန္ဒပြပွဲများ ပြန် လည်စတင်ပြီး ဟာစီနာနုတ်ထွက်ရေးအတွက် တောင်းဆိုမှုများကြီးထွားလာသည်။  

ဩဂုတ်လ(၄)ရက် (၂၀ဝ၄)ခုနှစ် - ဆန္ဒပြပွဲများအ တွင်း လူ(၁၀ဝ) နီးပါးသေဆုံးခဲ့ပြီး စုစုပေါင်းသေ ဆုံးသူ (၃၀ဝ) နီးပါးအထိရှိခဲ့သည်။  

ဩဂုတ်လ(၅)ရက် (၂၀၂၄) ခုနှစ်-ဟာစီနာ ရာထူးမှ နုတ်ထွက်ပြီး တိုင်းပြည်မှထွက်ပြေးသည်။ ဆန္ဒပြသူ များသည် ဝန်ကြီးချုပ်နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြ သည်။

၂၀ဝ၉ ခုနှစ်တွင်စတင်ခဲ့သော သူ၏ ဒုတိ ယအာဏာမှာ အထင်ကြီးလောက်စရာ စီးပွားရေးတိုး တက်မှုဖြင့် အမှတ်အသားပြုခဲ့သည်။ သူဟာ သဘော  ားတင်းမာတဲ့ခေါင်းဆောင်တစ်ဦးဖြစ်လာပြီး သဘောထားကွဲလွဲမှုတွေကိုနှိမ်နင်းခဲ့တယ်လို့ စွပ်စွဲခံခဲ့ရသည်။ သူ၏ (၁၅) နှစ်ကြာအုပ်ချုပ်မှုသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့်လည်း လူသိများသည်။ ပျောက်ဆုံးမှုနှင့် တရားလက် လွတ်သတ်ဖြတ်မှုများနှင့် ဆက်နွှယ်နေသည့် ထိပ် တန်းအမြန်လှုပ်ရှားမှုတပ်ရင်း(အထူးတပ်ဖွဲ့)အပေါ် အမေရိကန်က ပိတ်ဆို့အ ရေးယူမှုများချမှတ်ခဲ့ သည်။ 

အရှေ့နဲ့အနောက်ကြားက ကစားသမားကောင်း  ဟာစီနာ  

“အမေရိကန်လိုချင်တဲ့ စိန့်မာတင်ကျွန်း  ပေးရင် ဝန်ကြီးချုပ်ရာထူးမှာ ဆက်ရှိနေမှာဖြစ်ကြောင်း ဟာဆီနာပြော”

အမေရိကန်လိုချင်တဲ့ စိန့်မာတင်ကျွန်းပေး လိုက်ရင်၊ လွှမ်းမိုးခွင့်ပေးလိုက်မယ်ဆိုရင် ကျွန်မအ နေနဲ့ အာဏာဆက်ရှိနေမှာဖြစ်ပါတယ်။ နယ်ချဲ့အ ခြေခံဝါဒတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကိုမခံကြပါနဲ့လို့ ကျွန်မရဲ့နိုင်ငံသားတွေကို ကျွန်မတောင်းပန်ပါတယ်” ဟု ဟာဆီနာ၏ မပြောဖြစ်ခဲ့သောမိန့်ခွန်းထဲမှစကား များကို မီဒီယာများတွင်ဖော်ပြထား၏။

“ကျွန်မသာ တိုင်းပြည်ထဲမှာဆက်နေခဲ့ မယ်ဆိုရင် အသက်တွေ ပိုပြီးဆုံးရှုံးမှာဖြစ်သလို ရင်း မြစ်တွေ ပိုပြီးဖျက်ဆီးခံရမှာဖြစ်ပါတယ်။ တိုင်းပြည်က ထွက်ခွာသွားဖို့ အလွန့်အလွန်ခက်ခဲပင်ပန်းစွာ ကျွန်မ ဆုံးဖြတ်ချက်ချခဲ့ရတာပါ။ ပြည်သူတွေရွေးချယ်လို့ ကျွန်မ ခေါင်းဆောင်ဖြစ်လာခဲ့ရတာပါ။ ပြည်သူတွေ ဟာ ကျွန်မရဲ့အင်အားပါပဲ”ဟု ဟာစီနာပြောသော နောက်ဆုံးနှုတ်ဆက်စကားလည်း သတိရစရာဖြစ်ခဲ့ ပါသည်။

၎င်းတို့အစိုးရကိုဖြုတ်ချရန် လျှို့ဝှက်ပူး ပေါင်းကြံစည်နေပြီး လူဖြူအုပ်စုတစ်စုဟာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံအပြင်ဘက်၌ ခရစ်ယာန်နိုင်ငံတစ်နိုင်ငံ တည်ထောင်ရန်ကြိုးပမ်းနေကြောင်း မေလအတွင်း က ဟာစီနာကပြောခဲ့သည်။ ၎င်းအနေဖြင့် နိုင်ငံတစ် နိုင်ငံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း၌ လေတပ်အခြေ စိုက်စခန်းတစ်ခု တည်ဆောက်ခွင့်ပေးလိုက်ပါက မည်သည့်ပြဿနာမျှ ကြုံရမည်ဟုတ်ကြောင်း ဟာစီ နာကပြောသည်။

အနောက်ပါကစ္စတန်နိုင်ငံနှင့် အရှေ့ ပါကစ္စတန်နိုင်ငံကိုခွဲပြီး ဗြိတိသျှတို့လွတ်လပ်ရေး ပေးခဲ့သည့်အကျိုးဆက်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဖြစ်ပေါ်လာရန် အသက်ပေးခဲ့ကြရသည့် ဘင်္ဂါလီ မုတ္တဘီဟိနီ မျိုးချစ်တပ်မတော်သားများနှင့် လွတ်လပ် ရေးစစ်ပွဲကာလ စစ်မှုထမ်းဟောင်းများ၏သားသမီး များကို အလုပ်အကိုင်ခွဲတမ်းတွေချပေးခဲ့ခြင်းအပေါ် အကြောင်းပြုပြီးဖြစ်ပေါ်လာသည့် ဆန္ဒပြပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လူပေါင်း (၄၀ဝ) ကျော် သေဆုံး ခဲ့ပြီး ရှိတ်ဟာစီနာ နိုင်ငံတွင်းကထွက်ပြေးခဲ့ရသည်။ လက်ရှိ ဘင်္ဂလားဒေ့ရှ်လူထုကတော့ အနောက်မှိုင်းဝ နေသည့်လူငယ်များကြားတွင် ဟာစီနာက လူဆိုး တည်း။ (သို့သော် စာရေးသူအမြင်အရ အရှေ့အ နောက်ကဆရာကြီးများကို မျက်လှည့်ပြနိုင်သူတည်း)

သမိုင်းထဲက ရှင်မဖြူ သည် ရာဇဝင်ရှိခဲ့သည်

(၁၈၂၄) ခုနှစ် အင်္ဂလိပ်မြန်မာပထမစစ်ပွဲ မတိုင်မီက ဗမာပိုင် ရှင်မဖြူကျွန်း(ခ)စိန့်မာတင်ကျွန်း (အုန်း ကျွန်း)ပြဿနာ-မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် သူပိုင်ကိုယ် ပိုင်အငြင်းပွားခဲ့ပြီး မြန်မာတို့ စိန့်မာတင်ကျွန်း (အုန်း ကျွန်း)ကို လက်လွှတ်ဆုံးရှုံးခဲ့ရခြင်း၏ လွန်ခဲ့သည့် အရပ်သားအစိုးရခေတ်မှ လတ်တလော ဆယ်စုနှစ် ဖြစ်စဉ်အစကိုဖော်ပြရသော် ဘင်္ဂလားပင်လယ်အော် အတွင်း၌ရှိသည့် စိန့်မာတင်ကျွန်း အနောက်ဘက် ရေမိုင်(၅၀)ခန့်၌ တောင်ကိုရီးယား ဒေဝူးကုမ္ပဏီအ နေဖြင့် နအဖအစိုးရနှင့် သဘောတူပူးပေါင်းကာ ဟိုက် ဒရိုကာဗွန်ရှာဖွေရေးလုပ်ကိုင်ခဲ့သည်။ မြန်မာ့ တပ်မတော် (ရေတပ်)၏စစ်သင်္ဘောနှစ်စင်းဖြင့် ကာကွယ်ပေးခဲ့သည်။ ဘင်္ဂလားဒေရှ့်နိုင်ငံကလည်း ၎င်းတို့ပိုင်သည်ဆိုကာ ထိုနေရာသို့ ရေတပ်စစ် သင်္ဘောလေးစင်း စေလွှတ်ခဲ့သည်။

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့ ရှင်မဖြူကျွန်း (ခ)စိန့်မာတင်ကျွန်း(အုန်းကျွန်း)ရှိရာဒေသကိုသူပိုင် ကိုယ်ပိုင်ငြင်းခုံကြရင်းစစ်ရေးတင်းမာလာခဲ့သည်။ (၂၀ဝ၈)ခုနှစ်အောက်တိုဘာတွင် ဒုတိယဗိုလ်ချုပ်မှူး ကြီးမောင်အေးသည်ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်ပါကတိုက်မိန့်ကို ထုတ်ပြန်ထားခဲ့သည်။

(၂၀ဝ၈) ခုနှစ် နိုဝင်ဘာလ(၁၆/၁၇)၌ နှစ်နိုင်ငံအစိုးရအဖွဲ့ကိုယ်စားလှယ်များညှိနှိုင်းကြ သော်လည်း မပြေလည်ဘဲ အစည်းအဝေးပွဲပျက်သွားခဲ့ သည်။ သို့သော် တရုတ်နိုင်ငံကကြားဝင်၍ နှစ်နိုင်ငံ တပ်အားလုံးကိုဆုတ်ခိုင်းခဲ့သည်။ တရုတ်ကဘင်္ဂလား ဒေ့ရှ်နှင့်ပတ်သက်၍ ရေပိုင်နက်ကိစ္စတွင် အာမခံ ချက်ပေးခဲ့သည်။ သဘာဝဓာတ်ငွေ့ရှာဖွေရေးအတွက် ဘင်္ဂလားဒေ့ရှ်က တရုတ်ကိုခွင့်ပြုပေးခဲ့သည်။ ထို့ပြင် စစ်တကောင်းဆိပ်ကမ်း၌ တရုတ် ရေတပ်သင်္ဘောများ ကိုပါ ဆိုက်ကပ်ခွင့်ပြုပေးခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ သည် မြန်မာ့တပ်မတော်(ရေတပ်)ဆုတ်ခွာသွားပြီး နောက် တရုတ်အစိုးရလမ်းညွှန်ချက်အတိုင်းပင် အ ချိန်မဆိုင်းတော့ဘဲ(တစ်ပတ်အတွင်း) ရှင်မဖြူကျွန်း (ခ)စိန့်မာတင်ကျွန်း(အုန်းကျွန်း)ကို ၎င်းတို့ပိုင် ကြောင်း နယ်သာလန်နိုင်ငံ၌ဖွင့်လှစ်ထားသည့်နိုင်ငံတကာရေပိုင်နက်ဆိုင်ရာခုံရုံး (The Hauge)သို့ ဦး တိုက်လျှောက်ထားခဲ့သည်။ ကမ်းဦးရေတိမ်ပိုင်းမှရေမိုင်(၂၀ဝ)ထိတိုင်းတာရာ၌Terminal point ကို  နိုင်ငံနယ်နိမိတ်ထိစပ်သည့်နေရာတွင် တိုင်းတာရ ခြင်းဖြစ်သည်။ဘင်္ဂလားဒေ့ရှ်အစိုးရသည် (၂၀ဝ၉)မှစတင်၍ TheHaugeရုံးချိန်းကို ပုံမှန်တက်ပြီး    ယင်းတို့ဖြစ်စေချင်သည့်အနေအထားကို ဖန်တီးနိုင် ခဲ့ချိန် မိမိတို့ရွှေမြန်မာတွေက တုတ်တုတ်မျှမလှုပ်သေးပါ။ အင်တာနေရှင်နယ်အမြင်ကိုလည်း နားမလည်ကြ။ ရွာလည်နေတုန်းပါ။

မြန်မာအစိုးရကိုယ်စားလှယ်အဖြစ် တပ်မ တော်(ရေ) ဒုဗိုလ်ချုပ်ကြီးသူရသက်ဆွေနှင့်သံအ မတ်ကြီးဦးမျိုးမြင့်သန်းတို့ပါဝင်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရကိုယ်စားလှယ်အဖြစ် မရမာလူမျိုး ဗိုလ်ချုပ် ဟာဘစ်နှင့်စစ်ဦးစီးချုပ်ဗိုလ်ချုပ်အူဒင်တို့ ပါဝင်ခဲ့ သည်။ မြို့နှင့်မရမာတို့ကိုလည်း ဘင်္ဂါလီလူများစုများ ကြားတွင် စစ်ဗိုလ်ချုပ်အဆင့်ထိပေးထားလေသည်။

(၂၀၁၂)ခုနှစ် မတ်လ(၁၄)ရက် (ဒေါ် အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန်(၁၆)ရက်အလိုတွင်The Hauge ရှိ နိုင်ငံတကာရေပိုင်နက်ဆိုင်ရာ ခုံရုံး က ရှင်မဖြူ(ခ)စိန့်မာတင်ကျွန်း(အုန်းကျွန်း)ကို ဘင်္ဂ လားဒေ့ရှ်နိုင်ငံကို အနိုင်ပေး၊ အပိုင်ပေးခဲ့ပါတော့ သည်။ဒေါ်စုလည်း သတိထားမိပုံမပေါ်။ ထိုအရေးအခင်း တွင် အစအဆုံးပါဝင်ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) သူရသက်ဆွေသည်(ကိုကိုးကျွန်းပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်)သူ၏လူမှုကွန်ရက် ဖေ့စ်ဘွတ်စာ မျက်နှာထက်၌Win-Win Situation ဟုရေးခဲ့သည်။

ဟာစီနာပြောခဲ့သည့် လတ်တလောရှင်မဖြူ ကျွန်း ၏ ကံကြမ္မာ

ဘင်္ဂလားဒေ့ရှ်၏ဝန်ကြီးချုပ်ဟောင်း ဟာစီ နာသည် အမေရိကန်ကို အကြီးအကျယ် စွပ်စွဲချက် တင်ထားသည့်အတိုင်း ဘင်္ဂလားပင်လယ်အော်တွင် မဟာဗျူဟာမြောက်တည်ရှိနေသည့် ရှင်မဖြူကျွန်း ခေါ် စိန့်မာတင်ကျွန်းသည် အမေရိကန် စစ်စခန်းချရန် ဆွဲဆောင်မှုရှိသော မြေကွက်တစ်ခုဖြစ်လာသည်။ ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်ပြီးနောက် ရက်အနည်းငယ် အကြာတွင်Ex-PM Sheikh Hasina က အမေရိ ကန်ပြည်ထောင်စု၏ သူ့အပေါ်ချဉ်းကပ်ဖိအားပေး သည့်လျှို့ဝှက်ချက်ကိုဖွင့်ချလိုက်သည်။  စိန့်မာတင် ကျွန်းသည် သေးငယ်သောမြေကွက်ငယ်တစ်ခုအဖြင့် ပထဝီနိုင်ငံရေးအနေအထားအရတည်နေပါသည်။ ဗြိတိသျှတို့မသိမ်းပိုက်မီက မြန်မာပိုင်နက်ဖြစ်ပြီး ရှင်မ ဖြူကျွန်းဟုခေါ်သော စိန့်မာတင်ကျွန်းအကြောင်း သိရန်အချက်များမှာ စိန့်မာတင်ကျွန်းသည် Narikel Jinjira(Colnuti Dwip (Caruchini Dwip) ဟု ရည်ညွှန်းသည်။ အကျယ်(၃)ကီလိုမီတာသာရှိပြီး ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် တည် ရှိသည်။ ၎င်းသည် Cox}s BazarTankaf ကျွန်းဆွယ်၏အစွန်အဖျား၏ (၉) ကီလိုမီတာအကွာတွင် တည်ရှိသည်။ ထိုကျွန်း၏စီးပွားရေးမှာ ငါးဖမ်းခြင်း၊ဆန်စပါးစိုက်ပျိုးခြင်း၊ အုန်းသီးစိုက်ပျိုးခြင်းနှင့် ပင် လယ်ရေမှော်ရိတ်သိမ်းခြင်းလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံ ဘင်္ဂါလီလူမျိုး(၃၇၀ဝ)ခန့် ကျွန်းပေါ်တွင်အခြေချနေသည်။

ထုတ်ကုန်အများစုကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့တင်ပို့ရောင်းချသည်။ ရှင်မဖြူကျွန်း(ခ)စိန့်မာတင်ကျွန်းပေါ်တွင် ဘင်္ဂလားပင်လယ်အော်ကို စိုးမိုးနိုင်ရန် မဟာဗျူဟာမြောက် အမေရိကန်လေတပ် အခြေစိုက်စခန်းတည်ဆောက်ရန် အမေရိကန်က တောင်းဆိုမှုများကို ယခင်ကပြုလုပ်ခဲ့သည်။ Khal- eda Zia  ၏ BNP ဘင်္ဂါလီအမျိုးသားပါတီသည် လည်း အမေရိကန်သို့ ကျွန်းကိုရောင်းရန်စီစဉ်ထား သည်ဟု စွပ်စွဲခံရဖူးသည်။

သို့သော် အိမ်ဖြူတော်က ပြောဆိုမှုများကို ဟာစီနာအရင်ကအာဏာရခဲ့သူ ဘင်္ဂါလီလွတ်မြောက် ရေးခေါင်းဆောင်နှင့် ဘင်္ဂါလီအမျိုးသားပါတီ၏ခေါင်း ဆောင်ကြီး အလီဘူတို၏သမီးဖြစ်သူ ဝန်ကြီး ချုပ် ဟောင်း ခါလီဒါဇီယာကလည်း အကြိမ်ကြိမ်ငြင်းဆိုခဲ့ သည်။ "စစ်တကောင်းမှာရှိတဲ့ စိန့်မာတင်ကျွန်းမှာ စစ်ရေးအခြေစိုက်စခန်း အစီအစဉ်အမေရိကန်ကမ ရှိဘူး"ဟု အမေရိကန်သံအမတ်MaryAnnPeters ကပြောကြားခဲ့သည်။ အမေရိကန်သည် ဒါကာတွင် မဟာဗျူဟာမြောက် စစ်ရေးဆက်ဆံမှုကိုစိတ်ဝင် စားကြောင်း သူကအလေးပေးပြောကြားခဲ့သည်။ ကျွန်း၏ခိုင်မာသော မဟာဗျူဟာမြောက် အားသာ ချက်ကိုရရှိထားသည်။ 

စိန့်မာတင်ကျွန်းတွင် စစ်ရေးအရ စစ်တပ် အခြေစိုက်စခန်းတစ်ခု အမေရိကန်တည်ထောင်ပါက တရုတ်နိုင်ငံသည် ၎င်းတို့၏ သယ်ယူပို့ဆောင်ရေး အတွက်အဓိက အသုံးပြုနေသည့် မလက္ကာရေလက် ကြားကို ခြိမ်းခြောက်မှုများ အလိုအလျောက် ရောက်ရှိ လာမည်။ တရုတ်နိုင်ငံနှင့်မြန်မာလှုပ်ရှားမှု များသာ မက မြန်မာနိုင်ငံရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ် ဆောင်မှုများနှင့် ရေနံပိုက်လိုင်းစီမံကိန်းကြီးကိုပါ အနီးကပ်စောင့်ကြည့်ရန် ဖြစ်လာနိုင်သည်။ 

အိန္ဒိယပစိဖိတ်ဒေသများစွာတွင် တရုတ် နိုင်ငံသည် ၎င်း၏လွှမ်းမိုးမှုကို အခိုင်အမာပြောဆို ခြင်းကြောင့် ပေကျင်း၏တည်ရှိမှုကိုတန်ပြန်ရန် ခိုင် မာသောအခြေစိုက်စခန်းများ အမေရိကန်အတွက် လိုအပ်လာသည်။ စိတ်ဝင်စားစရာမှာ ဘင်္ဂလားဒေ့ရှ် သည် ရှင်မဖြူကျွန်းပိုင်ဆိုင်မှုကိုတောင်းဆိုသော သမိုင်းမှတ်တမ်းရှိသည့် မြန်မာနိုင်ငံနှင့်နယ်စပ် နတ် မြစ်ဝတွင် တည်ရှိမှုသမိုင်းကို ပြန်လည်ကြည့်ရှုရန် လိုအပ်သည်။

ရှင်မဖြူကျွန်းသည်မြန်မာနိုင်ငံနှင့် (၁၈၂၄)ခုနှစ် ပထမအင်္ဂလိပ်မြန်မာစစ်ပွဲပြီးနောက် ကွဲကွာနေပြီး ဗြိတိသျှအိန္ဒိယ၏ အစိတ်အပိုင်းတစ်ခု ဆက်လက်ရှိနေသည်။ (၁၉၄၇) ခုနှစ် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့ စတင်ပိုင်းခြားချိန်အထိ ဗြိတိသျှ အိန္ဒိယနိုင်ငံ၏အစိတ်အပိုင်းတစ်ခု ဖြစ်နေဆဲဖြစ် သည်။ (၁၉၇၁)ခုနှစ် အနောက်ပါကစ္စတန်မှ ဘင်္ဂ လားဒေ့ရှ် လွတ်မြောက်ရေးစစ်ပွဲအပြီးတွင် ဒါကာ သည် ကျွန်းကိုထိန်းချုပ်ခဲ့သည်။ (၁၉၄၇)ခုနှစ်တွင်ဘင်္ဂလားဒေ့ရှ်အရှေ့နှင့် မြန်မာတို့အငြင်းပွားနေသည့် ရှင်မဖြူကျွန်း(ခ)စိန့်မာတင်ကျွန်းသည် ဘင်္ဂလားဒေ့ရှ် နယ်မြေ၏ အစိတ်အပိုင်းဖြစ်လိမ့်မည်ဟုDaily Star  သတင်းစာကဖော်ပြခဲ့သည်။

    အရပ်သားစစ်စစ်  မြန်မာတို့အာဏာရချိန် ဟာစီနာနဲ့ထိပ်တိုက်တွေ့ခဲ့သူ

(၂၀၁၈)ခုနှစ်တွင် မြန်မာနိုင်ငံက ရှင်မဖြူ ကျွန်းကို မြေပုံ၌ထည့်သွင်းရေးဆွဲခြင်းကို ဒေါ်အောင် ဆန်းစုကြည် နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူနေချိန် တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက "အမှား"ဟု ဖော်ပြပြီး ပြန်ဖျက်လိုက်သည်။ ဘင်္ဂလားဒေ့ရှ် အရှေ့ ကုလသမဂ္ဂဒုက္ခသည်စခန်းများတွင်နေပြီး တရားမဝင်ရွှေ့ပြောင်းနေသည့်ဘင်္ဂါလီများသည် ကျွန်းကို အသုံးပြုကာ ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီဒုက္ခသည်များကို စီးပွားဖြစ်လူကုန်ကူးသူ အသွင်ပြောင်းဘင်္ဂါလီ လူ မှောင်ခိုဂိုဏ်းလှေများသည် ဘင်္ဂလားပင်လယ် အော် မှ မြန်မာ့ပင်လယ်ရေပိုင်နက်ကို တရားမဝင်ခိုးဖြတ် ကာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံသို့  ဦးတည်သွားနေသည်။ မြန်မာ့အချုပ်အခြာအာဏာ အတွက် မိမိပိုင်နက်ကိုစောင့်ရှောက်နေရသည့် မြန် မာ့တပ်မတော်အစိုးရသည် ဒေသတွင်းသင်္ဘောနှင့် ရေတပ်ကိုတပ်ဖြန့်သည်ဟု စွပ်စွဲခံရပြန်သည်။ ကမ္ဘာ့ တစ်ဝန်းလုံးက ဟာစီနာကြောင့် အနောက်ဆရာကြီး လူဖြူတို့အကြံကို ရှင်းရှင်းလင်းလင်းသိသွားပြီဖြစ် သော်လည်း အမေရိကန်ပြည်ထောင်စုသည် ဤကိစ္စ နှင့်ကင်းရှင်းကြောင်း ယခုစာရေးနေစဉ် သတင်းစာ ရှင်းလင်းပွဲလုပ်နေသည်။  (ဆက်လက်ဖော်ပြပါမည်)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်သမ္မတလောင်း ၂ ဉီး၏ စကားစစ်ထိုးပွဲ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved