Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော

Htay Oung (NSS) - စက်တင်ဘာ ၁၈

ယီမင်နိုင်ငံမှနေ၍ အသံထက်အဆလွန်မြန် “ဟိုက်ပါဆောနစ်” ပဲ့ထိန်ုးဒုံးကျည်သစ်အစင်း ၂၀ နဲ့ အစ္စရေးကို ပစ်ခတ်ခဲ့တယ်လို့ ဟူသီအုပ်စုက ပြောပါတယ်။ အဲဒီ ဒုံးကျည်ဟာ အကွာအဝေး မိုင် ၁၂၄၀ ကျော်ကို ပျံသန်း သွားပြီး အစ္စရေးက ဟန့်တားနိုင်ခြင်း မရှိကြောင်း၊ တနင်္ဂနွေနေ့ တဲလ်အဗစ်မြို့အနီးမှာ မီးလောင်ကျွမ်းမှုဖြစ် ပေါ်စေခဲ့တယ်လို့ ဆိုကြောင်း အယ်လ်ဂျာဇီးယားက စက်တင်ဘာလ ၁၇ ရက်မှာရေးသားပါတယ်။


အရှေ့အလယ်ပိုင်း‌ဒေသ အာရေဗျကျွန်းဆွယ်တောင်ပိုင်းရှိ ယီမင်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ၇၈% ခန့်ကျယ်ဝန်းပြီး လူဦးရေ ၂၅-သန်းခန့်နေထိုင်ပါတယ်။ စူးအက်တူးမြောင်းအဝင်အထွက် ပင်လယ်နီနဲ့ အိန္ဒိယသမုဒ္ဒရာအ နောက်မြောက်ပိုင်း အာရေဗျပင်လယ်အကြားမှာ တည်ရှိပြီး ပထဝီနိုင်ငံရေးအရ အလွန်အချက်အချာကျတဲ့ အတွက် ယဉ်ကျေးမှုများရဲ့ လမ်းဆုံအဖြစ် နှစ်ပေါင်း ၇၀၀၀ ကျော် သမိုင်းကြောင်းရှိတဲ့ တိုင်းပြည်ဖြစ်ပါတယ်။

၁၉ ရာစုနှစ်မှာ တူရကီ အော်တိုမန်အင်ပါယာနဲ့ ဗြိတိသျှကိုလိုနီအဖြစ် တောင်မြောက် စတင်နှစ်ပိုင်းကွဲခဲ့ပြီး ၁၉၆၂-ခုနှစ် ယီမင်တောင်ပိုင်းဟာ အာရပ်ကမ္ဘာမှာ ပထမဆုံးသော ဆိုရှယ်လစ်တိုင်းပြည်ဖြစ်လာခဲ့ပါတယ်။ ၁၉၉၀-ခုနှစ်မှာ မြောက်ပိုင်း ယီမင်အာရပ်သမ္မတနိုင်ငံနဲ့ ပေါင်းစည်းပြီး တစ်နိုင်ငံတည်း ပြန်ဖြစ်သွားပါတယ်။ ဒါပေမဲ့ အကျင့်ပျက်ခြစားမှု၊ လွဲမှားတဲ့ စီမံခန့်ခွဲမှု၊ ဂိုဏ်းဂဏအစွဲများကြောင့် ယီမင်ဟာ နိုင်ငံရေး မတည် ငြိမ်နိုင်ပဲ ရှိနေပါတယ်။ ၂၀၁၁ ခုနှစ် အရှေ့အလယ်ပိုင်း အာဏာရှင်ဖယ်ရှားရေး ဒီမိုကရေစီ လူထုအုံကြွမှု “အာရပ်နွေဦး” ကို ယီမင်နိုင်ငံဟာ ပထမဆုံးကြုံတွေ့ရတဲ့ တိုင်းပြည်ဖြစ်ပြီး လက်နက်ကိုင် တော်လှန်ပုန် ကန်ရေးများထံကို ဦးတည်သွားပါတယ်။ ၂၀၁၄-ခုနှစ်မှာ အဖွဲ့ငယ်အသီးသီးပါဝင်တဲ့ ပြိုင်ဘက် အုပ်စု ၂-စု အဖြစ် ပြောင်းလဲသွားပြီး “ဘက်စုံ ပြည်တွင်းစစ်”  စတင်ဖြစ်ပွားခဲ့ပါတယ်။ 

နှစ်အုပ်စုစလုံးက သူတို့သာလျှင် တရားဝင်အစိုးရဖြစ်ကြောင်း ပြောဆိုကြပြီး ပြည်ပဝင် ရောက်စွက်ဖက်မှုများ နဲ့ ရှုတ်ထွေးလာပါတယ်။ ၂၀၁၅-ခုနှစ်မှာ ရှီယာမွတ်စလင် နိုင်ငံရေး-စစ်ရေးအဖွဲ့အစည်းဖြစ်တဲ့ ဟူသီတို့က မြိဲု့ တော် ဆားနား အပါအဝင် ယီမင်ရဲ့ ၄-ပုံ ၁-ပုံခန့်ခန့်ရှိတဲ့ နိုင်ငံအနောက်ပိုင်းကို သိမ်းယူလိုက်ကြပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ကုလအသိအမှတ်ပြု ဆွန်နီမွတ်စလင် သမ္မတ ရာရှစ်အယ်လ်အလီမီကို ကျောထောက် နောက်ခံပြုတဲ့ ဆော်ဒီဦးဆောင် ပင်လယ်ကွေ့ညွန့်ပေါင်းတပ်များက ယီမင်ဟူသီတို့ကို လေကြောင်းမှ ဝင် ရောက်တိုက်ခိုက်ပါတယ်။ တကယ်တော့ ယီမင်အလယ်ပိုင်းမှာ အယ်လ်ကိုင်ဒါ အကြမ်းဖက်များရှိနေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်ကလည်း ကြုံရင် ကြုံသလို ယီမင်နိုင်ငံအတွင်း လေကြောင်းမှ တိုက်ခိုက်နေပါတယ်။ 

ဟူသီတို့ဟာ ယီမင်မြောက်ပိုင်းနေ ဟမ်ဒန်နစ်အာရပ်များဖြစ်ကြပါတယ်။ သူတို့ကို ပင်လယ်ကွေ့စစ်အင်အား ကြီးနိုင်ငံဖြစ်တဲ့ ရှီယာမွတ်စလင် အီရန်က ကျောထောက်နောက်ခံပေးတယ်လို့ စွပ်စွဲခြင်းခံရပါတယ်။ ပေါင်း စည်းထားတဲ့ ယီမင်စစ်တပ်က ဟူသီလုံခြုံရေးအရံတပ်ခေါင်းဆောင်ကို ဖမ်းဆီးဖို့ ကြိုးစားရာမှာ ၂၀၁၄ ခုနှစ် ယီမင်ပုန်ကန် မှုပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက အင်အား (၁)သိန်းခန့်ရှိတဲ့ ဟူသီတို့ဟာ ၁၀-နှစ်အကြာ မှာ အင်အား (၂)သိန်းဖြစ်သွားပါတယ်။ 

ဟူသီတို့ထောက်ခံတဲ့ ပေါင်းစည်းယီမင်မှာ မြောက်ပိုင်းမှ ပထမဆုံး သမ္မတဖြစ်ခဲ့ဖူးသူ အလီ အဗ္ဗဒူလာဆာလား ဟာ ၂၀၁၇-ခုနှစ်မှာ လုပ်ကြံခံရလို့ သေဆုံးတဲ့အခါ ပဋိပက္ခဟာ ပိုပြီးပြင်းထန်လာပါတယ်။ ဟူသီတို့ကို ပြည် တွင်းနိုင်ငံရေး-စစ်ရေး အုပ်စုများအပြင် ပြည်ပ အီရန်သာမက ရုရှား၊ လစ်ဗျား၊ အိုမန်၊ ဆီးရီးယား၊ မြောက်ကိုရီးယားတို့ကလည်း ထောက်ခံထားပါတယ်။

ယီမင်ရဲ့ အရှေ့ဘက်ခြမ်းနယ်မြေများကို ရာရှစ်အယ်လ်အလီမီဦးဆောင်ကော်မတီမှာ (ပေါင်းစည်းနိုင်ငံဖြစ်ခဲ့စဉ် သမ္မတဟောင်းနဲ့) စစ်ဗိုလ်ချုပ်ဟောင်း အဗ္ဓဒူလာ မန်ဆာဟာဒီက နိုင်ငံ့ခေါင်းဆောင်အဖြစ် အုပ်ချုပ်ပါတယ်။ ကုလသမဂ္ဂနဲ့ မလေးရှား၊ စင်္ကာပူ စတဲ့ အာဆီယံနိုင်ငံများ၊ ပါကစ္စတန်-တရုတ်-သီရိလင်္ကာ- အိန္ဒိယ၊ တောင်ကို ရီးယားစတဲ့ အာရှနိုင်ငံများ၊ အမေရိကန်-ဥရောပ စသဖြင့် အနောက်နိုင်ငံများက ယီမင်အစိုးရကို ထောက်ခံကြ ပါတယ်။

တကယ်တော့ ယီမင်ပြည်တွင်းစစ်ဆိုပေမယ့် အာရေဗျကျွန်းဆွယ်တောင်ပိုင်းမှာ ဆွန်နီ-ရှီယာ မွတ်စလင်ဂိုဏ်း ကွဲ ၂-ခု အားပြိုင်တဲ့ ကိုယ်စားပြုစစ် Proxy War ဖြစ်ပါတယ်။ ၂၀၂၃-ခုနှစ်နှောင်းပိုင်း အစ္စရေး-ပါလက်စတိုင်း ဟားမတ်စ်တို့ ပဋိပက္ခဖြစ်ပွားတဲ့ရာမှ ယီမင်ပြည်တွင်းစစ်ဟာ အာရပ်-အစ္စရေးပဋိပက္ခရဲ့ နိမိတ်ပုံဖြစ်သွားပြန်ပါ တယ်။ ယီမင်ဟာ ဥရောပနဲ့ အာရှတိုက်ဆက်သွယ်ရာ အရေးပါ ရေလမ်းကြောင်းနဲ့ ထိစပ်နေပြီး ဗျူဟာ မြောက်နေရာမှာ တည်ရှိပါတယ်။ ယီမင်ပြည်တွင်းမှာ ဟူသီနဲ့ အယ်လ်ကိုင်ဒါတို့လို့ လက်နက်ကိုင်များ ရှိနေ ခြင်း- ယီမင်နိုင်ငံ တည်ငြိမ်အေးချမ်းခြင်းဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးသာမက အနောက်အုပ်စုရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်နေပါတယ်။ 

ဆယ်စုနှစ်ချီ ခါးသီးတဲ့ စစ်ပွဲများနဲ့ ယီမင်ဟာ အရှေ့အလယ်ပိုင်းမှာ အဆင်းရဲဆုံးတိုင်းပြည်ဖြစ်ယုံမက လူသား ချင်းစာနာမှုဆိုင်ရာ ကမ္ဘာ့အဆိုးရွားဆုံးဖြစ်နေပါတယ်။ ရလဒ်အဖြစ် ငတ်မွတ်ခေါင်းပါးမှုနဲ့ စီးပွားရေးပျက်ပြား ရခြင်းများ ဖြစ်ပေါ်လျှက်ရှိပါတယ်။ ၂၀၁၄-ခုနှစ်မှ ယခုထိ ယီမင်တစ်ခွင်လုံး တိုက်ရိုက်-သွယ်ဝှိုက် စစ်ပွဲကြောင့် သေဆုံးသူ ၃၈၀,၀၀၀ ခန့်ရှိပြီး လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ ထမင်းတစ်နပ်စာ ရရှိဖို့ အခက်အခဲဖြစ်နေပါ တယ်။ ယီမင်စစ်ဘေးရှောင် ဒုက္ခသည် အားလုံးရဲ့ ၄-ပုံ ၃-ပုံမှာ အမျိုးသမီးများနဲ့ ကလေးငယ်များ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ၂.၇ သန်းဟာ ပြင်းထန်တဲ့ အဟာရချို့တဲ့မှုကြောင့် အချိန်မီကုသမှု ခံယူနိုင်ဖို့ လိုအပ်နေပါတယ်။ စစ်ပွဲများကြောင့် ၂၀၁၄-ခုနှစ်မှာ လူပေါင်း ၄.၅ သန်းခန့် အိုးမဲ့ အိမ်မဲ့ဖြစ်နေပြီး ကလေးငယ် ၁၁.၃ သန်းအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေပါတယ်။ 

ပဋိပက္ခမတီုင်မီ နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှု လွဲမှားခြင်းနဲ့ အကျင့်ပျက်ခြစားခြင်းတို့ပေါင်းစပ်ပြီး သဘာ၀သယံဇာတများ လျော့နည်းလာပါတယ်။ ဒီအတွက် ဖွံ့ဖြိုးတိုးတက်မှု အားနည်းပြီး နာတာရှည် ဆင်းရဲမွဲတေမှုမှာ သံသရာလည်နေရပါတယ်။ 

ပါလက်စတိုင်းတို့ကို စာနာတဲ့အနေနဲ့ ဟူသီတို့က စူးအက်တူးမြောင်း ဝင်-ထွက် ပင်လယ်နီနဲ့ အေဒင်ပင် လယ်ကွေ့ရှိ နိုင်ငံတကာကုန်သွယရေကြောင်း သင်္ဘောများကို ဒုံးကျည်များ ဒရုန်းများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ ပါတယ်။ လက်တုန့်ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ ဗြိတိန်တို့က ယီမင်ရှိ ဟူသီ ပစ်မှတ်များကို လေကြာင်းမှ တိုက်ခိုက်ပါတယ်။ 

လွန်ခဲ့တဲ့ (၁၁)လအတွင်း ဟူသီတို့က ဒရုန်းများ၊ ပဲ့ထိန်းဒုံးနဲ့ ခရုဇ်ဒုံးကျည်ပေါင်း ၂၂၀ ကျော်အပြင် ယခု တစ်ကြိမ်မှာ မိုင်ထောင်ချီ ပျံသန်းနိုင်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်နဲ့ ပစ်ခတ်တယ် ဆိုခြင်းမှာ မှတ်သားစရာ ကောင်းလှပါတယ်။

လေထုအတွင်း ဖြတ်သန်းတဲ့ အရာဝတ္ထုတို့အပေါ် သက်ရောက်အားကိုလေ့လာတဲ့ “အယ်ရိုဒိုင်းနမစ်ပညာ”အရ အသံရဲ့ ၁.၂-ဆမှ ၅ ဆ အတွင်း တစ်နည်းအားဖြင့် ပင်လယ်ရေမျက်နှာပြင်အထက် အပူချိန် ၂၀ ဒီဂရီဆဲလ်စီး ယပ်ရှိ ခြောက်သွေ့လေထုအတွင်း စက္ကန့်လျှင် ၁၁၂၆-ပေ ( တစ်နာရီလျှင် ၇၆၈-မိုင်ခန့်) အထိ ပျံသန်းနိုင် လျှင် “ စူပါဆောနစ်” လို့ ခေါ်ကြပြီး အဲ့ဒီထက်ပိုလျှင် “ဟိုက်ပါဆောနစ်” လို့ သတ်မှတ်ပါတယ်။

သမားရိုးကျ ပဲ့ထိန်းဒုံးကျည်များ ယနေ့ခေတ် အခြားလက်နက်များဟာ အသံထက်မြန်တဲ့ စူပါဆောနစ်များ ဖြစ်ကြပါတယ်။ လက်ရှိ လေကြောင်းရန်ကာစနစ်များဟာ စူပါဆောနစ်များအတွက် ရည်ရွယ်တည်ဆောက်ထား ကြခြင်းဖြစ်ပြီး အချိန်တစ်မိနစ်အတွင်း တမဟုတ်ချင်း ချဉ်းကပ်လာမယ့် ဟိုက်ပါဆောနစ်လက်နက်များကို ကာ ကွယ်ဖို့ထက် ထောက်လှမ်းသိရှိရန်ပင် ခဲယဉ်းလှပါတယ်။ အဲ့ဒီလက်နက်ကို အကွာအဝေး မိုင် ၁၂၀၀ ကျော်အ ထိ ပစ်လွှတ်နိုင်တယ်ဆိုခြင်း၊ အစ္စရေးတို့ရဲ့ နာမည်ကျော် “သံမဏိ အမိုးခုံး” အပါအဝင် လေကြောင်းရန်ကာ စနစ်ကို ထိုးဖောက်နိုင်တယ်ဆိုခြင်းမှာဟာ အတော်စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

၂၀၂၄-ခုနှစ်အထိ ကမ္ဘာပေါ်မှာ အမေရိကန်၊ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယား၊ သြစတြေးလျ၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်တို့ဟာ ဟိုက်ပါဆောနစ် လက်နက်များကို ပိုင်ဆိုင်ထားကြပြီး အီရန်၊ အစ္စရေး၊ တောင်ကိုရီးယားတို့ဟာ မကြာမီ ပိုင်ဆိုင်နိုင် သို့မဟုတ် ပိုင်ဆိုင်နေုပြီလို့ ယုံကြည်ရပါတယ်။   

ဂါဇာစစ်ပွဲ နှစ်ပတ်လည် အောက်တိုဘာ ၇-ရက်နေ့မတိုင်မီ ဟူသီတို့ရဲ့ ဒုံးကျည်ဟာ ဟိုက်ပါဆောနစ်မဟုတ်၊ အသံထက်အဆလွန် ပျံသန်းခြင်းမျိုး မဟုတ်ကြောင်း ဂျူး သတင်းစာ “တိုင်းမ်အော့ဖ်အစ္စရေး” က ရေးပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယား သို့မဟုတ် ရုရှားကသာ နည်းပညာမပေးဘူးဆိုရင် ဟိုက်ပါဆောနစ်အဖြစ် သံသယ ရှိတယ်လို့ ဆိုပါတယ်။ စစ်ရေးလေ့လာသူများကတော့ ဟူသီတို့ဟာ အီရန်ထံမှ ရရှိပုံပေါ်တယ်လို့ မှတ်ချက်ပေးပါတယ်။ 

တဲလ်အဗစ်မြို့အနီး မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ပြီး လူ ၉-ဦး အနည်း ငယ်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒေးဗစ်ဘင်ဂူ ရီယံလေဆိပ်အတွင်း ရောက်ရှိနေသူများကို ဘေးလွတ်ရာ ရွေ့ပြောင်းပေးခဲ့ကြောင်း၊ ဒီအတွက် ထိရောက်စွာ လက်တုန့်ပြန်မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကြုံးဝါးနေပါတယ်။

(AL Jazeera., 17 September 2024,” Yemen’s Houthis fire ‘hypersonic’ missile at Israel: What to know” ကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved