Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)

Alynn (NSS) - စက်တင်ဘာလ ၁၉ 

ကုန်သွယ်မှုဆိုင်ရာ လစ်ဘရယ်ဝါဒရဲ့ ကောင်း မွန်တဲ့သက်ရောက်မှုတွေကြောင့် ကုန်သွယ်ရေး ဥပဒေတွေကိုချောမွေ့စေသလို အခွန်စည်းကြပ်မှုကဲ့ သို့ မလိုအပ်တဲ့အတားအဆီးတွေကိုဖယ်ရှားပေးပြီး နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးမှာ လွယ်ကူ ချောမွေ့စေခြင်းဖြင့် ကမ္ဘာ့နိုင်ငံများအကြား အပြန် အလှန်ကုန်သွယ်ဆက်ဆံရေးကို တိုးမြင့်လာစေပါ တယ်။ ဒီလို ကုန်သွယ်ဆက်ဆံရေးပြေလျော့နေတဲ့ အခြေအနေမှာ ပထဝီအနေအထားအရ တိုက်ကြီးနှစ် တိုက်ဆုံရာ ယူရေးရှားက တင်းကြပ်တဲ့ အတားအဆီး တွေကိုဖယ်ရှားပြီး စီးပွားရေးအကျိုးအမြတ်တွေကို ဖန်တီးရယူတတ်ဖို့ အရေးကြီးပါတယ်။ ကမ္ဘာ့စွမ်းအင် ရင်းမြစ်တွေရဲ့ လေးပုံသုံးပုံ၊ ကုန်းတွင်းပိတ်နိုင်ငံတွေ အပါအဝင် ဥရောပနိုင်ငံ အများအပြားပါဝင်နေတဲ့ ယူရေရှားဟာ နိုင်ငံခြားဈေးကွက်တွေအတွင်း ပိုမိုဝင် ရောက်ခွင့်ရရှိဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။

ထိုကဲ့သို့ ယူရေးရှားရဲ့မဟာဗျူဟာအရေးပါမှု ဟာ ဒေသတွင်း ပထဝီစီးပွားရေးနဲ့ ပထဝီဝင်ဗျူဟာ အခင်းအကျင်းကိုလွှမ်းမိုးဖို့ စိတ်အားထက်သန်နေတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့စိတ်ဝင်စားမှုကို ဆွဲ ဆောင်နေပါတယ်။ ခေတ်သစ်အာဏာလွန်ဆွဲပွဲမှာ အမေရိကန်ဟာ တရုတ်နဲ့ရုရှားတို့ကို တန်ပြန်ဖို့အတွက် QUAD  နဲ့ AUKUS တို့လို ဗျူဟာမြောက် မဟာမိတ်အဖွဲ့တွေကိုအသုံးပြုကာ အင်ဒို-ပစိဖိတ် ဒေသမှာ သူတို့လုံခြုံရေးအတွက် အာရုံစိုက်လာခဲ့ပါ တယ်။ ဒေသတွင်း စီးပွားရေးအင်အားစုတွေအနေနဲ့ ယူရေးရှားစီးပွားရေးသမဂ္ဂ (EAEU) နဲ့ ရှန်ဟိုင်း ပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)တို့လို စီးပွားရေး အဖွဲ့အစည်းအသစ်တွေကို ကောင်းလာခဲ့ပါတယ်။

ပိုလန်-အမေရိကန်သံအမတ် Brzezinski  (၁၉၉၇)က ကြီးကျယ်ခမ်းနားတဲ့ ပါဝါနိုင်ငံရေးအ တွက် ယူရေးရှားကို ''Grand Chessboard" အဖြစ် ရည်ညွှန်းခဲ့ပါတယ်။ ယူရေးရှားမှာ သိသာထင်ရှားတဲ့ ပထဝီဝင်စီးပွားရေးအလားအလာတွေရှိနေပေမယ့် မဟာဗျူဟာကွဲပြားမှုတွေက ဒေသတွင်း စီးပွားရေး စွမ်းဆောင်ရည် အပြည့်အဝမရဖို့အတွက် အဟန့်အ တားဖြစ်စေခဲ့ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲ၊ နာဂေါ် နို-ကာရာဘတ်စစ်ပွဲနဲ့ အာရပ်-အစ္စရေး ပဋိပက္ခတို့ လို ခေတ်ပြိုင်ပဋိပက္ခတွေက ပထဝီဝင်နိုင်ငံရေးတင်း မာမှုကို ပိုမိုဆိုးရွားစေသလို ဒေသတွင်းပေါင်းစည်း ရေးကြိုးပမ်းမှုတွေကိုလည်း အဟန့်အတားဖြစ်စေပါ တယ်။ အဲဒီလို ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေကြားမှာ အပြည်ပြည်ဆိုင်ရာ မြောက်-တောင် သယ်ယူပို့ ဆောင်ရေးစင်္ကြံ (INSTC)  စီမံကိန်းက ယူရေးရှား နိုင်ငံ တွေအကြား ချိတ်ဆက်မှုတွေကိုဖော်ဆောင်ဖို့အတွက် အရေးပါတဲ့ ပထဝီဝင်စီးပွားရေးပရောဂျက်တစ် ခုအဖြစ် ပေါ်ထွက်လာပါတယ်။

INSTC  ဟာ (၂၀ဝဝ)ပြည့်နှစ်မှာ ရုရှား၊ အိန္ဒိ ယနဲ့ အီရန်တို့က စတင်တည်ထောင်ခဲ့တဲ့ မဟာဗျူဟာ မြောက် ပဏာမခြေလှမ်းဖြစ်ပါတယ်။ လက်ရှိမှာ အိန္ဒိယ၊ အီရန်၊ ရုရှား၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ တူကီယဲ၊ ယူကရိန်း၊ ဘယ်လာရုစ်၊ အိုမန်နဲ့ဆီးရီး ယားတို့အပါအဝင် အဖွဲ့ဝင်(၁၃)နိုင်ငံရှိပါတယ်။ ယင်းဟာ ဥရောပ၊ အာရှနဲ့ အရှေ့အလယ်ပိုင်းတို့ကြား သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုတွေကို တိုးမြှင့်ဖို့ ရည်ရွယ်ပြီး ကုန်စည်တွေရွှေ့ပြောင်းရာမှာ အဆင် ပြေစေဖို့အတွက် အလေးပေးပါတယ်။ စင်္ကြံရဲ့ အခြေ ခံအဆောက်အအုံတွေမှာ ဆိပ်ကမ်းတွေ၊ ရထားလမ်း တွေနဲ့ လမ်းချိတ်ဆက်မှုတွေပါဝင်ပြီး အားလုံးက ထောက်ပံ့ပို့ဆောင်ရေးနဲ့ သယ်ယူပို့ဆောင်ရေး စရိတ် စကတွေလျှော့ချနိုင်ဖို့အတွက် ရည်ရွယ်နေပါတယ်။ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ထိရောက်မှုနဲ့ တတ်နိုင် လောက်တဲ့နှုန်းထားတွေကြောင့် INSTC  ဟာ ယူရေးရှားရှိ ကုန်းတွင်းပိတ်နိုင်ငံတွေရဲ့ စီးပွားရေးအ လားအလာကောင်းတစ်ခုဖြစ်လာနိုင်သလို ဒေသဆိုင် ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း ပံ့ပိုးပေးပါလိမ့်မယ်။ 

အဖွဲ့ဝင်နိုင်ငံတွေအတွက် INSTC  က ဘယ်လောက်အထိအရေးပါသလဲ

INSTC ဟာ ရုရှားရဲ့""တောင်ဘက်သို့ ဂငယ် ကွေ့မူဝါဒ""အတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ် ခုဖြစ်ပြီး လွတ်လပ်တဲ့ ဓနသဟာယနိုင်ငံတွေနဲ့ အခြားသော ယူရေးရှားနိုင်ငံတွေအကြား စီးပွားဆက် သွယ်မှုခိုင်မာစေဖို့ ရည်ရွယ်ပါတယ်။ INSTC  စင်္ကြံ လမ်းဟာ ရုရှားအတွက် ကုန်သွယ်ရေးလမ်းကြောင်းများစွာကို ဖြန့်ကြက်နိုင်မှာဖြစ်သလို ပုံမှန်အသုံးပြု နေကျ စူးအက်တူးမြောင်းလို လမ်းကြောင်းတွေကို လည်း လျှော့သုံးလာနိုင်ပါတယ်။ အဆိုပါစင်္ကြံဟာ ကူးသန်းရောင်းဝယ်ရေးအတွက် အချိန်ရော၊ ကုန်ကျ စရိတ်ကိုပါလျှော့ချပေးနိုင်ပြီး ရုရှားပို့ကုန်တွေအတွက် အကျိုးအမြတ်များစွာ ဖြစ်ထွန်းနိုင်ပါတယ်။ 

ထိုနည်းတူစွာပဲ အိန္ဒိယအတွက် ဗဟိုအာရှ ဈေးကွက်တွေကိုဝင်ရောက်ဖို့ရာ ဗျူဟာမြောက် လမ်းကြောင်းဖြစ်သလို ပါကစ္စတန်လမ်းကြောင်းကို ရှောင်နိုင်မယ့် ပထဝီနိုင်ငံရေးအချက်အချာကျမှုကို လည်းပေးစွမ်းနိုင်ပါတယ်။ အိန္ဒိယဟာ INSTC  ကို ဗဟိုအာရှ၊ တောင်ကော့ကေးဆပ်တို့နဲ့ ဆက်ဆံရေး ခိုင်မာစေဖို့ လမ်းကြောင်းတစ်ခုအဖြစ်ရှုမြင်ပြီး ၎င်း၏ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကိုလည်း တိုးချဲ့နိုင်ပါ တယ်။ အီရန်ဟာ အိန္ဒိယသမုဒ္ဒရာနဲ့ကက်စပီယံ ပင်လယ်ကြားချိတ်ဆက်မှုအဖြစ် ပထဝီဝင်အနေအ ထားအရ အချက်အချာကျတာကြောင့် INSTC  မှာ ၎င်းရဲ့ပါဝင်ပတ်သက်မှုကလည်း အရေးကြီးလှပါ တယ်။ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေနဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ လိုအပ်ချက်တွေရှိနေပေမယ့် အီရန်အတွက် စင်္ကြံလမ်းကြောင်းမှရရှိလာနိုင်တဲ့ အကျိုးအမြတ် များစွာရှိနေပါတယ်။

ယူရေးရှားရဲ့ရှုပ်ထွေးပွေလီတဲ့ ပထဝီဝင်အနေ အထားကြောင့် အဖွဲ့ဝင်နိုင်ငံတွေအကြား INSTC  ဟာ စီးပွားရေးအရ အပြန်အလှန်မှီခိုမှုထက် တည်ငြိမ် အေးချမ်းရေးက အလေးသာနေပါတယ်။ INSTC အဖွဲ့ဝင်နိုင်ငံတွေ အထူးသဖြင့် ရုရှားနဲ့အီရန်တို့ရဲ့ နိုင်ငံရေးအခင်းအကျင်းပုံစံတွေက နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုအခြေအနေတွေကို ကာကွယ်ဖို့အတွက် နက်နဲတဲ့ အပြန်အလှန်စီးပွားရေးမှီခိုမှုတွေလိုအပ် နေကြောင်း ထင်ရှားနေပါတယ်။ 

INSTC  စင်္ကြံဟာ ဒေသတွင်းကုန်သွယ်မှုကို မြှင့်တင်ဖို့ ကူးသန်းရောင်းဝယ်ရေး ကုန်ကျစရိတ် (၃၀) မှ (၄၀) ရာခိုင်နှုန်းကိုလျှော့ချဖို့ ရည်ရွယ်ထားပါ တယ်။ ရုရှား၊ အိန္ဒိယနဲ့ အီရန်တို့ကဲ့သို့ အဖွဲ့ဝင်နိုင်ငံ တွေဟာ INSTC  ကိုအသုံးချပြီး ၎င်းတို့ရဲ့ ဩဇာ လွှမ်းမိုးမှုကို တိုးချဲ့ဖို့ကြိုးပမ်းနေပါတယ်။ ယူရေးရှား ဖွံ့ ဖြိုးရေးဘဏ်ရဲ့ (၂၀၂၁) ခုနှစ် သုံးသပ်ချက်အရ  INSTC  စင်္ကြံဟာ ယူရေးရှားတစ်လျှောက် ကုန်းတွင်း ပိတ်နိုင်ငံတွေကိုအကျိုးပြုတဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းဖြစ်လာနိုင်ကြောင်း အလားအလာ ကောင်းတွေကိုတွေ့မြင်နေရပါတယ်။ 

                              INSTC  ဖွံ့ဖြိုးရေးအတွက်အဟန့်အတားတွေ 

INSTC  စင်္ကြံစီမံကိန်းတိုးတက်ရေးမှာ ပထဝီ နိုင်ငံရေးတင်းမာမှုတွေနဲ့အတူ သယ်ယူပို့ဆောင်ရေး အတွက် အခြေခံအဆောက်အအုံမလုံလောက်မှုကဲ့သို့ အဟန့်အတားတွေကိုရင်ဆိုင်နေရပါတယ်။ TRACECA(အာရှ၊ ဥရောပနဲ့ ကော့ကေးဆပ်ဒေသ အတွက် စင်္ကြံလမ်းစီမံကိန်း)နဲ့  BRI ကဲ့သို့ ပရော ဂျက်ပြိုင်ဆိုင်မှုတွေဟာလည်း INSTC ဖွံ့ဖြိုးတိုး တက်ရေးလမ်းကြောင်းကို ပိုမိုရှုပ်ထွေးစေပါတယ်။ INSTC ရဲ့အနာဂတ်ဟာ ရုရှားနဲ့တရုတ်ကြား မဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုနဲ့SCO နဲ့ EAEU တို့လိုပလက်ဖောင်းတွေကတစ်ဆင့် ဒေသ တွင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းအပါအဝင် ပထဝီဝင်နိုင်ငံရေးနဲ့ စီးပွားရေးအချက်တွေပေါ်မှာ မူ တည်နေပါတယ်။

တီဟီရန်နဲ့နယူးဒေလီကြား ပူးပေါင်းဆောင် ရွက်မှုကလည်း INSTC ဖွံ့ဖြိုးရေးအတွက် အတားအဆီးများစွာ ဖြစ်စေပါတယ်။ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့ရေးဗျူဟာကြောင့် အိန္ဒိယအနေနဲ့ အီရန်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ အခက်အခဲရှိလာနိုင် သလို အီရန်အနေနဲ့ အိန္ဒိယရဲ့ အဓိကစွမ်းအင် ထောက်ပံ့သူဖြစ်လာဖို့ ရည်မှန်းချက်တွေကိုလည်း စွန့်လွှတ်ဖို့ဖြစ်လာပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ စီးပွား ရေးအကျိုးဆက်တွေကြောင့် နယူးဒေလီဟာ ကြား နေအတိုင်းသာ ရပ်တည်သွားမှာဖြစ်ပါတယ်။ အီးယူ ခေါင်းဆောင်တွေက အီရန်အပေါ် ပိတ်ဆို့အရေးယူ မှုတွေကို ရုပ်သိမ်းဖို့သဘောတူခဲ့ပေမယ့် အီရန်အနေ နဲ့  ဒေါ်လာကြီးစိုးတဲ့ဈေးကွက်တွေကို ဝင်ရောက်ရာမှာ အတားအဆီးတစ်ခု ဖြစ်နေပါတယ်။ ဒါ့ပြင် အဆိုပါ ပိတ်ဆို့မှုတွေဟာ အီးယူခေါင်းဆောင်တွေရဲ့ဩဇာ အောက်တွင်သာမဟုတ်ဘဲ ဖြေလျှော့ပေးဖို့အတွက် အမေရိကန်ရဲ့အတည်ပြုချက်ကိုလည်း ရယူဖို့ လို အပ်မှာဖြစ်ပါတယ်။ ဒါကြောင့် INSTC ဟာ ၎င်းရဲ့ရည်မှန်းချက်တွေအောင်မြင်ဖို့ ဝါရှင်တန်ရဲ့အကူအညီ လိုအပ်မှာဖြစ်ပြီး ယင်းအခြေအနေမှာလည်း ဖြစ်နိုင်ဖို့ ခဲယဉ်းပါတယ်။

ဒါ့ပြင် အာရှအင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယ နဲ့တရုတ်ဟာ ပထဝီဝင်စီးပွားရေးအပြောင်းအလဲတိုင်း လွှမ်းမိုးမှုရရှိဖို့အတွက် အချင်းချင်းပြိုင်ဆိုင်နေကြပါ တယ်။ INSTC စင်္ကြံသစ်ဟာ တရုတ်နိုင်ငံရဲ့BRI နဲ့အပြိုင် သဘောမျိုးဖြစ်နေပါတယ်။ တီဟီရန်ရဲ့ ဘေဂျင်းအပေါ် ပိုမိုမှီခိုအားထားလာတာကြောင့် အိန္ဒိယမှာ စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။ တီဟီရန်နဲ့ ဘေဂျင်းကြား (၂၅) နှစ်သက်တမ်းရှိ ကုန်သွယ်မှု သဘောတူညီချက်ကြောင့် အိန္ဒိယဟာ အဆိုပါ သဘောတူညီချက်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ ပါကစ္စတန်ရဲ့ Gwadar ဆိပ် ကမ်းအပေါ် တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကြောင့် အိန္ဒိယ သမုဒ္ဒရာအတွင်း အိန္ဒိယရဲ့လွှမ်းမိုးမှုတွေကိုလည်း ကျဉ်းမြောင်းလာစေပါတယ်။

အချုပ်အားဖြင့်ဆိုရရင် အာရှတိုက်မှာ ပထဝီနိုင် ငံရေးနဲ့ ပထဝီဝင်စီးပွားရေးဆိုင်ရာအခြေအနေတွေ က အချိန်နဲ့အမျှ အပြောင်းအလဲရှိနေပါတယ်။ အာရှရဲ့ "စင်္ကြံ ပြုခြင်း" ဆိုင်ရာ အခြေခံအဆောက်အ အုံရင်းနှီးမြှုပ်နှံမှုတွေဟာ နိုင်ငံတကာအခင်းအကျင်း တွေကို ပြောင်းလဲစေတဲ့ အဓိကတွန်းအားတွေ ဖြစ် လာပါတယ်။ တရုတ်နိုင်ငံရဲ့BRI ဟာ လွန်ခဲ့တဲ့ဆယ် စုနှစ်တွေကတည်းကလုပ်ဆောင်နေပေမယ့် အမေရိ ကန်နဲ့ အနောက်နိုင်ငံတွေက အမီလိုက်နိုင်ဖို့ မျှော် လင့်ချက်ရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့် အပြိုင် အဆိုင်ဖြစ်လာတဲ့ နိုင်ငံဖြတ်ကျော်စင်္ကြံတွေဟာ လာ မယ့်ဆယ်စုနှစ်အတွင်း မဟာဗျူဟာနဲ့ ပထဝီဝင်နိုင်ငံ ရေးဆိုင်ရာ ပြိုင်ဆိုင်မှုပုံစံသစ်တွေကို ဖန်တီးပုံဖော် လာနိုင်မှာဖြစ်ပါကြောင်း။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved