Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်သမ္မတလောင်း ၂ ဉီး၏ စကားစစ်ထိုးပွဲ

ဖြိုးဝေလင်း(ပုသိမ်) (NSS) - စက်တင်ဘာ ၁၃

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ တွင် ကျင်းပမည့် ၆၀ ကြိမ်မြောက် အမေရိကန်သမ္မတရွေးကောက်ပွဲ အတွက် နောက်ဆုံးအကြိမ်ဖြစ်လာဖွယ်ရှိသည့် ရီပတ်ဘလီကန် နှင့် ဒီမိုကရက်တစ် သမ္မတလောင်း ၂ ဉီးတို့၏ စကားစစ်ထိုးပွဲကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ ဒေသစံတော်ချိန် ည ၉ နာရီ တွင် Pennsylvania ပြည်နယ်၊ Philadelphia မြို့ရှိ National Constitution Center ၌ ကျင်းပခဲ့ကြသည်။ မိနစ် ၉၀ ကြာမြင့်သည့် စကားစစ်ထိုးပွဲတွင် ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် နှင့် ဒီမိုကရက်တစ်သမ္မတလောင်း ကင်မလာအဲရစ် တို့  ယှဉ်ပြိုင်ပြောဆိုခဲ့ကြပြီး ကြီးကြပ်သူများအဖြစ် ABC သတင်းဌာနမှ David Muir နှင့် Lindsey Davis တို့မှ ဆောင်ရွက်ခဲ့ကြသည်။ ကြီးကြပ်သူများ၏ မေးခွန်းများ နှင့် သမ္မတလောင်း ၂ ဉီး၏ ယှဉ်ပြိုင်မှုများကို အကျဉ်းချုံးဖော်ပြသွားပါမည်။

ABS မေး ။ မဲပေးပြည်သူတွေအနေနဲ့ လွန်ခဲ့သည့် ၄ နှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ နေထိုင်မှုစရိတ်(ကုန်ဈေးနှုန်း) ကြီးမြှင့်မှုအပေါ်  ကင်မလာ ရဲ့ အမြင်ကို သိချင်ပါတယ်။ 

ကင်မလာ ။ ကျမက လူလတ်တန်းစားမိသားစုကလာခဲ့သူပါ။ ကျမ က လူလတ်တန်းစားတွေကို မြှင့်တင်ပေးဖို့အတွက် ဒီနေရာကိုရောက်နေသူပါ။ ကျမတို့မှာ အိမ်ယာတွေ မလုံလောက်မှုဖြစ်နေပါတယ်။ အိမ်ဈေးနှုန်းတွေက အရမ်းကို ကြီးမြင့်နေတယ်ဆိုတာ သိပါတယ်။ ငယ်ရွယ်တဲ့အိမ်ထောင်သည်တွေအနေနဲ့ သူတို့ကလေးတွေကိုစောင့်ရှောက်ဖို့ အစိုးရရဲ့အကူအညီတွေလိုအပ်တာသိပါတယ်။ ဒါကြောင့် မိသားစုတစုကို ဒေါ်လာ ၆၀၀၀ နီးပါးရှိတဲ့ အခွန်လျော့ပေးခြင်းတွေဆောင်ရွက်နေပါတယ်။ ငါ့ရဲ့ မျှော်လင့်ချက်ကတော့ ငယ်ရွယ်တဲ့အိမ်ထောင်သည်မိသားစုအနေနဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ပါပဲ။ ငါငယ်ငယ်က ငါ့ရဲ့ဒုတိယအမေလို့ ခေါ်ဆိုနိုင်သူဟာ အသေးစားစီးပွားရေးလုပ်ငန်းရှင်ဖြစ်ပါတယ်။ ငါကတော့ အသေးစားလုပ်ငန်းစတင်မယ့်သူတွေကို ဒေါ်လာ ၅သောင်း လောက်အထိကို အခွန်လျော့ချပေးမှာပါ။ ငါ့ပြိုင်ဘက်(ထရမ့်) ကတော့ သူသမ္မတဖြစ်ရင် အရင်လုပ်နေကြနည်းအတိုင်း ကော်ပိုရေးရှင်းကြီးတွေ၊ ဘီလျံနာတွေကို အခွန်တိုးကောက်တဲ့အတွက် ဒေါ်လာ ၅ ထျီလျံလောက် လိုငွေပြသွားခဲ့ပါတယ်။ အဲ့တာကြောင့် ပစ္စည်းတန်ဖိုးတွေက ကြီးမြင့်သွားပြီး လူလတ်တန်းစားတွေက တနှစ်ကို ဒေါ်လာ ၄၀၀၀ ကျော်လောက် ပိုမိုသုံးစွဲရပါတယ်။ ဒါကြောင့် ငါ့ပြိုင်ဘက် ရဲ့ နည်းလမ်းကတော့ လူလတ်တန်းစားတွေအတွက် ထိခိုက်မှုတွေဖြစ်လာမှာပါ။ 

ထရမ့် ။ ပထမဆုံးပြောချင်တာက ကင်မလာပြောနေတာကလွဲနေပါတယ်။ ငါအခွန်တိုးကောက်တာ အခြားနိုင်ငံကလာတဲ့ကုန်တွေကိုပါ။ ၇၅ နှစ်လောက် ကမ္ဘာကြီးအပေါ် ငါတို့အမေရိကန်တွေလုပ်ဆောင်ခဲ့တာတွေအတွက် ပြန်ပေးဖို့ပါ။ နှစ်စဉ်နှစ်တိုင်း တရုတ်ပစ္စည်းတွေအပေါ်အကောက်ခွန်တိုးမြှင့်ခြင်းဖြင့် ဒေါ်လာဘီလျံချီ ရရှိပါတယ်။ အဲ့လို တိုးကောက်လို့လည်း ငွေကြေးဖောင်းပွမှုမရှိခဲ့ပါဘူး။ ခုဆို ငါတို့သမိုင်းတလျှောက်မှု အဆိုးရွားဆုံးငွေကြေးဖောင်းပွမှု ဖြစ်နေပါတယ်။ ၂၁ % လောက်ကို ဖောင်းပွနေတာပါ။ ဒါတောင် ယေဘူယျပြောတာပါ။ ၅၀၊ ၆၀၊ ၇၀ လည်း ဖြစ်နိုင်ပါတယ်။ ငွေကြေးဖောင်းပွမှုဟာ လူလတ်တန်းစားအတွက်သာမကပါဘူး။ လူတန်းစားအားလုံးအတွက် ဘေးအန္တာရယ်ပါ။ ဘာလို့လဲဆိုတော့ ငါတို့တိုင်းပြည်ကို နိုင်ငံပေါင်းစုံရဲ့ ထောင်တွေ၊ အကျဉ်းစခန်းတွေ၊ စိတ်ရောဂါကုဆေးရုံက လူတွေ ဝင်ရောက်နေတယ်။ ဒီလူတွေက ငါတို့နိုင်ငံသားတွေရဲ့အလုပ်အကိုင်တွေကိုလုယူနေပါတယ်။ Ohio ပြည်နယ်၊ Colorado ပြည်နယ်တွေမှာ အဲ့လူတွေကမြို့တွေကို သိမ်းယူနေတယ်။ အဆောက်အဉီတွေကို မောင်ပိုင်စီးနေတယ်။ ဒါတွေဟာ သူမနဲ့ ဘိုင်ဒင် ဉီးဆောင်နေပါတယ်။ သူတို့၂ ဉီးဟာတိုင်းပြည်ကိုဖျက်ဆီးနေတဲ့ အကြီးမားဆုံးရာဇဝတ်သားတွေဖြစ်ပါတယ်။ ငါဟာအမေရိကန်စီးပွားရေးကို အကောင်းဆုံးလုပ်ခဲ့တယ်။ နောက်ထပ်လည်းပိုကောင်းအောင်လုပ်မှာဖြစ်တယ်။ 

ABC မေး။ ထရမ့်ရဲ့ စီးပွားရေးနဲ့ပတ်သတ်ပြီး ကင်မလာအနေနဲ့ ဘာပြောချင်ပါသလဲ။

ကင်မလာ ။  ထရမ့် ထားခဲ့တဲ့ စီးပွားရေးက ၁၉၃၀ ခုနှစ်တုန်းက အမေရိကန်မှာဖြစ်ပွားခဲ့တဲ့ great depression ဖြစ်စဉ်ပြီးလျှင် အကြီးမားဆုံးအလုပ်လက်မဲ့ အနေအထားဖြစ်တယ်။ ထရမ့် က ရာစုနှစ် တခုရဲ့ အဆိုးဝါးဆုံး ပြည်သူ့ကျန်းမာရေးစနစ်ကို ထားခဲ့တယ်။ ထရမ့် က ပြည်တွင်းစစ်ပြီးလျှင် အဆိုးဝါးဆုံး ဒီမိုကရေစီ ထားခဲ့တယ်။ ငါတို့ပထမဆုံးလုပ်ရတာက ထရမ့်ရဲ့ အရှုပ်ထုတ်တွေကိုရှင်းရတာပါပဲ။ ဒီ စကားစစ်ထိုးပွဲမှာလည်း မင်းတို့ပြည်သူတွေ ကြားနေကြ ထရမ့်ရဲ့ အလိမ်အညာတွေပဲ ကြားရမှာပဲ။ ဒါ့အပြင် သူ(ထရမ့်) သမ္မတဖြစ်လာရင် အကောင်အထည်ဖော်မယ့် အန္တာရယ်များတဲ့ Project 2025 စီမံကိန်းကို မင်းတို့ကြားရမယ်။ ငါယုံကြည်တာကတော့ ငါတို့ အမေရိကန်ပြည်သူတွေဟာ စည်းလုံးစေတဲ့၊ ခုလိုသွေးကွဲမှုတွေကို အဆုံးသတ်စေမယ့် သမ္မတမျိုးလိုချင်မှာပါပဲ။ အဲ့တာတွေအတွက် ငါကတိပေးနိုင်ပါတယ်။ [ Project 2025 ဆိုသည်မှာ ထရမ့်သမ္မတဖြစ်လာပါက အမေရိကန်ပြည်ထောင်စု၏ ဖက်ဒရယ်စနစ်ကို ပြန်သုံးသပ်ရန်၊ ဗဟိုဉီးစီးစနစ်ကို ပြန်လည်ရယူရန်၊ အမေရိကန်အမျိုးသာရေးဝါဒအားကောင်းလာစေရန်အတွက် လုပ်ဆောင်မည့်အစီအစဉ်များကို အမေရိကန် လက်ယာ think-tank အဖွဲ့ဖြစ်သည့် The Heritage Foundation မှ ရေးသားထားသည့် စာမျက်နှာ ၉၀၀ ပါ စာတမ်းဖြစ်သည်။) 

ထရမ့် ။ သူမ ကတောင် Project 2025 နဲ့ပတ်သတ်လို့ ပိုသိနေပါတယ်။ ငါက အဲ့ဒီ Project 2025 ကို ဖတ်လည်းမဖတ်ဖူးသလို ဖတ်မှာလည်းမဟုတ်ဘူး။ အဲ့တာဟာ တူညီတဲ့ လူတစုက ရေးထားတဲ့ အချက်အလက်တွေဖြစ်တယ်။ ငါ ဘာလုပ်မယ်ဆိုတာကို လူတိုင်းသိပြီးသားပါ။ အခွန်လျော့မယ်။ စီးပွားရေး ကောင်းအောင်လုပ်မယ်။ ကပ်ရောဂါဆိုး မတိုင်မီက အခြေအနေပြန်ရောက်အောင်လုပ်မယ်။ အမေရိကန်တပ်မတော်ကို ပြန်လည်တည်ဆောက်မယ်။ အလုပ်အကိုင်တွေရဲ့ ဆိုးရွာလာတဲ့အခြေအနေကနေ အကောင်းဆုံးအခြေအနေကို အလျင်အမြန်ပြန်လည်ရရှိစေရမယ်(Bounceback ဟုသုံးနှုန်း)။

ကင်မလာ ။ ထရမ့်မှာ စီးပွားရေးနဲ့ပတ်သတ်လို့ဘာအစီအစဉ်မှ မရှိဘူး။ သူဌေးတွေကို အခွန်ဖြတ်တောက်မယ်။ ငွေကြေးဆိုင်ရာအဖွဲ့အစည်းဖြစ်တဲ့ Goldman Sachs က “ထရမ့် သမ္မတ ဖြစ်လာရင် အမေရိကန်စီးပွားရေးအဆိုးဆုံးဖြစ်မယ်” လို့ ပြောတယ်။ Wharton school ကလည်း ထရမ့်သာ သမ္မတ ဖြစ်ရင် လိုငွေအပြဆုံး ဖြစ်လာမယ်လို့ ပြောတယ်။ နိုဗယ်ဆုရှင် ၁၆ ယောက်က ထရမ့်ရဲ့ စီးပွားရေးအစီအစဉ်သာ အကောင်အထည်ဖော်ရင် နောက်နှစ်မှာ ငွေကြေးဖောင်းပွမှုမြင့်မားပြီး အကြီးမားဆုံး recession(ဆုတ်ယုတ်မှု) ဖြစ်မယ်။ ထရမ့်ဟာ မင်းတို့ပြည်သူတွေကို စိတ်မဝင်စားဘူး။ သူ့ကိုယ့်သူ ကာကွယ်ဖို့သာ စိတ်ဝင်စားတဲ့သူပဲ။ 

ထရမ့် ။ ငါလည်း Wharton school ကို သွားခဲ့ပါတယ်။ အဲ့ဒီမှာ အမြင့်ဆုံးပရော်ဖက်ဆာတွေနဲ့ တွေ့ခဲ့တယ်။ သူတို့က ငါ့ရဲ့ စီးပွားရေးအစီအစဉ်ဟာ ကောင်းတယ်လို့ပြောခဲ့တယ်။ လူတွေအလုပ်အကိုင်ရမယ်။ နိုင်ငံမှာ ငွေလုံးငွေရင်းဝင်မယ် စသဖြင့်ပေါ့။ ကင်မလာ မှာ ကိုယ်ပိုင်စီးပွားရေး အစီအစဉ်မရှိဘူး။ သူ က ဘိုင်ဒင် ဆီက ကော်ပီ ယူထားတာဖြစ်တယ်။ အဲ့အစီအစဉ်ထဲမှာ စာကြောင်း ၄ကြောင်းပဲပါတယ်။ အဲ့တာက run spot run ပုံစံမျိုးပဲဖြစ်တယ်။ “ငါတို့ အခွန် လျော့ချမယ်ဆိုတာပဲ” ဖြစ်တယ်။ (run spot run ဆိုသည်မှာ ကလေးတောင်သိသော ဖန်တရာတေနေသော အရာကို ဆိုလိုပါသည်။) 

ABC မေး ။ ထရမ့် အနေနဲ့ ပြည်ပသွင်းကုန်တွေအပေါ် အခွန် ၂၀ % တိုးကောက်မယ်ဆိုတာက စားသုံးသူတွေအပေါ်မထိခိုက်စေဘူးလား။ 

ထရမ့် ။ သွင်းကုန်တွေကိုအခွန် တိုးကောက်မယ်ဆိုတာ တရုတ် နှင့် ငါ့တို့နိုင်ငံအပေါ်  နှစ်ပေါင်းများစွာ ripping off (ဂျင်းထည့်) နေတဲ့ အခြားနိုင်ငံအပေါ် တိုးကောက်မှာပါ။ တရုတ်ကို ဘီလျံချီပြီး အခွန်ဆောင်ခိုင်းတဲ့ သမ္မတ က ငါတယောက်ပဲရှိတယ်။ ငါ့လက်ထက်မှာ ငွေကြေးဖောင်းပွခြင်းဆိုတာမရှိခဲ့ဘူး။ သူတို့လက်ထက်မှာ လူတွေက cereal, bacon(အသားပြား)၊ ကြက်ဉ တွေတောင် မဝယ်နိုင်ကြတော့ဘူး။ ပြည်သူတွေမှာ အတော်ဒုက္ခရောက်နေကြပြီ။ လူတွေ ကို စစ်တမ်းကောက်ကြည့်တဲ့အခါ လူ ၈၀/၉၀ % က ထရမ့်ရဲ့ စီးပွားရေးဟာ လက်ရှိထက်ပိုကောင်းတယ်လို့ ဖြေဆိုကြတယ်။ 

ABC မေး ။ ထရမ့်လက်ထက်က အခွန်တိုးကောက်ထားတာကို ဘိုင်ဒန်လက်ထက်ထိ ဆက်လက်ကျင့်သုံးနေတာကို ဘာပြောချင်ပါသလဲ။

ကင်မလာ ။ ထရမ့်အစိုးရဟာ အမေရိကန်သမိုင်းတလျှောက်လိုငွေအပြဆုံးအစိုးရပါ ဆိုတာ ပုံဖော်ပါရစေ။ တရုတ်နဲ့ trade war ဆင်နွှဲခဲ့ပါတယ်။ သူဟာ တရုတ်စစ်တပ်ကို chip တွေရောင်းချပြီး အဲ့စစ်ပွဲကိုရပ်တန့်ခဲ့ပါတယ်။ ငါတို့ဟာ AI နဲ့ Quantum computing ကဲ့သို့သော နည်းပညာမြင့်လုပ်ငန်းတွေဟာ အမေရိကန်လုပ်သားတွေအတွက်ပဲဖြစ်ရမယ်လို့ ဉီးတည်ထားပါတယ်။ ထရမ့်က ကိုဗစ် အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင် ကို ကျေးဇူးတင်လိုက်ပါသေးတယ်။ သူ့ရဲ့ X(twitter) မှာ Thank You Xi ဆိုပြီး နောက်က ! ထည့်ပြီးတောင် ရေးလိုက်ပါသေးတယ်။ ရှိကျင့်ဖျင်ဟာ ကိုဗစ်အတွက် တာဝန်ရှိပါတယ်ဆိုတာတောင် သူက ကျေးဇူးတင်နေပါသေးတယ်။ 

ထရမ့် ။ ပထမဆုံးပြောချင်တာ တရုတ်က chip တွေ ဝယ်တာ ထိုင်ဝမ်ကပါ။ ဘာလို့လဲဆိုတော့ ငါတို့အတွေးအခေါ်၊ ငါတို့ မူဝါဒ အရ ငါတို့ ခက်ခက်ခဲခဲမလုပ်တော့တဲ့ chip တွေပါ။ အဲ့တာကလည်း ကင်မလာတို့ရဲ့ မူဝါဒပါ။ သူမ ဆီမှာ မူဝါဒလည်း ရှိမှာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၃/ ၄နှစ်က သူမ သိခဲ့တဲ့ အတွေးအခေါ်က ငါ့ရဲ့ အတွေးအခေါ်ပါ။ သူမကို ငါ့ရဲ့ ထောက်ခံသူအဖွဲ့ (maga) ထဲကိုတောင် ပို့မှာပါ။ ဒါပေမယ့် သူ သမ္မတတောင်း အရွေးခံရတော့ သူမစိတ်ပြောင်းသွားတယ်။ သူမဟာ မက်စ်ဝါဒ (ကွန်မြူနစ်)သမား ဖြစ်သွားတာပါ။ သူမ ရဲ့အဖေက မက်စ် စီးပွားရေးဝါဒ ရဲ့ ပရော်ဖက်ဆာပါ။ သူမ ကို ကောင်းကောင်းသင်ကြားပေးခဲ့ပါတယ်။ လတိုင်းလတိုင်း အမေရိကန်ကို ခိုးဝင်နေတဲ့ သန်းနဲ့ချီတဲ့ လူတွေဟာ နယူးယောက်ပြည်နယ်ထက်တောင် များပါဉိးမယ်။ အဲ့လူတွေက ရာဇဝတ်ကောင်တွေဖြစ်ပြီး ငါတို့တိုင်းပြည်ရဲ့စီးပွားရေးကို ဖျက်ဆီးနေပါတယ်။ ကင်မလာနဲ့ လက်ရှိအစိုးရအဖွဲ့ဟာ ရူးနေတဲ့ မူဝါဒ နဲ့ တိုင်းပြည်ကို ဖျက်ဆီးနေပါတယ်။ 

ABC မေး ။ ကိုယ်ဝန်ဖျက်ချခြင်း နဲ့ ပတ်သတ်လို့  ထရမ့်အနေနဲ့ Roie Wade ရဲ့ မူဝါဒကို သဘောမကျကြောင်း မကြာခဏ အမွှမ်းတင်ထားတာရှိပါတယ်။ မနှစ်က ထရမ့်ဟာ ကိုယ်ဝန်ဖျက်ချခြင်းကို ဆန့်ကျင်တဲ့ Pro-life ကိုသဘောတူတဲ့ သမ္မတတဉီးအနေနဲ့ ထုတ်ဖော်ထားပါတယ်။ လွန်ခဲ့တဲ့လက Florida မှာ  မင်း နဲ့ မင်းအစိုးရအဖွဲ့ဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ မွေးဖွားခြင်းဆိုင်ရာ အခွင့်အရေးအတွက် မြှင့်တင်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒါစကားကြောင့် မင်းရဲ့ သီတင်း ၆ ပတ် ရှိသော ကိုယ်ဝန်ဖျက်ချခွင့်ကို ပိတ်ပင်ခြင်းအား ထောက်ခံထားသူတို့ဟာ အံ့ဩကုန်ကြပါတယ်။ ဘာလို့လဲဆိုတော့ သီတင်း ၆ ပတ်ဟာ အရမ်းကိုတိုတောင်းပြီး ၆ပတ်ထက် ပိုတဲ့ ကိုယ်ဝန်ဖျက်ချခွင့်ကို ထောက်ခံသွားမယ်လို့ဆိုတဲ့စကားကြောင့်ပါ။ နောက်တနေ့မှာကြာတော့  သီတင်း ၆ ပတ် ရှိသော ကိုယ်ဝန်ဖျက်ချခွင့်ကို ပိတ်ပင်ခြင်းအား ထောက်ခံသွားမယ်လို့ ဆိုပြန်တယ်။ ဒီလိုရှေ့နောက်မညီမှုကြောင့်  မင်းကို အမျိုးသမီးတွေက မယုံကြည်သင့်ဘူးလို့ ကင်မလာက ပြောပါတယ်။ (အမေရိကန်တွင် ကိုယ်ဝန်ဖျက်ချခြင်းကို ထောက်ခံသည့်အခြေအနေအား Pro-choice ဟုခေါ်ပြီး  ကိုယ်ဝန်ဖျက်ချခြင်းကိုမထောက်ခံသည့်အဖွဲအား Pro-life ဟုခေါ်ပါသည်။ ထရမ့်သည် ၆ ပတ် နှင့် အောက်ရှိသည့် ကိုယ်ဝန်အားဖျက်ချခွင့်ပြုသော်လည်း ထိုထက်ကြာမြင့်သော သန္ဓေသားအားဖျက်ချခွင့်မပြုပါ။)

ထရမ့် ။ ငါဒါကို ဆန္ဒပြုခဲ့တယ်ဆိုတာက သူတို့က သီတင်း ၉ ပတ်သား ကိုယ်ဝန်ကို ဖျက်ချတဲကိစ္စ ဖြစ်ပြီး West Virginia ရဲ့ မြို့တော်ဝန်ဟောင်း က ၉ ပတ်ရှိတဲ့ကလေးကို ဖျက်ချခွင့်မကျသေးရင် မွေးပြီးမှ စီရင် ရမယ့်အခြေအနေကို ဖြစ်လိမ့်မယ်လို့ ပြောဆိုခဲ့လို့ ဆန္ဒပြုခဲ့တာဖြစ်တယ်။  ကင်မလာ ရွေးထားတဲ့ ဒုတိယသမ္မတလောင်းကလည်း ဆိုးဆိုးဝါးဝါးပါပဲ။ အဲ့ဒုသမ္မတလောင်းကလည်း ၉ ပတ်ရှိတဲ့ သန္ဓေသားလောင်း ကိုဖျက်ချခွင့်ပြုဖို့အတွက် ဟာ သက်တောင့်သက်သာ ရှိပုံပါပဲ။ သူက ကိုယ်ဝန်ဆောင်ကာလမှာတော့ ကလေးကိုဖျက်မချဘဲ မွေးပြီးတော့မှ စီရင်မယ်ဆိုတာကတော့ ငါနဲ့လုံးဝ အဆင်မပြေဘူး။ ငါလုပ်ခဲ့တာဟာ ၅၂ နှစ်လုံး ကြိုးစားခဲ့တဲ့ Roe v. Wade ရဲ့ အဆိုကို ပြည်နယ်ဥပဒေတွေထဲရောက်ရှိအောင်ကြိုးစားတာဖြစ်တယ်။ အခုတော့ နှလုံးရည် နဲ့ ဉာဏ်ပညာထက်မြက်တဲ့ တရားသူကြီး ၆ ဉီးကြောင့် လုပ်ဆောင်နိုင်ခဲ့ပါပြီ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြည်နယ်တိုင်းမှာရှိတဲ့ ပြည်သူက လွတ်လပ်စွာ မဲပေးနိုင်ပါပြီ။ ဒီလိုဆောင်ရွက်နိုင်ခဲ့တဲ့အတွက် တရားသူကြီး ၆ ဉီးကို ကြီးကြီးမားမားဂုဏ်ပြုလိုပါတယ်။ 

ABC မေး ။ မွေးပြီးသားကလေး ၁ဉီး ကို ဥပဒေအရ စီရင်တဲ့ ပြည်နယ် တခု မှမရှိပါဘူး။  ကင်မလာ အနေနဲ့ ထရမ့်ရဲ ပြောဆိုမှုအပေါ်တုံ့ပြန်စေလိုပါတယ်။ 

ကင်မလာ ။ ငါပြောခဲ့သလိုပဲ ဒီပွဲမှာတော့ ထရမ့်ရဲ့ အလိမ်အညာစကားတွေ မင်းတို့ကြားနေရတာပဲ။ အမေရိကန် တရားရုံးချုပ်ရဲ့ အဖွဲ့ဝင် ၃ ဉီးကို ထရမ့်စိတ်ကြိုက် ရွေးချယ်ထားခဲ့ပါတယ်။ ခုဆိုရင် ပြည်နယ် ၂၀ ကျော်မှာ ကိုယ်ဝန်ဖျက်ချခြင်းနဲ့ ပတ်သတ်ပြီး ကျန်းမားရေးစောင့်ရှောက်ပေးတဲ့ ဆရာဝန်တွေ ၊ သူနာပြုတွေတောင် ရာဇဝတ်သားတွေ အဖြစ်သတ်မှတ်နိုင်ပါပြီ။ ပြည်နယ် ၁ ခုမှာ ဆိုရင်တောင် တသက်တကျွန်းထိကျခံရနိုင်ပါတယ်။ ခုလိုမျိုး ကိုယ်ဝန်ဖျက်ချတာကို တားမြစ်တဲ့အတွက်ကြောင့် မုဒိမ်းကျင့်မှုကြောင့်ရတဲ့ ကိုယ်ဝန်၊ မိသားစုချင်းကြောင့် ရတဲ့ကိုယ်ဝန်တွေကို ဖျက်ချဖို့ တောင် အတော်ခက်ခဲနေပါတယ်။ ကျူးလွန်ခံရသူဟာ သူ့ခန္ဓာကိုယ်အတွက် ဆုံးဖြတ်ချက် ချပိုင်ခွင့်မရှိဘူးဆိုတာ မဖြစ်သင့်ပါဘူး။ ထရမ့်အနေနဲ့ မိန်းမတယောက် ဟာ သူ့ခန္ဓာကိုယ်အတွက် ဘာလုပ်ရမယ်ဆိုတာကို ညွှန်ကြားဖို့မလိုပါဘူး။ ခုဆိုရင် ကိုယ်ဝန်ဖျက်ချခံရပြီး ရာဇဝတ်ကြောင်းအရ အရေးယူခံရမှာ ကြောက်လို့ ကားပါကင်ပေါ်မှာ သွေးထွက်လွန်ပြီး စိုးရိမ်ဖွယ်ရှိတဲ့အနေအထားဖြစ်နေတဲ့အမျိုးသမီးတွေ ဘယ်လောက်များနေမလဲ။ အတင်းအကြပ်မုဒိမ်းကျင့်ခံရလို့ ကိုယ်ဝန်ရခဲ့တဲ့ ၁၂ နှစ် ၁၃ နှစ်အရွယ် ကလေးတွေအတွက် ဘယ်လိုလုပ်ရမလဲ။ Roe v. Wade ၏ ကွန်ဂရက်မှ အတည်ပြုလျှင် ကျွန်မလည်း ဥပဒေအဖြစ် လက်မှတ်ရေးထိုးသွားပါမည်။ ထရမ့်ကတော့ ကိုယ်ဝန်ဖျက်ချခြင်းကိုတားမြစ်မှာ အသေအချာပင်ဖြစ်ပါသည်။ Project 2025 တွင်လည်း ကျွန်ုပ်တို့ ၏ ကိုယ်ဝန်ဆောင်ခြင်းအား စောင့်ကြည့်မည့်အစီအစဉ်တခု ပါပါသည်။ လူ ၁ ဉီးချင်းစီ ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ပတ်သတ်လို့ အစိုးရ အနေနဲ့ ဝင်မစွက်ဖို့ကို အမေရိကန်နိုင်ငံသားတိုင်း လက်ခံမယ်လို့ ယုံကြည်ပါတယ်။ 

ထရန့် ။ ဒီပြဿနာကြောင့် ငါတို့နိုင်ငံကို စိတ်ဝမ်းကွဲစေတာ ၅၂ နှစ်ရှိပါပြီ။ ခုတော့ ပြည်နယ်တွေမှာ မဲဆန္ဒပြုနိုင်ပြီ ဆိုတော့ ဘာပြဿနာမှ မရှိတော့ပါဘူး။ သူမ ဟာ ကွန်ဂရက်က ဆုံးဖြတ်ရင် လက်မှတ်ထိုးမယ်လို့ပြောတယ်နော်။ သူမ ဘယ်တော့မှ မဲ ရမှာ မဟုတ်ပါဘူး။ သူက အဲ့အခြေအနေကို ဘယ်တော့မှနီးစပ်လာမှလည်းမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အထက်လွှတ်တော်ရော အောက်လွှတ်တော်မှာပါ တဖက်စီကို ၅၀ -၅၀ စီ ရှိနေလို့ပါပဲ။ ဒါကြောင့် ဒါဟာ စကားအဖြစ်ပဲ ကျန်ခဲ့မှာပါ။ သူမ စကားကို ကြည့်ပြီး ငါ ပြီးခဲ့တဲ့ဖြစ်ရပ်တခု ကို သတိရမိတယ်။ ကျောင်းသားချေးငွေတွေကို ပိုရအောင်လုပ်ပေးမယ်လို့ ပြောတဲ့အချိန်တုန်းက ကျောင်းသားတွေအတော်မျှော်လင်ခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ သူမရဲ့ ဘော့စ် (ဘိုင်ဒန် ကိုဆိုလိုသည်)၊ အမြဲတမ်းကမ်းခြေမှာ အချိန်ဖြုန်းနေတဲ့ ဘော့စ် ကလည်း ငါတို့ တခြားနည်းလမ်းအတိုင်းဆက်လုပ်မယ်လို့ပြောပြီး ထပ်ကြိုးစားတဲ့အခါ တရားရုံးချုပ်က ပယ်ချတာပါပဲ။ နောက်ဆုံးတော့ ကျောင်းသားတွေပဲ ဒုက္ခရောက်ရတာပဲ။ အဲ့ကိစ္စကလည်း ခု ကိုယ်ဝန်ဖျက်ချတဲ့အကြောင်းပြောနေတာနဲ့ အတူတူပါပဲ။ 

ABC မေး ။ မင်းရဲ့ ဒုသမ္မတလောင်း JD Vance ကလည်း ကိုယ်ဝန်ဖျက်ချတာကို ထောက်ခံတဲ့ အဆို ကို သမ္မတစားပွဲပေါ် တင်လာရင် ဗီတိုနဲ့ ပယ်ချမယ် ပြောထားတယ်မလား။

ထရမ့် ။ ဒီကိစ္စ နဲ့ ပတ်သတ်ပြီး JD နဲ့ မဆွေးနွေးထားဘူး။ ဒါက ငါပြောတာမဟုတ်ပါဘူး။ ကျောင်းသားချေးငွေကိစ္စလိုပဲ ဖြစ်မလာနိုင်တော့တဲ့အတွက် အရေးမကြီးပါဘူး။ ကွန်ဂရက်ကိုပဲ ရအောင် ဖြတ်ပါဉီး။ ကိုယ်ဝန်ဖျက်ချတဲ့ကိစ္စအပေါ်မှာ ပြည်နယ်အစိုးရတွေကလည်း ကွန်ဂရက်ကို ရှောင်ဖယ်ပြီး ဆောင်ရွက်ချင်တဲ့ကိစ္စဖြစ်ပြီး အရင်ကမလုပ်နိုင်ခဲ့တဲ့ လူတိုင်းလုပ်ချင်တဲ့ဆန္ဒကို လုပ်ဆောင်နိုင်ခဲ့တာဖြစ်တယ်။   ခု ငါတို့ဆီမှာ ကိုယ်ဝန်ဖျက်ချခြင်းကို ထောက်ခံသူ တွေရဲ့ မဲတောင် ရနေပါပြိ။ 

ABC မေး ။ ကင်မလာ အနေနဲ့ ဘာပြောချင်ပါသလဲ။ တားမြစ်ဖို့ရောရှိပါသလား။

ကင်မလာ ။ Roe v. Wade ၏ အဆိုကို ပြန်လည်အသက်သွင်းခြင်းအတွက် ထောက်ခံပါတယ်။ အမေရိကန်မှာ ကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးဟာ ဖျက်ချဖို့ ဘယ်တော့မှတောင်းဆိုမှာမဟုတ်ပါဘူး။ ထရမ့်ဟာ အမေရိကန် အမျိုးသမီးတွေကို စော်ကားတာပါပဲ။ ထရမ့်ရဲ့ ကိုယ်ဝန်ဖျက်ချမှု တားမြစ်ချက် ကြောင့် ဘာတွေဖြစ်နေလဲဆိုတာကို တချက်ကြည့်ပါ။ မိသားစု ဘဝရဖို့ မျှော်လင့်နေတဲ့ စုံတွဲတွေဟာ ဖန်ပြွန်သန္ဓေသားကုထုံး IVF treatments တွေကိုတောင် မရနိုင်တော့ပါဘူး။ အလုပ် ၁ခု/ ၂ခု လုပ်နေတဲ့ အမျိုးသမီးတွေ၊ ကလေးထိန်းခ မတက်နိုင်တဲ့ အမျိုးသမီးတွေ မှာ ကိုယ်ဝန်ဖျက်ချဖို့ကို ကိုယ်ဝန်ဖျက်ချခွင့်ပြုထားတဲ့ တခြားပြည်နယ်ကိုလည်း မသွားနိုင်တဲ့ အခက်အခဲတွေကြုံနေပါတယ်။ ကိုယ့် ခန္ဓာကိုယ် က ကိုယ်စိတ်ကြိုက်ပါ။ ဒါကြောင့်မို့လို့လည်း အနီရောင်ပြည်နယ်(ရီပတ်ဘလီကန်ထောက်ခံသည့်ပြည်နယ်) နဲ့ အပြာရောင်ပြည်နယ် (ဒီမိုကရက်ထောက်ခံသည့်ပြည်နယ်) တွေမှာ လွတ်လပ်ခွင့်အတွက် မဲပေးနေကြတာဖြစ်တယ်။

ထရမ့် ။ ဒါက အလိမ်အညာတခုပါ။ ငါဟာ ဖန်ပြွန်သန္ဓေသားကုထုံး IVF treatments ကို ထောက်ခံတဲ့ ဉီးဆောင်သူပါ။ Alabama ပြည်နယ်မှာ ဥပဒေပြုလွှတ်တော်က IVF နဲ့ပတ်သတ်တဲ့ အပျက်သဘောဆောင်တဲ့ဆုံးဖြတ်ချက်ချတဲ့အခါ ပြည်သူတွေနဲ့ ဥပဒေပြုလွှတ်တော်အကြား ၂ ရက်ကြာမဲခွဲဆုံးဖြတ်မှုမှာ ငါက ဉီးဆောင်ခဲ့ပါတယ်။ အဲ့တော့ ကိုယ်ဝန်ဖျက်ချတာကို ၈ လ ကျမှ ခွင့်ပြုမှာလား။ ၉လ လား။ ၇ လ လား။ 

ကင်မလာ ။ ဗီတိုနဲ့ ပယ်ချ/ မချ မေးခွန်းကိုဖြေပေးပါ။ 

ထရမ့် ။ ကိုယ်ဝန်ဖျက်ချခြင်း ကို ၇ လ ၊ ၈ လ၊ ၉ လ မှာ မင်းလုပ်နိုင်ပါတယ်။ (ရွဲ့၍ပြောသည်ဟုယူဆပါသည်။)

ကင်မလာ ။ မဖြစ်နိုင်တာ။

ထရမ့် ။ Virginia အုပ်ချုပ်ရေးမှုးဟောင်း ကို ကြည့်လိုက်ပါ။ Virginia အုပ်ချုပ်ရေးမှုးဟောင်းက မွေးထားတဲ့ကလေး ကို ဘေးမှာ ချထားပြီး ဘာလုပ်ချင်လဲ ဆုံးဖြတ်မယ်လို့ပြောပါတယ်။ (ရွဲ့၍ပြောသည်ဟုယူဆပါသည်။)

ABC မေး ။ ခုတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်လုံခြုံရေး ကိုဆွေးနွေးပါမယ်။ ဘိုင်ဒန်အစိုးရလက်ထက်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဟာ စံချိန်တင်မြင့်မားလာကြောင်း တွေ့ရပါတယ်။ ပြီးခဲ့သည့် ဇွန်လကမှ သမ္မတ ဘိုင်ဒင်ဟာ  ခိုလှုံခွင့်နှင့်ပတ်သတ်တဲ့ ပြင်းထန်သောကန့်သတ်ချက် အသစ်များကို ချမှတ်ခဲ့ပါသည်။ အဲ့အချိန်ကျမှ ကိန်းဂဏန်းများ သိသိသာသာကျဆင်းသွားတာကိုတွေ့ရပါတယ်။ ဒီနေ့ည မင်းကို မေးချင်တာက ဒီကန့်သတ်ချက်ထုတ်ပြန်ဖို့ကို ရွေးကောက်ပွဲ မတိုင်ခင် ခြောက်လလောက်အလိုထိ စောင့်ပြီးမှ ထုတ်ပြန်ခဲ့တာလဲ၊ ဒီအပေါ်မှာ သမ္မတ ဘိုင်ဒင်နဲ့ မတူတာ တစ်ခုခု လုပ်ခဲ့တာလား။

ကင်မလာ ။ လက်နက်မှောင်ခို၊ လူမှောင်ခို၊ မူးယစ်ဆေးဝါး စတာတွေကို တိုက်ဖျက်နေတဲ့ ပုဂ္ဂိုလ်ဟာငါပဲ ဖြစ်ပါတယ်။ နယ်စပ်လုံခြုံရေး ဥပဒေကြမ်းကိုလည်း တင်သွင်းခဲ့ပါသည်။ ဒီဥပဒေမူကြမ်းမှာ နယ်စပ်အေးဂျင့် ၁,၅၀၀ ကို ထပ်မံချထားပေးမယ့်အချက်တွေပါ ပါတယ်။ ဒါ့အပြင် ဒီဥပဒေကြမ်းမှာ မူးယစ်ဆေးဝါး fentanyl စီးဆင်းမှုကို ဟန့်တားနိုင်စေမည်ဖြစ်သည်။ ငါတို့ နိုင်ငံမှာ fentanyl ကြောင့် ဒုက္ခရောက်ခဲ့တဲ့ မိသားစုတွေလည်း ဒီနေ့ညမှာ စောင့်ကြည့်နေကြမယ်ဆိုတာ သိပါတယ်။ ဒီ ဥပဒေမူကြမ်းဟာ  လက်နက်မှောင်ခို၊ လူမှောင်ခို၊ မူးယစ်ဆေးဝါး ရောင်းဝယ်နေတဲ့ နိုင်ငံဖြတ်ကျော် ရာဇ၀တ်အဖွဲ့အစည်းများကို အရေးယူနိုင်ဖို့ အခွင့်အလမ်းတွေရလာမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဥပဒေကြမ်း ဘာဖြစ်သွားလဲ ဆိုတာသိလား။ Donald Trump က ကွန်ဂရက်လွှတ်တော်က လူတချို့ကို ဖုန်းဆက်ပြီး ဒီဥပဒေကြမ်းကို မထောက်ခံဖို့ ပြောခဲ့ပါတယ်။ ဘာလို့လဲ။ ဘာလို့လဲဆိုတော့ သူက ပြဿနာတွေကို ဖြေရှင်းရမယ့်အစား အဲ့ပြဿနာတွေ ရှိနေတာကို သဘောကျနေလို့ပါပဲ။ ပြည်သူတွေအနေနဲ့လည်း ပြဿနာတွေကို အမှန်တကယ်ဖြေရှင်းပေးမယ့် အဖြေရှာနိုင်တဲ့ ခေါင်းဆောင်တစ်ယောက် လိုအပ်နေတယ်ဆိုတာ နားလည်ပါ။ Donald Trump ရဲ့ လူထုစည်းဝေးပွဲတွေထဲက တစ်ခုကို တက်ကြည့်လိုက်ပါ။ သူ့ စုဝေးပွဲတွေမှာ Hannibal Lecter ကဲ့သို့ စိတ်ကူးယဉ်ဇာတ်ကောင်များအကြောင်းပဲ  တွေ့ရပါမယ်။ ပြီးရင် ကင်ဆာဖြစ်စေသော လေရဟတ်များအကြောင်း ပြောပြပါလိမ့်မယ်။ လူတွေက ပျင်းရိ၊ ပင်ပန်းနွမ်းနယ်ပြီး စောစောစီးစီးထွက်သွားတော့တာပါပဲ။ မင်းရဲ့လိုအပ်ချက်တွေ၊ မင်းအိပ်မက်တွေ၊ မင်းရဲ့ဆန္ဒတွေအကြောင်း သူပြောနေတာကို မင်းကြားရမှာမဟုတ်ဘူး။ ဒါ့ကြောင့် မင်းတို့ကို တကယ်ဦးစားပေးတဲ့ သမ္မတတစ်ယောက်နဲ့ မင်းတို့ ထိုက်တန်တယ်လို့ ငါယုံကြည်ပါတယ်။

ABC မေး ။ ထရမ့် ကဘာလို့ ဥပဒေကြမ်းကို မထောက်ခံရတာလဲ။ 

ထရမ့် ။  အဲ့တာမပြောခင် ငါ့စုဝေးပွဲတွေ အကြောင်းကို အရင်ဆုံးပြောပြရစေ။ လူတွေက ထွက်သွားတယ်လို့ သူမက ပြောတယ်။ လူတွေက ဆန္ဒရှိရှိထွက်သွားချင်တာမဟုတ်ဘူး။ ထွက်သွားတဲ့လူတွေဆိုတာလည်း သူမက ဘက်စ်ကားကြီးထိုး၊ ငွေပေးပြီး ငါ့စုဝေးပွဲကနေ ထွက်ခွာအောင်လုပ်နေတာပဲ။ ပြီးတဲ့အခါ အဲ့လူတွေက သူတို့ကို ထောက်ခံပါတယ်လုပ်တယ်။ ငါ့ရဲ့ စုဝေးပွဲတွေက နိုင်ငံရေးသမိုင်းမှာ အကြီးမားဆုံး လူထုစုဝေးပွဲတွေဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေက ကိုယ့်နိုင်ငံကို ပြန်လိုချင်လို့။ ငါတို့နိုင်ငံက လမ်းပျောက်နေတယ်။ ငါတို့က ကျရှုံးနိုင်ငံဖြစ်နေပြီ။ ဒါကလည်း လွန်ခဲ့တဲ့ သုံးနှစ်ခွဲလောက်ကမှ စဖြစ်ခဲ့တာပါ။ သန်းချီတဲ့ ခိုးဝင်တွေကို ဝင်လာလို့ ငါတို့ အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းက မြို့တွေမှာ ဘာတွေဖြစ်နေလဲဆိုတာကို ကြည့်ပါ။ ဒါဟာ Aurora တို့ Springfield တို့မှာ ပဲ ဖြစ်နေတာမဟုတ်ဘူး။ မြို့အတော်များများမှာ ဖြစ်နေတာ။ မြို့ခံတွေက ရှက်လွန်းလို့ မပြောချင်ကြဘူး။ Springfield မှာဆိုရင် ခိုးဝင်တွေက ခွေးသား ကိုပါ စားနေကြတာ။ ကြောင်တွေကို စားတယ်။ အိမ်မွေးတိရစ္ဆာန်တွေကို စားတယ်။ ဒါက ငါတို့နိုင်ငံမှာ ဖြစ်ပျက်နေတာ။ ရှက်စရာကြီးပဲ။ သူမ သာ သမ္မတ ဆက်ဖြစ်မယ်ဆိုရင် ငါတို့ဟာ စတီးရိုက်ဖြစ်နေတဲ့ ဗင်နီဇွဲလားနိုင်ငံ ဖြစ်သွားမယ်။ (ပြန်၍မကောင်းနိုင်တော့သော ပျက်စီးမှု ဖြစ်နေသည့် ငတ်ပြတ်၍ ရာဇဝတ်မှု ထူပြောသောနိုင်ငံ) 

ABC မေး ။ Springfield မှာ ခိုးဝင်တွေက အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရစေခြင်း၊ သို့မဟုတ် ညှင်းပန်းနှိပ်စက်ခြင်းဆိုင်ရာ ခိုင်လုံသော အစီရင်ခံစာများ မရှိကြောင်း ငါတို့ ABC သတင်းဌာန ရဲ့  မန်နေဂျာက ပြောပါတယ်။ 

ထရမ့် ။ ငါက လူတွေ ရုပ်သံကနေ ပြောနေတာကို တွေ့ပါတယ်။

ABC မေး ။ ငါက ရုပ်သံအစီအစဉ်က ဟာတွေကို လက်သင့်မခံပါဘူး။ မန်နေဂျာ ပြောတာကို ပဲ လက်ခံပါတယ်။ 

ထရမ့် ။ ဒါပေမယ့် လူတွေက ရုပ်သံကနေ ပြောနေကြတယ်လေ။

ABC မေး ။ ထပ်ပြောပါမယ်။ ငါတို့ မန်နေဂျာ က အိမ်မွေးတိရစ္ဆာန်တွေကို စားတာနဲ့ပတ်သတ်ပြီး သက်သေမရှိဘူးလို့ပြောပါတယ်။

ထရမ့် ။ ဒါဆိုရင် ငါတို့ ၂ယောက်လုံး အဖြေရှာဖို့လိုတာပေါ့။ (အမှန်သိဖို့လိုနေပြီ)

ကင်မလာ ။  ထရမ့် ရဲ့ အစွန်းရောက်မှု နဲ့ပတ်သတ်ပြီး သမ္မတဟောင်း Bush၊ Mitt Romney၊ John McCain တို့နဲ့ အလုပ်တွဲလုပ်ခဲ့တဲ့ ရီပတ်ဘလီကန် ၂၀၀ ရဲ့ ထောက်ခံချက် တွေအပြင် သူနဲ့ တွဲပြီး အလုပ်လုပ်ဖူးတဲ့လူတွေကို မေးကြည့်ပါ။ သူနဲ့ တွဲအလုပ်လုပ်ဖူးတဲ့  ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သူပြောတာက ထရမ့်ဟာ ခြေဥ ကို ရှုတ်ချကြောင်းပြောခဲ့တယ်လို့ဆိုပါတယ်။ သူ့ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးဟောင်းကလည်း ထရမ့်ဟာ အန္တရာယ်ရှိပြီး သမ္မတရာထူးအတွက် သင့်လျော်မှုမရှိလို့ ပြောကြားဖူးပါတယ်။ သူ့ရဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းက လည်း ထရမ့်သာ သမ္မတထပ်ဖြစ်ရင် နိုင်ငံကတော့ ရှင်သန်တော့မှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ဒါတွေကို နားထောင်ကြည့်ခြင်းဖြင့် ဒီရွေးကောက်ပွဲမှာ ပြည်သူတွေ အနေနဲ့ ဘာကိုရွေးချယ်ရမလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိပြီလို့ ကျွန်မ ထင်ပါတယ်။

ထရမ့် ။ ခုလိုမျိုး ငါမကြားဖူးတဲ့ ငါ့ရဲ့မဟုတ်တဲ့အခြေအနေကို ကြားလိုက်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလူတွေကို ငါအလုပ်ထုတ်ခဲ့တာပါ။ ဒီလူတွေဟာ မကောင်းတာတွေကိုလုပ်ခဲ့ပါတယ်။ အာဖဂန် မှာ အမေရိကန် ၁၃ ဉီး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဘယ်သူ့ကိုမှ ထုတ်ပယ်ခြင်းမရှိတဲ့အတွက်ပါ။ အရည်အချင်းမပြည့်မီဆုံး ဗိုလ်ချုပ်တွေ၊ ထိပ်တန်း ပုဂ္ဂိုလ်တွေအားလုံးကို ရာထူးကနေ ထုတ်ပစ်သင့်တယ်။ အလုပ်သေချာမလုပ်ရင် ထုတ်ပစ်မှာပဲ။ တွေဝေ နေရင်ထုတ်ပစ်မှာပဲ။ ပြီးရင် ငါ့မကောင်းကြောင်းကို သူတို့တွေ စာအုပ်ထုတ်မယ်။ စာရေးမယ်။ သူတို့မှာ အဲ့တာကလွဲပြီး ဘာမှမလုပ်နိုင်လို့ပဲ။ ဒီမိုကရက်တွေကျတော့ ဒီလောက်စီးပွားရေးကျနေတာတောင် စီးပွားရေးပညာရှင် တယောက်မှကိုမထုတ်ပယ်ဘူး။ ဒါမှလည်း သူတို့အကြောင်းကိုအဲ့လူတွေက စာအုပ်မရေးမှာလေ။ အပြီးသတ်ပြောရရင် ငါက ရီပတ်ဘလီကန် သမ္မတလောင်းထဲမှာ မဲအများဆုံးရတဲ့သူ၊ သမ္မတတိုင်းထက် မဲပိုရတဲ့သူပဲ။ 

ABC မေး ။ ကင်မလာ မထောက်ခံတဲ့ မင်းရဲ့ ပြည်နှင်ဒဏ်ပေးမယ့်အဆိုကို လေ့လာရအောင်။ မင်းက အမျိုးသားအစောင့်တပ်ကိုတောင်သုံးပြီးတော့ ပြည်ပမှ ဝင်ရောက်သူတွေကို နှင်ထုတ်မယ်လို့ပြောတယ်။ လိုအပ်ရင် အမေရိကန်စစ်တပ်ကိုပါ သုံးမယ်ဆိုတဲ့ ကိစ္စလေ။

ထရမ့် ။ ပြည်နယ် ရဲ ကိုပဲ အသုံးပြုမှာပါ။

ABC မေး ။ လူ ၁၁ သန်းကျော်လောက်ရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဘယ်လိုပြန်ပို့မှာလဲ။ တစ်အိမ်တက်တစ်ဆင်း ဆောင်ရွက်မှာလား။

ထရမ့် ။ မှန်တယ်။ ရာဇဝတ်ကောင်တွေကို ခွင့်မပြုဘူး။ ဘိုင်ဒန်အစိုးရကသာ အကြမ်းဖက်သမားတွေကို ခွင့်ပြုတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို ခွင့်ပြုတယ်။ သူတို့လာခဲ့တဲ့ ဗင်နီဇွဲလား လို နိုင်ငံကို ဘယ်တော့မှ သူတို့မပြန်တော့ဘူး။ ဗင်နီဇွဲလား နဲ့ ကမ္ဘာပေါ်က နိုင်ငံအချို့မှာ ရာဇဝတ်မှုတွေ ဘာကြောင့် လျော့နည်းသွားလဲဆိုတာ မင်းတို့သိလား။ ဘာလို့လဲဆိုတော့ ငါတို့နိုင်ငံထဲကို အဲ့လူတွေဝင်လာလို့။ ဘိုင်ဒန်တို့က မဲရတော့မယ်ထင်လို့ လုပ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် လုံးဝ မတန်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ လုပ်တဲ့ လုပ်ရပ်က ငါတို့ တိုင်းပြည် ရဲ့ စည်းလုံးမှုကို ဖျက်ဆီး နေတာ။ ခုငါတို့မှာ ခိုးဝင်ပြစ်မှု လို့ခေါ်တဲ့ ခိုးဝင်တွေပဲ သီးသန့်ကျူးလွန်တဲ့ ပြစ်မှုဆိုပြီး ခေါ်ရတဲ့ ပြစ်မှုအသစ်မျိုးတောင် ဖြစ်နေပြီ။

ABC မေး ။ FBI ကတော့ ဒီနိုင်ငံမှာ အကြမ်းဖက် ရာဇ၀တ်မှုတွေ ကြီးကြီးမားမား ကျဆင်းလာတယ်လို့ ပြောနေတယ် ထရမ့်ရေ။ 

ထရမ့် ။ ငါ့ကိုယုံလိုက်၊ FBI က အလိမ်အညာ ရှင်းလင်းချက်တွေထုတ်နေတာ။ လူ ၈သိန်း၁သောင်း၈ထောင် လောက်ရှိတဲ့ FBI ဟာ လိမ်ညာမှုပဲဖန်တီးနေတာ။

ကင်မလာ ။ ဒါကတော့ တော်တော်တရားလွန်ပါတယ်။ အမျိုးသားလုံခြုံရေးဆိုင်ရာပြစ်မှု၊ စီးပွားရေးရာဇ၀တ်မှု၊ ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ အတွက် တရားစွဲခံထားတဲ့ တယောက်က ကိုယ်က ဘယ်အနေအထားမှာ နေ နေရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိသင့်ပါတယ်။ ငါတို့ဟာ ဖန်တရာတေနေတဲ့ စကားလုံးတွေကို ထားခဲ့ပြီး အမေရိကန်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့အရေးကြီးပါတယ်။ အမေရိကန်ပြည်သူတွေ အတွက် အိမ်ရာမလုံလောက်မှု၊  အသေးစားစီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီဖို့၊ ကုန်ဈေးနှုန်းကျဖို့ ဒါတွေကိုဖြေရှင်းရပါမယ်။

ထရမ့် ။ ငါ့ကို တရားစွဲဆိုတယ်ဆိုတာ နိုင်ငံရေးပြိုင်ဘက်ကို နှိပ်ကွပ်ချင်လို့ လုပ်နေကြတာဖြစ်တယ်။ တရားစွဲဆိုမှုအများစုမှာ ငါက အနိုင်ရခဲ့ပြီး ကျန်တဲ့ အမှုတွေမှာလည်း ငါအနိုင်ရမှာဖြစ်တယ်။ မကြာသေးမီက တရားရုံးချုပ်မှ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို မင်းတို့လည်းမြင်တာပဲလေ။ ဒါကို လက်နက်သုံးခြင်းလို့ ခေါ်တယ်။ ငါ့ကို တိုက်ခိုက်ဖို့ လက်နက်သုံးတာပဲ။ အမှုအခင်းဖြစ်တိုင်း အိုး…ထရမ့်က ရာဇ၀တ်သားပဲ ဆိုပြီး ငါ့နောက်ကို ရာဇဝတ်မှုတွေ လိုက်အောင်လုပ်နေတဲ့သူတွေပဲ။ စကားမစပ်၊ ဂျိုးဘိုင်ဒင်ကို စာရွက်စာတမ်းကိစ္စနှင့် ပတ်သက်၍ အပြစ်ရှိကြောင်း တွေ့ခဲ့တယ်ဆို။ ငါ့တုန်းက အဲ့လို အမှုမှာ ဘာဖြစ်သွားတာလဲ။ ငါ့ကို တရားစွဲဆိုတယ်ဆိုတာ ရွေးကောက်ပွဲမှာ သူတို့ အနိုင်ရဖို့ အသုံးချခဲ့ကြတာဖြစ်တယ်။

ABC မေး ။ ကင်မလာ အနေနဲ့ ထရမ့်ပြောတဲ့ လက်နက်သုံးတယ် ဆိုတဲ့ ကိစ္စကို ပြောပါဉီး။ 

 ကင်မလာ ။ ထရမ့် သမ္မတ အဖြစ် ထပ်ပြီးအရွေးခံရမယ်ဆိုရင် အကျင့်ပျက်ခြစားမှုမှ ကင်းစင်သွားမည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်က မကြာသေးမီက ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရပ်စဲမယ်လို့ ပြောထားသူတဉီးပါ။ သူသာလျှင် တရားရေးဌာန ကို လက်နက်လို ကိုင်သုံးမယ့်သူဖြစ်ပါတယ်။ သူ့ကို တားဖို့က အမေရိကန်ပြည်သူတွေ အပေါ်မှာ မူတည်တယ်။

ထရမ့် ။ လက်နက်ကိုင်စွဲထားတာ သူတို့ပါ။ ငါ မဟုတ်ပါဘူး။ ငါက ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှု ဖြစ်တယ် ဆိုပြီးပြောတယ်။ ရုရှားနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ဆေးကြတယ်။ ခုရော အဲ့စစ်ဆေးမှုက ဘယ်မှာလဲ။ 

ABC မေး ။ ကင်မလာ အနေနဲ့ ရွေးကောက်ပွဲကို ဝင်တယ်ဆိုတာ ဖရိုဖရဲဖြစ်တာကိုတားမြစ်ချင်လို့ဆိုပြီး ပြောခဲ့ပါတယ်။ fracking ပြုလုပ်ခြင်းကို ပိတ်ပင်မယ်ပြောတယ်။ ခုကျတော့ ဒေသန္တရ အစိုးရတွေ ရဲ့ လက်နက်ဝယ်ယူမယ့်အစီအစဉ်လုပ်မယ်ပြောတယ်။ နယ်စပ်ဖြတ်ကျော်သူများကို ခွဲခြားဆက်ဆံခြင်း ကို ထောက်ခံတယ်။ မင်းက မပြောင်းလဲဘူး သာ ပြောနေတာ ဘာလို့ မင်းရဲ့  ရပ်တည်ချက် တော်တော်များများက ဘာလို့ ပြောင်းသွားတာလဲ။ (fracking ဆိုသည်မှာ ကျောက်လွှာများထဲသို့ ဓါတုရည် ထိုးသွင်း၍ ရေနံများ၊ သဘာဝဓါတ်ငွေ့များ ပိုမိုထွက်ရှိအောင် ကျောက်လွှာများကို ချိုးဖဲ့၍ လမ်းကြောင်းချဲ့ခြင်းဖြစ်ပြီး ထိုလုပ်ရပ်ကြောင့် ငလျင်များ၊ မြေကျွံကျမှုများဖြစ်နိုင်သည်။)

ကင်မလာ ။ ငါ့ရပ်တည်ချက်က မပြောင်းလဲပါဘူး။ ဒါပေမယ့် fracking ပြုလုပ်ခြင်းကို ခွင့်ပြုမှာဖြစ်တယ် ဘာလို့လဲဆိုတော့ နိုင်ငံခြားရေနံအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့ပါပဲ။ ငါဟာ ဆယ်ကျော်သက်အရွယ်လေးနဲ့ အိမ်ဝယ်နိုင်ခဲ့တဲ့ လူလတ်တန်းစားမိခင် ၁ ဉီးရဲ့ ကလေးတယောက်အဖြစ် ကြီးပြင်းခဲ့တာပါ။ ငါက ထရမ့်လို အိမ်ပိုင်ဆိုင်ခြင်းရဲ့ အရေးပါမှုကို မသိဘဲ အိမ်ပိုင်ချင်သူတွေရဲ့ သန်း ၄၀၀ကို ယူပြီး ၆ ကြိမ်တိုင်တိုင် ဒေဝါလီခံလိုက်သူမဟုတ်ပါဘူး။ ငါ့ရဲ့ ပထမသက်တမ်းမှာ အိမ်ရာ ၃ သန်း တိုးလာဖို့ ပုဂ္ဂလိကအိမ်ဆောက်သူတွေနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ငါ့ရဲ့ အာရုံစိုက်မှုဟာ အမျိုးသမီးတွေနဲ့ ကလေးတွေကို အကြမ်းဖက်ရာဇ၀တ်မှုကနေ ကာကွယ်ဖို့ ဖြစ်တယ်။ လူမှုဖူလုံရေး နှင့် Medicare တို့နဲ ပတ်သတ်တာတွေကိုတော့ ငါ ကာလကြာရှည် လုပ်ဆောင်ခဲ့သော အလုပ်တွေကို ကြည့်တာနဲ့သိနိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေကို လိမ်လည်လှည့်ဖျားခံရခြင်းမှ ကာကွယ်မှာဖြစ်တယ်။ စစ်မှန်တဲ့ခေါင်းဆောင်ဆိုတာ လူတွေကိုနှိမ့်ချတာမဟုတ်ဘဲ မြှင့်တင်တာသာဖြစ်တယ်။ ငါက ဒီလိုသမ္မတဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။

ထရမ့် ။ ငါ သန်း ၄၀၀ မရပါဘူး။ ငါ့ အဖေက ဘရွတ်ကလင်းက ဆောက်လုပ်ရေးသမား။ အမေက ဘရွတ်ကလင်းက ဘုရင်မ။ ငါ့အဖေဆီကနေ အများကြီးသင်ယူခဲ့ပြီး ငါ ဒေါ်လာ ဘီလျံချီတဲ့ အိမ်တွေအများကြီး ဆောက်ခဲ့ပါတယ်။ လူတွေတောင် အံ့ဩကြပါတယ်။ Fracking နဲ့ ပတ်သတ်ပြီး ကင်မလာ က ၁၂ နှစ် တိတိ ဆန့်ကျင်ခဲ့ပါတယ်။ ရဲတွေကို ထောက်ပံ့ကြေးလျှော့ဖို့ လုပ်တုန်းကလည်း ကင်မလာက ဆန့်ကျင်ပါသေးတယ်။ ခုကျတော့ ရဲတွေကို ထောက်ပံ့ကြေးအကြီးမားဆုံး လျှော့ချနေပါတယ်။ သူ့မူဝါဒ ထဲက ၁၂ ချက်၊ ၁၄ ၊ ၁၅ ချက်လောက်ကို စွန့်လွှတ်ခဲ့ပါတယ်။ 

ကင်မလာ ။ အဲ့တာ မဟုတ်ဘူး။ မညာပါနဲ့။ 

ထရမ့် ။ Minnesota ကို မှတ်မိသေးလား။ ရဲတွေကို ထောက်ပံ့ကြေး လျှော့ချပြီး မင်းထွက်သွားတယ်လေ။ အဲ့ လူသတ်သမားတွေက လူသတ် မီးရှို့ပြီး ထောင်ကျတော့ အဲ့လူတွေ ထောင်ကလွတ်အောင် မင်းက ပိုက်ဆံတောင် စုဆောင်းသေးတယ်မလား။ ခုလည်း ထောင်ထဲမှာ ကျနေတဲ့ ဂြိုလ်သားတွေ (ခိုးဝင်) တွေကို လိင်ပြောင်းလဲဖို့ အတွက်ကြိုးစားပေးနေတယ်လေ။ မင်းက လက်ဝဲစွန်းရောက်လွန်းနေပြီ။ လစ်ဘရယ်အရမ်းဆန်နေပြီ။ သူမ က ရဲတွေရဲ့ သေနတ်တွေကို သိမ်းချင်နေတာဖြစ်ပြီးတော့ Pennsylvania မှာလည်း ဘယ်တော့မှ fracking ကို ခွင့်ပြုမှာ မဟုတ်ဘူး။ သူမ ဒီနေ့ ရွေးကောက်ပွဲနိုင်တာနဲ့ Pennsylvania မှာ fracking လုပ်ခွင့် ပိတ်သွားမှာပဲ။ ရေနံတူးသမားတွေကလည်း ရေနံလုပ်ငန်းကို လုပ်ချင်ကြတယ်။ ခုကျတော့ ရေနံလုပ်ငန်းတွေကို သိမ်းတယ်။ စင်တွေကို ဖြုတ်တယ်။ ခု ရေနံဈေးတွေ ဂက်စ်ဈေးတွေ တက်နေတာကြည့်လေ။ ဒါကြောင့် ငါက ပြန်တူးဖို့ ကိုပြောတာပဲ။ ငါက လေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင် ကို ပြန်သွားမှာပါ။ ငါက နေရောင်ခြည်စွမ်းအင်ကို အမာခံထောက်ခံသူပါ။ ဒါပေမယ့် သူတို့က ဧက ၄၀၀၊ ၅၀၀ ပေါ်မှာ နေရာယူတယ်။ အဲ့လို နေရာယူတာဟာလည်း ပတ်ဝန်းကျင်အတွက် ကောင်းတဲ့အရာမဟုတ်ဘူးဆိုတာ ကင်မလာ သိပါတယ်။ 

ABC မေး ။ ရွေးကောက်ပွဲအတွက် ၅၆ ရက်ပဲ ကျန်ပါတော့တယ်။ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးအကြောင်း ပြောချင်ပါတယ်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ မင်းရဲ့ ထောက်ခံသူတွေက Capitol ကိုချီတက်ခဲ့တာရှိတယ်။ မင်းက ထောက်ခံသူများကို အိမ်ပြန်ရန် ပြောတဲ့ ဗီဒီယိုဟာ ဖြစ်စဉ်ဖြစ်ပြီး ၂ နာရီကျော်ကြာမှ Twitter ပေါ်ရောက်ခဲ့ပါတယ်။ အဲဒီနေ့မှာ မင်းလုပ်ခဲ့တဲ့အတွက် နောင်တရစရာ တစ်ခုခုရှိလား။ 

ထရမ့် ။ အဲ့နေ့က ချီတက်ပွဲမှာ တားဆီသူတွေ ဘက်က ဘယ်သူများထိခိုက်ဒဏ်ရာရလဲ။ မျိုးချစ်စိတ်နဲ့ ချီတက်သူတွေထဲက Ashli Babbitt ဆိုတဲ့ အမျိုးသမီးကတော့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ်။ ဒါပေမယ့် ချီတက်သူတွေက လက်တုံ့မပြန်ခဲ့ဘူး။ ငါမေးမယ်၊ ငါတို့တိုင်းပြည်ထဲ ဝင်လာပြီး လူသတ်နေကြတဲ့လူတွေကိုကျတော့ ရဲတပ်ဖွဲ့က ဘာလို့မပစ်တာလဲ။ ကင်မလာက နယ်ခြားစောင့် ဇာဘုရင် ပဲ။ (ဇာဘုရင်သည် ရုရှားနိုင်ငံကို ဖျက်ဆီးသည့်ဘုရင် ဟူသော ဗန်းစကားဖြစ်သည်။) အဲ့ခိုးဝင်တွေကို ဘာလုပ်မှာလဲ။ အဲဒီလူတွေကို ဘယ်အချိန်မှာ တရားစွဲမလဲ။ Minneapolis ကို မီးရှို့ခဲ့တဲ့ လူတွေကို ဘယ်အချိန်မှာ တရားစွဲခံရမှာလဲ။ Seattle မြို့ကို အုပ်စိုးနေတဲ့ အဲ့လူတွေကို ဘယ်တော့ တရားစွဲမလဲ။ အဲ့တာကို ကင်မလာ ကိုမေးလိုက်ပါ။

ABC မေး ။ အဲဒီနေ့မှာ မင်းလုပ်ခဲ့တဲ့အတွက် နောင်တရလား မရဘူးလားပဲ ဖြေပေးပါ။ 

ထရမ့် ။ အဲ့နေ့က ချီတက်လာသူတွေဟာ ငါမိန့်ခွန်းကို နားထောင်ဖို့ လာတဲ့သူတွေဖြစ်တယ်။ ငါ Nancy Pelosi နဲ့ Washington, D.C. မြို့တော်ဝန်ဆီသွားပြီး မင်းတို့သိတဲ့အတိုင်း စာရေးပေးခဲ့တယ်။ သူတို့လုံခြုံရေး အတွက် စစ်သား ၁သောင်းပေးမယ်လို့ ငါပြောခဲ့တယ်။ သူတို့က ငြင်းပယ်တယ်။ Nancy Pelosi က ငြင်းပယ်ခဲ့တယ်။ Nancy Pelosi သမီးကိုယ်တိုင် သူ့အမေ မှာ တာဝန်ရှိတယ် ဆိုပြီး ပြောထားတဲ့ ရုပ်သံတခု ရှိတယ်။ အဲ့ရုပ်သံကို Nancy Pelosi နှင့် Washington မြို့တော်ဝန်တို့က ဖျောက်ဖျက်ချင်ကြတယ်။ Nancy Pelosi က တာဝန်ရှိသူပါ။

ကင်မလာ ။ ဇန်န၀ါရီလ ၆ ရက်နေ့ ကက်ပီတိုလ်မှာ ကျွန်မ ရောက်နေခဲ့ပါတယ်။ ကျွန်တော်က ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံထားရပါတယ်။ အဲဒီနေ့မှာပဲ ဥပဒေအရာရှိ ၁၄၀ ဒဏ်ရာရခဲ့ပါတယ်။ အချို့လည်း သေကုန်၏။ ဒီအတွက်ကြောင့်လည်း ထရမ့်ကို စွဲချက်တင်ခဲ့ပါတယ်။ အဲ့နေ့က ထရမ့်က ဂုဏ်ယူရတဲ့ လူငယ်တို့ရေ နောက်ကို ပြန်ဆုတ်၍ အသင့်နေပါ လို့ ပြောခဲ့ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးကို ပြန်မသွားချင်ပါဘူး။ ဒီလိုပရမ်းပတာမှုတွေကို အဆုံးသတ်ရပါမယ်။ ဒီရွေးကောက်ပွဲရဲ့ ရလဒ်က သူ့ဖြစ်ချင်သလို မဖြစ်လာဘူးဆိုရင် ဒီရွေးကောက်ပွဲမှာ သွေးထွက်သံယိုဖြစ်လိမ့်မယ်လို့ သမ္မတလောင်း Donald Trump က ပြောခဲ့ပြီးပါပြီ။ အတိတ်ကို နောက်ပြန်မဆုတ်ဘဲ အနာဂတ်အတွက် လမ်းကြောင်းကို ဇယားဆွဲကြပါစို့။ 

ထရမ့် ။ ငါကတော့ အဲ့တာကို သွေးကန်ထဲမှာ ဇိမ်နဲ့ ရေစိမ်ချိုးတဲ့ အလုပ်မျိုးလို့ ဆိုချင်ပါတယ်။ (အာဏာရဖို့ ချနင်းသည်ဟုဆိုလိုသည်။) Laura Ingraham၊ Sean Hannity၊ Jesse - ဒီလူတွေအားလုံးက အဲဒါကို ဖုံးကွယ်ထားကြတယ်။ ခုချိန်ထိ Capitol ကိစ္စကို ပြောနေကြဆဲပါ။ ဘာကြောင့် ဒီသန်းချီတဲ့လူတွေကို တောင်ပိုင်းနယ်စပ်ကို ဖြတ်လာခွင့် ပေးတာလဲ။ ငါတို့နှစ်ယောက်လုံး ဒီစကားစစ်ထိုးပွဲကို အခုချက်ချင်း ထွက်သွားတော့မယ်လို့ ငါပြောမယ်၊ ဒီစကားစစ်ထိုးပွဲမှာ ငါတို့ အချိန်အများကြီးကုန်နေလို့ ။ သူမ ဟာ စိတ်ပျက်စရာကောင်းပါတယ်။ သူမကို ခုချက်ချင်း ဝါရှင်တန်ဒီစီကိုသွားခိုင်းပြီး နယ်စပ်ကိုပိတ်ဖို့ ဥပဒေကြမ်းကို လက်မှတ်ထိုးခိုင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ လုပ်ပိုင်ခွင့်ရှိတယ်။ အဲ့လို နယ်စပ်ကို ပိတ်ဖို့ အတွက် ဥပဒေကြမ်း မလိုပါဘူး။ အိပ်နေတဲ့ သမ္မတကိုနှိုးလိုက်ပါ။ ပြီးရင် ရုံးကို သွားပြီး လက်မှတ်ထိုးရအောင်လို့ ပြောလိုက်ပါ။ အဲဒီလိုလုပ်လိုက်ရင်ကို နယ်စပ်က ပိတ်ပါတယ်။

ABC မေး ။ ထရမ့်ရေ မင်းကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးပြီး ၃ နှစ်ခွဲကြာတာတောင် အဲ့ရွေးကောက်ပွဲမှာ မင်းအနိုင်ရတယ်လို့ ထပ်ခါတလဲလဲ ဘာလို့ပြောနေတာလဲ။ ပြီးခဲတဲ့ သတင်းပတ်တွေမှာတော့ မင်းက မဲ အနည်းငယ်နဲ ပဲရှုံးခဲ့တယ်လို့ ပြောပြန်တယ်။ ခုတော့ ၂၀၂၀ မှာ ကျရှုံးခဲ့တာကို လက်ခံပြီလား။ 

ထရမ့် ။ လက်မခံပါဘူး။ အဲ့တာရွဲ့ပြီး ပြောတာ။ (That was said sarcastically.) သက်သေတွေအများကြီးရှိတယ်။ မင်းလုပ်ရမှာက အဲဒါကိုကြည့်။ အဲဒါကို လွှတ်တော်တွေဆီ ပြန်ပို့ပြီး အတည်ပြုရမယ်။ ငါထောက်ခံမဲ ၇၅ သန်းနီးပါး ရခဲ့တယ်။ ရွေးကောက်ပွဲဆိုတာ မသမာတဲ့ ရွေးကောက်ပွဲလို့ ပြည်သူတွေကို မတွေးစေသင့်ဘူး၊ ငါတို့ရဲ့ ရွေးကောက်ပွဲတွေက မကောင်းဘူး။ ဘိုင်ဒန်တို့က ဒီတရားမဝင် ရွှေ့ပြောင်းနေထိုင်သူ အများအပြားက သူတို့ကို မဲပေးအောင် ကြိုးပမ်းနေကြတာပါ။ အင်္ဂလိပ်လိုတောင် မပြောတတ်ကြပါဘူး။ လက်တွေ့မှာ ဘယ်နိုင်ငံရောက်နေမှန်းတောင် မသိပါဘူး။ ဒါကြောင့်မို့လို့ သူတို့က ငါတို့နိုင်ငံထဲကို လာခွင့်ပေးတာ။

ABC မေး ။ ငါ အဲ့ဒီ ဗီဒီယိုအပိုင်းတွေအားလုံးကို ကြည့်ဖူးတယ်။ မဲ့ နည်းနည်းလေးနဲ့ ကပ်ရှုံးသွားတယ်ဆိုတာ မတွေ့မိပါဘူး၊ အဲဒါကို ရှင်းရှင်းလေးပဲ ထောက်ပြသင့်ပါတယ်၊ မင်းနဲ့ မင်းအပေါင်းအပါတွေဟာ တရားသူကြီးတွေ ရှေ့မှာ အမှုပေါင်း ၆၀ ရှိပါတယ်။ တရားသူကြီးတွေကလည်း မဲမသမာမှုမရှိပါဘူး လို့ဆိုပါတယ်။

ထရမ့် ။ ဘယ်တရားသူကြီးမှ မကြည့်ကြဘူး။ တရားသူကြီးတွေက ဘက်လိုက်မှု မရှိဘူးလို့  သူတို့ကိုယ်သူတို့ပြောပါတယ်။  ရွေးကောက်ပွဲကရော ဂုဏ်သိက္ခာမရှိဘူးလား။ သမ္မတ ၁ ယောက်ကရော ဩဇာအာဏာ မရှိတော့ဘူးလား။ ဒါကြောင့် ငါတို့ ရှုံးတယ်။ မင်းကို Georgia ပြမယ်။ Wisconsin ပြမယ်။ Pennsylvania ပြမယ်။ ငါမှာ အချက်အလက်တွေ နဲ့ စာရင်းဇယားတွေ အများကြီးရှိတယ်။ ဒါပေမယ့် မင်းသိလား? အဲဒါက အရေးမကြီးတော့ဘူး။ ဒါ သတင်းဟောင်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခုဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းရမယ်။ ငါတို့တိုင်းပြည်က နိမ့်ကျပြီး သေလုမျောပါးဖြစ်နေပြိ။ 

ကင်မလာ ။ ထရမ့်က လူ ၈၁ သန်းကို အလုပ်လက်မဲ့ဖြစ်အောင်လုပ်ခဲ့ပါတယ်။ ငါ ဒုတိယသမ္မတ အနေနဲ့ အခြားနိုင်ငံတွေကို ခရီးသွားတဲ့အခါ အခြားနိုင်ငံကခေါင်းဆောင်တွေက ထရမ့်ကို ရယ်သွမ်းကြပါတယ်။ သူနဲံတွဲလုပ်ဖူးတဲ့ အမေရိကန်စစ်ဗိုလ်ချုပ်တွေဆိုရင် သူ့အကြောင်းကို ရှက်ဖွယ်လိလိ ကို ပြောပြတာပါ။ မင်းရဲ့ ခံယူချက် နဲ အမှန်တရားနဲ့ကို မရောထွေးပါနဲ့။ (အရှုံးကိုလက်ခံပါ) အမေရိကန်လူမျိုးတွေဟာ မင်းထက်ကောင်းတဲ့ သမ္မတနဲ့ထိုက်တန်ပါတယ်။

ထရမ့် ။ ကမ္ဘာခေါင်းဆောင်တွေဆိုလို့ ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban အကြောင်းပြောရဉီးမယ်။ သူက မာကျောသန်မာတဲ့သူပဲ။ လွန်ခဲ့တဲ့ ၃နှစ်ခွဲက သူက ဒီလိုမဟုတ်ဘူး။ ခုမှ ဘာလို့ လက်ယာယိမ်း မာကျောလာတာလဲ။ သူအမြဲပြောတဲ့စကားရှိတယ်။ ထရမ့် သမ္မတ ပြန်ဖြစ်ဖို့လိုတယ်။ သူ့ကို တရုတ်ကကြောက်တယ်။ မြောက်ကိုရီးယားကကြောက်တယ်။ ရုရှားကကြောက်တယ်။ ရုရှားကနေ ဂျာမဏီ ကို ချိတ်ဆက်မယ့် Nord Stream 2 pipeline ကို ငါပိတ်လိုက်တယ်။ ကနေဒါကနေ အမေရိကန်ကို ချိတ်ဆက်တဲ့ Keystone Pipeline ကို ငါဖွင့်ပေးခဲ့တယ်။ ဘိုင်ဒန်က ပြောင်းပြန်လုပ်တယ်။ Nord Stream 2 pipelineကို ဖွင့်ပြီး Keystone Pipeline ကိုပိတ်တယ်။ သူက ရုရှားတွေကို ဂျာမဏီက ဖြတ်ပြီး ဥရောပတခွင်ကို ရေနံရောင်းဖို့ ခွင့်ပြုထားတယ်။  လွန်ခဲ့တဲံ လအနည်းငယ်က ငါနဲ့ စကားစစ်ထိုးခဲ့တဲ့ ဘိုင်ဒန်ကို မှတ်မိလား။ သနားစရာကောင်းတဲ့ အားနည်းတဲ့သူလေ။ သူက ထောက်ခံမဲ ၁၄ သန်း ရတာတောင် သမ္မတလောင်း ရွေးချယ်ပွဲကနေ နှုတ်ထွက်လိုက်ရတယ်။ ကင်မလာရေ မင်း အခု ဒီမိုကရေစီကို ခြိမ်းခြောက်တဲ့အကြောင်း ပြောနေတာမလား။ ဘာလို့ မဲ ၁၄ သန်းတောင် ရတာတောင် သမ္မတလောင်းအဖြစ်က ထုတ်လိုက်တာလဲ။ မင်းကိုလျှို့ဝှက်ချက် ၁ ခုပြောပြမယ်။ ဘိုင်ဒန်က မင်းကို မုန်းတယ်။ မင်းကိုထောက်ခံမှာမဟုတ်ဘူး။ ကင်မလာ က မဲ ၁ မဲမှ မရဘဲနဲ့ သမ္မတလောင်းဖြစ်လာတယ်။ အဲ့တာဘာလို့လဲ ကျွန်တော်တော့ နားမလည်ဘူး။ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အဆင်ပြေပါတယ်။ ကောင်းကောင်းလုပ်နိုင်မယ်လို့ထင်ပါတယ်။ 

ABC မေး။ အခု အစ္စရေး-ဟားမတ်စ်စစ်ပွဲ မှာ ဖမ်းဆီးခံထားရတဲ့ ဓါးစားခံတွေထဲမှာ အမေရိကန်ဂျူးတွေပါတယ်။ ကင်မလာရေ… မင်းက အစ္စရေးမှာ သူ့ကိုယ်သူခုခံပိုင်ခွင့်ရှိတယ်လို့ ပြောခဲ့တယ်နော်။ အစ္စရေးကို နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကို လေးစားရမည် လို့လည်း ပြောခဲ့တယ်နော်။ မင်းပြောခဲ့တာ ၉ လလောက်ရှိပြီ။ အခုဆို ပါလက်စတိုင်း ၄၀,၀၀၀ လောက် သေသွားပြီ။ ဓားစာခံကလည်း ၁၀၀ နီးပါး ကျန်ရှိနေသေးတယ်။ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကလည်း မရပ်တန့်သေးဘူး။ ဘိုင်ဒန်ကလည်းမရပ်တန့်နိုင်သေးဘူး။ မင်းဘယ်လိုလုပ်မှာလဲ။ 

ကင်မလာ ။ ဒီအခြေအနေထိ ဘာလို့ဖြစ်လာလဲဆိုတာ ငါတို့အရင်တွေးကြည့်ရအောင်။ ‌ အောက်တိုဘာ ၇ ရက်က အကြမ်းဖက်အဖွဲ့ဖြစ်သည့် ဟားမတ်စ်က အစ္စရေးနိုင်ငံသား ၁၂၀၀ ကို သတ်ဖြတ်ခဲ့တယ်။ လူငယ်တွေလည်း ပါတယ်။ အမျိုးသမီးတွေဆို မုဒိမ်းကျင့်ခံရတယ်။ ဒါကြောင့် ငါပြောတာက အစ္စရေးမှာ သူ့ကိုယ်သူ ကာကွယ်ပိုင်ခွင့်ရှိတယ်။ ပါလက်စတိုင်းဘက်မှာလည်း ကလေးငယ်တွေ၊ မိခင်တွေ မြောက်များစွာ အသတ်ခံခဲ့ရတယ်။ ဒါကြောင့် ဒီစစ်ပွဲကို ချက်ချင်း အဆုံးသတ်ဖို့က အရေးကြီးဆုံးပဲ။ အဆုံးသတ်ရမယ့်နည်းလမ်းက အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်လုပ်ပြီး ဓားစာခံတွေကို လဲလှယ်ဖို့ လိုပါတယ်။ ၂ နိုင်ငံအကြားဖြေရှင်းဖို့လိုပါတယ်။ အစ္စရေး နဲ့ ပါလက်စတိုင်းအကြားတူညီတဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေရောက်အောင် ဖြေရှင်းဖို့လိုပါတယ်။ ဒါပေမယ့် ငါကတော့ အီရန်နဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက်တွေရဲ့ အစ္စရေးအပေါ် ခြိမ်းခြောက်မှု မှန်သမျှမှာတော့ အစ္စရေးရဲ့ သူ့ကိုယ်သူ ခုခံကာကွယ်မှုကို လက်ခံပါတယ်။ ဒါပေမယ့် ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေရဲ့ လုံခြုံရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဂုဏ်သိက္ခာအတွက် ပါလက်စတိုင်းနိုင်ငံ ထူထောင်ခွင့်ပါတဲ့ ဖြေရှင်းချက်တော့ ငါတို့မှာရှိပါတယ်။

ထရမ့် ။ ငါသာ သမ္မတ ဆက်ဖြစ်ခဲ့ရင် အဲ့စစ်ပွဲက ဘယ်တော့မှ ရှိလာခဲ့မှာမဟုတ်ဘူး။ ငါ့ရဲ့ ၄ နှစ်တာ ကာလလုံး ပူတင်ကလည်း ခြိမ်းခြောက်မှုမရှိခဲ့ဘူး။ ခုတော့ သူက ယူကရိန်းကို သွားပြီး လူ သန်းပေါင်းများစွာကို သတ်နေပြီ။ ကင်မလာ က နေတန်ယာဟု ကို မုန်းတယ်။ နေတန်ယာဟု က အမေရိကန်ကိုလာပြီး ကွန်ဂရက်မှာ စကားပြောတုန်းကတောင် သူမ နဲ့ သွားမတွေ့ခဲ့ဘူး။ ကင်မလာ သာသမ္မတဖြစ်လာရင် အစ္စရေးနိုင်ငံ တည်ရှိတော့မှာ မဟုတ်လို့ ငါယုံတယ်။ သူမ က အစ္စရေးကို မုန်းသလို အာရပ်တွေကိုလည်း မုန်းနေတာပါပဲ။ ငါ့လက်ထက်မှာ အီရန်က ပြိုကျသွားခဲ့တယ်။ ခုဆို အီရန်မှာ ဒေါ်လာ ဘီလျံ ၃၀၀ လောက်ရှိနေပြီ ဘာလို့လဲဆိုတော့ ငါ့လက်ထက်တုန်းက ချခဲ့တဲ့ ပိတ်ဆို့မှုတွေကို ဘိုင်ဒန်တို့က ဖယ်ရှားလိုက်လို့ပဲ။ ငါ အီရန်ကိုပိတ်ဆို့ခဲ့လို့ ဟားမက်တို့၊ ဟစ္စဘိုလာတို့ စတဲ့ အကြမ်းဖက် အဖွဲ့ ၂၈ ဖွဲ့ လောက် ကို ထောက်ပံ့ဖို့ ဘာငွေမှမရှိခဲ့ဘူး။ ခုတော့ အဲ့အဖွဲ့တွေဟာ ကြောက်မက်ဖွယ်ကောင်းနေပြီ။ ငါသမ္မတဖြစ်ရ၍် ရုရှား-ယူကရိန်းစစ်ပွဲ ရပ်အောင်အရင်လုပ်မယ်။ ငါ ပူတင် ကို ကောင်းကောင်းသိတယ်။ 

ABC မေး ။ ဒုသမ္မတ ကင်မလာအဲရစ်ရေ မင်းက အစ္စရေးကို မုန်းတယ်ဆို?

ကင်မလာ ။ လုံးဝမဟုတ်ပါဘူး။ ငါ့ဘတ တလျှောက်လုံးမှာ ငါ့ကို ကူညီခဲ့တဲ့ အစ္စရေးနဲ့ အစ္စရေးပြည်သူတွေရှိပါတယ်။ ထရမ့်က အာရုံလွှဲဖို့ကြိုးစားနေတာပါ။ သူက အာဏာရှင်တွေကို လေးစားတယ်။ အာဏာရှင်တွေလို ဖြစ်ချင်နေတာပါ။ သူက ပူတင်နဲ့ရော ကင်ဂျုံအန်း နဲ့ပါ ဖက်လှဲတကင်းအခြေအနေရှိပါတယ်။ ဒီလို အာဏာရှင်တွေနဲ့ အမေရိကန်သမ္မတ တို့ဟာ ချစ်ကြည်ရင်းနှီးနေပြီဆိုရင် တချိန်မှာ ဒီလိုသမ္မတကလည်း ပြည်သူတွေကို ချော့မော့ နှစ်သိမ့်ပြီး အာဏာရှင်ပုံစံ နဲ့ ချယ်လှယ်ပါလိမ့်မယ်၊ ဒါကြောင့်လည်း သူ့ကို အမေရိကန်တပ်မတော်က ခေါင်းဆောင်တွေဟာ သူ့ကြောင့် အရှက်ကွဲရတယ်လို့ ပြောကြတာပါ။

ထရမ့် ။ နိုင်ငံတော်လုံခြုံရေး အားနည်းစေတာကတော့ နိုင်ငံပေါင်း ၁၆၈ နိုင်ငံက လူတွေကို အမေရိကန်နိုင်ငံထဲကို သွင်းပေးတဲ့သူတွေကြောင့်ပါ။ ပြီးခဲ့တဲ့သီတင်းပတ်က ပူတင်က ကင်မလာ ကို ပြီးထောက်ခံတယ်၊ အနိုင်ရမယ်လို့ မျှော်လင့်တယ်လို့ပြောခဲ့သေးတယ်မလား။ ဘာလို့လဲ။ တခြားနိုင်ငံတွေက ခေါင်းဆောင်တွေက အမေရိကန်မှာ အားနည်းပြီး အရည်အချင်းမရှိတဲ့ခေါင်းဆောင်တွေ တက်လာတာကို မြင်ချင်လို့လေ။ ကင်မလာ ကိုမေးခွန်း ၁ခု ပဲမေးမယ်။ ဘိုင်ဒန် က ဘာကြောင့် Keystone ပိုက်လိုင်းကို ပိတ်ပြီး ရုရှားလုပ်ဖူးသမျှထဲမှာ အကြီးဆုံး သဘောတူညီချက်ဖြစ်တဲ့ ဂျာမနီနဲ့ ဥရောပတခွင်ကို သွားမယ့် ကမ္ဘာ့အကြီးဆုံး ပိုက်လိုင်း Nordstream 2 ကို ဘာကြောင့် အတည်ပြုတာလဲ။ ဘာလို့လဲဆိုတော့ ဘိုင်ဒန်တို့က အားနည်းပြီး ထိရောက်မှုမရှိလို့လေ။ ပြီးရင် ငွေတွေလည်းအများကြီးပေးရသေးတယ်။ 

ABC မေး။ ယူကရိန်းစစ်ပွဲက ခု ၂ နှစ်ခွဲ ရှိပါပြီ။ ဘိုင်ဒန်ကတော့ ယူကရိန်း ရဲ့  အချုပ်အခြာနဲ့ ဒီမိုကရေစီကိုကာကွယ်ဖို့ ရပ်တည်နေပါတယ်ပြောပါတယ်။ ထရမ့်ကရော ဘယ်လိုအတိအကျလုပ်မှာလဲ။ ယူကရိန်းကို နိုင်စေချင်လား။

ထရမ့် ။ ငါက စစ်ပွဲကို ရပ်ပြီး အလဟဿဆုံးရှုံးနေတဲ့ သန်းပေါင်းများစွာသောအသက်တွေကိုကယ်မှာပါ။ ဒီစစ်ပွဲထဲမှာ ဒေါ်လာ ၂၅၀ ဘီလျံ တောင်ထည့်ထားပြီး ဘာအကျိုးအမြတ်မှုမရှိတဲ့ကိစ္စအပေါ်  ဘိုင်ဒန်က နေတိုးအဖွဲ့ကို မေးခွန်းမထုတ်ရဲဘူးလေ။  ငါ့တုန်းက နေတိုးအဖွဲ့ကို မင်းတို့ လည်း ပိုက်ဆံမထည့်ရင် ငါတို့မကာကွယ်နိုင်ဘူး ပြောခဲ့တုန်းက အမေရိကန်က ၁၅၀ ဘီလျံလောက်သက်သာသွားတယ်။ ခု နေတိုးထဲမှဦ အမေရိကန်က ၂၅၀ ကနေ ၂၇၅ ဘီလျံထိ ထည့်ပေးနေရတယ်။ ဥရောပနိုင်ငံတွေက ၁၀၀ကနေ ၁၅ ဘီလျံ ထိပဲ တိုးလာတယ်။ သူတို့ကို ညီတူမျှတူ ထည့်ဖို့ တိုက်တွန်းရမယ်။ ငါက ဇီလင်စကီး ကိုရော ပူတင် ကိုရော ကောင်းကောင်းသိတယ်။ ဘိုင်ဒန်ကို ပူတင်က ဖုန်းမခေါ်တာ ၂ နှစ်လောက်ရှိပြီ။ ယူကရိန်းစစ်ပွဲက တတိယကမ္ဘာစစ် ထိတောင် ဉီးတည်သွားနိုင်တယ်။ ဒီလို အသုံးမကျတာကြောင့်လဲ ဘိုင်ဒန်ကို ဒိမိုကရက်တွေက ခွေးလို မောင်းထုတ်လိုက်တယ်။ သူက ငါတို့သမ္မတမလား။  ငါတို့မှာ သမ္မတရှိသေးတယ်မလား။   ဒီစစ်ပွဲကို ပြီးဆုံးအောင်လုပ်ဖို့က အမေရိကန်အတွက် အကောင်းဆုံး အကျိုးစီးပွားလို့ ထင်ပါတယ်

ABC မေး။ ကင်မလာကရော ယူကရိန်းအတွက် ဘယ်လိုလုပ်မှာလဲ။ 

ကင်မလာ ။ ပထမဆုံးအနေနဲ့ ငါက ဘိုင်ဒန်ကို ပြိုင်မှာမဟုတ်ဘူး၊ ဘိုင်ဒန်ကို အတိုက်အခံလုပ်မှာမဟုတ်ပါဘူး၊ ထရမ့်က ယူကရိန်းစစ်ပွဲကို ရပ်လိုက်မယ်လို့ပြောတယ်။ ယူကရိန်းမှာ ဘာတွေဖြစ်နေလဲဆိုတာ ငါတို့အမေရိကန်တွေကနားမလည်နိုင်ဘူး။ ယူကရိန်းအစိုးရအပေါ် လက်ရှိမှာ ထောက်လှမ်းရေးဆိုင်ရာ၊ လေကြောင်းရန်ကာကွယ်ရေး၊ ခဲယမ်းမီးကျောက်၊ တင့်ကား၊ အမြောက် တွေ ပေးပို့ပြီး ကာကွယ်ပေးနေပါတယ်။ ထရမ့်သာ သမ္မတဆက်ဖြစ်နေရင် ပူတင် က ယူကရိန်းနိုင်ငံရဲ့ မြို့တော် ကီးယက်ဗ် မှာ ထိုင်နေလောက်ပြီ။ ပူတင်ရဲ့ အစီအစဉ်က ယူကရိန်း ကိစ္စတခုတည်းမဟုတ်ဘူး။ ဥရောပရဲ့ အစဖြစ်တဲ့ ပိုလန် ကနေ ဆက်လက်ကျူးကျော် နေလောက်ပြီ။ နေတိုးနဲ့ ဥရောပ နိုင်ငံတွေက ထရမ့် သမ္မတဆက်ပြီးဖြစ်မနေခဲ့တာကိုပဲ ကျေးဇူးတင်နေကြပါတယ်။ ပိုလန် နိုင်ငံကို မကျူးကျော်အောင် ပူတင် နဲ့ နေ့လည်စာ အတူစားပေမယ့်ဆိုပြီး Pennsylvania မှာရှိတဲ့ အမေရိကန်နိုင်ငံသား ပိုလန်လူမျိုး ၈ သိန်းကို ပြောခဲ့တဲ့အကြောင်းအရာတွေကို ဘာလို့မပြောတာလဲ။ 

ထရမ့် ။ ပူတင် က မော်စကို မှာပဲ ထိုင်နေမှာပါ။ သူ့မှာ နူကလီးယားလက်နက်ရှိတယ်။ ဘယ်သူမှ အဲ့တာကိုမတွေးဘူး။ နောက်ဆုံးအခြေအနေမှာ သူအဲ့တာကို ထုတ်သုံးလိမ့်မယ်။ ယူကရိန်းစစ်ပွဲ မတိုင်မီ ၃ ရက်အလိုမှာ ကင်မလာ ကို ဘိုင်ဒင်က ယူကရိန်းကိစ္စမှာ ညှိနှိုင်းဖို့ လွှတ်ခဲ့တယ်။ သူမ မလုပ်နိုင်ခဲ့ဘူး။ ၃ ရက်အကြာမှာ ယူကရိန်းစစ်ပွဲဖြစ်တော့တာပဲ။ 

ABC မေး ။ ထရမ့်က မင်းကို ပူတင် နဲ့  ညှိနှိုင်းဖို့ သွားခဲ့တယ်ပြောတယ်။ အဲ့တာဟုတ်ပါသလား။

ကင်မလာ ။ စကားစစ်ထိုးပွဲ အစမှာ ပြောခဲ့တယ်လေ။ ဒီလူဆီက အလိမ်အညာစကားတွေပဲ ကြားရမယ်ဆိုတာ။ ငါ ဇီလင်စကီး နဲ့ ၅ ကြိမ်လောက် သွားရောက်တွေ့ဆုံဖူးပါတယ်။ 

ထရမ့် ။ နေတိုး အတွင်းရေမှုးချုပ် Stoltenberg က ပြောပါတယ်။ ထရမ့် တယောက်ပဲ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ထည့်ဝင်ငွေ ပိုထည့်ပို့ပြောခဲ့ပါတယ်။ ပြီးတော့ ငါက “ မင်းတို့ ပိုက်ဆံပိုမထည့်ရင် ငါ နေတိုး ကို မကာကွယ်နိုင်ဘူး” လို့ ပြောခဲ့ပါတယ်။ 

ABC မေး ။ ခုတော့ အာဖဂန်ကိစ္စအကြောင်း ပြောရအောင်ပါ။ ကင်မလာအနေနဲ့ အာဖဂန်ကနေ အမေရိကန်တပ်တွေ ဆုတ်ခွာမှုအပေါ် တာဝန်ခံမှု ရှိမှာလား လို့မေးချင်ပါတယ်။ 

ကင်မလာ ။ အာဖဂန်ကနေ အမေရိကန်တပ်တွေ ဆုတ်ခွာဖို့ ဆုံးဖြတ်တဲ့ ဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက်ကို ငါသဘောတူခဲ့တယ်။ ငါ့အပြင် အခြား သမ္မတဟောင်း ၄ဉီးကလည်း သဘောတူခဲ့ပါတယ်။ ငါတို့ အမေရိကန်ပြည်သူတွေက အာဖဂန်စစ်မြေပြင်ရဲ့  အဆုံးမဲ့စစ်ပွဲ အတွက် ၁ ရက်ကို ဒေါ်လာ သန်း ၃၀၀ လောက် အကုန်ခံပေးဖို့ မလိုချင်တော့လို့ပါ။ ငါတို့ လက်ထက်မှာ စစ်ဖြစ်ပွားနေတဲ့ ဒေသမှာ ဘယ်အမေရိကန်စစ်သားတယောက်ကိုမှ စစ်မှုထမ်းဆောင်ဖို့အတွက် ရှိမနေရပါဘူး။  ကိုယ့်ကိုကိုယ်အရောင်းသမား လို့ အမွှန်းတင်နေတဲ့ ဒေါ်နယ်ထရမ့် က တာလီဘန်တွေနဲ့ တိုက်ရိုက် ညှိနှိုင်းခဲ့ပါတယ်။ တာလီဘန် ၅ ထောင်လောက်ကို လွှတ်ပေးဖို့ ညှိနှိုင်းခဲ့ပါတယ်။ ပြီးတော့ ငါတို့အမေရိကန်လူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ Camp David လိုနေရာကို တာလီဘန် တွေကို ဖိတ်ခေါ်ခဲ့ပါသေးတယ်။ 

ထရမ့် ။ အဲ့ကာလတုန်းက အမေရိကန်စစ်သားတွေကို တာလီဘန်တွေက စနိုက်ပါနဲ့ ပစ်ခတ်သတ်ဖြတ်နေတာပါ။ ဒါကြောင့် တာလီဘန်ခေါင်းဆောင် အဘဒူ Abdul နဲ့ ငါချိတ်ဆက်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အမေရိကန်တွေက တာလီဘန် တွေနဲ့ ချိတ်ဆက်တဲ့နေရာမှာ အရေးမပါတဲ့လူတွေနဲ့ပဲ ချိတ်ဆက်နေတယ်။ ငါ အဘဒူ ကိုပြောလိုက်တော့ ။ အဘဒူ မင်း မလုပ်နဲ့တော့၊ မင်းဆက်လုပ်ရင် ပြဿနာတွေရှိလာမယ်လို့ ပြောခဲ့တယ်။ သူ့ဆီကိုလည်း  သူ့အိမ်ပုံ ငါပို့လိုက်တယ်၊ သူက ငါ့ကိုပြန်မေးတယ်။ ထရမ့်… မင်းဘာလို့ ငါ့အိမ်ပုံကို ပို့လိုက်လဲ ဆိုပြီးမေးပါတယ်။ မင်းစဉ်းစားကြည့်ပေါ့ လို့ ငါပြောလိုက်ပါတယ်။  ငါစေလွှတ်လိုက်တဲ့ Mike Pompeo နဲ့  ညှိနှိုင်းနိုင်ခဲ့ပြီး ၁၈ လလုံး အမေရိကန် ၁ယောက်မှ အသတ်မခံခဲ့ရပါဘူး။ ကင်မလာ ပြောတဲ့ အာဖဂန်က ဘာလို့ ထွက်ခွာရလဲဆိုတော့ အကြောင်းပြချက် က ကောင်းပါတယ်။ ဒါပေမယ့် ငါတို့ စစ်သား တယောက်မှ မဆုံးရှုံးသငင့်ဘူး။ ငါတို့ရဲ့ ၈၅ ဘီလျံတန်တဲ့ စစ်လက်နက်ပစ္စည်းတွေ ထားခဲ့ဖို့မလိုဘူးလေ၊ ဒီလူတွေက အဆိုးဆုံးတွေဖြစ်ပြီး နှုတ်ထွက်သင့်ပါတယ်။ 

ABC မေး ။ အခုတော့ နိုင်ငံတွင်းမှာ ရှိတဲ့ လူမျိုးရေး နဲ့ နိုင်ငံရေးအကြောင်း ဆက်ဆွေးနွေးရအောင်ပါ။ ကင်မလာ ကတော့ သူမက လူမဲ အမျိုးသမီးပါလို့ ခံယူထားပါတယ်တဲ့။ ကင်မလာရဲ့ ခံယူချက်ပေါ် ဘယ်လို ချိန်ဆ ချင်ပါသလဲ။

ထရမ့် ။ ကျွန်တော်ကတော့ သူအရင်က လူမဲ လို့မခံယူဘူးဆိုတာ ဖတ်ဖူးသလိုပဲ။ ခုတော့လည်း လူမဲ လို့ဖတ်ရတာပါပဲ။ ဒါက အဆင်ပြေတယ်။ သူ့အပေါ်ပဲမူတည်ပါတယ်။ 

ကင်မလာ ။ အမေရိကန်ပြည်သူတွေကို လူမျိုးရေးခွဲခြားဖို့ ကြိုးပမ်းခဲ့တဲ့ သမ္မတဖြစ်ချင်သူတယောက်ရှိနေတာက ဝမ်းနည်းစရာလို့ထင်ပါတယ်။ ငါတို့အမေရိကန်ပြည်သူတွေမှာ ကွဲပြားနေတဲ့အရာတွေထက် တူညီတဲ့အရာတွေပိုများနေတယ်ဆိုတာ ငါယုံကြည်ပါတယ်။ ထရမ့် ဆိုရင် သူပိုင်တဲ့ မြေ၊ အဆောက်အဉီ မှာ လူမဲတွေကို အိမ်ငှားဖို့ ငြင်းဆန် ခဲ့လို့ စုံစမ်းစစ်ဆေးခြင်းတောင် ခံခဲ့ရပါသေးတယ်။ Central Park jogger case အမှုတုန်းကလည်း အပြစ်မဲ့တဲ့ လူမည်း ၁ ဉီး နဲ့ လက်တင် လူငယ် ၄ ဉီးကို သေဒဏ်ပေးဖို့ ထရမ့်က New York Time သတင်းစာကြီးမှာ မျက်နှာဖုံးအပြည့်ဖော်ပြခဲ့ပါသေးတယ်။ (Central Park jogger case ဆိုသည်မှာ ၁၉၈၉ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ နံနက် ၉ နာရီတွင် နယူးယောက်မြို့ ဗဟိုပန်းခြံတွင် အပြေးလေ့ကျင့်နေသော အမေရိကန်အမျိုးသမီး trisha meili ကို အမေရိကန်လူငယ် ၄ ဉီးက မုဒိမ်းကျင့်၍ ရိုက်နှက်ပြီး ထားခဲ့သော်လည်း မူလအစတွင် လူမဲ နှင့် အခြားလက်တင် လူငယ်များမှ ကျုးလွန်သည်ဟု မှားယွင်းစွပ်စွဲခဲ့သည့် အမှုဖြစ်သည်။)  သမ္မတဟောင်း အိုဘားမား ကိုလည်း အလိမ်အညာမွေးဖွားသူဆိုပြီး သတင်းဖြန့်ခဲ့တာရှိပါတယ်။ ငါတို့အမေရိကန်တွေမှာ အသားအရောင်နဲ့ ဘာသာစကား ဘယ်လိုပဲကွဲပြားပါစေ တူညီတဲ့ အိပ်မက်တွေ မျှော်မှန်းချက်တွေ ရှိပါတယ်။ အဲ့အရာတွေကို ဖော်ဆောင်မယ့် သမ္မတ လိုပါတယ်။ 

ထရမ့် ။ Central Park jogger case အမှုဖြစ်ခဲ့တဲ့အချိန်တုန်းက လူတိုင်းက ငါ့လိုပဲ အတွေးတူညီခဲ့ပါတယ်။ မြို့တော်ဝန်တောင်ပါပါသေးတယ်။ ရာဇဝတ်သားတွေ အပြစ်ဝန်ခံလိုက်တဲ့ အခါ ငါတို့လည်း အပြစ်မရှိတော့ပါဘူး။ အဲ့တာက နှစ် ၄၀ ၅၀ ကြာခဲ့ပါပြီ။ ငါက ကမ္ဘာ့သမိုင်းမှာ အကြီးကျယ်ဆုံး စီးပွားရေးနိုင်ငံတစ်ခုကို တည်ဆောက်ခဲ့ပြီး နောက်တစ်ကြိမ် ထပ်ဆောက်ဖို့လည်း ကြံစည်နေပါတယ်။ သူတို့မှာ မူဝါဒကောင်းတွေမရှိပါဘူး။ 

ကင်မလာ ။ ငါက ဂျိုးဘိုင်ဒန် လည်းမဟုတ်သလို ဒေါ်နယ် ထရမ့်လည်း မဟုတ်ပါဘူး။ ငါက မျိုးဆက်သစ်ခေါင်းဆောင်ပါ။ ငါ့မှာ အသေးစားလုပ်ငန်းတွေ စတင်လုပ်မယ့်သူတွေအတွက် ဒေါ်လာ ၅သောင်း အခွန်လျှော့ဖို့ရှိပါတယ်။ ငယ်ရွယ်တဲ့ အိမ်ထောင်သည်တွေအတွက် ဒေါ်လာ ၆ထောင် အခွန် သက်သာစေပါမယ်။ ပထမအကြိမ် အိမ်ဝယ်မယ့်သူတွေကို ဒေါ်လာ ၂သောင်းခွဲ ငွေချေးပေးပါမယ်။ 

ထရမ့် ။ သူမ က ရဲတွေရဲ့ အသုံးစရိတ်လျှော့ဖို့ အစီအစဉ်ရှိပါတယ်။ လူတိုင်းရဲ့ သေနတ်တွေကို ပြန်သိမ်းချင်နေပါတယ်။ fracking လုပ်ခြင်းကို ပိတ်ပင်ဖို့ ကြံစည်နေပါတယ်။ 

ABC မေး ။ ထရမ့် ရေ မင်းက အခု ရွေးကောက်ပွဲ နိုင်ရင် သမ္မတ သက်တမ်း ၂ဆက် ဆက်လုပ်မှာဖြစ်ပြီး မင်းက စုစုပေါင်း သမ္မတ သက်တမ်း ၃ဆက် ဆောင်ရွက်ခဲ့သူအဖြစ် မှတ်တမ်းတင်မယ်လို့ သိရပါတယ်။ Obamacare လို့ လူသိများတဲ့ Affordable Care Act ကို ပယ်ဖျက်ပြီး အစားထိုးမယ်ဆိုပြီး  မင်း ကာလရှည်ကြာ ကတိပြုခဲ့ပါတယ်။ ခုချိန်ထိ မင်း အဲဒါကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်ဘူး။ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တွေ ဆက်လုပ်မယ်လို့ ပြောနေတဲ့ မင်းမှာ ဘာအစီအစဉ်ရှိလဲ။ 

ထရမ့် ။ Obamacare ဟာ ကျန်းမာရေးစောင့်ရှောက်မှု မကောင်းဘူး။ ဒါကြောင့် အဲ့ဒါကို အစားထိုးမယ်လိုငါပြောခဲ့တာ။ ဒီမိုကရက်တွေက မပြောင်းလဲတဲ့အတွက် Obamacare ကို အမွေဆက်ခံခဲ့တယ်။ သူတို့ ပြောင်းလဲမှာမဟုတ်ဘူး၊ ငါတို့ပြည်သူတွေ အကုန်အကျသက်သာပြီး Obamacare ထက် ကျန်းမာရေးစောင့်ရှောက်မှု ပိုကောင်းစေမယ့် အစီအစဉ်ကို ငါလုပ်မယ်။ ခုလောလောဆယ်တော့ အစီအစဉ်ရဲ့ သဘောတရားတွေပဲရှိသေးတယ်။ မဝေးလွန်းတဲ့ အနာဂတ်မှာ အဲဒီအကြောင်းကို မင်းကြားပါလိမ့်မယ်။

ABC မေး ။ ကင်မလာ ရေ … မင်းက ၂၀၁၇ ခုနှစ်တုန်းက Bernie Sanders ၏ ပုဂ္ဂလိကအာမခံကို ဖယ်ရှားပြီး အစိုးရအုပ်ချုပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဖန်တီးရန် အဆိုပြုချက်ကို သင်ထောက်ခံခဲ့ပါတယ်။ ခုရော မင်းရဲ့ အစီအစဉ်က ဘာလဲ။

ကင်မလာ ။ ငါက ပြီးခဲ့တဲ့ ၄ နှစ် အတွင်း ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာအဖွဲ့မှာ ဒုတိယဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အစိုးရ က ကူညီတဲ့ အဖိုးနည်းကျန်းမာရေးစောင့်ရှောက်မှုဥပဒေကိုလည်း ထိန်းသိမ်းဖို့၊ ကြီးထွားအောင်လုပ်ဖို့ လိုအပ်ပါတယ်။ အရင်သမ္မတဟောင် ဘိုင်ဒန် လုပ်ဆောင်ခဲ့တာကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်မှာပါ။ ကွယ်လွန်သွားတဲ့ John McCain ကလည်း အဖိုးနည်းကျန်းမာရေးစောင့်ရှောက်မှုဥပဒေကို ထောက်ခံခဲ့ပါတယ်။ ငါတို့ရဲ့  ထရမ့် သမ္မတ ဖြစ်ချိန်တုန်းက အဖိုးနည်းကျန်းမာရေးစောင့်ရှောက်မှုဥပဒေ ကို ဖယ်ရှားဖို့ အကြိမ် ၆၀ ကြိုးစားခဲ့ပါတယ်။ အဖိုးနည်းကျန်းမာရေးစောင့်ရှောက်မှုဥပဒေကို ကလေးမှာ ပန်းနာရင်ကျပ်ဖြစ်ရင် ၊ အဘိုးအဘွားမှာ ဆီးချိုရှိနေရင် ရင်သားကင်ဆာ ကျန်ရစ်သူဖြစ်ရင် အာမခံကုမ္ပဏီက ငြင်းဆိုတဲ့အခါ သတိရကြမှာပါ။ ငါ ဒုတိယသမ္မတ ၄ နှစ် အတွင်းမှာ ဆေးကုမ္မဏိတွေနဲ့ ဈေးနှုန်ူးတွေကြဖို့ ညှိနှိုင်းခဲ့ပါတယ်။ ထရမ့်က ညှိနှိုင်းမယ်ပြောပြီး တခါမှ မလုပ်ခဲ့ပါဘူး။ ယခုဆိုရင် ငါတို့က အင်ဆူလင်ကုန်ကျစရိတ်ကို တစ်လလျှင် ၃၅ ဒေါ်လာ ကန့်သတ်ထားပါသည်။ သက်ကြီးရွယ်အိုတွေအတွက် ဆေးစရိတ်ကို တစ်နှစ်ကို ဒေါ်လာ ၂၀၀၀ ကန့်သတ်ထားပါတယ်။  fracking ကိစ္စနဲ့ပတ်သတ်ပြီး ငါ့ရပ်တည်ချက်ကို ချပြပြီးပါပြိ။ သေနတ်တွေ သိမ်းမယ့်ကိစ္စကတော ငါရော Tim Walz ရော ၂ယောက်လုံးက သေနတ်ပိုင်ပါတယ်။ 

ထရမ့် ။ ကင်မလာ မှားနေပြီ။ John McCain က Obamacare ကို ဆယ်နှစ်ကြာ ဆန့်ကျင်ခဲ့ပါတယ်။ သူမ လုပ်နေတာက ပုဂ္ဂလိကကျန်းမာရေးအာမခံကို တိုးတက်စေမှာ မဟုတ်ပါဘူး။ လူတွေဟာ ကြိုးကြိုးစားစားနဲ့ ငွေရှာကြပြီး အာမခံအတွက်ကိုယ်ပိုင်ရှိချင်ကြပါတယ်။ ကင်မလာကတော့ ချက်ချင်းလိုအပ်သည့် ခွဲစိတ်မှုတစ်ခုအတွက် ခြောက်လစောင့်ရမယ့် အစိုးရအာမခံမှာ  လူတိုင်းကို ထည့်ဝင်စေလိုပါတယ်။ 

ABC မေး။ ခုကတော့ ငယ်ရွယ်တဲ့ မဲဆန္ဒရှင်တွေစိတ်ဝင်စားတဲ့ ရာသီဥတုဖောက်ပြန်မှုအကြောင်းပါ။ ထရမ့်ကတော့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ သန့်ရှင်းတဲ့လေ နဲ့ ရေသန့်ရစေရမယ် လို့ ပြောပါတယ်။ ကင်မလာ …  မင်းကတော့ ရာသီဥတုပြောင်းလဲမှုဟာ ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုလို့ ခေါ်တယ်။ ဒီနေ့ညမှာ မင်းတို့နှစ်ယောက်လုံး မေးချင်တာက ရာသီဥတုဖောက်ပြန်မှုကို တိုက်ဖျက်ဖို့ မင်းဘာလုပ်မလဲ။

ကင်မလာ ။ ထရမ့်ကတော့ ရာသီဉတု ဖောက်ပြန်မှု ဆိုတာ လှည့်ဖျားမှုလို့ ဆိုပါတယ်။ တကယ်တော့ ရာသီဥတုပြောင်းလဲမှုဟာ ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်ပါတယ်။ ပြင်းထန်သော ရာသီဥတု တွေ ကို တွေ့ကြုံခံစားဖူးတဲ့ ပြည်နယ်တွေမှာ နေထိုင်သူတိုင်းကို မေးကြည့်ပါ။ အိမ်မရှိလို့ အိမ်ဆုံးရှုံးရခြင်းရဲ့ အဓိပ္ပာယ်ကို ခံရသူတိုင်းကို မေးကြည့်ပါ။ ဒုသမ္မတအနေနဲ့ ပြည်တွင်းဓာတ်ငွေ့ထုတ်လုပ်မှုကို သမိုင်းဝင်အဆင့်အထိ တိုးမြှင့်ခဲ့သလို သန့်ရှင်းတဲ့စွမ်းအင်စီးပွားရေးမှာ ဒေါ်လာ ထရီလီယံဒေါ်လာ ရင်းနှီးမြှုပ်နှံခဲ့နိုင်တာကိုလည်း ဂုဏ်ယူမိပါတယ်။ ကုန်ထုတ်လုပ်မှု အလုပ်အကိုင်သစ် ၈ သိန်း ကျော်ကို ဖန်တီးပေးခဲ့ပါသည်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သန့်ရှင်းသောစွမ်းအင်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံထားပါတယ်။ သန့်ရှင်းသောစွမ်းအင်စီးပွားရေး ကို တည်ဆောက်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အမေရိကန်လုပ်ထုတ်ကုန်များ၊ အမေရိကန်မော်တော်ကားထုတ်လုပ်မှုတွေမှာ ပိုမို ရင်းနှီးမြှုပ်နှံနိုင်ခဲ့ပါတယ်။ United Auto Workers နှင့် Shawn Fain တို့၏ထောက်ခံမှုကိုရရှိသည့်အတွက်လည်းဂုဏ်ယူမိပါတယ်။ ထရမ့် ပိတ်ပင်ခဲ့သလို အမေရိကန် ကားထုတ်လုပ်ရေးနဲ့ အမေရိကန်ကုန်ထုတ်လုပ်မှုကို မပိတ်ပင်ခဲ့ပါဘူး။ 

ထရမ့် ။  ငါ့လက်ထက်မှာ အဲ့တာမျိုးမဖြစ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ လက ပဲ ကုန်ထုတ်လုပ်ရေးက အလုပ်အကိုင် ၁သောင်းလောက်ဆုံးရှုံးသွားသေးတယ်လေ။ အကုန်လုံး မက္ကဆီကို ကို ထွက်သွားပြီ။ မက္ကဆီကို မှာ ကားစက်ရုံကြိးတွေ တည်ဆောက်နေပြီ။ အဲ့ စက်ရုံအတော်များများ တရုတ်က ပိုင်တယ်။ ပြီးရင် အဲ့ကားတွေကို အမေရိကန်ထဲကို လာရောင်းမယ်။ ဒါကို ငါတို့ ခွင့်မပြုနိုင်ဘူး။ ငါတို့အခွန်ကောက်ရမယ်။ ဒီလို တင်သွင်းခွင့်ပြုတာက ငါတို့နိုင်ငံက ကားလုပ်ငန်းတွေကို သတ်ပစ်လိမ့်မယ်။ တရုတ်က ဘိုင်ဒန်ကို ဒေါ်လာ သန်းပေါင်းများစွာပေးခဲ့တော့ သူအဲ့လို အခွန်မကောက်ရဲဘူး။ ဘိုင်ဒန်က ဘာလို့ တရုတ်အပေါ်ဒီလောက် သစ္စာရှိနေလဲ သိလား။ သူ့သား ဟန်တာဘိုဒန်က  မော်စကိုမြို့တော်ဝန်ဟောင်း ကတော် ဆီကနေ ဒေါ်လာ ၃သန်းခွဲ ဘာလို့ရတယ်ထင်လဲ။ ဒါဟာ ကောက်ကျစ်တဲ့ အုပ်ချုပ်မှုဖြစ်ပြီး၊ သူတို့က ငါတို့နိုင်ငံကို ဈေးချပြီး ရောင်းစားနေတာ။ 

ABC မေး။ စကားစစ်ထိုးပွဲ ပြီးဆုံးချိန် နီးကပ်လာပြီ ဖြစ်တဲ့အတွက် အပိတ်စကားလေး ပြောပေးပါဉီး။ ကင်မလာ က စပေးပါ။ 

ကင်မလာ ။ ဒီညမှာ တော့ မင်းတို့ အနေနဲ့ ကွဲပြားတဲ့ အမြင် ၂ခု ကို ကြားဖူးလိုက်မှာပါ။ တခု က အနာဂတ်ကို အာရုံစိုက်ပြီး ၁ ခုကတော့ အတိတ်ကို ပြန်သွားချင်နေပါတယ်။ ငါတို့ နောက်ပြန်မသွားပါဘူး။ အမေရိကန်လူမျိုးတွေဟာ ငါတို့ကို ကွဲကွာနေတဲ့အရာတွေထက် တူညီတာတွေ အများကြီးရှိတယ်ဆိုတာ သိပြီး ရှေ့လမ်းသစ်ကို ပုံဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။ စီးပွားရေး အခွင့်အလန်းတွေကို ဖန်တီးမယ်။ စီးပွားရေးအခွင့်အလမ်း အသစ်တွေကိုဖန်တီးမယ်။ အသေးစားစီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမယ်၊ မိသားစုအသစ်တွေမှာ၊ သက်ကြီးရွယ်အိုတွေကို အကာအကွယ်ပေးတဲ့နေရာမှာ တတ်နိုင်သလောက်၊ အလုပ်ကြိုးစားတဲ့လူတွေကို လူနေမှုစရိတ်လျှော့ချဖို့ ရည်ရွယ်ထားတယ်။ ကမ္ဘာပေါ်မှာ အမေရိကန်ရဲ့ရပ်တည်မှုကို တည်တံ့ခိုင်မြဲစေဖို့အတွက်နဲ့ စွမ်းရည်အမြင့်ဆုံးစစ်တပ်ဖြစ်အောင်တည်ဆောက်ပါမယ်။ အမျိုးသမီးတစ်ဦးချင်စီရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်များချပိုင်ခွင့်အပါအဝင် အခြားသော အခြေခံအခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များကို ကာကွယ်စောင့်ရှောက်ပေးမည့် သမ္မတတစ်ဦးအဖြစ် ဖြစ်လာအောင်ကြိုးပမ်းပါမယ်။ ငါ့ ဘဝ က ရှေ့နေ အဖြစ်က စခဲ့တာပါ။ ပြီးတော့ ရှေ့နေချုပ်ဖြစ်ခဲ့ပါတယ်။ အဲ့ကမှ အထက်လွှတ်တော်အမတ် အနေနဲ့၊ ခုလည်း ဒုတိယသမ္မတ တာဝန်ထမ်းဆောင်နေတဲ့ လူ ၁ယောက်အနေနဲ့ မင်းက ငါ့ကိုထောက်ခံတဲ့ ဒိမိုကရက်လား၊ မထောက်ခံတဲ့ ရိပတ်ဘလီကန် လားလို့ မေးနေမှာ မဟုတ်ဘဲ မင်း အဆင်ပြေလားလို့ မေးမယ့် သမ္မတ တဉီးပါပဲ။  အမေရိကန်နိုင်ငံသားအားလုံးအတွက် သမ္မတဖြစ်ဖို့ ရည်ရွယ်ထားပြီး လာမယ့် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်း တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့ အာရုံစိုက်နေပါတယ်။

ထရမ့် ။ သူမ ကတော့ ဒါကို လုပ်မယ်။ လုပ်တော့မယ် ဆိုပြီး မလုပ်ခဲ့တာ ၃ နှစ်ခွဲ ရှိပါပြီ။ နယ်စပ်ကို ပြင်ဆင်ဖို့ အချိန်ယူနေတာ ၃ နှစ်ခွဲ ရှိပါပြီ။ အလုပ်အကိုင်ဖန်တီးဖို့ ပြင်ဆင်နေတာ ၃ နှစ်ခွဲ ရှိပါပြီ၊ ခုထိဘာလို့မလုပ်သေးတာလဲ။ ငါပြောခဲ့သလိုပဲ ခုလုပ်ရင် ခုရပါတယ်။ မြို့တော်က လှပတဲ့အိမ်ဖြူတော်ဆီကိုသွားပါ။ လိုအပ်တာကို ချက်ချင်းလုပ်ပေးလိုက်ပါ။ ဒါပေမယ့် မင်းမလုပ်ပါဘူး။ ဘာလို့လဲဆိုတော့မင်းက အမေရိကန်လူမျိုးတွေ မယုံကြည်တဲ့အရာကို ယုံကြည်နေတာကြောင့်ဖြစ်တယ်။ ငါတို့က ပုံမှန်စွမ်းအင်သုံးစက်ရုံတွေကို ပြန်မလုပ်ဘူး။ ဂျာမဏီက ၁ နှစ်အတွင်းမှာပဲ အဲ့တာကို ပြန်လည်တည်ဆောင်ခဲ့တယ်။ ငါတို့မှာ ခုထိအသင့်မဖြစ်သေးဘူး။ ရုပ်ကြွင်းလောင်စာကို မသုံးဘူးလို့ပဲ အော်ဟစ်နေတယ်။ အဆိုးမြင်စိတ်ကြောင့် တိုင်းပြည်ကို အနစ်နာခံလို့ မရဘူး။ ဒါပေမယ့် ရိုးရှင်းတဲ့ မေးခွန်းလေး တစ်ခုလောက် မေးပါရစေ။ သူမဘာကြောင့်မလုပ်ခဲ့တာလဲ? ငါတို့က ကျရှုံးနေတဲ့ နိုင်ငံမို့လို့ပါ။ ငါတိုဟာ ဆိုးရွားစွာ ကျဆင်းနေသော နိုင်ငံဖြစ်သည်။ ငါတို့ခေါင်းဆောင်ကို တကမ္ဘာလုံးက ရယ်မောနေကြတယ်။ အရှေ့အလယ်ပိုင်းမှာ စစ်ပွဲတွေ ရှိနေတယ်။ ရုရှားနဲ့ ယူကရိန်းတို့နဲ့ စစ်ပွဲတွေ ဖြစ်ပွားနေပါတယ်။ တာလီဘန်တွေကို အများကြီး ပေးခဲ့တယ်။ အာဖဂန်နစ္စတန်ကို ပေးခဲ့တယ်။ ငါတို့နိုင်ငံကိုဖျက်ဆီးမယ့် သန်းပေါင်းများစွာသော ရာဇဝတ်ကောင်တွေကို ငါတို့နိုင်ငံထဲကို ဝင်လာခွင့်ပေးလိုက်တယ်။ ငါတို့တွေ နူကလီးယားလက်နက်ကိုသုံးပြီး တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီး ကို နီးကပ်နေပြီ။ ငါတို့ တပ်မတော်ကို ပြန်လည်တည်ဆောက်ဖို့လိုနေပြိ။ ဒါတွေအားလုံးဟာ ငါတို့တိုင်းပြည်သမိုင်းမှာ အဆိုးဆုံးသမ္မတ၊ နှင့် အဆိုးဆုံး ဒုသမ္မတ တို့ကြောင့်ပဲဖြစ်တယ်။

ABC ။ အမေရိကန်နှင့် ကမ္ဘာတဝှမ်းလုံးက စောင့်ကြည့်နေတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ရှိပါတယ်။ ကျွန်ုပ်တို့အားလုံး ကောင်းသောညပါ။



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အီဂျစ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မထောက်ထားပဲ စစ်ဘက်ဆိုင် ရာ အကူအညီ ဒေါ်လာ ၁.၃ ဘီလျံပေးရန် အိမ်ဖြူတော် စီစဉ်

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved