Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
TNLA လက်အောက်က မြို့တွေမှာ NUG ထောက်ခံသူတွေ သွားနေကြမလား . . (အင်တာဗျူး)

သုတကျော် (NSS) - စက်တင်ဘာ ၁၃

TNLA ၏ အိပ်မက်မှာ ပလောင်ပြည်နယ် ထူထောင်ရေးဟုဆိုသည်။ သို့သော် အခြားတစ်ဖက်တွင်မူ ၎င်းတို့၏ ရည်မှန်းချက်များ ပြည့်မြောက်ရေး ဖော်ဆောင်ရာတွင် လူမျိုးကြီးဝါဒ ဆန်လာသည်ဟု ဒေသခံ ဌာနေတိုင်းရင်းသား များအကြား ဝေဖန်မှုများရှိလာသည်။ ထို့ပြင် TNLA နှင့် MNDAA အကြားတွင်လည်း ပွတ်တိုက်မှုများကို မြင်တွေ့လာရ သည့်အပြင် ၎င်းတို့၏ ပူးပေါင်းအဖွဲ့ဖြစ်သည့် PDF များ အပေါ်တွင်လည်း ကန့်သတ်မှုများ ရှိလာသည်ဟု ဆိုကြသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ တိကျစွာ သိနိုင်စေရန်အတွက် ကျောက်မဲ၊ နောင်ချို၊ သီပေါ မြို့နယ်တို့မှ အခြေအနေများကို ဒေသခံတစ်ဦးထံ The Statesman Journal မှ ဆက်သွယ်မေးမြန်းခွင့်ရခဲ့ရာ အထက်ပါဒေသခံ ပြောသမျှ အကြောင်းအရာတိုင်းကို စာဖတ်ပရိသတ်များအတွက် NSS မှ ထပ်ဆင့်ဖော်ပြလိုက်ရပါသည်။ 

မေး - ကျောက်မဲ၊ နောင်ချို၊ သီပေါက ဒေသခံတွေဟာ TNLA လက်အောက်မှာ ဘယ်လို အခက်အခဲတွေ ရှိနေကြပါ သလဲဗျ။ 

ဖြေ - နံပါတ်တစ်ကတော့ သူတို့ သိမ်းပိုက်ထားတာ ဖြစ်တဲ့အတွက် စားဝတ်နေရေး ခက်ခဲတယ်။ ဆန်တွေ၊ ဆီတွေ ဈေးတက်တယ်။ စက်သုံးဆီဆို တစ်လီတာကို တစ်သောင်းကျော် ဝယ်နေရတယ်။ နံပါတ်နှစ်က ဒေသတွင်းက လုပ်ငန်း ရှင်တွေကို အခွန်စကောက်ပြီ။ နံပါတ်သုံးကတော့ သူတို့ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေပေါ့။ ကုလားစိုးနိုင်တို့ ဘာတို့ ပေါ့ သူတို့ခန့်တဲ့ အုပ်ချုပ်ရေးမှူးတွေ ပညာပြတာပေါ့။ (ကျောက်မဲ) မြို့ထဲမှာ သေနတ်ထောင်ဖောက်ပြီး ဈေးသည် တွေကို ဟိုဘက်ရွှေ့ခိုင်း၊ ဒီဘက်ရွှေ့ခိုင်း ပညာပြတာပေါ့။ လုပ်လိုက်ရမလား၊ ကိုင်လိုက်ရမလား ဒီလို အနိုင်ကျင့်တာ တွေရှိတော့ တော်တော်လေး အခက်အခဲဖြစ်တယ်။ အဓိကတော့ စားဝတ်နေရေးပေါ့။ နောက်တစ်ခုက သွားလာရေးမှာ အကန့်အသတ်တွေရှိတယ်။ အင်တာနက်လိုင်းတောင် ဖြောင့်အောင် သုံးလို့မရဘူး။ ဥပမာ - ဟိုတစ်နေ့က တပ်ဘက်က နေပြီး လိုင်းရအောင် ကြိုးစားပေးတာ လိုင်းပြန်ပွင့်တယ်။ သိပ်မကြားဘူး ဒီကောင်တွေ (TNLA) က ပြန်ဖြတ် လိုက်တယ် လို့ကြားတယ်။ ပြီးတော့ လိုင်းတွေ ပြန်ပြတ်သွားတယ်။ သတင်းတွေ အမှောင်ချထားတာပေါ့။ ကျောက်မဲမှာလေ။ သီပေါမှာလည်း အလားတူပါပဲ။ မိုင်တဲလိုင်းရတယ်ပေါ့။ ပြီးတော့ သူတို့ (TNLA) က လိုင်းကို ပြန်ဖျက်တယ်။ ပြည်သူ ကလည်း အော်တာများတော့ လိုင်းပြန်ဖွင့်တယ်။ မနေ့က (စက်တင်ဘာလ ၂ ရက်) တော့ ရွာတွေဘက်မှာ အော်ရီဒူး ပြန်ရတယ်လို့ ကြားတယ်။ သတင်းကို အမှောင်ချတာများတယ်။ ဥပမာ-ကျောက်မဲပေါ့။ အင်တာနက် သုံးချင်ရင် ခုနစ်မိုင်လောက်ဝေးတဲ့ နေရာသွားရတယ်။ သွားသုံးပြီး ပြန်လာရင် ဖုန်းစစ်တယ်။ ဘာလုပ်ခဲ့လဲပေါ့။ ဒါမျိုးတွေ ရှိနေပါ တယ်။ 

မေး - အခွန်ကိစ္စပေါ့လေ။ သူတို့ အခွန်ကောက်တာ စစ်ဘေးသင့်ပြီး အခက်အခဲ ဖြစ်သွားတဲ့ ပြည်သူတွေအတွက် အဆင်ကော ပြေပါရဲ့လား။ 

ဖြေ - ကျွန်တော်တို့က အခွန်ဆိုတဲ့ နေရာမှာ ဆပ်ကြေးလို့ပဲ ပြောရမှာပေါ့။ ရာဖြတ်ကို ကြည့်ပြီး သိန်းတစ်ရာတန်တဲ့ အခွန်ဆို တစ်ထောင် ဆိုပါစို့ အစိုးရအခွန်က ဥပမာ-အဲ့ဒီလို ပုံစံသွားတာ။ သူတို့ ကတော့ ဆပ်ကြေးကို ဖြစ်သွားပြီ။ ဆပ်ကြေးကိုမှ ယွမ်နဲ့ ချေလို့ရရင် ယွမ်နဲ့ချေ၊ ယွမ်နဲ့ မရရင် မြန်မာ ငွေနဲ့ချေပေါ့။ အကြမ်းအားဖြင့် လမ်းမပေါ်က ဖုန်းဆိုင်တစ်ဆိုင် ဆို တစ်နှစ်ကို သိန်း ၂၀ လောက် ရှိတယ်။ 

မေး - သူတို့ အခုလို ကောက်တာကြောင့် လူတွေ ဘယ်လို အခက်အခဲ ဖြစ်ကြရပါသလဲ။ 

ဖြေ - ပွင့်ပွင့်လင်းလင်း ပြောရရင် အခွန်ကြောင့် ဆိုင်မဖွင့်နိုင်တော့ဘူး။ တခြားမြို့ကို ရွှေ့သွားရတယ်။ ဟိုတစ်နေ့က ဖြစ်စဉ်ပေါ့။ ကျောက်မဲကလူတွေက ပြန်ရွှေ့ကြတယ်ပေါ့။ မကင်းရာ မကင်းကြောင်း လူတွေလောက်ပဲ။ လုပ်ငန်းရှင် တွေကတော့ မဖွင့်နိုင်တော့ပါဘူး။ 

မေး - အခု အခွန်ကိစ္စက ကျောက်မဲ၊ နောင်ချို၊ သီပေါသုံးမြို့စလုံးက ပြည်သူတွေ ရင်ဆိုင်နေရတာလား။ 

ဖြေ - လောလောဆယ်ကတော့ သီပေါမှာ အခွန် ကောက်တာ မရှိသေးဘူး။ ဈေးအတင်းဖွင့်ခိုင်းတာပဲ ရှိတယ်။ သူတို့ သိမ်းပိုက်ခဲ့တဲ့ နမ့်ခမ်းမှာတော့ စည်ပင်ခွန်တို့ လက်ရှိ အစိုးရအတိုင်း လိုက်ခိုးပြီး အခွန်ကောက်တယ်ပေါ့။ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊ နောင်ချို၊ သီပေါ ဆိုရင်တော့ ကျောက်မဲ မှာပဲ အခွန်စနစ်ကို စပြီးတော့ အသက်သွင်းတယ်လို့ ပြောလို့ ရပါသေးတယ်။ 

မေး - သူတို့ ထိန်းချုပ်အောက်မှာ တရားဥပဒေ စိုးမိုး မှုအခြေအနေက ဘယ်လို ရှိပါသလဲ။ 

ဖြေ - တရားဥပဒေ စိုးမိုးမှုကတော့ သူတို့ပဲ ခိုးပြီး သူတို့ လူကြမ်း၊ သူတို့ မင်းသားပေါ့ဗျာ။ ကျောက်မဲမှာ ဆိုရင် မျက်မြင်ပေါ့။ သူတို့ ကိုယ်တိုင် အိမ်ပစ္စည်းတွေ ဖောက်တယ်၊ ပြီးတော့ ကားတွေကို ဖင်ထိုး သယ်တယ်။ ချိပ်ပိတ်တယ်။ ပြန်လာရင် မင်းတို့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့။ တရားဥပဒေ စိုးမိုးရေးအတွက် သူတို့ သူခိုးတွေကို ဖမ်းပါတယ်ပေါ့။ သူတို့ ဖမ်းတဲ့ သူခိုးတွေ ခိုးတာက ပါးပါးလေး၊ သူတို့ ယူတာက စားနပ်ရိက္ခာတွေ၊ မီးခံသေတ္တာကအစ အလုံးလိုက် မသွားတာ။  TNLA တင် မဟုတ်ပါဘူး။ သူတို့နဲ့ ပေါင်းနေတဲ့ PDF တွေလည်း အလားတူပါပဲ။ 

မေး - သူတို့ခန့်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ မလျော်ဩဇာသုံးတဲ့ အခြေအနေတွေကို မြင်တွေ့ ရတာမျိုး ရှိလား။ 

ဖြေ - ရှိတာပေါ့ဗျာ။ သူတို့ အုပ်ချုပ်ရေးမှူးတွေက သဘောထား ပြည့်တဲ့အထဲ မပါဘူး။ ကျောက်မဲဆို ကိုမိုးတို့ ဘာတို့ အစွန်းရောက်တွေပေါ့။ သာတူညီမျှ မရှိဘူးပေါ့။ ဘက်လိုက်မှုရှိတယ်။ ဘက်လိုက်မှု ဆိုတာက လုပ်ပိုင်ခွင့်တွေပေးတယ် အဲဒီလိုမျိုးတွေ ရှိနေတယ်။ သူတို့က ပြောတယ်လေ စစ်အုပ်ချုပ်ရေးက ခန့်ထားတဲ့ စစ်အုပ်ချုပ်ရေးမှူးက လာဘ်စား တယ်ဆိုတာ။ သူတို့ကတော့ အကုန်စားတာ။ အငြိုး အာဃာတ တရားတွေနဲ့ အုပ်ချုပ်တာ။ ဒလန်ဆို ဖမ်းဆိုတာတွေ လုပ်တာ။ ပညာပေးတဲ့ ပုံစံနဲ့ ဖမ်းပြီး ပြန်လွှတ်၊ အဲဒါမျိုးတွေ ရှိနေပါတယ်။ 

မေး - ငါနဲ့မတူ၊ ငါ့ရန်သူ ဆိုတဲ့ မူဝါဒကို အတိအလင်း ကျင့်သုံးတာမျိုးလား ခင်ဗျ။ 

ဖြေ - ဖက်ဒရယ်တို့၊ ဒီမိုကရေစီတို့ ဆိုတာ ဝေးသေး ကွန်မြူနစ် ဆန်ဆန်ပေါ့။ သူတို့ပြောတဲ့ ပြည်သူနဲ့ တွေ့ဆုံတယ် ဆိုတာက တာဘုန်းကျော် လာတွေ့ပါတယ်။ ဘာပြောသွားလဲဆိုတော့ သူတို့ ဖြစ်ချင်တာက တအာင်းပြည်နယ်။ ပြောရ မယ်ဆိုရင် ပြည်နယ် ရူးတာပေါ့။ ကျွန်တော်က ဒီနေရာကနေ အစွန်းရောက် အားပေးတွေကို ပြောချင်တာက သူတို့ လုပ်နေတာက တော်လှန်ရေးမဟုတ်ဘူး။ ပြည်နယ်ရရှိရေးမူကို လက်ကိုင်ထားပြီးတော့ တော်လှန်ရေးလုပ်ပါတယ် ဆိုပြီး ဒီ PDF တွေကို အသုံးချသွားတာ။ နောက်ပြီးတော့ တိုင်းရင်းသား အချင်းချင်း သွေးကွဲစေတဲ့ လုပ်ရပ်တွေ လုပ်သွားတာ ဖြစ်နေတယ်။ 

မေး - အွန်လိုင်းမှာဆိုရင် တပ်မတော်က အဲဒီဘက်ကို လေကြောင်းတိုက်ခိုက်တဲ့အခါ သာသနိက အဆောက်အအုံ တွေကိုပါ တိုက်ခိုက်တယ်ဆိုပြီး ပြောကြတယ်။ ဒါနဲ့ပတ်သက်လို့ ဒေသခံတစ်ယောက်အနေနဲ့ ဘာများပြောချင်ပါ သလဲဗျ။ 

ဖြေ - အရှင်းဆုံး ပြောရမယ်ဆိုရင် ဒါက ပြီးခဲ့တဲ့အပတ်က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ပေါ့။ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲပေါ့။ ကျွန်တော်ကတော့ ရယ်ချင်တယ်။ ဟုတ်တယ် တိုက်ပွဲတော့မဖြစ်ဘူး။ ဒါပေမဲ့ ဘုန်းကြီး ကျောင်းထဲဝင်နေတာ အင်အားက လေးဆယ်လောက် ရှိတယ်။ ပစ်ဖို့ခတ်ဖို့ မမ စိန်ပြောင်းတွေနဲ့ လေ့ကျင့်နေတာ။ ဒါကို သာသနာ့ နယ်မြေပဲ ဆိုပြီးတော့ လွှတ်ထား လိုက်မယ်ဆိုရင်တော့ မြို့ပိုပျက်ဖို့ပဲရှိတယ်။ တပ်မတော်ဘက်က လုပ်စရာ ရှိတာ လုပ်တာပဲ။ ဒီနေရာမှာ သာတယ်၊ နာတယ် မခွဲခြားဘူး။ ဘာသာရေးနဲ့ သွားကြည့်လို့ မရဘူး။ စစ်ရေးအနေနဲ့ ကြည့်ရမှာပဲ။ ဘုန်းကြီးကျောင်းကို ဗုံးကြဲတာက အလကား သက်သက်ကြဲတာမဟုတ်ဘူး။ သူတို့ရှိလို့ ကြဲရတာပဲ။ မီဒီ ယာတွေမှာ ပြောတာက သာသနိက အဆောက်အအုံကို ဗုံးကြဲတယ်ဆိုပြီး။ ဘယ်သူကမှ မကြဲချင်တာ။ ကျွန်တော်တို့က တော့ နားလည်ပေးတယ်။ 

မေး - လက်ရှိ ကျောက်မဲ၊ နောင်ချို၊ သီပေါဘက်မှာ TNLA ယူနီဖောင်းဝတ်ထားတဲ့ ဗမာတွေ ရှိနေတယ်ဆိုပြီး သိရတယ်။ အဲ့ဒါကကော အမှန်ပဲလားဗျ။ သူတို့ က တော်တော်များသလား။ ဘယ်က ရောက်လာတယ်လို့ ထင်ပါသလဲ။ 

ဖြေ - PDF တွေကို မိုးကုတ်ဘက်ကနေ ခေါ်လာတယ်။ ညပိုင်း တပ်မတော်က ဗုံးကြဲတော့ သူတို့ တော်တော်ထိသွား တယ်။ ဒါပေမဲ့ အဲ့ဒီသတင်းကို ပေးမထွက်ဘူး။ စဉ်းစားကြည့်ဗျာ။ ဗုံးကြဲလို့ တစ်ယောက်မှ မထိဘူးဆိုတာရှိ မလား။ ဘာ အဆောက်အအုံမှတောင် မထိခိုက်ဘူးတဲ့။ အလောင်းတွေကို ညပိုင်းတင် ထုတ်တယ်။ သန့်ရှင်းရေးလုပ်တယ်။ ဖုန်းလိုင်း လည်းမရတော့ ဒီသတင်းကို ဘယ်သူမှမရဘူး။ ဒီကိစ္စကို မပြောဖို့ သတိပေးတယ်ပြောတယ်။ PDF တွေကို ယူနီဖောင်း လဲပေးလိုက်တယ်။ PDF အနေနဲ့ လှုပ်ရှားတာကို သူတို့ ခွင့်မပြုဘူး။ လက်မခံဘူး။ သူတို့ရဲ့ပုံရိပ်က တာဘုန်းကျော် ပြောတာရှိပါတယ်။ တအာင်းလွတ်မြောက်ရေးအတွက် TNLA အနေဖြင့်သာဆိုပြီး သူပြောတယ်။ TNLA အနေနဲ့ ဒီမြို့ကို သိမ်းတာ။ PDF မပါဘူး။ TNLA ပဲ အုပ်ချုပ်မယ်ဆိုတဲ့ အနေအထား။ PDF တွေလည်း သိတယ်။ အင်အားချင်းမမျှလို့သာ ငြိမ်ခံနေရတာ။ ကျောက်မဲမှာ PDF ဝတ်စုံ ပေးမဝတ်ဘူး။ TNLA ဆီရောက်တယ်၊ TNLA ဝတ်စုံနဲ့ပဲ နေရမယ်ဒါပဲ။ 

မေး - ဒီလို အပြုအမူကို ဖိနှိပ်တယ်လို့ မြင်လားဗျ။ ဒေသခံ တစ်ယောက်အနေနဲ့ ဘယ်လို မြင်ပါသလဲ။ 

ဖြေ - မြှောက်ပေးတယ်၊ အသုံးချတယ်။ ဥပမာ ကုလား စိုးနိုင်ဆိုတာက PDF တပ်ရင်း တစ်ခုကပေါ့။ ဘာလုပ်သလဲ ဆိုတော့ အုပ်ချုပ်ရေးမှူး ခန့်ပေးလိုက်တယ်။ PDF တွေကို နှစ်သိမ့်တဲ့ အနေနဲ့ပေါ့။ ယူနီဖောင်းကတော့ TNLA ယူနီဖောင်းပဲ ဝတ်ရတယ်။ PDF တွေလည်း သိနေပါပြီ။ ငါတို့က တော်လှန်ရေး အတွက်။ NUG ကပေးတဲ့ ပိုက်ဆံကို  TNLA က ယူတယ်။ အခု မျက်မှန်နဲ့ ဒေါက်တာဆိုတဲ့ တစ်ယောက်လည်း ကျွန်တော်တွေ့ခဲ့ရတာပဲ။ ကျောက်မဲကို သူရောက်လာတယ်။ ဘာလုပ်လဲ။ TNLA ခိုင်းသမျှ လုပ်ရတာပဲ။ ဒါကို သိသင့်ပြီ။ ဗမာ PDF တွေ နောင်တရသင့်ပြီ။ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောသလို EAOs တွေမှာ သူတို့ ရည်မှန်းချက်တွေက ရှိပြီးသား။ ဒါကို အသုံးချခံဖြစ်နေတာကို နောင်တ မရသေးဘူးဆိုရင် တစ်ချိန်ကျ အမှားကြီး မှားမှာပဲ။ ကျွန်တော်လည်း ဒီလိုပဲမြင်တယ်။ 

မေး - ကျွန်တော်တို့ ကြားနေရတာ တစ်ခု ရှိပါတယ်။ TNLA က သူတို့ သိမ်းပိုက်ပြီးတဲ့ နယ်မြေတွေမှာ မူရင်း လမ်းညွှန်ဆိုင်းဘုတ်တို့ ဘာတို့ကို ပလောင်စာနဲ့ ရေးတယ်ဆိုတာ ဟုတ်ပါသလား။ 

ဖြေ - ဒါသည် လူမျိုးကြီး ဝါဒ ကျင့်သုံးတယ်လို့ မြင်ပါတယ်။ တန်းတူညီမျှမပေးဘူး။ အခုလည်း ရှမ်းစာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ၊ ရွာဆိုင်းဘုတ် တွေကို အကုန်ဖျက်ပြီး ပလောင်စာတွေ၊ ပလောင် အလံတွေ လုပ်တာကို တွေ့ရတော့ ရင်ထဲ မကောင်းဘူးပေါ့။ ဌာနေ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေကို အဖျောက်ခံရတာပေါ့။ ကချင်လည်း အဖျောက်ခံရတာပဲ။ ကွတ်ခိုင်မှာလေ။ ကျောက်မဲလည်း အဖျောက်ခံရတယ်။ ရှမ်းစာနဲ့ရေးတာ အကုန်ဖြုတ်၊ သူတို့ ပလောင်စာတွေ၊ ပလောင်အလံတွေ တလူလူ၊ တလံလံ လုပ်တာ။ ပြီးခဲ့တဲ့ အစိုးရ သက်တမ်းတွေမှာ ရှမ်းတွေ အင်အား ကြီးခဲ့တာပဲ။ ဒါပေမဲ့ လူမျိုးကြီး ဝါဒကျင့်သုံးတာ မရှိဘူး။ ပလောင်စာ ဆိုလည်း ကပ်ပေးတာပဲ။ သာတူညီမျှ။ ပလောင်ရွာ တွေဆို ပလောင်ရွာ ဆိုပေမယ့် ရှမ်းတွေ များတာပဲ ရှမ်းစာနဲ့ရေးပါလို့ မရှိဘူး။ သူတို့ အာဏာရတော့ သူတို့ကဌာနေ တိုင်းရင်းသားတွေကို စော်ကားပြီး လူမျိုးကြီးဝါဒ ကျင့်သုံးတယ်လို့ ပြောချင်တယ်။ 

မေး - ရှမ်းပြည်နယ်က ကျောက်မဲ၊ နောင်ချို၊ သီပေါဘက်မှာ TNLA တစ်ခုတည်း ကြီးစိုးမယ် ထင်လား ခင်ဗျာ။ MNDAA ကလည်း အဲဒီဘက် ဝင်နေတယ်ကြားတော့ နောင်မှာ အချင်းချင်း ပွတ်တိုက်မှုတွေ ဖြစ်လာမယ်လို့ ထင်ပါသလား။ 

ဖြေ - မြေပြင်အခြေအနေအရတော့ မြောက်ပိုင်း သုံးဖွဲ့ကကြားတဲ့သတင်းပေါ့။ ဘာတွေ့ရသလဲဆိုတော့ ကျွန်တော်တို့ လည်း We chat တွေ ဘာတွေ သုံးတယ်လေ။ MNDAA ဘက်က  TNLA အပေါ် ပြစ်တင် ဝေဖန်တာတွေ အနည်းနဲ့ အများ တွေ့လာရတယ်။ တရုတ်က ဖိအားပေးလာတော့ TNLA က လက်မခံရင် သူတို့အတွက်ပါ ထိလာနိုင်တယ်လေ။ သိပ် တော့ သဟဇာတဖြစ်လှ ချည်ရဲ့ မဟုတ်ဘူး။ အဲ့ဒီလို အနေအထားရှိပါတယ်။ 

မေး - ရှမ်းပြည်နယ်ဟာ ဒီအတိုင်းသာ ဆက်သွားရင် နောင်တချိန်မှာ စစ်ဘုရင်တွေ အာဏာလုရာ စစ်တလင်း ဖြစ်သွားနိုင်လား။ 

ဖြေ - ဖြစ်နိုင်တာပေါ့။ တပ်မတော်မရှိဘူး ဆိုပါစို့။ သူတို့ အချင်းချင်းလုလေ။ ချကြမှာပဲ။ မျက်မြင်ပဲ။ သီပေါဆိုလုနေတာ။ TNLA ကလည်း သိမ်းတယ်။ ကိုးကန့်ကလည်း သိမ်းတယ်။ ဘယ်ကောင် အဖေ ခေါ်လို့ ခေါ်ရမှန်းမသိဘူး။ ဒုဋ္ဌဝတီ ဟိုဘက်ကမ်းက ကိုးကန့်၊ ဒီဘက်အခြမ်းက TNLA က သိမ်းထားတယ်။ သီပေါတောင်မှ ဟိုဘက်သည်ဘက် သိမ်းထား တာ အခုလည်း ပွတ်တိုက်မှုရှိတယ်။ တပ်မတော်မရှိဘူး ဆိုရင်တောင်မှ သူတို့အချင်းချင်း နယ်မြေ လုတာနဲ့တင် စစ်ဘုရင်ဝါဒက ပိုကျယ်ပြန့်လာမှာ။ လက်ရှိလည်း တွေ့နေရတာပဲ။ 

မေး - ဒေသခံ တစ်ယောက်အနေနဲ့ ဘာများ ပြောချင်ပါသလဲ။ 

ဖြေ - ရှမ်းမြောက်က တိုင်းရင်းသား  ပြောခဲ့တာ ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ အရင်တုန်းကတော့ တပ်မတော်ပေါ့။ ဗမာစစ်တပ်ကို မုန်းတယ်။ ဒါပေမဲ့  ဒီအချိန်မှာတော့ တပ်မတော်ကို နိုင်စေချင်တယ်တဲ့။ မတရားမှုတွေကို လက်မခံဘူး ပေါ့။ ကျွန်တော့် အနေနဲ့လေ။ အခုဆို ကြံ့ခိုင်ရေးပါတီဝင်တွေကို နာ မည်စာရင်းတွေနဲ့ ဖမ်းဝရမ်းထုတ်တယ်။ ကျောက်မဲ လည်း ထုတ်တယ်။ ပြောချင်တာက သူတို့ဟာ ဒီမိုကရေစီ ၊ ဖက်ဒရယ် ပြောပေမယ့် ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ မူဝါဒကို ကျင့်သုံးတယ်။ နောက်ပြီးတော့ မင်းမဲ့စရိုက်၊ အာဏာရှင်ဆန်ဆန်ကျင့်သုံးတယ်။ အယုတ်မာဆုံးကတော့ သတ်ဖြတ် တယ်ပေါ့။ မြို့ပြင် ထုတ်တယ်။ အပင်မှာ ချည်တယ် မသေမချင်း ဓားနဲ့ထိုးသတ်တယ်။ ဒီလို လုပ်ရပ်တွေဟာ သူတို့ပြောတဲ့ ဖက်ဒရယ်နဲ့ ဆန့်ကျင်တယ်။ ကြံ့ခိုင်ရေး ပါတီဝင်တင် မဟုတ်ဘူး တခြား တိုင်းရင်းသား ပါတီဝင်တွေ၊ ရှမ်းပါတီ နှစ်ပါတီရှိတယ်၊ ဒီပါတီတွေ အပေါ်လည်း ဖိအားပေးတယ်။ ဒီဒေသမှာ အုပ်ချုပ်မှု အောက်မှာ ရှိတဲ့ ပြည်သူတွေ အနေနဲ့ ဒီလိုပုံစံနဲ့တော့ သူတို့ လက်အောက်မှာ မနေသင့်ဘူး။ အန္တရာယ် ကင်းလွတ်ရာမှာ နေသင့်တယ်လို့ အကြံပြုချင် တယ်။ 

ကျေးဇူးတင်ပါတယ် ခင်ဗျာ။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

"လွတ်တဲ့ငါး မကြီးရအောင်" (အပိုင်း - ၂) (ဆောင်းပါး)

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved