Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာ့ကားမူဝါဒနှင့် ဈေးကွက်အခြေအနေများ (အင်တာဗျူး)

ခေတ်မင်းကို ၊ နာမူ (NSS)- စက်တင်ဘာ ၈ 

ပြည်တွင်း မော်တော်ယာဉ်သုံးစွဲမှုနှင့် တင်သွင်း ထုတ်လုပ်မှုများ၏ လတ်တလောဖြစ်ပေါ်နေသော အခြေအနေများအပေါ် မြန်မာ့မော်တော်ယာဉ် ထုတ် လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဇော်ထိုက်အေးနှင့် တွေ့ဆုံမေးမြန်း ထားသည်များကိုတင်ပြအပ်ပါသည်။

မေး - လတ်တလောရောင်းချနေတဲ့ ကားသစ်တွေရဲ့ ဈေးကွက်အခြေအနေအပါအဝင် မြန်မာနိုင်ငံရဲ့ ကား သုံးစွဲမှုအခြေအနေကိုပြောပြပေးပါခင်ဗျာ။ 

ဖြေ - လက်ရှိကတော့ ကားသစ်တင်သွင်းမှုမှာ  EV  တစ်မျိုးတည်းပဲ တင်သွင်းလို့ရသေးတာပေါ့။ စက် သုံးဆီသုံးတဲ့ကားတွေအနေနဲ့SKDထုတ်ထားတာ တစ်ခုပဲရတယ်။ ကျန်တာကတော့ လောလောဆယ် ရပ်ဆိုင်းထားတယ်။ ကုန်သွယ်ရေးအရ ကန့်သတ် ထားတာကြောင့် တစ်စိတ်တစ်ပိုင်းထုတ်လုပ် တပ် ဆင်မှုနဲ့ ထုတ်တာရှိတယ်ပေါ့။ ကျန်တဲ့ဟာတော့ မရှိ ဘူး။ အရင်ကတော့ လုပ်ငန်းသုံး ကုန်တင်ကားတွေ တော့ တင်သွင်းတာရှိတယ်။ လုပ်ငန်းသုံးကား တင် သွင်းခွင့်လည်း အကုန်ရပ်ဆိုင်းထားတော့ ကျွန်တော် တို့ပြည်တွင်းမှာရှိတဲ့ တင်သွင်းပြီးသားကားတွေနဲ့ ဈေးကွက်ကို ဆက်လက်လည်ပတ်နေတာတဲ့အခြေ အနေမှာရှိပါတယ်။

မေး - EV ကားအပါအဝင် ကားသစ်တွေဝယ်ချင်တဲ့  သူတွေကို ဘယ်လိုတွေ အကြံဉာဏ်တွေပေးချင်ပါ သလဲခင်ဗျား 

ဖြေ - ကားအသစ်ဝယ်မယ်ဆိုရင်တော့ ယခုလက်ရှိ မှာ ကုမ္ပဏီက တိုက်ရိုက်ရောင်းချပေးတဲ့ တရားဝင် ကိုယ်စားလှယ်တွေဆီကပဲ ဝယ်ပါလို့ ပြောချင်တယ်။ အရောင်းပိုင်းရော ပြင်ထိန်းအပိုင်းမှာပါ ဝန်ဆောင်မှု တွေရှိတယ်။ ပြင်ဆင်ထိန်းသိမ်းရေးတွေမှာ သူရဲ့ အာမခံချက်တွေရှိတယ်။ အာမခံဝန်ဆောင်မှုပိုင်းမှာ လည်းစိတ်ချရတယ်။ ဒါကြောင့် တရားဝင် ဖြန့်ချိရေး ကိုယ်စားလှယ်တွေဆီမှာ ကားသစ်ဝယ်ပါလို့ အကြံ ပြုပေးချင်ပါတယ်။

မေး - EV  သုံးစွဲမှုအပိုင်းမှာကော မြန်မာနိုင်ငံအနေနဲ့  အလားအလာဘယ်လိုရှိလဲ။ အနာဂတ်မှာကော ဘယ် လိုအခြေအနေတွေနဲ့ကြုံတွေလာနိုင်သလဲ။ 

ဖြေ။ EV ကတော့ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် အလားအလာကောင်းတယ်။ ကားအားသွင်းရုံတွေ အများကြီးမရှိပေမယ့်လည်း တချို့ EV  ကားတွေမှာ အိမ်မှာတင် အိမ်သုံးလျှပ်စစ်မီကနေသွင်းနိုင်တဲ့  အားသာချက်တွေရှိတယ်။ အိမ်သုံးမီးနဲ့အားသွင်းပြီး အသုံးပြုရင်တော့ အဆင်ပြေလောက်ပါတယ်။ ဘာလို့ဆို နေ့တိုင်း ကားကို အားအပြည့်ထည့်နေရတာ မဟုတ်ဘူးဆိုတော့လေ။ ကားအားသွင်းရုံတွေ မလုံလောက်တောင်မှ သုံးစွဲသူအနေနဲ့ အိမ်မှာတင် အသုံး ပြုလို့ရပါတယ်။ နေ့တိုင်းနေ့တိုင်းအားသွင်းစရာမ လိုဘူး။ တစ်ခါအားသွင်းပြီးရင် သုံးလေးရက် အသုံး ပြုလို့ရတော့ အဆင်ပြေတာပေါ့။ ကျွန်တော့်အမြင်ကတော့  မဆိုးဘူးပေါ့နော် မြို့ပေါ်မှာသုံးဖို့ဆိုရင်ပေါ့။

မေး - EV  ကားတွေက တစ်ခါအားသွင်းထားရင် ဘယ်လောက်လောက် အားခံလဲ။ အသုံးပြုမှုအပိုင်းကို ပြောပြပေးပါဦး။ 

ဖြေ - ပုံမှန်တော့ (၁၀ဝ%)အထိတော့ အားသွင်း စရာမလိုဘူး။ ကားသုံးသူအနေနဲ့ (၇၀-၈၀%လောက် အားသွင်းထားပြီးတော့ အဲဒီ (၇၀-၈၀)ကိုပဲ (၂၀%) အောက်မကျအောင် သုံးသင့်တယ်။ ပြီးမှ  အားပြန် သွင်းပြီးအသုံးပြုရင်တော့ အဆင်ပြေတယ်။ အိမ်မှာ လည်း တစ်ရက်လောက်ပလပ်ထိုးထားလို့ရှိရင်  သတ် မှတ်ထားတဲ့ (၂၀%)ကနေ (၈၀%) ဝန်းကျင်လောက် ကတော့ တစ်ရက်အားသွင်းထားရင် ပြည့်တယ်။ လက်ရှိ မိုဘိုင်းဖုန်းတွေလိုပေါ့ ဂရုစိုက်ပြီးသုံးမယ် ဆိုရင် အဆင်ပြေပါတယ်။ တစ်ခါအားအပြည့်သွင်း ထားရင် နှစ်ရက်သုံးရက်လောက်သုံးလို့ရပါတယ်။

မေး - လက်ရှိ မြန်မာပြည်မှာ EV  ကားသုံးစွဲသူတွေ အနေနဲ့ ဘယ်လိုအခက်အခဲတွေရှိလဲ။ 

ဖြေ - ကျွန်တော်တို့မြန်မာပြည်မှာ EV  ကားဝယ် မယ်ဆိုရင် ခြံနဲ့ဝန်းနဲ့ရှိတဲ့သူတွေအနေနဲ့ အဆင်ပြေ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကားအားသွင်းရုံတွေ မသွားဘဲ အိမ်ကလျှပ်စစ်မီတာမီးနဲ့ပဲ အားသွင်းလို့ရ တယ်။  ဒါပေမဲ့ ကွန်ဒိုတိုက်ခန်းတွေ အထပ်မြင့်တွေမှာ နေတဲ့သူတွေကျတော့ အဆင်မပြေဘူး။ အားသွင်းရုံ တွေ နေရာအနှံ့မှာ ပေါပေါများများမရှိသေးဘူး။ အား ကုန်ရင် အလွယ်တကူသွင်းဖို့ အခက်အခဲရှိတယ်။ ငွေကြေးတတ်နိုင်သူတွေဆိုရင် ကားနှစ်စီးဝယ်ထား ရတယ်။ မြို့တွင်းမှာသုံးဖို့ EV ကားတစ်စီး၊ နယ်ဝေး သွားဖို့ စက်သုံးဆီကားတစ်စီး နှစ်စီးပေါ့ ဘာလို့လဲ ဆိုရင် ဥပမာ-နေပြည်တော်သွားမယ်ဆိုရင် ဟိုရောက်မှ ကားအားသွင်းရုံ ဖွင့်လား၊ မဖွင့်ဘူးလားဆို တာ စုံစမ်းရတာတွေရှိတယ်။ အဲဒီတော့ EV ကားနဲ့ ခရီးဝေးမသွားတော့ဘူး။ ဓာတ်ဆီကားနဲ့ပဲ ခရီးဝေး သွားတော့တယ် ။

မေး - ကားဝယ်မယ်ဆိုရင် ဘဏ်ချေးငွေတွေ ဘာ တွေနဲ့ ဝယ်မယ့်သူတွေရှိတယ်။ ဝယ်မယ်ဆိုရင် ဘယ် လိုပုံစံမျိုးနဲ့ အဆင်ပြေနိုင်လဲ။ 

ဖြေ။ အရင်ကတော့ ကားဝယ်ရင် တစ်စိတ်တစ်ပိုင်း ငွေချေပြီးတော့ ဘဏ်ချေးငွေနဲ့ ဝယ်ယူကြတာပေါ့ ။အခုတော့ ဘဏ်တွေကနေ ကားဝယ်ယူတဲ့အပေါ်  အာမခံချက်  အခိုင်အမာမ‌ပေးနိုင်ဘူး။  မပေးနိုင်တော့ ကျွန်တော်တို့ပြည်တွင်းမှာ ရောင်းချရတဲ့သူတွေအ တွက် အခက်အခဲဖြစ်တာပေါ့။ လောလောဆယ် ဘဏ်တွေကနေ ဘဏ်တိုးနှုန်းပြောင်းလိုက်ပြီးတော့ လွယ်လွယ်ကူကူ ဘဏ်တွေက အာမခံနဲ့ချေးငွေပေး နိုင်အောင် လုပ်ပေးမယ်ဆိုရင်တော့ ကားဝယ်ယူအ သုံးပြုမှုများတာပေါ့။ ဒါဟာ  EV  ရော ရိုးရိုးစက်သုံး ဆီကားရောအပေါ်မှာ သက်ရောက်မှုရှိပါတယ်။

မေး - မြန်မာနိုင်ငံအနေနဲ့ မော်တော်ယာဉ်သုံးစွဲမှု အပိုင်းမှာ လိုအပ်ချက်အခြေအနေ  ဘယ်လိုတွေရှိ နေလဲ  

ဖြေ - မြန်မာပြည်မှာ  မော်တော်ကားလိုအပ်ချက်တွေ ရှိတာပေါ့။  လွန်ခဲ့တဲ့ ငါးနှစ် ခြောက်နှစ်လောက်က ထိုင်းမှာ တစ်နှစ်ကို ကားထုတ်လုပ်တာ (၁.၈) သန်း ထုတ်လုပ်တယ်။ သူ့ပြည်တွင်းမှာ (ဝ.၈) သန်းပဲသုံး တာ။ ကျန်တာတွေကိုပြည်ပကိုတင်ပို့တာ။ လက်ရှိအချိန်မှာ ကျွန်တော်တို့မြန်မာနိုင်ငံမှာက တစ်သန်း လောက်ပဲသုံးစွဲနိုင်သေးတယ်။ ပုံမှန်အားဖြင့် ကျွန် တော်တို့ဆီမှာ အနည်းဆုံး ကား(၇)သန်း(၈)သန်း လောက်သုံးစွဲမှုရှိရမှာပေါ့။ ပြည်တွင်းမှာ ကားထုတ် လုပ်သုံးစွဲမှုက ဗီယက်နမ်တို့ထက်ကို ကျွန်တော်တို့က ပိုများရမှာပေါ့။ လက်ရှိကတော့ ထိုင်းနိုင်ငံက တစ်နှစ် ထုတ်ပြီးသုံးတဲ့ (ဝ.၈)သန်းလောက်တောင် မသုံးနိုင် သေးဘူးပေါ့။ တကယ်တမ်း အခုလက်ရှိ ကျွန်တော် တို့က သုံးစွဲမှုက ထိုင်းမှာ တစ်နှစ်ထုတ်သလောက် ပဲရှိဦးမှာပေါ့ ။ ကျွန်တော်တို့ ကားထုတ်လုပ်သုံးစွဲမှုနဲ့ ပတ်သက်တဲ့ အခြေခံအဆောက်အအုံ(infrast­ructure)တိုးချဲ့ဖို့တော့ လိုအပ်နေတာပေါ့။ (infrast­ructure) ထပ်ချဲ့လိုက်မယ်ဆိုရင်တော့ မြန်မာပြည်မှာ ကားတွေ ပိုပြီးအသုံးပြုလာနိုင်မှာပေါ့။ အခုလော လောဆယ်တော့ အပြောင်းအလဲမရှိဘဲ ဆက်သွားနေတာပေါ့ ။

မေး - ကားမူဝါဒနဲ့ပတ်သက်ပြီး အစ်ကိုတို့ လုပ်ငန်း ရှင်တွေအနေနဲ့ ဘယ်လိုသုံးသပ်မှုတွေရှိသလဲ။  

ဖြေ - မြန်မာနိုင်ငံမှာကတော့ ကားမှုဝါဒတွေ ထုတ် ပြန်လာတာတော့ ကြာပါပြီ။  ကားမူဝါဒတွေကတော့ ခုမှမဟုတ်ပါဘူး။ ကျွန်တော်တို့စလုပ်တဲ့ (၉၆၊ ၉၇) တည်းက မူဝါဒက အမျိုးမျိုးပြောင်းနေတာ။ အဲဒီ တော့ ကျွန်တော်တို့က ပြောင်းတဲ့မူဝါဒပေါ်မူတည် ပြီးတော့ သွင်းတယ်။ ပြီးတော့ ပြည်တွင်းမှာကား ထုတ်ဆိုရင် ပြည်တွင်းမှာထုတ်တယ်။ အခု ထုတ်ပြန် တဲ့စနစ်အရဆိုရင် EV တင်သွင်းရောင်းချမှုတွေ ဖြစ်လာတယ်ပေါ့။ ဒါကတော့ ကျွန်တော်တို့နိုင်ငံ ဝင်ငွေသိပ်မတိုးတက်သေးတဲ့အတွက် သက်ဆိုင်ရာနဲ့ နိုင်ငံတော်အကြီးအကဲတွေက ကားသုံးစွဲတဲ့သူတွေ အတွက် နိုင်ငံတော်က အကောင်းဆုံးဖြစ်အောင် အမျိုးမျိုးပြောင်းလဲပေးနေတယ်လို့ထင်ပါတယ်။ ကျွန် တော်တို့ (၁၉၉၆) ခုနှစ်ကတည်းက ကားရောင်းဝယ် နေတဲ့သူတွေဆိုရင် အစဉ်အဆက်ကို စနစ်တွေ ပြောင်းလာတာ။ ကျွန်တော်တို့ တင်သွင်းတယ်၊ ထုတ် လုပ်တယ်။ အဲဒီလိုနဲ့ တင်သွင်းသူဖြစ်လာတယ်။ ထုတ်လုပ်တဲ့သူဖြစ်တယ်။ မူဝါဒအပြောင်းအလဲ ကြောင့် တင်သွင်းတဲ့သူပြန်လာဖြစ်တယ်။ အခြေအ နေပေါ်မူတည်ပြီး အပြောင်းအလဲလုပ်နေရတာပေါ့။  

မေး - နိုင်ငံခြားနဲ့ မြန်မာနိုင်ငံ ကားသုံးစွဲမှုမှာ ဘယ် လိုကွာခြားမှုတွေရှိလဲ။ မြန်မာနိုင်ငံအနေနဲ့ ဘယ်လို အခြေအနေတွေ ဖြစ်သင့်တယ်လို့ထင်ပါသလဲ။ 

ဖြေ - နိုင်ငံတိုင်းမှာတော့ ကားဝယ်ရင်ရှုံးတယ်။ ကျွန် တော်တို့မြန်မာနိုင်ငံမှာတော့ ဝယ်ပြီးရင်မြတ်တယ် ပေါ့။ တခြားနိုင်ငံထက်စာရင်တော့ ကျွန်တော်တို့ဆီမှာ အကန့်အသတ်နဲ့သုံးစွဲနေတဲ့ အခြေအနေတစ်ခုရှိ နေတာပေါ့။ နိုင်ငံခြားငွေဒေါ်လာတွေ အရမ်းကြီး မသုံးချင်ဘူးပေါ့။ ကားတွေ ပြည်ပကဝယ်တဲ့အခါမှာ စက်သုံးဆီသုံးစွဲမှုကလည်း မြင့်တက်လာတာပေါ့။ နိုင်ငံခြားငွေတွေ စက်သုံးဆီအတွက် ပိုသုံးရတာပေါ့။  အဲဒါကြောင့် အခုမှမဟုတ်ပါဘူး။ အရင်NLDအစိုး ရနဲ့ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ပြည် ထောင်စုလွှတ်တော်မှာ အမြဲတမ်းပဲ အခွန်ကောက် ဥပဒေမှာ ကျွန်တော်တို့ ငြင်းခုံနေရတာပေါ့။  ဘာလို့ ဆိုရင် တစ်နှစ် တစ်နှစ် သုံးတဲ့ နိုင်ငံတော်အစိုးရဘတ် ဂျက်မှာ စက်သုံးဆီက ဘယ်လောက်ရှိလဲ။ စက်သုံး ဆီသုံးတဲ့ဘတ်ဂျက်များလာပြီဆိုရင်  ကားတွေ အခွန် တိုးကောက်မယ်။ တင်သွင်းမှုအတွက် ငွေတွေ လျှော့ပြီးတော့ အခွန်တိုးကောက်ဖို့က အရင်တည်းက စဉ်းစားကြတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကားဈေးတွေ ကြီးပြီးတော့ တခြားနိုင်ငံတွေနဲ့ဈေးကွာနေတာပေါ့။  အမှန်တကယ်တော့ နိုင်ငံတကာမှာ ကားက ဝယ်ပြီး တာနဲ့ ချက်ချင်းပဲ၊  ဒီနေ့ဝယ်တာနဲ့ ဒီနေ့ဈေးနဲ့ ရှုံးပြီ။အခုက မြန်မာပြည်မှာ ဝယ်ပြီးပြန်မြတ်တယ်။ ဝယ်ပြီး ပြန်မြတ်တဲ့နိုင်ငံ ဒီတစ်နိုင်ငံပဲ ရှိတယ်။

မေး - ရန်ကုန်မှာ စက်သုံးဆီအခက်အခဲကြောင့် EV ကားကို စိတ်ဝင်စားလာတာတွေရှိတယ်။ ဒါပေမဲ့ ကုမ္ပဏီတိုက်ရိုက်ဝယ်ဖို့ အခက်အခဲလေးတွေရှိနေတဲ့ အပေါ် ပြောကြားပေးပါဦး။

ဖြေ - ကားတင်သွင်းရောင်းချသူတွေဆီမှာ တင်သွင်း လာတဲ့ဈေးထက် (၂၀) ရာခိုင်နှုန်းပဲအမြတ်တင်ပြီး ရောင်းချရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းကိုလိုက် နာရပါတယ်။ ဒီတော့ တင်သွင်းခွင့်နဲ့ဝယ်ချင်တဲ့သူ တစ်ခါတည်းချိတ်ဆက်ပြီးတင်သွင်းရပါတယ်။ ဥပမာ ပြောရရင် ကုမ္ပဏီတစ်ခုက ကားအစီး (၂၀) တင် သွင်းခွင့်ရရင် ဝယ်မယ့်သူ အယောက်နှစ်ဆယ် တစ်ခါတည်းရှာထားပြီး ကားမှတ်ပုံတင်လုပ်ငန်းကို အမြန်လုပ်ဆောင်ရပါတယ်။ အရင်လိုမျိုး ကားအ ရောင်းပြခန်းက အလွယ်တကူဝယ်လို့မရပါဘူး။ ဒါ ဟာ နိုင်ငံတော်က လတ်တလော ဒေါ်လာလိုအပ်ချက် အပေါ်မှာလည်းမူတည်နေတာပေါ့။

မေး - ကားလောကနဲ့ ကားဈေးကွက်အ‌ပေါ်မှာ ဘယ်လိုသုံးသပ်ချင်ပါသလဲ။

ဖြေ - ကားလုပ်ငန်းအတွက် စီးပွားရေးပိုင်းမှာတော့ တော်တော်အခြေအနေကောင်းလာတာပေါ့။ ကောင်း တယ်ဆိုတာကလည်း ဒီလုပ်ငန်းကို အချိန်ပြည့်ဝင် ရောက်လုပ်ကိုင်တဲ့သူတွေအနေနဲ့ဆိုရင် တော်တော် လေးကို တိုးတက်အောင်မြင်လာတာကို တွေ့ရတယ်။ လုပ်ငန်းတစ်ခုကို အချိန်ပေးပြီး အကြာကြီးလုပ်နိုင်တဲ့ သူတွေကတော့တိုးတက်အောင်မြင်လာတာပေါ့။  ပုံမှန်ကတော့ ကားဝယ်ရောင်းလုပ်တာပေါ့။ ဝယ် ရောင်းပြီးရင် အရောင်းပြခန်းသဘောမျိုးထဲ ခြံဝန်းထဲ ထည့်ပြီးရောင်းတယ်။ ပြီးရင် တစ်ဆင့်မြှင့်ပြီး ကားအ ရောင်းကိုယ်စားလှယ်လုပ်တယ်။ နောက်ပိုင်းမှာ မြန် မာနိုင်ငံဆိုင်ရာ တရားဝင်ဖြန်ချိရေးကိုယ်စားလှယ် ဖြစ်သွားတယ်။ ကားလုပ်ငန်းလုပ်ကိုင်သူတွေ အား လုံးတော်တော်များများ တိုးတက်လာတယ်။ မော်တော် ယာဉ်လုပ်ငန်းလည်း ကောင်းပါတယ်။ ‌ ရေရှည်လုပ် မယ်ဆို တစ်စိုက်မတ်မတ် လုပ်လည်းလုပ်သင့်တယ်။ အောင်မြင်လာရင် အဆက်အသွယ်တွေကို တိုးချဲ့ သင့်တယ်။ အဲဒီလိုမျိုးတိုးချဲ့လို့ရှိရင် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေနဲ့ဆက်ဆံပြီး အားလုံးနဲ့ ချိတ်ဆက်မိ နိုင်အောင်လုပ်နိုင်ရင်တော့ မြန်မာပြည်မှာ တကယ် ကောင်းတဲ့စီးပွားရေးတစ်ခုပါပဲ။ 

မေး - မြန်မာနိုင်ငံ မော်တော်ယဉ်ထုတ်လုပ်ရေးနှင့်ဖြန်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ တစ်ဦးအနေနဲ့ လက်ရှိအခြေအနေတွေအပေါ် သုံး သပ်ပြောပြပေးပါဦး။

ဖြေ - ကျွန်တော့်အနေနဲ့ မော်တော်ယာဉ်တင် သွင်းထုတ်လုပ်မှု၊ တင်သွင်းတာတွေလည်း ရှိတယ်။ ထုတ်လုပ်တာတွေလည်း ရှိတယ်၊ အားလုံးစုပေါင်းပြီး ဖွဲ့ထားတာပေါ့၊ အားလုံးကတော့ ညီအစ်ကို မောင်နှမ လိုသဘောမျိုးပါ။ ဘာလို့ဆိုတော့ အသင်းအဖွဲ့ဆို တဲ့သဘောကတော့ ဥက္ကဋ္ဌရယ် ဘာရယ်တော့မဟုတ် ဘူး။ ရာထူးရှိတယ်၊ မရှိတာရယ်က အဓိကမဟုတ် ဘူး။ အားလုံးအရေးကြောင်းပေါ်လာရင် တွေ့ဆုံလို့ ရတာမျိုးဖြစ်အောင်လို့ ကျွန်တော်တို့က အသင်းအဖွဲ့ ကို စုစုစည်းစည်းလုပ်ထားတာပေါ့။ လက်ရှိအချိန်အ ထိ စုစုစည်းစည်းလုပ်တယ်။ ပြီးခဲ့တဲ့နေ့ကဆို လူ (၁၇၀ဝ) လောက် ကျွန်တော်တို့စုစည်းမိတာပေါ့။ တစ်ပြည်လုံးမှာရှိတဲ့ ကားပိုင်ရှင်တွေပဲမဟုတ်ဘဲ သူရဲ့အောက်မှာရှိတဲ့ ကုမ္ပဏီဝန်ထမ်းတွေကအစ ချိတ် ဆက်မိအောင် အကုန်ခေါ်ပေးတယ်။  တစ်ခုတော့ ရှိတာပေါ့။ လုပ်ငန်းရှင်တစ်ယောက်ပဲမဟုတ်ဘဲ လုပ် ငန်းရှင်အောက်မှာရှိတဲ့ သူရဲ့ဝန်ထမ်းတွေပါ ပူးပေါင်း တွေ့ဆုံပြီး ချိတ်ဆက်မှုအားကောင်းလာအောင်  အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။      


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြင်းစိုင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ခရီးသွားလုပ်ငန်းဖော်ဆောင်ရန် တိုက်တွန်း

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved