Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟို ကြီးကြပ်ကွပ်ကဲမှုအဖွဲ့အပေါ် သူတို့အမြင်

သုတကျော်  (NSS) - စက်တင်ဘာ ၄ 

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို မကြာမီက ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့သည် အဆင့်ဆင့်ဖွဲ့စည်းသွားမည်ဖြစ်ကာ ရပ်ကွက်၊ ကျေးရွာတွင် နေထိုင်သူများ သည် မိမိတို့ဒေသလုံခြုံရေးအတွက် ဆောင်ရွက်ခွင့်ရကြမည်ဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်အချို့ထံ The Statesman Journal မှ မေးမြန်းထားသည်များအား NSS မှ ထပ်ဆင့်ကောက်နုတ်ဖော်ပြအပ်ပါသည်။ 

ဒေါ်စန္ဒာမင်း - လွှတ်တော်ကိုယ်စားလှယ်ဟောင်း 

အဲဒီဟာကတော့ အစ်မတို့တွေ့တာက လို အပ်တယ်။ လူတွေက အခုလောလောဆယ်မှာ စစ်မှု ထမ်းဥပဒေအရ စစ်မှုထမ်းဖို့ နှစ်နှစ်ခေါ်ဆောင်တဲ့ကိစ္စ တွေရယ်၊ ပြည်သူ့စစ်ဆိုပြီးတော့ နယ်စပ်ဒေသတွေနဲ့ တိုင်းရင်းသားဒေသတွေမှာ ပြည်သူ့စစ်ဖွဲ့တဲ့ ပုံစံမျိုး တွေနဲ့ အခု ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်း ရေးအဖွဲ့ဆိုပြီး လုံ/ကြမ်းလို့ ခေါ်တယ်တဲ့။ ဒီဟာတွေ ကိုတော့ ရောထွေးနေကြတယ်။ သေသေချာချာ ရှင်း ပြဖို့က စာနဲ့ပေနဲ့လည်း ရှင်းပြသင့်တယ်။ နောက်တစ် ခုကတော့ လူကြားထဲမှာလည်း အဲဒါတွေအားလုံးကို တစ်ခုချင်းစီရဲ့အဓိပ္ပာယ်ရော၊ တစ်ခုချင်းကိုရော ဘာ ကြောင့်ဖွဲ့ရတယ်ဆိုတာကို နားလည်အောင် ရှင်းပြ စေချင်တယ်၊ ရှင်းပြဖို့ လိုတယ်။ နောက်တစ်ခုကတော့ အခုဖွဲ့တဲ့ လုံ/ကြမ်းဆိုရင်တော့ ဥပဒေ မထွက်သေး ဘူးလို့ပြောတယ်။ ဒါ အခုချိန်အထိ တပ်ချုပ်ကြီးကို တင်ပြထားတုန်းပဲရှိသေးတယ်။ ပြန်တော့မကျသေး ဘူးလို့ သိရတယ်။ ဒါပေမဲ့ ဒီဟာတွေကတော့ ပြည် သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့က မရှိ သင့်ဘူးလားဆိုတော့ ရှိသင့်ပါတယ်။ ကျွန်မတို့ ရန် ကုန်မြို့လိုမြို့ကြီးတွေဆိုရင် ပြည်သူ့စစ်ဆိုတာမရှိ ဘူး။ ပြည်သူ့စစ်ဆိုတာမရှိတော့ တစ်ခုခုများ ဖြစ်လာ ပြီဆိုရင် တပ်ကိုခေါ်နေရတယ်၊ ရဲကို ခေါ်နေရတယ် ဆိုတာထက် ဟိုတုန်းကလည်း ဒါမျိုးတွေလုပ်ခဲ့ကြဖူး ပါတယ်။  ဥပမာအနေနဲ့ မဆလခေတ်မှာဆိုရင် မီးဘေးလုံခြုံရေး မီးကင်းစောင့်ရတယ်ဆိုတာမျိုးပေါ့။ ဒါက ပိုက်ဆံပေးတာလည်းမဟုတ်ဘူး။ ကိုယ့်ရပ်ရွာ ဒေသအတွက် ကိုယ့်ဘာသာ ရပ်ရွာကဖွဲ့ပြီးတော့ စောင့်ရှောက်ကြတာပေါ့။ အဲဒီလိုပဲ (၈၈) အရေးအ ခင်းတွေဖြစ်တုန်းကလည်း ကိုယ့်ရပ်ရွာအတွက်ကို ဖွဲ့စည်းကြရတယ်။ ရပ်ကွက်လုံခြုံရေးအဖွဲ့တွေကို ဘယ်သူကမှလာပြီးတော့ ပိုက်ဆံလည်းမပေးပါဘူး၊ ထောက်ပံ့တာလည်း မရှိဘူး။ ဒါပေမဲ့ ကိုယ့်ရပ်ရွာလုံ ခြုံရေးအတွက်ဆိုတော့ အဲဒီတုန်းကလည်း ဖွဲ့စည်း ကြတာရှိပါတယ်။  ဥပဒေနဲ့လည်း မဟုတ်ဘူး၊ အမိန့် ညွှန်ကြားချက်နဲ့လည်းမဟုတ်ဘူး ဖွဲ့စည်းကြတယ်။ အဲဒါတွေအားလုံးက မလိုအပ်ဘူးလားဆိုတော့ လိုအပ်တယ်။ အခု မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးမဟုတ် ဘူးဆိုရင်တောင် လူတွေက မီဒီယာရဲ့လှုံ့ဆော်မှုတွေ ကြောင့် တစ်နိုင်ငံလုံးပဲ ပြည်တွင်းစစ်ကြီးဖြစ်နေသလို ထင်ယောင်ထင်မှားတာတွေရှိတယ်။ မဟုတ်ဘူးလား ဆိုတော့လည်း ဟုတ်တယ်လို့ အကြမ်းဖျင်းအားဖြင့် ပြောလို့ရတာပေါ့။ ခုနကလို ပြည်သူ့စစ်တို့ ဘာတို့လို မနီးစပ်တဲ့ မြို့ကြီးတွေမှာဆိုရင်တော့ ဒီလိုအဖွဲ့တွေကို ဖွဲ့ကိုဖွဲ့ထားသင့်တယ်။ အဲဒီလိုမှသာလျှင်လည်း ရန် ကုန်မြို့ထဲမှာတော့ အကြမ်းဖက်ကိစ္စက မဖြစ်နိုင်ဘူး ဆိုပေမယ့်လည်း ဖောက်ခွဲဖျက်ဆီးတာက အချိန်မ ရွေးဖြစ်လာနိုင်တယ်။ ဒါမျိုးတွေကို တားဆီးနိုင်မယ်လို့ ကျွန်မကပြောချင်တယ်။ 

အခုချိန်မှာ ကိုယ့်နိုင်ငံ ဘာဖြစ်နေတာလဲ ဆိုတာ မြင်ဖို့လိုတယ်။ ကိုယ့်နိုင်ငံရဲ့အခြေအနေက တည်ငြိမ်တဲ့အခြေအနေလား၊ စစ်ဖြစ်နေတဲ့အခြေ အနေလားဆိုတာ သိရမယ်။ ဒီလိုအခြေအနေမှာ ဒါမျိုး ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့ရတယ်ဆိုတာ မမှား ဘူးလို့ ပြောချင်တယ်။ ဥပမာ အခုလို မတည်ငြိမ်တဲ့ နိုင်ငံမဟုတ်ပါဘူး။ အမေရိကန်လိုနိုင်ငံမှာတောင် ပါတီကြီးတွေကဖွဲ့ထားတဲ့ အဖွဲ့တွေဆိုတာ ရှိတာပဲ။ ပါတီကြီးနှစ်ခုကဖွဲ့ထားပြီး ပူးတွဲဖွဲ့စည်းအုပ်ချုပ် တာလည်းရှိတာပဲ။ ဒါက အမေရိကန်နိုင်ငံမှာတောင် ရှိတယ်ဆိုရင် ကျွန်မတို့လိုမျိုး မတည်ငြိမ်မှုတွေဖြစ် နေတဲ့နိုင်ငံမှာ ဒါမျိုးအဖွဲ့အစည်းတွေက ရှိလည်း ရှိ သင့်တယ်၊ လုပ်လည်း လုပ်ထားသင့်တယ်။ အခု တိုင်းပြည်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ဆိုတဲ့ တစ်ခု လေးမကြည့်ဘဲနဲ့ လူတွေဟာ ကျယ်ကျယ်ပြန့်ပြန့် မြင်သင့်တယ်။ ကျွန်မတို့နိုင်ငံက  Proxy ဖြစ်နေ တယ်ဆိုတာကိုလည်း အဲဒါကို ပိုပြီးသတိထား သင့်တယ်။ Proxy အနေနဲ့ ဖြစ်နေတဲ့ တိုင်းပြည်ဆိုရင် ဒီလိုအဖွဲ့အစည်းတွေက ပိုပြီးလိုအပ်တယ်လို့ ပြော ချင်ပါတယ်။ 

အငြိမ်းစား ရဲမှူးကြီး တစ်ဦး 

လတ်တလောဖြစ်နေတဲ့အခြေအနေအရ တော့ လိုအပ်တယ်လို့ပြောရမှာပေါ့။ ကိုယ့်မြို့၊ ကိုယ့် ရွာ လုံခြုံရေးပေါ့နော်။ လုံခြုံရေးကို ပြည်သူတွေက ပါဝင်ဆောင်ရွက်ရမယ်ဆိုတဲ့အနေအထား ဖြစ်လာ တာပေါ့။ အထူးသဖြင့်တော့ ပါတီစွဲတွေ၊ နိုင်ငံစွဲတွေ မပါဘဲ လုံခြုံရေးကိုခြိမ်းခြောက်လာတဲ့ လုယက်မှုတွေ၊ ဓားပြမှုတွေ၊ လူသတ်မှုတွေကိုပဲပြောဦးတော့။ အဲဒါ တွေက မဖြစ်မနေကာကွယ်ရမယ့်ဟာတွေ ဖြစ်လာပြီ။ သက်ဆိုင်ရာ နယ်မြေမှာရဲစခန်းတွေ ရဲတွေရှိသော် လည်းပဲ သူတို့ဝန်နဲ့သူတို့ ပိနေကြတယ်လေ။ မြန်မာ နိုင်ငံရဲ့ လက်ရှိလူဦးရေနဲ့ ရဲတပ်ဖွဲ့အချိုးအစားက လည်း အင်မတန် ကွာဟတယ်လေနော်။ ပြည်သူလူ ထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစဉ်ဆိုတာလည်း ဟိုတုန်းကရှိတယ်။ အဲဒီတော့ အခုဟာက ဒါထက် ပိုမြင့်တာပေါ့။ အခုဟာကတော့ ပါဝင်ပူးပေါင်းဆောင် ရွက်ရမယ့်အပိုင်းတွေ ပါလာမှာပေါ့။ ရပ်ရွာ အေးချမ်း၊ သာယာ၊ လုံခြုံရေးအတွက်တော့ ရပ်ရွာကလူတွေ ပါသင့်တယ်ထင်ပါတယ်။ ပြည်သူတွေရဲ့ စိတ်ပါဝင် စားမှုနဲ့လည်းဆိုင်မယ်။ ဒီတာဝန်ဟာ ငါတို့မှာလည်း ရှိတယ်ဆိုတဲ့ သူတို့ရဲ့ အမြင်၊ ခံယူချက်ပေါ့။ တစ်ဦး ချင်းစီရဲ့ ခံစားမှု၊ စိတ်ဆန္ဒနဲ့လည်းဆိုင်မယ်။ တချို့ ကလည်း ဒါ ရဲက လုပ်ရမှာပဲ၊ တပ်က လုပ်ရမှာပဲတို့ ဘာတို့ အဲဒီလိုပြောတာတွေလည်း ရှိကောင်း ရှိနိုင် တယ်။ သို့သော်လည်းပဲ ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက် လုံခြုံဖို့တော့ ဒီလမ်းမှာနေတဲ့သူတွေက၊ ဒီရပ်ကွက် မှာနေတဲ့သူတွေက အခန်းတစ်ကဏ္ဍက ပါသင့်တာ ပေါ့။ (ဒီအဖွဲ့နဲ့ပတ်သက်ပြီး ပြည်ပမီဒီယာတွေမှာ မှား ယွင်းရေးသားတာတွေရှိနေတဲ့အပေါ်) ကျွန်တော်တို့ ပြောတာထက်စာရင်တော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ပြောတာပိုကောင်းတယ်။ အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ် တွေက ရပ်ရွာတွေမှာ အများသိအောင်ရှင်းပြမယ်၊ နောက်တစ်ခါ ပြန်ကြားရေးဝန်ကြီးဌာနတို့၊ သတင်း မှန်ပြန်ကြားရေးတို့ အဲဒီလိုအဖွဲ့တွေက လူထုနား ပေါက်အောင် ဘယ်လိုပြောပြရမလဲဆိုတာ နည်း လမ်းရှာပြီးရှင်းပြရမယ်။ စစ်မှုထမ်းကိစ္စလိုပေါ့။ ဒီ ရှင်း တာက နောက် ပြဿနာပေါ်တာက ရှေ့ ဖြစ်နေတယ်။ အဲဒီလိုဟာတွေမပြောခင်မှာ လက်ဦးမှုရပြီး ပြည် သူတွေကြားမှာ ဒီလုပ်ငန်းစဉ်ကို လက်ခံလာအောင် ပြောဖို့က ပါဝင်ပတ်သက်တဲ့ဌာနတွေမှာတာဝန်ရှိ တယ်လို့ အန်ကယ်ကတော့ မြင်တယ်။ အန်ကယ်တို့ တစ်ဦးချင်းပြောမယ်ဆို ဒီဘိုးတော်ကြီး ပင်စင်စားပြီး တော့မှ ဘာတွေလျှောက်ပြောနေတာလဲ၊ ကိုယ်မ လုပ်ရတိုင်း လျှောက်ပြောတယ်ထင်မယ်။ လက်ရှိ အထွေထွေအုပ်ချုပ်ရေးတို့ ရဲတပ်ဖွဲ့တို့၊ နယ်လုံဝန် ကြီးနဲ့ဆိုင်နဲ့ သက်ဆိုင်ရာနယ်မြေတချို့မှာရှိတဲ့ တာဝန်ရှိသူတွေက ရပ်ကွက်တွေမှာ ရှင်းလင်းပြော ကြားတာတွေလုပ်ရမယ်။ ခက်တာက အခုက လူတွေ က သတင်းစာလည်းမဖတ်ဘူး၊ မြန်မာ့အသံလည်း မကြည့်ဘူး၊ သူတို့ကြည့်တာက ယူကျုတို့၊ ဖေ့စ် ဘွတ်ခ်တို့ တစ်တော့တို့လောက်ပဲကြည့်ပြီးတော့ အဲဒီမှာပြောတဲ့ဟာတွေပဲ အဟုတ်ထင်နေကြတာ။ (၉၀%)က အမှားတွေလေ။ အဲဒီမှာ ဘာထိုးဖောက် မလဲ ဒါမှမဟုတ် ကိုယ်က ဏကဘူငခ ကို သတင်းအချက် အလက်ပေးတဲ့အခါ ထိရောက်မြန်ဆန်တာတွေဖြစ်မှ ဖြစ်မှာလေ။ 


ဦးသိန်းထွန်းဦး - အမှုဆောင် ဒါရိုက်တာ(သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့)

         ပထမတုန်းကတော့ ပြည်သူ့စစ်မှုထမ်း ဥပဒေပေါ့။ ပြည်သူ့စစ်မှုထမ်းဥပဒေကတော့ ဘယ် လိုခေါ်မလဲ ယေဘုယျသဘောဆန်တယ်။ စစ်မှုထမ်း မယ့် လုံခြုံရေးပိုင်းပေါ့။ ကင်းလှည့်တာတို့ ဘာတို့။ အခု ဖွဲ့လိုက်တဲ့အဖွဲ့ကျတော့ အကြမ်းနှိမ်နင်းရေး ဆိုတာပါ ပါလာတယ်။ ပိုပြီးတော့ စည်းစနစ်ပိုကျသွား တယ်ပေါ့။ လုပ်မယ့်လုပ်ငန်းစဉ်ကို ပိုပြီးတော့ ကျယ် ကျယ်ပြန့်ပြန့်လုပ်နိုင်တဲ့ အနေအထားဖြစ်သွားတယ်။ ဖွဲ့သင့်လားဆိုရင်တော့ လုံခြုံရေးအနေအထားကို ပိုပြီးတင်းတင်းကြပ်ကြပ်၊ ထိထိရောက်ရောက် ကိုင် တွယ်မယ်ဆိုရင်တော့ ဒီလိုအဖွဲ့မျိုးက ပိုပြီးကိုက်ညီ တယ်။ ဖွဲ့သင့်လားဆိုရင်တော့ ဖွဲ့သင့်တယ်လို့ ပြောရ မှာပေါ့။ ဘာကြောင့်လဲဆိုတော့ ပတ်ဝန်းကျင်မှာရှိတဲ့ နိုင်ငံတွေကိုတောင်မှ ပြန်တွေးကြည့်ရင် သူတို့က ပြည်သူ့စစ်မှုထမ်းပေါ့၊ စေတနာ့ဝန်ထမ်းပုံစံဖွဲ့ထား တဲ့ အဖွဲ့တွေမှာတောင် ဘာတွေပါလာမလဲဆိုတော့ စစ်မှုထမ်းဟောင်းတွေ ပါလာမယ်၊ ရဲတပ်ဖွဲ့ဝင်အငြိမ်း စားတွေပါထားပြီးတော့ ရပ်ကွက်၊ ကျေးရွာ လုံခြုံရေး ကို ပြည်သူ့စစ်ပုံစံမျိုးနဲ့ တာဝန်ယူသွားကြတာ။ ဘေး နိုင်ငံဆို အိန္ဒိယမှာလည်းတွေ့ဖူးတော့ မြန်မာနိုင်ငံ မှာလည်း ဒီလိုပုံစံမျိုးလုပ်မယ်ဆိုရင် အင်မတန်မှ အ လုပ်ဖြစ်သွားပြီးတော့ တော်တော်အကျိုးရှိမယ့်ဖွဲ့စည်း မှုလို့ သုံးသပ်လို့ရပါတယ်။ အမှန်ကတော့ ကျွန်တော် တို့က လုံခြုံရေးဆိုင်ရာ သာမန်အနေအထားဆိုရင်Traditional Security ခေါ်တာပေါ့။ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ စစ်မက်ဖြစ်ပွားတဲ့အချိန်၊ တိုက်ပွဲတွေ ဘာတွေ ဒါမျိုးဆို နိုင်ငံတော်ကာကွယ်ရေးက ကာကွယ်ရေးအင်အားစုဖြစ်တဲ့ တပ်မတော်တို့၊ တိုက်ခိုက် ရေး ရဲတပ်ဖွဲ့တွေသုံးကြတယ်။ ဒါမျိုးမဟုတ်ဘဲ Non traditional Security  ဖြစ်တဲ့ အကြမ်းဖက်တိုက် ခိုက်မှုတွေ၊ ရပ်ရွာ အေးချမ်းငြိမ်သက်အောင် လုပ် ဆောင်တဲ့ကိစ္စရပ်တွေကျတော့ အဲဒီအချိန်မှာ ပြည် သူလူထုပါဝင်မှုက အရေးအကြီးဆုံးဖြစ်သွားတယ်။ အဲဒီအချိန်မှာ ပြည်သူ့စစ်တို့နဲ့ပတ်သက်တာတွေ၊ ပြည်သူ့စစ်မှုထမ်းအပြင် ရပ်ရွာတည်ငြိမ် အေးချမ်း ရေးနဲ့ပတ်သက်လို့ ဒီလိုမျိုးအဖွဲ့တွေပါဝင်လာပြီး ပြည်သူတွေ ပူးပေါင်းဆောင်ရွက်မှုက ပိုပြီး အကျိုး ရှိစေပါလိမ့်မယ်။ ဒီလိုအဖွဲ့မျိုးက အရေးကြီးဆုံး ဖြစ်တယ်လို့ သုံးသပ်ချင်ပါတယ်။ အထူးသဖြင့်တော့ အခုက လောလောဆယ် တပ်မတော်အနေနဲ့ ဘာ သွားထားလဲဆိုတော့ အနိမ့်ဆုံးအဆင့်နဲ့ အနည်းဆုံး အင်အား။ အဲဒီလိုပုံစံလုပ်ဖို့ဆိုရင် ဘာလုပ်ရလဲဆို တော့ လုံခြုံရေးအတွက် ရှိသမျှအင်အားတွေကို ဖြန့်ခွဲ ထုတ်ရတယ်။ ဒါကြောင့်မို့လို့ အဓိကဖြစ်တဲ့ ကာကွယ် ရေး တာဝန်ထမ်းဆောင်ဖို့ကျတော့ အဲဒီအင်အားတွေ က ပြန်စုစည်းရမယ်ဆိုရင် လုံခြုံရေးတာဝန်မှာ လျော့ ပေါ့သွားတာ ဖြစ်နိုင်တယ်။ ပြည်သူ့စစ်ကို ခုနက ပြော သလို ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်း ရေးကိုပူးပေါင်းပြီး ပြည်သူ့အင်အားကို ယူလိုက်တဲ့အ ခါမှာ မြို့ရွာတွေကိုကာကွယ်ရမယ့်တာဝန်သည် အသစ်ဖွဲ့တဲ့ ပြည်သူ့စစ်တွေရဲ့တာဝန်ရောက်သွား တယ်။ ဘာဖြစ်သလဲဆိုတော့ မူလစစ်ဘက်တာဝန် ဖြစ်တဲ့ တပ်မတော်သားတွေက တကယ့် တိုက်ခိုက် ရေးတာဝန်နဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ပိုပြီး တော့ အာရုံစိုက်လို့ရသွားမယ်။ အားသာချက်က အများကြီးပါပဲ။ အဓိကက အဲဒီဥပဒေကို ဘယ် လောက်အကောင်အထည်ဖော်နိုင်မလဲ၊ ဘယ်လောက် အကျိုးရှိရှိလုပ်နိုင်သလဲဆိုတဲ့အပေါ်မူတည်ပြီး ရလဒ် ကောင်းကောင်းတွေ မျှော်လင့်နိုင်ပါတယ်။ 


ဦးတင်ဆွေ - ဒုတိယ ဥက္ကဋ္ဌ - ဒီမိုကရက်တစ်ပါတီ 

လက်ရှိ လုံခြုံရေးအနေအထားအရ တပ် ရယ်၊ ပြည်သူ့ရဲရယ်၊ ပြည်သူ့စစ်ရယ် ဒါတွေနဲ့ မလုံ လောက်တော့ဘူးလေ။ ဒါကို ကြိုဆိုပါတယ်။ မကြာ ခင်ကပဲ နိုင်ငံတော်အကြီးအကဲက မန္တလေးသွားတော့ လည်း ပြောပြတယ်လေ။ ပြည်ထောင်စုမပြိုကွဲရေး အတွက်ဆိုရင် ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားပြီးသား နိုင်ငံ သားအားလုံးမှာ တာဝန်ရှိတယ်ဆိုတာ။ ဒါကလည်း အဲဒါနဲ့ဆက်နွှယ်နေတာကိုး။ အရေးကြီးပါတယ်၊ လိုအပ်ပါတယ်လို့ အကြံပြုချင်ပါတယ်။ တချို့က တော့ ကိုယ်မပူတဲ့အခါမကျတော့ မပူသလိုနေတာ ပေါ့ဗျာ။ ကိုယ်ပူတော့မှပူမှန်းသိတော့ အပူခံလိုက်ရ တာပေါ့။ ပူမယ်မှန်းသိရင် ကြိုလုပ်ထားတော့ ကိုယ် မပူဘူးပေါ့။ ပြည်သူတွေကိုပြောချင်တာတော့ ထိမှ နာတယ်ဆိုတော့ အနာရွတ်ကျန်ခဲ့တာပေါ့။ မနာခင် တည်းက ကြိုတင်ကာကွယ်တာက အကောင်းဆုံး ပါပဲ။ တချို့ကလည်း စည်းရုံးတဲ့နေရာမှာ ပြောနိုင်ဖို့ ပေါ့။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ထိ ရောက်တယ်ဆိုတဲ့အကြောင်း ပြောသလိုပေါ့။ လက်ရှိ တပ်မတော်တာဝန်က ပြည်ပကျူးကျော်စစ်ကိုတိုက်ဖို့ တာဝန်ရှိလေ။ လုံခြုံရေးကျတော့ ရဲတာဝန်လေ။ လက်ရှိက ပြည်တွင်းမှာဖြစ်နေတဲ့တပ်ရော ပြည်သူ့ ရဲရောလုပ်နေရတော့ မြန်မာနိုင်ငံလူဦးရေက တပ်နဲ့ ပြည်သူ့ရဲနဲ့ အချိုးချမယ်ဆိုရင် ဘယ်လိုမှမမျှတ ဘူးလေ။ ကျွန်တော်တို့ တောင်ဒဂုံလူဦးရေနဲ့ ရဲနဲ့ အချိုးချကြည့် ဘယ်လိုမှမမျှတဘူး။ အဲဒီလို ဖြစ်နေ တာ။ ဒါကတော့ ပြည်သူတွေပါဝင်နိုင်တော့ တပ်ရဲ့ လုပ်ငန်းစဉ်တို့ကို ပိုပြီး အလေးထားနိုင်တာပေါ့ဗျာ။ အရေးပေါ်ကာလမှာ အခု ဒီလိုဖွဲ့စည်းတာမျိုးက ဆေးမြီးတိုသဘောမျိုးလို့ ကျွန်တော်ထင်တာပေါ့။ ရေရှည်အလုပ်ကတော့ ဖွဲ့စည်းပုံမှာပါပြီးသားပဲ။ နိုင်ငံသားတိုင်း အသက်ပြည့်ပြီးသူတိုင်းကတော့ စစ်မှုမထမ်းမနေရ လုပ်ကိုလုပ်ရမယ်။ အင်မတန် လူများတဲ့နိုင်ငံတွေကြားမှာ လုပ်ကိုလုပ်ရမယ်လေ။ လူထုနဲ့တိုက်ရိုက်ထိတွေ့တာတော့ နိုင်ငံရေးပါတီက အခြေခံမှာရှိတော့(အဖွဲ့နဲ့ပတ်သက်လို့ အသိပေး တာကို) ပါတီတွေနဲ့ပေါင်းပြီးလုပ်မယ်ဆိုရင်တော့ ပိုပြီးတော့ ထင်သာမြင်သာပြီး အောက်ခြေပိုသိတာ ပေါ့။ ညွှန်ကြားချက်တွေက အထက်ကလာတဲ့အခါ တစ်ခါတလေမှာ အောက်ခြေမှာ အဖြစ်မှန် မတင် ပြတာရှိတာကိုး။ နိုင်ငံရေးပါတီက ထောက်ပြနိုင်တော့ အားနည်းချက်ကို အထက်က ချက်ချင်းသိတာပေါ့။ တိုင်းပြည်ရဲ့လုံခြုံရေးမှာ ပါတီ တွေကလည်း အစိုးရ တက်ဖြစ်မယ့်လူတွေလေ။ သူတို့လည်း မဆိုင်ဘူးလား ဆိုင်တယ်လေ။ သူတို့ နားထောင်သင့်တယ်။ သူတို့ရဲ့ ပါတီဝင်တွေကို ချပြသင့်တယ်။ ဒါကလည်း နိုင်ငံ့ အရေး လုံခြုံရေးလေ။ အဖွဲ့ထဲမှာပါဝင်သင့်တယ်လို့ ထင်တယ်လေ။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှ လာ မယ့်ရွေးကောက်ပွဲမှာ သူ့ဆုံးဖြတ်မဲတစ်မဲက မှန်မှန်ကန်ကန်ရောက်နိုင်မှာ။      


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရှမ်းမြောက်ကုန်သွယ်ရေးလမ်းများ ပိတ်နေသည့်အတွက် လမ်းကြောင်းသစ်ရှာ၍ ကုန်သွယ်သော်လည်း အဆင်မပြေ

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved