Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သူတို့နိုင်သွားရင် ထီးချိုင့်ကို KIA ကပဲ အုပ်ချုပ်လိမ့်မယ် (အင်တာဗျူး)

သုတကျော် (NSS) - စက်တင်ဘာ ၆

စစ်ပွဲကြောင့်ပျက်စီးခဲ့ရသော ထီးချိုင့်မြို့သည် ယခုအခါ ဒုတိယအကြိမ် စစ်ကိုပြန် လည်ကြုံတွေ့နေရပြန်ပြီဖြစ်သည်။ ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် နှစ်ကုန်ပိုင်းက ထီးချိုင့်မြို့ကိုKIA ၊ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့သော်လည်း မရခဲ့ပေ။ သို့သော် မြို့မှာမူ အချိန်ယူ ပြန်လည်တည်ဆောက်လျှင်လည်း ဆယ်စုနှစ်ချီတည်ဆောက်ရမည့်အခြေအနေအထိ ဆိုက်ရောက်ပျက်စီးသွားခဲ့သည်။ ထို့အတူ မြို့ခံများသည်လည်း ဘဝများခက်ခဲသွားကြရသည်။ တစ်ဖက် တွင်မူ မြို့ကိုတိုက်ခိုက်ခဲ့ကြသူများအတွက် အမြတ် ထွက်သွားကြပြန်သည်။ ယခုအခါ ထီးချိုင့်မြို့ကို ဒုတိယအကြိမ်သိမ်းပိုက်ရန်အတွက် တိုက်ခိုက်မှုများ ပြုလုပ်နေ ကြောင်း ယခုစာရေးသားချိန် ဩဂုတ်လ (၂၈)ရက်တွင် သိရှိရသည်။  အဆိုပါကိစ္စများနှင့် ပတ်သက်၍ လူအများမသိကြသေးသည့်မြေပြင်အခြေအနေများကို ဒေသခံတစ်ဦးထံ ဆက်သွယ်မေးမြန်းထားမှုများကို ဖော်ပြအပ်ပါသည်။ 

မေး- ထီးချိုင့်မြို့ဆီ စစ်မီးမရောက်ခင်က မြို့ရဲ့အခြေ အနေက ဘယ်လိုရှိပါသလဲဗျ။ 

ဖြေ- ထီးချိုင့်မြို့ကဆိုရင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိတယ်။ ဗန်းမော်၊ မန္တလေး၊ ဧရာဝတီ မြစ်ကြောင်းကြီးမှာ ဗန်းမော်အောက်ရှိတာပေါ့။ အရင်တုန်းကတော့ သာယာဝပြောမှုရှိတယ်။ ဒေသမှာရှိတဲ့ သူတွေက စိတ်ထားတွေဖြူစင်တယ်။ သဘောထား တွေကောင်းတယ်။ သူတို့ရဲ့လုပ်ငန်းကိုင်ငန်းတွေက ပေါ်မြေတွေမှာ လုပ်စားတယ်။ အခင်းတို့၊ ကြံတို့လည်း စိုက်စားကြတယ်။ ဆန်စပါးလည်းပေါတော့ သာယာဝ ပြောတယ်။ ထီးချိုင့် မြို့သူမြို့သားတွေက အလှူအ တန်းတွေလည်း ရက်ရောကြတယ်။ ထီးချိုင့်မှာဆိုရင် မြန်မာနိုင်ငံမှာ ဘယ်နေရာမှမရှိတဲ့ ချစ်စရာဓလေ့လေး ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ထီးချိုင့်မြို့ထဲကို မနက်ဆို သံဃာတွေဆွမ်းကြွတဲ့အခါ လမ်းတိုင်း လမ်းတိုင်းကို ဆွမ်းခံကြွချိန်မှာ ဘာယာဉ်မှ စီးမရဘူး လမ်းဘေးရပ်ပေးရတယ်။ အဲဒါက ချစ်စရာကောင်း တယ်။ စီးပွားရေးဆိုရင်လည်း ထီးချိုင့်မြို့အပိုင်က ကျေးရွာတွေမှာဆိုရင်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုလည်းရှိတယ်။ သာယာဝပြောမှုလည်းရှိတယ်။ ချစ် ခင်ရင်းနှီးမှုလည်းရှိတယ်။ အညာသူ အညာသား ဓလေ့ကတော့ ရိုးသားမှုတွေရှိတယ်၊ ပွင့်လင်းမှုတွေ ရှိတယ်။ ကူညီချင်ကြတယ်။ ဒီလိုမျိုးမဖြစ်ခင်က ပျော် ဖို့ကောင်းတယ်။ လှေပြိုင်ပွဲတို့၊ ဘောလုံးပွဲတို့ လုပ်ကြ ပါတယ်။ 

မေး- တိုက်ပွဲမဖြစ်ခင်က ဖြစ်တော့မယ်ဆိုတဲ့အ ကြောင်းကို ထင်ထင်ရှားရှား သိရတာမျိုးရှိပါသလား။ ထီးချိုင့်မှာ ပဋိပက္ခတွေ စဖြစ်လာတဲ့အခြေအနေကို ပြောပြပေးပါလား။ 

ဖြေ - PDF တွေ စဖွဲ့ကြတယ်ဆိုတည်းက ထီးချိုင့် မှာ လှုပ်ရှားမှုတွေရှိနေတယ်ဆိုတာ သတင်းကြားမိ တယ်။ တစ်စွန်းတစ်စ နောက်ထပ် ကြားမိတာက KIA က ဆင်းလာတယ်။ ဆင်းလာပြီးတော့ သူတို့ကို ထီးချိုင့် ဘယ်တောင်မှာပေးတယ်၊ ဘယ်သူတွေက ခေါင်းဆောင်တယ်ဆိုတာတော့ သိလာရတယ်။ ဒါ ပေမဲ့လည်း နောက်ပိုင်းကျတော့ စာရင်းတွေထွက်ခဲ့ တာ။ ဒလန်ရှင်းလင်းရေးဆိုပြီး သတင်းတွေထွက်လာ တာပဲ။ 

မေး - တည်ငြိမ်နေတဲ့ မြို့လေးမှာ စပြီး လှုပ်ရှားမှုတွေ ရှိလာတာလား။ 

ဖြေ - ဟုတ်တယ် စပြီပေါ့။ အဲဒီမှာ ထီးချိုင့် မော်ကွန်း တောင်မှာ KIA က သင်တန်းပေးတာပေါ့။ ထီးချိုင့်မှာ ကိုနေဝင်းအောင်တို့၊ ကိုစောဝင်းတို့ အပေါင်းအပါ အဖွဲ့တွေကို သင်တန်းပေးတယ်။ ယူနီဖောင်းပေး တယ်။ လက်နက်တချို့ပေးတယ်လို့ ကြားရတယ်။ အဲဒီသတင်းကို တပ်ကရတယ်။ ကိုစောဝင်းရှိတဲ့နေရာ သွားဝိုင်းတော့ ကိုစောဝင်းလွတ်သွားတယ်။ ကိုနေ ဝင်းအောင်ရှိတဲ့နေရာကို သွားဝိုင်းတော့ ထွက်ပြေးတာ။ ကိုနေဝင်းအောင်ကို တပ်ကပစ်တော့ သေသွားတာပေါ့။ အဲဒီကနေစပြီးတော့ ကိုနေဝင်းအောင် နာရေးကိစ္စချပြီးတော့ မရှေးမနှောင်းမှာ ဒလန်တွေ ဆိုပြီးရှင်းတာ။ ဒလန်ဆိုပြီးတော့လည်း စာရင်းတွေ လည်း ကြေညာတယ်ဗျ။ 

မေး - ဒလန်ဆိုပြီးတော့အသတ်ခံရတာ ထီးချိုင့်မှာ တော်တော်ပဲ များခဲ့သလား။ 

ဖြေ - တော်တော်များတယ်။ စံပြအုပ်ချုပ်ရေးမှူးဗျာ၊ သခွပ်ခြံအုပ်ချုပ်ရေးမှူး အများကြီးပဲ။ ထီးချိုင့် အရှေ့ ဘက်ကမ်းကလည်း အများကြီးပဲ။ တချို့ဆို ဘုန်းကြီး တွေကိုသတ်သွားတယ်။ နောက်တစ်ခါကျတော့ ထီးချိုင့်အရှေ့ဘက်ကမ်း၊ မန္တလေး-ဗန်းမော်လမ်းဘေး မှာ ဈေးဆိုင်ရောင်းနေတဲ့အိမ်ဆို တပ်ကစစ်ကြောင်း ထိုးတော့ လက်ဖက်ရည်ရောင်းတော့ ဝင်သောက်သွား တာ။ ဈေးဆိုင်ဆိုတော့ ရောင်းရတာပဲ။ အဲဒီ မိသားစု ကို အကုန်လုံးသတ်ပစ်တာ။ သူတို့နဲ့ အယူအဆမတူ ရင်တော့ ရန်သူပဲခင်ဗျာ။ အဲဒီအချိန် ကျွန်တော်တို့ ထီးချိုင့်မှာနေတဲ့ ငြိမ်းချမ်းမှုကိုလိုလားတဲ့သူတွေကတော့ သဲထိတ်ရင်ဖိုပဲနော်။ 

မေး - ဒလန်ရှင်းလင်းရေးဆိုပြီး သတ်တဲ့ဟာတွေမှာကော ဘာထူးခြားမှုတွေ တွေ့သေးလဲခင်ဗျ။ 

ဖြေ - လာသတ်တဲ့သူတွေကလည်း နယ်မြေခံတွေ မဟုတ်ဘူးဗျ။ တခြားကလာတဲ့ မျက်နှာစိမ်းတွေ။ ကြက်သွန်ခင်းရွာကလူဆို အရင်တုန်းက တပ်နဲ့ အဆက်အစပ်ရှိတော့ ပထမတစ်ခါလာပစ်တာ သေမသွားတော့ ဆေးရုံတက်တယ်ပေါ့။ အိမ်မှာ ပြန်ရောက်တော့ လာသတ်သွားတာ။ နောက်တစ်ခု ကျွန်တော် ပြောဖို့ကျန်သွားတာ ရှိသေးတယ်။ တပ်က အင်အား ဖြည့်လာပြီဆိုတော့ အဲဒီအချိန်တည်းက ထီးချိုင့်က ကားလမ်းမှာ တပ်ကကားလာရင် မိုင်းခွဲတာတို့၊ လာတဲ့စစ်ကြောင်းတွေ၊ လှုပ်ရှားတပ်ဖွဲ့တွေ ထိတွေ့မှု ဖြစ်တာတို့ ၊ မန္တလေး-မြစ်ကြီးနား ကားလမ်းဘေးက ဖြစ်နေပြီ။ ကျွန်တော်တို့ မြင်မိ၊ ကြားမိတာက KIA တွေရောက်နေပြီ၊ ထီးချိုင့်အနောက်ရိုးမှာတော့ AA တွေရောက်နေပြီ။ 

မေး - ထီးချိုင့်ကို ပထမအကြိမ်မတိုက်ခင် ဘယ် လောက်အချိန်တည်းက သူတို့တွေရောက်နေတာ လဲဗျ။ 

ဖြေ - တိုက်ပွဲမဖြစ်ခင် အရင်နှစ်နှစ်လောက်တည်းက ဒလန်တွေရှင်းတယ်ဆိုတည်းက ဒီကောင်တွေရှိတယ်။ စစ်ပညာတို့၊ လက်နက်တို့လည်း သူတို့ပေးတာပဲ။ မိုင်းထောင်တာလည်း သူတို့ပေးတာပဲ။ တပ်က စစ်ကြောင်းလှုပ်ရှားအဖွဲ့က မန္တလေး - မြစ်ကြီးနား ကားလမ်းတွေမှာ လှုပ်ရှားပြီး လုံခြုံရေးအတွက် လူသွားလူလာ စစ်တာတွေရှိတယ်။ နောက်တော့ တိုက်တော့ သူတို့မစိုးမိုးတော့ဘူး။ ထီးချိုင့် မြောက်ပြင် ခေါ်တာပေါ့ ။ အလယ်တောရွာနဲ့ လေသာ ရွာ။ ကားလမ်းဘေးမှာပဲရှိတာ။ အဲဒီမှာ သူတို့က ဂိတ်ဖွင့်တယ်။ လာသမျှကားတွေကို တောင်းတယ်။ ကျွန်တော်တို့သိသမျှဆို တစ်ရက်  တစ်ရက်ကို သိန်းထောင်ကျော်ရတယ်။ သိန်းတစ် ထောင်ကျော် ရတာက KIA နဲ့ နယ်မြေခံ PDF က (၆၀)၊ (၄၀) လို့ ပြောတယ်။ လမ်းကြေးကောက်တာက ဆီဘောက်ဆာကားတွေရှိတယ်ဗျာ။ တစ်ဂါလန်ကို နှစ်ရာကျပ်ကောက်တယ်။ ဂါလန်ရှစ်ထောင်ဆို ဆယ့် ခြောက်သိန်း ချက်ချင်းပေးရတာ။ ထီးချိုင့်တစ်မြို့ တည်းနော်။ ဆက်သွားရင် မော်လူးတို့ဘက်ရှိနေပြီ။ ဒါက ဆီဘောက်ဆာပဲရှိသေးတယ်။ ကုန်တင်ကား တွေလည်း သူတို့ကိုပေးရတယ်လို့ပြောတယ်။ 

မေး - ပထမအကြိမ် သူတို့စတိုက်တုန်းက အခြေ အနေလေး သိပါရစေခင်ဗျာ။ 

ဖြေ - တိုက်ပွဲမစခင်တည်းက သေနတ်သံကြားတာ။ (၂၀၂၃)ခုနှစ် (၁၁)လပိုင်း (၈)ရက်မှာ သတင်းတွေ က သန့်သန့်သန့်သန့်ကြားတယ်။ မြို့သူမြို့သားတွေ က အောက်ပိုင်းခေါ်တာပေါ့။ မြင်းခြံတို့ မကွေးတိုင်းဘက်မှာ ဘယ်လိုဝင်တိုက်တယ်ဆိုပြီး ကြားနေရတယ်။ ထီးချိုင့်မြို့ကလူတွေတွက်ထားတာက သိမ်းလည်း ဘယ်လောက်မှမကြာဘူးပေါ့။ တိုက်ပွဲဖြစ်မယ် ကြားတော့ အကုန်လုံးပြေးကြတာ။ တချို့ဆို မဖြစ်နိုင်ပါဘူးဆိုပြီး မပြေးကြဘူး။ မပြေးတဲ့သူတွေလည်း ပြေးရတာပဲ။ (၈) ရက်နေ့မနက် (၉) နာရီလောက်တည်းက စပစ်တာ။ ဝင်တိုက်တော့ ပြေးရတာပေါ့။ မိသားစုကလည်း လေးငါးခြောက်ယောက်ဆိုတော့ ကားလေးငှားပေါ့။ ခွေးဘီလူးလေးငှားပြီး ကျွန်တော် တို့ကတော့ လာခဲ့တာပါ။ ဘာမှလည်း မပါခဲ့ဘူးခင်ဗျာ။ ပိုက်ဆံလေးလောက်ထည့်ပြီး လူချည်းလာခဲ့ရတာ။ အဝတ်အစားလေး နှစ်စုံ သုံးစုံ လောက်နဲ့။ တိုက်ပွဲစ ဖြစ်တော့မယ်လို့သိတာ။ ကျွန်တော်တို့က ပြေးလာပြီ။ မိတ်ဆွေတွေတော့ တချို့ကျန်ခဲ့တာပ။ ကျွန်တော် တို့ကစုငှားတော့ လမ်းမှာပတ်သွားပြီးခေါ်ရတော့ လမ်းမှာလူမရှိတော့ဘူး။ အိမ်တွေဆို အကုန်ပိတ်နေ တာ။ ကျန်ခဲ့တဲ့သူတော့ ကျန်နေခဲ့တာ။ တချို့ ကျွန် တော့်မိတ်ဆွေတချို့ဆို မဖြစ်နိုင်ပါဘူးဆိုပြီးကျန်ခဲ့ တာ။ ကျွန်တော်တို့က သပိတ်ကျင်းလည်းရောက်၊ ဖုန်းဆက်ကြည့်တော့ ခင်ဗျားတို့တော့ မလာတော့နဲ့၊ လာဖို့မစဉ်းစားနဲ့တော့ မောင်တောတိုက်ပွဲကလည်း အပြန်အလှန်ဖြစ်နေကြပြီ၊ ငါတို့လည်း နည်းနည်း ငြိမ်ရင်ထွက်မယ်ဆိုပြီး ပြောတာ။ တချို့ ပိတ်မိနေ တဲ့သူတွေလည်း တစ်လလောက်ကြာမှ ထွက်နိုင်တဲ့ သူလည်းရှိတယ်ဗျ။ ကျွန်တော်တို့ကတော့ မဖြစ်ခင် လက်မတင်လေး ထွက်ခဲ့တာပေါ့။ 

မေး - ထီးချိုင့်မြို့က ပထမတိုက်ပွဲကြောင့် (၈၀) ရာခိုင်နှုန်းလောက်ပျက်စီးသွားတယ်လို့ သိရပါတယ်။ မြို့ကို ပြန်ထူထောင်ဖို့အတွက် ဖြစ်နိုင်ပါဦးမလား။

ဖြေ - မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တော့ဘူး။ အရင်လို ပြန်ထူထောင်ဖို့အတွက်ကတော့ ဆယ်စုနှစ်တစ်ခု အ နည်းလေးပဲ။ မဖြစ်နိုင်တော့ဘူး။ ရပ်ကွက်လေးခု ရှိတယ်။ အမှတ် (၁) ရယ်၊ အမှတ် (၂) ရယ်၊ အမှတ် (၃) ရယ်၊ အမှတ် (၄) ရယ်။ အမှတ် (၁) လည်း ပျက် တယ်။ အမှတ် (၂) လည်းပျက်တယ်။ အမှတ် (၃) ရော အကုန်ပျက်တယ်။ အမှတ်(၁)ထဲမှာ နည်းနည်း ကျန်တယ်။ နောက်တစ်ကြိမ်ထပ်ဖြစ်နေတဲ့အနေအ ထားတစ်ခုမှာ မကောင်းနိုင်တော့ဘူး အစ်ကို။ မဖြစ် နိုင်တော့ဘူး။ 

မေး - အစ်ကိုတို့အိမ်လည်း မကျန်တော့ဘူးပေါ့။ 

ဖြေ - မကျန်တော့ဘူး အစ်ကို။ ကျွန်တော်တို့ အိမ် တွေမှမဟုတ် ရပ်ကွက်ထဲမှာရှိတဲ့အိမ်တွေက ဘယ် လိုဖြစ်သွားကြလဲဆိုတော့ တိုက်ပွဲတွေက အရမ်းမပြင်းထန်သေးဘူး ခင်ဗျာ။ ရဲစခန်းတောင်ပေါ်ကို အရင်ဝိုင်းပြီး တက်လုံးတဲ့အခါ နောက်မှာကျန်ခဲ့တဲ့ သူခိုးတွေပေါ့ဗျာ။ သူခိုးတွေရော PDF အဖွဲ့ခေါင်း ဆောင်တွေက အိမ်တွေ လိုက်ဖွင့်ပြီးတော့ ပစ္စည်း တွေကို ကားတွေနဲ့ကဲ့ထုတ်ပြီး အိမ်တွေကိုမီးရှို့ခဲ့ကြ တာ။ ထီးချိုင့်မြို့က တော်လှန်ရေးမှာဆိုရင် နံပတ်နှစ် အဆင့်လောက်ရှိတဲ့ နိုင်မျိုးအောင်။ သူဆိုရင် ထီးချိုင့် အမှတ်(၁)နဝရတ်ထဲက ဆန်စက်ထဲက ဆန်တွေတို့၊ ပစ္စည်းတွေတို့ကို သူကတိုက်လည်းတိုက်ပြီးတော့ ယူသွားတာ။ ပြီးတော့ သူထိန်းသိမ်းထားတယ်လို့ မပြောဘူး။ သူပြောသွားတာကိုသိတဲ့သူတွေကတော့ မကျေနပ်ကြဘူးပေါ့ခင်ဗျာ။ အဲဒီလိုတော့ရှိတယ်။ တချို့အိမ်တွေဆိုရင် မီးရှို့ခဲ့တာခင်ဗျာ။ မိရင် တပ်က မီးရှို့တယ်လို့ ခေါင်းစဉ်တပ်တယ်ခင်ဗျာ။ 

မေး - ထီးချိုင့်မြို့က တော်တော်လေး ဆိုးဆိုးရွားရွား ကြုံခဲ့ရတာလို့ ပြောနိုင်မလား။ 

ဖြေ - အများကြီး ဆိုးရွားတယ်။ ကျွန်တော်တို့ကြားတာ တချို့ဆိုရင် ကျုပ်တို့အညာဘက်ကဟာတွေက အ လုပ် တအားလုပ်တယ်။ ဂုဏ်ပကာသနဆိုတာလည်း မရှိဘူး။ ပိုက်ဆံတွေဘာတွေလည်း စုဆောင်းပြီး ခြစ်ခြစ်ကုပ်ကုပ်လုပ်တော့ တိုက်ပွဲဖြစ်မှာမို့လို့ ရွှေတွေ ငွေတွေမြှုပ်ထားခဲ့တာ။ ထီးချိုင့်မြို့ကို ပြန်မဝင် ရဘူးလည်းဆိုရော အဲဒါတွေကို သူတို့က ကိုယ့် ပစ္စည်းကိုဝင်ယူတော့ PDF တွေနဲ့တွေ့ရော။ ဘယ် သွားမလို့လဲဆိုတော့ ငါတို့မြှုပ်ထားတဲ့ပစ္စည်းတွေ သွားယူချင်လို့ဆိုတော့ လိုက်ခဲ့မယ်ဆိုပြီး မြှုပ်ထား တာတွေတူးလည်းပြီးရော အဲဒီလူတွေ ပျောက်သွား တယ် ပြောတာပဲခင်ဗျာ။ သတင်းကိုမရတော့ဘူးတဲ့။ 

မေး - ပထမ သူတို့ကထိုးစစ်ဆင်ပေမယ့် ဘာကြောင့် မထိန်းချုပ်နိုင်တာလဲ။ 

ဖြေ - ဗျူဟာအရကျတော့ ထီးချိုင့်မြို့က လုံခြုံရေး စခန်းက တောင်ကုန်းရှိတယ်၊ နောက်တစ်ခါ တပ်က ရဲစခန်းနဲ့သွားပေါင်းတာဗျာ။ ရဲစခန်းက ဧရာဝတီမြစ် ကမ်းဘေးမှာရှိတယ်။ ဆိုတဲ့အခါကျတော့ ကုန်းအမြင့် ကြီး။ ဘေးနားမှာကလည်း အပင်အကြီးကြီးတွေရှိ တော့ ဒရုန်းကနေ ဗုံးတွေလည်းချမရဘူးပြောတယ်။ နောက်တစ်ခါ သူတို့ အဲဒီလိုဝင်စီးတဲ့အခါ တပ်ရင်းမှူး ကလည်း ဗျူဟာတော်တော်ကောင်းတယ်ပြောတယ်။ လေယာဉ်ပစ်ကူကလည်း တော်တော်ကောင်းတယ် ပြောတယ်။ အဲဒီမှာ KIA၊ AA၊ PDFပူးပေါင်းအဖွဲ့ ကလည်း ပက်ပက်စက်စက်ကျတယ်။ မြို့တစ်မြို့လုံး ကလည်း အပုပ်နံ့တထောင်းထောင်းနဲ့လို့ပြောတယ်။ ထီးချိုင့်နယ်ခံတွေလည်း သေတယ်။ မိဘတွေက ဒီလိုဆိုရင်တော့ ငါတို့သားသမီးတွေကို အဆုံးရှုံးမ ခံနိုင်ဘူးဆိုပြီး သူတို့ကလေးတွေကို ပြန်ထုတ်တာရှိ တယ်။ နယ်ခံလေးတွေ ပေါင်ပြတ်၊ ခြေပြတ် အများ ကြီးလို့ပြောတယ်။ ပထမတစ်ခါက တစ်လလောက် တော့ကြာတယ်။ ဘယ်လိုမှမအောင်မြင်ဘဲ ဆုတ် သွားရတာ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြို့ခံတွေက လည်းမရဘဲနဲ့ မင်းတို့ဘာလို့လုပ်ကြတာလဲကွာ၊ မြို့ ပျက်တာပဲအဖတ်တင်တယ်ဆိုပြီး ထောက်ခံတဲ့၊အမာ ခံတွေက အများကြီးပြောကြတာရှိလာတာပေါ့ခင်ဗျာ။ 

မေး - မြို့က အခု စစ်ကြောင့်ပျက်စီးတော့ သူတို့PDF ပူးပေါင်းအဖွဲ့တွေကိုထောက်ခံတာ လျော့သွား တာလား။ 

ဖြေ - လျော့တယ် လျော့တယ်။ ထောက်ခံမှုတော့ နည်းသွားတယ်။ အခုလောလောဆယ်ကတော့ နီးရာ ဓား ကြောက်နေရတာ။ သူတို့မှာ သေနတ်ရှိတော့ သံယောင်မှေးလိုက်နေရတဲ့သူတွေ အများကြီးပဲ အစ်ကို။ 

မေး - လက်ရှိ အနေအထားအရပေါ့လေ။ ထီးချိုင့် နယ်မှာ KIA၊ PDFတွေကို ဘယ်လောက်အထိ ကြောက်နေရပါသလဲ။ 

ဖြေ - ကြောက်ရတာပေါ့ ခင်ဗျာ။ အရင်တုန်းကဆို တောပေါ်တောင်ပေါ်မှာ မျှစ်ရှာတို့၊ သစ်ခုတ်ဝါးခုတ် သူတွေကို ကန့်သတ်ပြီးတော့ မသွားရ၊ မလာရ ဆိုတော့ သူတို့လည်း ဒုက္ခရောက်တယ်ဗျာ။ သူတို့နဲ့ လက်သင့်ရာ စားတော်ခေါ်တာပေါ့။ သူတို့ ဘဝင်မ ကျဘူးဆိုတဲ့ လူတွေအပေါ်မှာ ညှဉ်းပန်းနှိပ်စက်တာ တွေရှိတယ်။ မတရား သတ်ဖြတ်တာတွေရှိတယ်။ နောက်ဟာကျတော့ အဲဒီ င်္ဏီ ခေါင်းဆောင်တွေ ကိုယ်တိုင်က မူးယစ်ဆေးဝါးတွေသုံးတယ်။ ထီးချိုင့် က ဘိန်းပေါတယ်ဗျာ။ မူးယစ်ဆေးဝါး ပေါတယ်ဗျာ။ ရာဘာပေါတယ်။ 

မေး - မူးယစ်ဆေးသုံးတယ်ဆိုတော့ စစ်တိုက်တဲ့ အခါမှာကော မူးယစ်ဆေးသုံးပြီး တိုက်ခိုင်းမယ်ထင် လား။ ဒေသခံတစ်ယောက်အနေနဲ့ ဒီလို တိုက်ခိုက် တယ်ဆိုတာမျိုးကော သိထားတာရှိလား။ 

ဖြေ - တိုက်ခိုင်းတယ် တိုက်ခိုင်းတယ် အစ်ကို။ ကျွန် တော်ကြားမိတာဆို ကျွန်တော့်သူငယ်ချင်း ထီး ချိုင့်မြို့မှာ ရှိတုန်းကပေါ့။ သူတို့ပုန်းနေတဲ့နေရာ လေးကကျတော့ တိုက်ပွဲဖြစ်တာကို အရှင်းသားမြင်ရ တာပေါ့။ သူတို့က ထီးချိုင့်တောင်ကုန်းပေါ်ကို တန်း စီလည်းပြီးရော တပ်တို့ ရဲတို့ကပစ်နေတာပေါ့။ သူတို့ ကလည်း သေမှာကိုမကြောက်ကြဘူးတဲ့။ မူးယစ်ဆေး ဝါးကိုသုံးပြီးတော့ သေနတ်နဲ့ ကျားထိုး တက်တာတဲ့။ မူးယစ်ဆေးဝါးသုံးပြီးတော့ တက်ခိုင်းတာတဲ့။ KIA ကတဲ့။ အတုန်းတုန်း အရုန်းရုန်းပဲ ကျသွားတယ်တဲ့။ 

မေး - PDF  ခေါင်းဆောင်တွေ စီးပွားဖြစ်တယ်ဆိုတဲ့ ကိစ္စပေါ့။ သူတို့ ဘာတွေလုပ်လို့ စီးပွားဖြစ်တာလဲ၊ ဘယ်လောက်အတိုင်းအတာအထိ ဖြစ်နေကြပါသလဲ။ 

ဖြေ - စီးပွားဖြစ်တယ်ဆိုတဲ့ အနေအထားတစ်ခုက အစ်ကိုတို့လည်း သိမယ်။ တိုက်ပွဲဖြစ်မယ့်နေရာတိုင်းမှာ ကလေးတွေ စာသင်လို့မရဘူး၊ ပညာရေးချို့တဲ့ နေတယ်။ ဒါပေမဲ့ PDF ခေါင်းဆောင်တွေဗျာ ဘယ် သူတွေရှိလဲဆို ကိုစိုးသိန်း။ လွှတ်တော်ကိုယ်စားလှယ် ဟောင်းပေါ့။ သူတို့ သားသမီးတွေဆို မန္တလေးလာပြီး ကျောင်းတွေထားကြတယ်။ ခေါင်းကြီးပိုင်းတွေပေါ့။ ကျောင်းတွေထားတာ။ မန္တလေးမှာ တိုက်ခန်းတွေဝယ် တယ်။ ကားတွေဝယ်တယ်။ သူတို့ကတော့ သူတို့ စီးပွားရေးတွေ။ ထီးချိုင့် အရှေ့ဘက်ကမ်းက PDF ခေါင်းဆောင်တွေဆိုရင် ထွန်စက်တွေဝယ်တယ်၊ ယာတွေဝယ်တယ်။ ထီးချိုင့်အနောက်ဘက်ကမ်းက PDF ခေါင်းဆောင်တွေ ချမ်းသာကုန်ပြီ။ စီးပွားရေး တအားလုပ်နေကြပြီ။ 4 Wheel တွေ စီးနေကြပြီ။ တချို့ဆို ထီးချိုင့်မှာ ဆိုင်လေးတွေဖွင့်ပြီး ဆိုင်တွေ ရောင်းကြတာပေါ့။ ဒီလိုလူတွေဆီကနေ အခွန်တွေ ကောက်နေကြပြီ။KIA နဲ့ ပေါင်းကောက်တာပေါ့။ သူတို့ တအားချမ်းသာနေကြပြီ။ အဲဒီအပြင်ကိုမှ အရင်တည်းက ကားတွေကိုဂိတ်ကြေးကောက်တည်းက ချမ်းသာနေကြပြီ။ 

မေး - စစ်ပွဲကနေ အကျိုးအမြတ်ရသွားတယ်ပြော ရမှာပေါ့။ ဘဝတွေက ပြောင်းသွားတယ် ပြောရမလား။ 

ဖြေ - ပြောင်းတာကတော့ မပြောနဲ့ဗျာ။ သူတို့ဘဝက ခြေဖဝါး လက်ဖဝါးကောင်တွေကနေ အခုက ကား တွေနဲ့၊ ဝင်းတွေနဲ့ အဲဒီလိုတွေပေါ့။ အများကြီး ပြောင်း လဲသွားတယ် အစ်ကို။ သူတို့ထဲမှာ အုပ်ချုပ်နေတာ လည်း တချို့က ဆေးသမားတွေ။ PDF ခေါင်းဆောင် စောဝင်းဆိုတာလည်း အရင်တုန်းက ဘိန်းစား။ သစ် လုပ်တယ်။ ဆိုတဲ့အခါကျတော့ ဒီကောင်တွေပင်လျှင် မူးယစ်ဆေးဝါးနဲ့မကင်းဘူး။ ထီးချိုင့်မြို့မှာ လူကောင်း သူကောင်းစာရင်းထဲတော့ မပါဘူးဗျာ။ အများကြီး ချမ်းသာသွားကြပြီ။ ထီးချိုင့်က ကျွန်းသစ်ထွက်တယ်။ မြစ်ကြောင်းကနေ သစ်ကိုတက်ဝယ်တော့ မြစ် ကြောင်းကနေ အခွန်စည်းကြပ်တယ်။ ပိုက်ဆံတွေ အရမ်းရတာ။ အရမ်းတော့ ချမ်းသာနေကြပြီ အစ်ကို။ 

မေး - အောက်ခြေ PDF တွေရဲ့ဘဝကကော ဘယ် လိုရှိနေပါသလဲ။ 

ဖြေ - အောက်ခြေ PDF တွေရဲ့ဘဝကတော့ ဟိုလို မဟန်ဘူးပေါ့ဗျာ။ မင်းတို့ကောင်းစားဖို့ အတွက် ငါတို့ တိုက်ပေးနေရတယ်၊ ငါတို့အသက်မပေးနိုင်ဘူးဆိုပြီး တချို့မိဘတွေက ကလေးတွေကို လက်နက်တွေ ပြန်အပ်ခိုင်းပြီး ယာတို့ဘာတို့ ပြန်လုပ်နေကြတယ် ကြားတယ်။ ထွက်တဲ့သူတွေကိုတော့ ပြဿနာရှာ တယ်မကြားမိသေးဘူး။ ထွက်တဲ့သူ ဘေးရန်ကင်း လားအတိအကျတော့ မပြောနိုင်သေးဘူး။ နောက် တစ်ခုရှိတာက တချို့ဆိုရင် ပေါင်ပြတ်၊ လက်ပြတ်တွေ ရှိတယ်ဗျာ။ ပေါင်ပြတ်၊ လက်ပြတ်တွေကို ဆေးကု ပေးပြီး မိဘတွေနဲ့တွေ့ခွင့်မပေးတာ အဲဒါတွေကို တော့ကြားမိတယ်။ 

မေး - ပထမတိုက်ပွဲတုန်းက ပေါင်ပြတ် လက်ပြတ်ဖြစ် တဲ့သူတွေကိုလား။

ဖြေ - ဟုတ်ပါတယ်။ ပထမတိုက်ပွဲတုန်းကပါ။ 

မေး - အခုရက်ပိုင်းထဲဖြစ်နေတဲ့ ဒုတိယတိုက်ပွဲ မှာကော အကျအဆုံး ဘယ်လိုကြားမိပါသလဲ။ 

ဖြေ - အခုလည်း တိုက်နေဆဲပြောတယ်။ တော်တော် တော့ ကျတယ်ပြောတယ်။ လေသာမှာကို ဆေးခန်း ဖွင့်ပြီး CDM ဝင်ထားတဲ့ဆရာဝန်ကိုယ်တိုင် ကု ပေးနေရတယ်ပြောတယ်။ 

မေး - တိုက်ပွဲမှာ PDF တွေကိုKIA ကဘယ်လို အသုံးချနေပါသလဲ။ 

ဖြေ - ကျွန်တော်တို့ နားလည်သလောက်ပြောရရင် မှိုင်းပေါ့။ အမုန်းစိတ်ပေါ့။ အဲဒါထည့်ထားတယ်။ တပ်ကိုမုန်းရမယ်ဆိုတဲ့စိတ်ကို ထည့်ထားတာ။ လူငယ်ဆိုတာတော့ မဟုတ်ရင်မခံချင်ဘူးဗျာ။ အဲဒါကို မတရားဘူးဆိုတဲ့စိတ်ဖြစ်အောင်၊ ငါတို့ကို မတရားလုပ်တယ်ဆိုတဲ့ အမုန်းစိတ်ထည့်ပေးထား တော့ လူငယ်တွေက အမှန်မမြင်နိုင်ဘူးဗျာ။ နောက် ဒီဘက်မှာ တချို့ကလေးတွေက မူးယစ်ဆေးသမားတွေ များတယ်။ မူးယစ်ဆေးသမားများတော့ လွတ်လွတ်လပ်လပ်နေရတော့ PDF ထဲဝင်လာပြီး လုပ် ချင်တာလုပ်နေရတယ်ဆိုတဲ့ အပိုင်းလေးတွေနဲ့ အနေချောင် အစားချောင်နေကြတာတွေရှိတယ်။အဲဒီ လိုဟာမျိုးတွေ သေကြတာလည်း များတယ်။ ထီးချိုင့် မြို့သိမ်းတိုက်ပွဲမဖြစ်ခင်ကိုပဲ တပ်ကို မိုင်းထောင်တော့ ဆေးသမားလေးတွေ ထောင်ခိုင်းမိလို့ ကြိုးနီ၊ ကြိုး နက်မှားပြီးတော့ ရှော့ရိုက်မိလို့ နေရာတင်သေတာ အများကြီး။ အဲဒီဇာတ်လမ်းတွေ အများကြီး ရှိတယ်။ 

မေး - အစ်ကိုတို့မြို့ကို အခု တကယ်သိမ်းဖို့ လုပ်နေ တာကKIA လို့ထင်လား၊ PDFလို့ ထင်လား။ 

ဖြေ - အဲဒါကတော့ အစ်ကိုရာ ကျွန်တော်တို့ အမြင်ကတော PDF ဆိုတာ အမည်ခံပဲရှိတာ။ တောနေလူတန်းစာက မှိုင်းတိုက်ထားတော့ အမယ်လေး ငါတို့ PDF တွေနိုင်ပြီပေါ့။ သူတို့ တကယ်လို့ နိုင်သွားလို့ရှိရင် ထီးချိုင့်မြို့ကိုKIA နဲ့  PDF အုပ်ချုပ်မှာ။ သေနတ်နဲ့အုပ်ချုပ်မှာ။ သူတို့ကိုပဲ ကြောက်နေရတာပဲ။ အဆင်မပြေလို့ ချောက်တွန်းရင် သူတို့နဲ့နီးစပ်သူ စကားက အောင်မှာပဲ။ ထီးချိုင်မြို့ သိမ်းရင်တော့KIA တို့က အုပ်ချုပ်မှာ။ PDF ဘက်က လွှတ်တော်ကိုယ်စားလှယ်တို့ဆိုတာက လက်ညှိုးထောင် ခေါင်းညိတ်လောက်ပဲရှိမှာ။ 

မေး - နောက်ဆုံးမေးခွန်းပါခင်ဗျာ။ မြို့ခံ တစ်ယောက် အနေနဲ့ ကိုယ်မြို့နဲ့ပတ်သက်လို့ ဘယ်လို ဖြစ်ချင်ပါသလဲ။ 

ဖြေ - မြို့ခံတစ်ယောက်အနေနဲ့ တိုက်ပွဲမဖြစ်ချင်ဘူး။ အေးချမ်းချင်တယ်။ တိုက်ပွဲဖြစ်လို့လည်း ဘာမှ ဖြစ်မလာဘူး။ အခု တိုက်ပွဲဖြစ်တယ်ဗျာ ပေး ဆပ်လိုက်ရတာ။ ကျုပ်တို့ဘိုးဘွားတွေ အနှစ်နှစ် အလလကဆောက်ထားတာတွေ ပျက်သွားပြီဗျာ။ အဓိကဖြစ်စေချင်တာက ထီးချိုင့်မြို့ အေးချမ်း ချင်တယ်။ သူပုန်မလိုလားဘူးဗျာ။ အေးချမ်းမှုကို လိုလားတယ်။ 

ကျေးဇူးတင်ပါတယ်ခင်ဗျာ။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံရေးပြဿနာများဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုပြီး ပညာရေးမူဝါဒများကို တတ်နိုင်သမျှ ဖြေလျှော့ပေးသင့်ကြောင်း အကြံပြု

RECENT POSTS
စက်သုံးဆီထည့်ပြီး ငွေမပေးဘဲ မောင်းနှင်မည့်ကားကို တားဆီးသည့်ဝန်ထမ်း လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရ
01 Nov 2024
မင်္ဂလာမရှိသော်လည်း လင်းတငှက်များကို သဘာဝပတ်ဝန်းကျင်အတွက် ရှင်သန်ခွင့်ပေးသင့်ကြောင်း အကြံပြု
01 Nov 2024
နိုင်ငံတည်ဆောက်ရေး နှင့် နိုင်ငံရေးပါတီများ
01 Nov 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) ပွဲကြိုသုံးသပ်ချက်များ
01 Nov 2024
အရှည်ပေ (၂၅ဝ) ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဂျင်းဘောင်းဘီကို တရုတ်ကုမ္ပဏီတစ်ခု ထုတ်လုပ်
01 Nov 2024
ဆေးရုံတင်ထားစဉ် လူနာစောင့်အမျိုးသမီးကို တစ်ပတ်ရိုက်ပြီး ခိုးယူသွားသော (၉)ရက် သားအရွယ် ကလေးငယ်ကို ပြန်လည်တွေ့ရှိ
31 Oct 2024
ထိုင်ဝမ်မှာအင်အားပြင်းမုန်တိုင်းကြောင့် ကျွန်းအရှေ့ပိုင်းရှိ မြို့နဲ့ကောင်တီတွေရှိ လုပ်ငန်းတွေကို ပိတ်ထား
31 Oct 2024
အစ္စရေးက ဟစ္စဘိုလာအဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အနည်းဆုံး (၁၉)ဦး ထပ်မံသေဆုံး
31 Oct 2024
“မိန်းမလှကျွန်း တိုးချဲ့တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော”အဖြစ် ဧက တစ်သောင်းနီးပါး တိုးချဲ့ရန် ကနဦးစီစဉ်နေ
31 Oct 2024
ခွေး(၃၈)‌ကောင်နှင့်အတူ တစ်ပြိုင်နက်လမ်းလျှောက်ခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ ကနေဒါအမျိုးသား
31 Oct 2024
‘‘ ဒီဂျစ်တယ်ယွမ်မှတစ်ဆင့် နိုင်ငံတော် အာဏာကို ဖြန့်ကြက်ခြင်း ”
31 Oct 2024
စစ်ရေးရည်မှန်းချက်တွေ အောင်မြင်ပြီးရင် အာရပ်နိုင်ငံတွေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေရယူသွားမယ်လို့ အစ္စရေးအစိုးရ ပြော
31 Oct 2024
အမျိုးသမီးများအပေါ် လိင်အမြတ်ထုတ်၍ Telegram တွင် ရောင်းချသည့် ပုံစံသစ်တစ်မျိုးပေါ်ပေါက်နေ
31 Oct 2024
ကြိုးဆွဲရုပ်သေးပညာရပ်နှင့်ပတ်သက်၍ စိတ်ဝင်စားမှုလျော့နည်းလာပြီး ပျောက်ကွယ်နိုင်သည့် အန္တရာယ်ရှိနေ
31 Oct 2024
အနာဂတ် မြန်မာနိုင်ငံတော်ကို ပုံဖော်ခြင်း
31 Oct 2024
မကြာသေးမီကကွယ်လွန်သွားသော One Direction အဖွဲ့ဝင်ဟောင်း လိုင်ယန်ပိန်းပါဝင်သည့် သီချင်းအသစ်ထွက်ရှိလာမည့်ရက် ရွှေ့ဆိုင်း
31 Oct 2024
မကြာသေးမီကထွက်ရှိခဲ့တဲ့ BTS အဖွဲ့ဝင် Jin ရဲ့သီချင်းအသစ် 'I'll Be There' က ကမ္ဘာတစ်ဝန်းအောင်မြင်မှုများရရှိနေ
31 Oct 2024
အောင်မှတ်ကို(၉၇ ဒသမ ၅)မှတ် သတ်မှတ်ခဲ့သည့် ကိုရီးယား(EPS) စာမေးပွဲ စည်းမျဥ်းကြောင့် ကျောင်းသားများ အခွင့်အရေးဆုံးရှုံးမှုများရှိနေ
31 Oct 2024
စပိန်နိုင်ငံမှာ နှစ်ပေါင်း(၃ဝ)အတွင်း အဆိုးရွားဆုံးရေကြီးမှုတွေ ဖြစ်ပွားနေ
31 Oct 2024
၂၀၂၆ ခုနှစ် ဇူလိုင်လတွင် Spider-Man 4 ရုပ်ရှင်ထွက်ရှိလာမည်ဟု ကြေညာ
31 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved