ထိုင်ဝမ်မှာအင်အားပြင်းမုန်တိုင်းကြောင့် ကျွန်းအရှေ့ပိုင်းရှိ မြို့နဲ့ကောင်တီတွေရှိ လုပ်ငန်းတွေကို ပိတ်ထား
ဂျန်ဇက် (NSS) - အောက်တိုဘာ ၃၁
ထိုင်ဝမ်မှာ အင်အားပြင်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် ကျွန်းအရှေ့ဘက်ပိုင်းရှိ မြို့ နဲ့ ကောင်တီများကို ပိတ်ထားရကြောင်း သိရပါတယ်။ Typhoon Kong-rey အမည်ရှိမုန်တိုင်းဟာ အောက်တိုဘာ ၃၁ ရက်မှာ ထိုင်ဝမ်ကျွန်းအရှေ့ဘက်ပိုင်းရှိ အရပ်ဒေသများကို ဝင်ရောက်တိုက်ခတ်နေပြီး ဘဏ် နဲ့ ငွေကြေးဆိုင်ရာလုပ်ငန်းတွေ၊ ပိတ်ထားရသလို လေကြောင်းခရီးစဉ်ရာချီကို ဖျက်သိမ်းခဲ့ရကြောင်းသိရပါတယ်။
အဆိုပါ မုန်တိုင်းဟာထိုင်ဝမ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာအားအပြင်း ဆုံးဖြစ်ဖွယ်ရှိနေပြီး လေပြင်းတိုက်ခတ်ခြင်းအပြင်မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပွားလျက်ရှိနေကြောာင်း သိရပါတယ်။ မုန်တိုင်းဟာ တစ်နာရီ လေတိုက်နှုန်း ၂၅၀ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်နေပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်း အားအပြင်းဆုံးမုန်တိုင်းဖြစ်ဖွယ်ရှိတယ်လို့ ထိုင်ဝမ် အာဏာပိုင်တွေကပြောပါတယ်။
ထိုင်ဝမ်သမ္မတလိုင်ချန်တေးက "ထိုင်ဝမ်ဒေသအတွင်းရှိ လူတိုင်းဟာ သဘာဝဘေး အန္တရာယ်ကနေ ရှောင်ရှားနိုင်အောင် ပူးပေါင်းဆောင်ရွက်ရမယ်။ မုန်တိုင်းဝင်ရောက်ချိန်အတွင်း ဘေးအန္တရာယ် ဖြစ်ပွားမယ့်နေရာတွေက ရှောင်ရှားနေထိုင်ဖို့ တိုက်တွန်းပါတယ်။" လို့ပြောပါတယ်။ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီပေးနိုင်အောင် တပ်ဖွဲ့ဝင် ၃၆၀၀၀ ကို အဆင့်သင့်လုပ်ထားကြောင်း၊ လက်ရှိအချိန်မှာ မုန်တိုင်း ဝင်ရောက်ပြီး ဘေးအန္တရာယ်ဖြစ်နိုင်မယ့် နေရာတွေမှာနေထိုင်နေသူ လူပေါင်း ၁၃၀၀ ကိုဘေးလွှတ်ရာကိုရွှေ့ပြောင်းပေးထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆေးရုံတင်ထားစဉ် လူနာစောင့်အမျိုးသမီးကို တစ်ပတ်ရိုက်ပြီး ခိုးယူသွားသော (၉)ရက် သားအရွယ် ကလေးငယ်ကို ပြန်လည်တွေ့ရှိ
RELATED POSTS
31 Oct 2024 | အထွေထွေ,နိုင်ငံတကာ
31 Oct 2024 | အထွေထွေ,နိုင်ငံတကာ
30 Oct 2024 | အထွေထွေ,ပြည်တွင်း