အစ္စရေးက ဟစ္စဘိုလာအဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အနည်းဆုံး (၁၉)ဦး ထပ်မံသေဆုံး
ဂျန်ဇက် (NSS) - အောက်တိုဘာ ၃၁
အစ္စရေးနိုင်ငံဟာ လက်ဘနွန်ကို တိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိနေရာ အောက်တိုဘာ ၃၀ ရက်မှာ ပြုလုပ်ခဲ့တဲ့တိုက်ခိုက်မှုကြောင့် Baalbek အရပ်ဒေသမှာလူပေါင်း (၁၉)ဦးသေဆုံးခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အစ္စရေးစစ်တပ်ဟာ Baalbek အရပ်ဒေသရှိ ဒေသခံများကို ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ညွှန်ကြားခဲ့ပြီးနောက် ဒေသခံထောင်ချီ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်း သိရပါတယ်။ဒေသခံတွေ တိမ်းရှောင်ခဲ့ပြီးနောက် အစ္စရေးဟာ Baalbek အရပ်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြင့်တက်လာတယ်လို့ သိရပါတယ်။ ဟစ္စဘိုလာအဖွဲ့ခေါင်းဆောင်အသစ်က အပစ်ခတ်ရပ်စဲရေးရယူနိုင်ဖို့ အစ္စရေးကို ငိုကြွေးတောင်းဆိုနေမှာမဟုတ်ဘဲ အစ္စရေးကို စစ်ရေးအစီအစဉ်အတိုင်း တုံ့ပြန်သွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီးနောက် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ Baalbek မြို့တော်ဝန်က အစ္စရေးဟာ အောက်တိုဘာ ၃၀ ရက်မှာ လေကြောင်းတိုက်ခိုက်မှု (၂၆)ကြိမ်လုပ် ဆောင်ခဲ့ကြောင်း ပြောပါတယ်။ အစ္စရေးစစ်တပ်က ၎င်းတို့ဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ဟစ္စဘိုလာအဖွဲ့ အမိန့်ပေးထိန်းချုပ်ရေးစင်တာနဲ့ တပ်စခန်းတွေကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။
ဒါ့ပြင်အဲဒီအရပ်ဒေသက Bekaa Valley ရှိ လောင်စာဆီ သိုလှောင်ရာနေရာတွေကိုလည်းပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။ အစ္စရေးဟာ ၎င်းနိုင်ငံဘက်ခြမ်းကိုရော့ကဒ် ဒုံးကျည်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ဟစ္စဘိုလာအဖွဲ့တွေကိုတိုက်ခိုက်ဖို့ စက်တင်ဘာ ၂၃ ရက် နောက်ပိုင်းတည်းက လက်ဘနွန်နိုင်ငံကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်မှာအင်အားပြင်းမုန်တိုင်းကြောင့် ကျွန်းအရှေ့ပိုင်းရှိ မြို့နဲ့ကောင်တီတွေရှိ လုပ်ငန်းတွေကို ပိတ်ထား
RELATED POSTS
31 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
30 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
28 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ