ခွေး(၃၈)ကောင်နှင့်အတူ တစ်ပြိုင်နက်လမ်းလျှောက်ခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ ကနေဒါအမျိုးသား
Pika (NSS) - အောက်တိုဘာ ၃၁
ကနေဒါနိုင်ငံမှ ခွေးချစ်တတ်သည့် အမျိုးသားတစ်ဦးသည် ၎င်း၏ ခွေး(၃၈)ကောင်နှင့်အတူ မိုင် ဝက်ကျော် လမ်းလျှောက်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်း နစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ မီချဲလ်ရူဒီ ဟုခေါ်သော အမျိုးသားသည် အကွာအဝေး မိုင်ဝက်ကျော်ကို ခွေး(၃၈)ကောင်နှင့်အတူ လမ်းလျှောက် ခဲ့ပြီးနောက် လူတစ်ဦးတည်းက ခွေးအကောင်ရေအများဆုံးနှင့်အတူ လမ်းလျှောက်ခဲ့သည့် ကမ္ဘာ့ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ဂင်းနစ်စံချိန်ကို ယခင်ကိုင်ဆောင်ထားသူမှာ တောင်ကိုရီးယားနိုင်ငံ ဂိုဆန်မြို့မှဖြစ်ပြီး ခွေး(၃၆)ကောင်နှင့်အတူ လမ်းလျှောက်ကာ ဂင်းနစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။ မီချဲလ်ရူဒီ၏ ကြိုးပမ်းမှု တွင် ပါဝင်ခဲ့သည့်ခွေးများကို Korean K9 Rescue အေဂျင်စီက ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်းသိရ သည်။
မီချဲလ်ရူဒီက “ ဒီခွေးတွေအားလုံးထဲက တချို့ခွေးတွေဟာ ခွေးသားထုတ်တဲ့စက်မှုလုပ်ငန်း တွေကပဲဖြစ်ပါတယ်။ ဒီခွေးတွေအားလုံးကို Korean K9 Rescue အေဂျင်စီက ကယ်တင်ခဲ့တာဖြစ်ပါ တယ်။ ဒီခွေးလေးတွေအားလုံးဟာ အိမ်ကောင်းကောင်းနဲ့နေ ထိုင်ရဖို့ ထိုက်တန်ပါတယ်။ ပြီးတော့ လူတွေရဲ့ချစ်ခြင်း ကိုလည်း သူတို့ရသင့်ပါတယ်” ဟု ပြောခဲ့သည်။ ထို့ပြင် ခွေးမွေးစားခြင်းကို မြှင့်တင် ရန်အတွက် အဆိုပါဂင်းနစ်စံချိန်ကို ကြိုးပမ်းရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း မီချဲလ်ရူဒီကပြောကြားခဲ့ သည်။ မီချဲလ်ရူဒီက “ ဒီခွေးတွေအားလုံးကို ချန်ပီယံဖြစ်အောင် ကျွန်တော်တို့ တစ်ခုခုလုပ်ပေးခဲ့ချင်တာ ပါ။ ဒီခွေးတွေ အားလုံးက ခွေးကောင်းလေးတွေပဲဖြစ်ပါတယ်။ သူတို့ အားလုံး နေအိမ်ကောင်းကောင်း လေးတွေနဲ့ ထိုက်တန်ပါတယ်” ဟုပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
“မိန်းမလှကျွန်း တိုးချဲ့တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော”အဖြစ် ဧက တစ်သောင်းနီးပါး တိုးချဲ့ရန် ကနဦးစီစဉ်နေ
RELATED POSTS
01 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
31 Oct 2024 | ဗဟုသုတ,ပြည်တွင်း
31 Oct 2024 | ဗဟုသုတ,နိုင်ငံတကာ
31 Oct 2024 | ဗဟုသုတ,ပြည်တွင်း