မကြာသေးမီကထွက်ရှိခဲ့တဲ့ BTS အဖွဲ့ဝင် Jin ရဲ့သီချင်းအသစ် 'I'll Be There' က ကမ္ဘာတစ်ဝန်းအောင်မြင်မှုများရရှိနေ
Pika (NSS) - အောက်တိုဘာ ၃၁
တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆိုတော်အဖွဲ့ BTS ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ Jin၏ တစ်ကိုယ်တော်သီချင်း "I'll Be There" သီချင်းသည် ထွက်ရှိပြီးနောက် ရက်ပိုင်းအကြာတွင် ကမ္ဘာတစ်ဝန်းတွင် အောင်မြင်ကျော်ကြားမှုများကို ရရှိခဲ့ကြောင်း သိရသည်။Jin ၏ နောက်ဆုံးထွက်ရှိထားသည့် "I'll Be There"သီချင်းသည် Spotify ပလက်ဖောင်းတွင် အောင်မြင်မှုများရရှိခဲ့ပြီး စတင်ထွက်ရှိခဲ့သည့် အောက်တိုဘာလ(၂၅)ရက်မှာပင် ကြည့်ရှုသူ(၄ ဒသမ ၆၉)သန်းကျော်ရှိခဲ့ပြီး Daily Top Songs Global ဇယားတွင် အဆင့်(၉)နေရာဖြင့် ပွဲဦးထွက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါအောင်မြင်မှုသည် Spotify ပလက်ဖောင်းတွင် Jin ၏ တစ်ကိုယ်တော်အမြင့်ဆုံးအဆင့်ကို အမှတ်အသားပြုနိုင်ခဲ့ပြီး "The Astronaut" သီချင်းဖြင့် အဆင့်(၁၇)နေရာတွင်ရရှိခဲ့သော ယခင်စံချိန်ကို ကျော်တက်သွားခဲ့ကြောင်း သိရသည်။ ဂျပန်နိုင်ငံတွင် Jin ၏ တစ်ကိုယ်တော်သီချင်း "I'll Be There" သည် Oricon Daily Digital Single Ranking တွင် အမြင့်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ Jin ၏ ယခင်ကထွက်ရှိခဲ့သော တစ်ကိုယ်တော်သီချင်း "Super Tuna" သည် အောင်မြင်မှုများရရှိခဲ့ပြီးနောက် နောက်ဆုံးထွက်ရှိထားသည့် သီချင်းက ယခုလိုအောင်မြင်မှုများ ထပ်မံဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ထို့ပြင် "I'll Be There" သီချင်းသည် ဗြိတိန်၊ အမေရိကန် နှင့် ဂျာမနီတို့အပါအဝင် နိုင်ငံပေါင်း(၇၀)ရှိ iTunes အပ်ပ်တွင် အဆင့်(၁)နေရာကို ရယူနိုင်ခဲ့ပြီး Worldwide iTunes Song နှင့် European iTunes Song ဇယားများတွင် နှစ်ရက်ဆက်တိုက် ထိပ်ဆုံးမှဦးဆောင်နေခဲ့ကြောင်းလည်း သိရသည်။
"I'll Be There" သီချင်းသည် လာမည့်နိုဝင်ဘာလ(၁၅)ရက်တွင် ထွက်ရှိရန်စီစဉ်ထားသည့် Jin ၏တစ်ကိုယ်တော် အယ်လ်ဘမ် 'Happy' မှ အကြိုထွက်ရှိထားသော သီချင်းတစ်ပုဒ်ဖြစ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မကြာသေးမီကကွယ်လွန်သွားသော One Direction အဖွဲ့ဝင်ဟောင်း လိုင်ယန်ပိန်းပါဝင်သည့် သီချင်းအသစ်ထွက်ရှိလာမည့်ရက် ရွှေ့ဆိုင်း
RELATED POSTS
31 Oct 2024 | အနုပညာ,နိုင်ငံတကာ
30 Oct 2024 | အနုပညာ,နိုင်ငံတကာ
25 Oct 2024 | အနုပညာ,နိုင်ငံတကာ