Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) ပွဲကြိုသုံးသပ်ချက်များ

ရဲထက် (NSS) - နိုဝင်ဘာ ၁

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့  ပွဲစဉ်(၁၀)ကို ရောက်ရှိလာချိန်မှာတော့ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီးနဲ့လီဗာပူးလ်တို့က အမှတ်ပေးဇယားကို ဦး ဆောင်ထားပြီး ချန်ပီယံဆုအတွက် အပြန်အလှန်ဖိ အားပေးမှုတွေကို မြင်တွေ့ထားရပါတယ်။ ထူးခြားမှု အနေနဲ့ကတော့ ဒီနှစ်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံ ယှဉ်ပြိုင်မှုမှာလည်း အသင်းကြီးတွေရဲ့ ရမှတ်အနေ အထားက ကွာဟမှုကြီးကြီးမားမားမရှိတာကိုတွေ့ရပေမယ့် အမှတ်ပေးဇယားကို ဖိအားပေးနိုင်ပြီး ခြေ စွမ်းခြေစရှိတဲ့အသင်းတွေ ပိုများလာတာဖြစ်ပါတယ်။ ဘရိုက်တန်၊အက်စတွန်ဗီလာနဲ့ စပါးစ်အသင်းတွေ ဟာ မနှစ်ကထက် အသင်းကြီးတွေကို ဒုက္ခပေးလာ နိုင်သလို အမှတ်ပေးဖလားအတွက်ပါ အဟန့်အတား ကောင်းကောင်း လုပ်လာနိုင်တာကိုတွေ့ရပါတယ်။ ဒါကြောင့် အမှတ်ပေးဇယားကို အနီးကပ်ယှဉ်ပြိုင် မယ့် အသင်းတွေအဖြစ် မန်စီးတီး၊လီဗာပူးလ်နဲ့ အာ ဆင်နယ်အသင်းတို့ကို စောင့်ကြည့်ရမှာဖြစ်သလို အ မှတ်ပေးဇယားကို ဖိအားပေးဖို့အတွက်ကတော့ ဘ ရိုက်တန်၊အက်စတွန်ဗီလာ၊ချဲလ်ဆီးနဲ့ စပါးစ်အသင်း တွေကို အဓိကစောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ ဒီတစ်ပတ်မှာလည်း NSS ကနေ ပရီးမီးယားလိဂ်အသင်းကြီး(၅)သင်းရဲ့ ပွဲစဉ်(၁၀) ယှဉ်ပြိုင်မှုတွေကို ပွဲကြိုသုံးသပ်ချက်အနေနဲ့ တင် ဆက်ပေးသွားချင်ပါတယ်။

  မန်ယူ   Vs   ချဲလ်ဆီး

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

ချဲလ်ဆီး  ၄ - ၃  မန်ယူ  (၄-၅-၂၀၂၄)

မန်ယူ  ၂  - ၁  ချဲလ်ဆီး (၇-၁၂-၂၀၂၃)

မန်ယူ  ၄ - ၁  ချဲလ်ဆီး (၂၆-၅-၂၀၂၃)

NSS အကြိုက် ပွဲကြိုသုံးသပ်ချက်

မန်ယူ   ၂ - ၃    ချဲလ်ဆီး

မန်ယူ   ၁ - ၂     ချဲလ်ဆီး

ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ပြိုင် ဆိုင်မှု ပြင်းထန်နိုင်ပြီး ပွဲစဉ်(၁၀)ရဲ့ အကောင်းဆုံး သောပွဲစဉ်ဖြစ်ပါတယ်။ မန်ယူအသင်းက ဒီရာသီမှာ နိုင်ပွဲရဖို့ရုန်းကန်နေရတဲ့အပြင် ခြေစွမ်းပိုင်းမှာလည်း ကောင်းမွန်မှုမရှိသေးတာကြောင့် ချဲလ်ဆီးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှုက မန်ယူအသင်းအတွက် ခက်ခဲ လာနိုင်ပါတယ်။ နည်းပြဖြစ်တဲ့ တန်းဟတ်လက် ထက်မှာ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် တိုင်းလိုလို အားရကျေနပ်လောက်တဲ့ စွမ်းဆောင် ရည်မျိုးကို ပြသနိုင်ခြင်းမရှိသေးတာကိုတွေ့ရပါ တယ်။  မန်ယူအသင်းရဲ့ အဓိကလိုအပ်ချက်ကတော့ ဒီရာသီ အသင်းကြီးတွေနဲ့တွေ့ဆုံမှု (၃)ကြိမ်လုံး နိုင်ပွဲမရတာက မန်ယူအသင်းရဲ့ လက်ရှိခြေစွမ်းကို သုံးသပ်လို့ ရနေပါတယ်။ လီဗာပူးလ်နဲ့ စပါးစ်အသင်း ကို(၃)ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားသလို အက်စတွန်ဗီလာ အသင်းကိုလည်း သရေကျထားတာကြောင့် အသင်း ကြီးတွေနဲ့ဆိုင် မန်ယူအသင်းရဲ့စွမ်းဆောင်ရည် ညံ့ တယ်လို့ ပြောလို့ရနေပါတယ်။ ချဲလ်ဆီးအသင်းက လည်း အသင်းငယ်တွေကိုသာ နိုင်ပွဲရယူဖို့ လွယ်ကူ နေပေမယ့် အသင်းကြီးတွေနဲ့တွေ့ရင် ပွဲတိုင်းရှုံးနိမ့် ထားပါတယ်။ ရာသီအစမှာ မန်စီးတီးအသင်းကို (၂)ဂိုးနဲ့ ရှုံးနိမ့်ထားသလို လီဗာပူးလ်အသင်းကိုလည်း (၂-၁)နဲ့ရှုံးထားတာကြောင့် ခြေစွမ်းပိုင်းက တိုးတက် လာတယ်လို့ပြောလို့မရပါဘူး။ ချဲလ်ဆီးအသင်းက ဒီရာသီမှာ ခြေစွမ်းပိုင်းရော လူစာရင်းအရပါတိုးတက် လာတယ်ဆိုပေမယ့် အဓိကလိုအပ်ချက်တစ်ခုက နည်းပြ မာရက်စကာရဲ့ ကစားကွက်အတိုင်းကစား သမားတွေ မစွမ်းဆောင်နိုင်သေးတာကိုတွေ့ရပါ တယ်။ ထိပ်တိုက်တွေ့ဆုံမှုအရပြန်ကြည့်ရင်  မနှစ်က ရာသီတွေ့ဆုံခဲ့တဲ့ (၂)ကြိမ်မှာ တစ်ပွဲစီအနိုင်ရရှိထား ကြတာကိုတွေ့ရပါတယ်။ ဒါ့ပြင် တွေ့ဆုံခဲ့တဲ့ ပွဲစဉ် တိုင်းမှာ သွင်းဂိုးတွေကိုမြင်တွေ့ရလေ့ရှိပြီး ကြည့် ကောင်းတဲ့ ပွဲစဉ်တွေဖြစ်ခဲ့တာကြောင့် ဒီရာသီမှာ ဘယ်အသင်းက အနိုင်ရရှိသွားမလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ရလဒ်ပိုင်းအနေနဲ့ ခန့်မှန်းရမယ်ဆိုရင်တော့ မန်ယူအသင်းရဲ့ အိမ်ကွင်း ဖြစ်နေတာကြောင့် အသားစီးရယူနိုင်ပေမယ့် ချဲလ်ဆီး အသင်းရဲ့တိုက်စစ်ကို ထိန်းဖို့ စိတ်ချရတဲ့နောက် တန်းခံစစ်သာ အားနည်းခဲ့ရင် မန်ယူအသင်းအတွက် ပေးဆပ်မှုကြီးမားသွားနိုင်ပါတယ်။ ချဲလ်ဆီးအသင်း ကလည်း မန်ယူအသင်းရဲ့ လက်ရှိခြေစွမ်းကိုကြည့် ပြီးကစားရင်တော့ နိုင်ပွဲရဖို့ခက်ခဲ့နိုင်ပြီး ရှုံးပွဲပါတွေ့ သွားနိုင်ပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ ပွဲစဉ်က သရေကျဖို့များနေပြီး နိုင်မယ်ဆိုရင်တော့ ခြေစွမ်းပိုင်း ပိုကောင်းတဲ့ ချဲလ်ဆီးက (၁)ဂိုးအသာလောက်နဲ့ ကပ် နိုင်ပါမယ်။                  

        

နယူးကာဆယ် Vs အာဆင်နယ်

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

အာဆင်နယ် ၄ - ၁ နယူးကာဆယ်(၂၅-၂-၂၀၂၄)

နယူးကာဆယ် ၁-ဝ အာဆင်နယ် (၅-၁၁-၂၀၂၃)

နယူးကာဆယ် ဝ - ၂ အာဆင်နယ်  (၇-၅-၂၀၂၂)

NSS အကြိုက် ပွဲကြိုသုံးသပ်ချက်

နယူးကာဆယ်  ၂ - ၂   အာဆင်နယ်

နယူးကာဆယ်  ၃ - ၁  အာဆင်နယ်

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီး ယားလိဂ်ပွဲစဉ်(၈)မှာ မထင်မှတ်ဘဲ ဘန်းမောက်စ် အသင်းကို ရှုံးခဲ့အပြီးမှာတော့ အမှတ်ပေးဖလား အတွက် ဖိအားပေးနိုင်ဖို့ အားလျော့သွားတဲ့ အနေ အထားကို မြင်တွေ့လာရပါတယ်။ လီဗာပူးလ်နဲ့ မန်စီး တီးအသင်းတွေကို ဖိအားပေးနိုင်ဖို့ဆိုတာ အမှားနည်း နိုင်သမျှနည်းအောင် ကစားထားနိုင်မှသာ အဆင်ပြေ မှာဖြစ်ပြီး သရေပွဲတွေနဲ့ ရှုံးပွဲတွေသာဆက်နေဦး မယ်ဆိုရင်တော့ အာဆင်နယ် အသင်းအတွက် မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့ရာသီတစ်ခုကို ဖြတ်သန်း သွားရမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ (၂)နှစ်အ တွင်းမှာ အာဆင်နယ်အသင်းဟာ ချန်ပီယံဆုနဲ့ ထိုက် တန်တဲ့အသင်းတစ်သင်းဆိုတာကို အားလုံးက လက်ခံနိုင်လောက် တဲ့အထိ ခြေစွမ်းပြထားတဲ့အ သင်းဖြစ်တာကြောင့် ရာသီအစောပိုင်းမှာ ပြောဖို့ စော နေသေးတယ်လို့လည်း ဆိုနိုင်ပါတယ်။ နယူးကာ ဆယ်အသင်းကတော့ ဒီရာသီမှာ မနှစ်ကအတိုင်း ခြေစွမ်းအရရော အမှတ်ပေးဇယားရပ်တည်မှုမှာပါ ပုံမှန်ခြေစွမ်းလို့ ပြောလို့ရနေပါတယ်။ ဒါပေမဲ့ အာ ဆင်နယ်အသင်းနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ပွဲစဉ်တွေကို ပြန်ကြည့်ရင် ခြေစွမ်းပိုင်းကောင်းမွန်တာကိုတွေ့ရပြီး အပြန်အလှန်သွင်းဂိုးတွေကိုပါ မြင်တွေ့ထားရပါ တယ်။ ဒါ့ပြင် အင်အားသုံးကစားတတ်တဲ့ ကစားဟန် ကြောင့် ကစားရခက်တဲ့အသင်းဖြစ်ပြီး နိုင်ပွဲရဖို့ လည်းခက်ခဲနိုင်တာကြောင့် အာဆင်နယ်အသင်း အ တွက် နိုင်ပွဲရဖို့ မလွယ်ကူးနိုင်တဲ့ အနေအထားဖြစ် ပါတယ်။ ရလဒ်ပိုင်းအနေနဲ့ ခန့်မှန်းရရင်တော့ အာ ဆင်နယ်အသင်းက အ‌ဝေးကွင်းဖြစ်တာကြောင့် နိုင်ပွဲရဖို့ ခက်ခဲနိုင်တယ်ဆိုပေမယ့် ဒီပွဲစဉ်ကိုသာ ရှုံး ခဲ့မယ်ဆိုရင် အာဆင်နယ်အသင်းက အမှတ်ပေးဖ လားကို စိန်ခေါ်နိုင်ဖို့ ခက်ခဲသွားနိုင်တာကြောင့် ဒီ ပွဲစဉ်က အနည်းဆုံးသရေ(၁)မှတ်ရယူနိုင်ပြီး အနိုင် (၃)မှတ်လည်း ရရှိသွားနိုင်ပါတယ်။ 

ဘုန်းမောက်စ်  Vs  မန်စီးတီး

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

ဘုန်းမောက်စ် ဝ - ၁ မန်စီးတီး  (၂၅-၂-၂၀၂၄)

မန်စီးတီး  ၆ - ၁  ဘုန်းမောက်စ်  (၄-၁၁-၂၀၂၃)

ဘုန်းမောက်စ်  ၁ - ၄  မန်စီးတီး   (၂၆-၂-၂၀၂၃)

NSS အကြိုက် ပွဲကြိုသုံးသပ်ချက်

ဘုန်းမောက်စ် ၂ - ဝ  မန်စီးတီး

ဘုန်းမောက်စ် ၂ - ၁   မန်စီးတီး

ဒီရာသီ ပရီးမီးယားလိဂ်မှာ သက်တောင့် သက်သာအရှိဆုံးနဲ့ အားကုန်ထုတ်ပြီး မကစားသေး တာက မန်စီးတီးအသင်းလို့ ပြောလို့ရပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ မန်စီးတီးအသင်းရဲ့ကစားဟန်က နိုင်ရမယ့်ပွဲတွေကိုလည်း သာသာယာယာအနိုင်ယူ တတ်သလို အသင်းကြီးတွေနဲ့တွေ့ဆုံမှုဆိုရင်လည်း မရှုံးအောင်ကစာထားနိုင်သလို နိုင်ပွဲရအောင် ဘယ် လိုကန်ရမလဲဆိုတဲ့ နည်းစနစ်တစ်ခုကလည်း မန်စီး တီးအသင်းရဲ့ အခြားအသင်းတွေနဲ့ မတူကွဲပြားတဲ့ အချက်ပဲဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ရှုံးပွဲမရှိ သေးတာကိုကြည့်ရင် မန်စီးတီးအသင်းက ပုံမှန်အတိုင်းလည်ပတ်နေတယ်လို့ပြောလို့ရနေပြီး (၅)နှစ် ဆက်ချန်ပီယံဖြစ်ဖို့ ဘာဖိအားမှရှိမနေတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ တစ်ဖက်မှာ လီဗာပူးလ်အသင်းက အနီးကပ်ဖိအားပေးနေပေမယ့် လီဗာပူးလ်အသင်းက နောက်ပိုင်းပွဲစဉ်တွေမှာ ပွဲကြပ်ကာလတွေကို ရင်ဆိုင် နေတာကြောင့် မန်စီးတီးအသင်းအတွက် ဇယား ထိပ်ကို ဦးဆောင်ဖို့ အခွင့်အရေးရသွားနိုင်ပါတယ်။ မန်စီးတီးအသင်းအမှတ်ပေးဇယားထိပ်ကိုသာ ရောက်သွားခဲ့ရင် တစ်ပွဲထက်တစ်ပွဲပိုကောင်းလာတဲ့ အပြင် အမှားနည်းပြီး ပွဲစဉ်တိုင်းလိုလို နိုင်ပွဲရတတ် တာကြောင့် မန်စီးတီးအသင်းကို ဒီနှစ်မှာရော ဘယ် အသင်းက ရပ်တန့်နိုင်မလဲဆိုတဲ့ မေးခွန်းလည်းရှိ နေပါတယ်။ ဘုန်းမောက်စ်အသင်းကတော့ ခြေစွမ်း ပိုင်းအရ အာဆင်နယ်အသင်းကိုတောင်နိုင်ထားတာကြောင့် ကစားပုံကျစ်လစ်မှုရှိပြီး မန်စီးတီးအနေနဲ့ အစောပိုင်းမိနှစ်တွေမှာ ဂိုးသွင်းနိုင်ဖို့ ခက်ခဲနိုင်ပါ တယ်။ (၂)ဂိုးလောက်နဲ့သာ မန်စီးတီးအသင်းက နိုင် ပါမယ်။       

လီဗာပူးလ်  Vs  ဘရိုက်တန်

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

လီဗာပူးလ် ၂ - ၁ ဘရိုက်တန်  (၃၁-၃-၂၀၂၃)

ဘရိုက်တန်  ၂  - ၂ လီဗာပူးလ်  (၈-၁၀-၂၀၂၃)

ဘရိုက်တန်  ၃  - ဝ လီဗာပူးလ်  (၁၄-၁-၂၀၂၃)

NSS အကြိုက် ပွဲကြိုသုံးသပ်ချက်

လီဗာပူးလ်   ၂ - ၁   ဘရိုက်တန်

လီဗာပူးလ်   ၃ - ၂   ဘရိုက်တန်

လီဗာပူးလ်အသင်းရဲ့ ကစားဟန်က ပို ကောင်းလာတာကိုတွေ့ရတဲ့အပြင် တိုက်စစ်လိုက် ပါမှုကလည်းပိုပြီး တည်ငြိမ်ပြတ်သားလာတာဖြစ်ပါ တယ်။ ပြောရရင် လီဗာပူးလ်အသင်းရဲ့က တစ်သင်း လုံး လုပ်အားနှုန်းကောင်းကောင်းနဲ့ကစားတတ်ပြီး တိုက်စစ်လိုက်ပါမှုက မြန်ဆန်တဲ့အပြင် တစ်သင်း လုံးအတက်အဆင်းကစားတာက နည်းပြ ယာဂင်က လော့လက်ထက်မှာ နာမည်ကြီးတဲ့ ကစားဟန်တစ် ခုဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို တစ်သင်းလုံးအတက် အဆင်းနဲ့ တစ်ဖက်အသင်းကို ဖိအားပေးပြီးချိန်မှာ ကစားအားကျလာပြီး ဂိုးတွေပြန်ပေးရတတ်ပါတယ်။  ဒါကို နည်ပြ အာနဲစလော့ကအကွက်မြင်မြင်နဲ့ ကစား အားကိုမကျအောင် ပထမပိုင်းနဲ့ ဒုတိယပိုင်းမိနှစ်(၇၀)ကျော်လောက်အထိ ပွဲထွက်ကစားသမားတွေထက် လုပ်အားနှုန်းကို ထိန်းကစားနိုင်တဲ့ ကစားသမားတွေ ကိုသာသုံးပြီး မိနှစ်(၇၀)နောက်ပိုင်းရောက်တာနဲ့ လူ စားလဲပြီး ကစားအားကျမသွားထိန်းထားနိုင်တာ တွေ့ရပါတယ်။ ဘရိုက်တန်အသင်းကလည်း အသင်း ကြီးတွေနဲ့ဆိုရင် ခြေစွမ်းပိုင်မညံ့တဲ့အသင်းဖြစ်တာ ကြောင့် ဒီနှစ်သင်းရဲ့ ပွဲစဉ်က လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်းမှာဖြစ်တာကြောင့် ဘရိုက်တန်အနေနဲ့ နိုင် ပွဲရဖို့ခက်ခဲနိုင်ပြီး လီဗာပူးလ်အသင်းက (၁)ဂိုး အသာ‌လောက်နဲ့ နိုင်ပါမယ်။                                                       

စပါးစ်   Vs  အက်စတွန်ဗီလာ

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

အက်စတွန်ဗီလာ ဝ - ၄  စပါးစ်   (၁၀-၃-၂၀၂၄)

စပါးစ်  ၁ - ၂ အက်စတွန်ဗီလာ (၂၆-၁၁-၂၀ ၂၃)

အက်စတွန်ဗီလာ ၂ - ၁  စပါးစ်   (၁၃-၅-၂၀၂၃)

NSS အကြိုက် ပွဲကြိုသုံးသပ်ချက်

စပါးစ်  ၂ - ၃  အက်စတွန်ဗီလာ

စပါးစ်   ၁ - ၂  အက်စတွန်ဗီလာ

ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုက မြိုင် မြိုင်ဆိုင်ဆိုင်ရှိမှာဖြစ်ပြီး နှစ်သင်းလုံးရဲ့ ကစားဟန်က အပြန်အလှန်သွင်း ဂိုးတွေနဲ့ ဖိအားပေးပြီး တိုက်စစ်ပြီး ရင်း တိုက်စစ်ကစားမယ့် ပွဲကောင်းတစ်ပွဲဖြစ်လာနိုင် ပါတယ်။ အက်စတွန်ဗီလာအသင်းက နည်းပြ အူနှိုင်း အမ်မရီလက်ထက် ဥရောပပွဲစဉ်တွေကို ကစားရတဲ့ အထိ ခြေစွမ်းကောင်းနေသလို အသင်းကြီးတွေ ကိုလည်း ပခုံးချင်းယှဉ်ကစားနိုင်တဲ့ အနေအထားကို မြင်တွေ့ရပါတယ်။စပါးစ်အသင်းကတော့ခြေစွမ်းပိုင်း တက်လာတယ်လို့ ပြောလို့ရနေပြီး အမှတ်ဇယားရဲ့ အဆင့်(၅)ထဲကိုဝင်နိုင်ဖို့ အလားအလာ ကောင်းနေ ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအရ ပြန်ကြည့်ရင် နောက်ဆုံးတွေ့ခဲ့တဲ့ (၃)ပွဲမှာ အက်စတွန်ဗီလာ အ သင်းက(၂)ပွဲနိုင်ထားပြီး စပါးစ်အသင်းက(၁)ပွဲနိုင် ထားပါတယ်။  ရလဒ်ပိုင်းအနေနဲ့ ခန့်မှန်းရရင်တော့ ဒီပွဲစဉ်က သရေကျဖို့များပြီး နိုင်မယ်ဆိုရင်တော့ အက်စတွန်ဗီလာဘက်က နေချင်ပါတယ်။ 

        ၂ -၁၁-၂၀၂၄ (စနေနေ့ညပိုင်း)

    ည(ရးဝဝ)  နယူးကာဆယ် Vs အာဆင်နယ်                                            

    ည(၉း၃၀)  ဘုန်းမောက်စ် Vs မန်စီးတီး 

    ည(၉း၃၀)  လီဗာပူးလ် Vs ဘရိုက်တန်

         ၃-၁၁-၂၀၂၄ (တနင်္ဂနွေနေ့ညပိုင်း)

        ည(၈း၃၀)   စပါးစ်  Vs အက်စတွန်ဗီလာ 

        ည(၁၁းဝဝ)  မန်ယူ Vs ချဲလ်ဆီး


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံတည်ဆောက်ရေး နှင့် နိုင်ငံရေးပါတီများ

RECENT POSTS
စက်သုံးဆီထည့်ပြီး ငွေမပေးဘဲ မောင်းနှင်မည့်ကားကို တားဆီးသည့်ဝန်ထမ်း လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရ
01 Nov 2024
မင်္ဂလာမရှိသော်လည်း လင်းတငှက်များကို သဘာဝပတ်ဝန်းကျင်အတွက် ရှင်သန်ခွင့်ပေးသင့်ကြောင်း အကြံပြု
01 Nov 2024
နိုင်ငံတည်ဆောက်ရေး နှင့် နိုင်ငံရေးပါတီများ
01 Nov 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) ပွဲကြိုသုံးသပ်ချက်များ
01 Nov 2024
အရှည်ပေ (၂၅ဝ) ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဂျင်းဘောင်းဘီကို တရုတ်ကုမ္ပဏီတစ်ခု ထုတ်လုပ်
01 Nov 2024
ဆေးရုံတင်ထားစဉ် လူနာစောင့်အမျိုးသမီးကို တစ်ပတ်ရိုက်ပြီး ခိုးယူသွားသော (၉)ရက် သားအရွယ် ကလေးငယ်ကို ပြန်လည်တွေ့ရှိ
31 Oct 2024
ထိုင်ဝမ်မှာအင်အားပြင်းမုန်တိုင်းကြောင့် ကျွန်းအရှေ့ပိုင်းရှိ မြို့နဲ့ကောင်တီတွေရှိ လုပ်ငန်းတွေကို ပိတ်ထား
31 Oct 2024
အစ္စရေးက ဟစ္စဘိုလာအဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အနည်းဆုံး (၁၉)ဦး ထပ်မံသေဆုံး
31 Oct 2024
“မိန်းမလှကျွန်း တိုးချဲ့တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော”အဖြစ် ဧက တစ်သောင်းနီးပါး တိုးချဲ့ရန် ကနဦးစီစဉ်နေ
31 Oct 2024
ခွေး(၃၈)‌ကောင်နှင့်အတူ တစ်ပြိုင်နက်လမ်းလျှောက်ခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ ကနေဒါအမျိုးသား
31 Oct 2024
‘‘ ဒီဂျစ်တယ်ယွမ်မှတစ်ဆင့် နိုင်ငံတော် အာဏာကို ဖြန့်ကြက်ခြင်း ”
31 Oct 2024
စစ်ရေးရည်မှန်းချက်တွေ အောင်မြင်ပြီးရင် အာရပ်နိုင်ငံတွေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေရယူသွားမယ်လို့ အစ္စရေးအစိုးရ ပြော
31 Oct 2024
အမျိုးသမီးများအပေါ် လိင်အမြတ်ထုတ်၍ Telegram တွင် ရောင်းချသည့် ပုံစံသစ်တစ်မျိုးပေါ်ပေါက်နေ
31 Oct 2024
ကြိုးဆွဲရုပ်သေးပညာရပ်နှင့်ပတ်သက်၍ စိတ်ဝင်စားမှုလျော့နည်းလာပြီး ပျောက်ကွယ်နိုင်သည့် အန္တရာယ်ရှိနေ
31 Oct 2024
အနာဂတ် မြန်မာနိုင်ငံတော်ကို ပုံဖော်ခြင်း
31 Oct 2024
မကြာသေးမီကကွယ်လွန်သွားသော One Direction အဖွဲ့ဝင်ဟောင်း လိုင်ယန်ပိန်းပါဝင်သည့် သီချင်းအသစ်ထွက်ရှိလာမည့်ရက် ရွှေ့ဆိုင်း
31 Oct 2024
မကြာသေးမီကထွက်ရှိခဲ့တဲ့ BTS အဖွဲ့ဝင် Jin ရဲ့သီချင်းအသစ် 'I'll Be There' က ကမ္ဘာတစ်ဝန်းအောင်မြင်မှုများရရှိနေ
31 Oct 2024
အောင်မှတ်ကို(၉၇ ဒသမ ၅)မှတ် သတ်မှတ်ခဲ့သည့် ကိုရီးယား(EPS) စာမေးပွဲ စည်းမျဥ်းကြောင့် ကျောင်းသားများ အခွင့်အရေးဆုံးရှုံးမှုများရှိနေ
31 Oct 2024
စပိန်နိုင်ငံမှာ နှစ်ပေါင်း(၃ဝ)အတွင်း အဆိုးရွားဆုံးရေကြီးမှုတွေ ဖြစ်ပွားနေ
31 Oct 2024
၂၀၂၆ ခုနှစ် ဇူလိုင်လတွင် Spider-Man 4 ရုပ်ရှင်ထွက်ရှိလာမည်ဟု ကြေညာ
31 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved