Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်များ

ရဲထက် (NSS) - စက်တင်ဘာ ၂၇

၂၀၂၄-၂၀၂၅ ခုနှစ်ရဲ့ အင်္ဂလန်ပရီးမီး ယားလိဂ်ပြိုင်ပွဲဟာ ပွဲစဉ်(၆)ကိုရောက်ရှိလာပါပြီ။ ပွဲစဉ်(၆) ဖြစ်တာကြောင့်လည်း  ဇယားထိပ်ပိုင်းက အသင်းကြီးတွေရဲ့ ရလဒ်ပိုင်းနဲ့ ခြေစွမ်းပိုင်းမှာလည်း တဖြည်း ဖြည်း ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သလို မထင်မှတ်ထားဘဲ ရှုံးပွဲတွေ့ခဲ့တဲ့အသင်းကြီးတွေ ပရီးမီးယား လိဂ်ပွဲ စဉ်(၆)မှာတော့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ပွဲစဉ် တွေကို ထပ်မံစောင့်ကြည့်သွားရဖို့ရှိနေတာဖြစ်ပါတယ်။ ဒါ့ပြင် ဇယားထိပ်ပိုင်းကအသင်းကြီးတွေဖြစ်တဲ့ မန်စီး တီး၊ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ရမှတ်အနေအထားကလည်း အရမ်းကြီးကွာဟနေတာမျိုးမရှိ တဲ့အပြင် ထင်မှတ်မထားတဲ့အသင်း တွေကလည်း ဇယားထိပ်ပိုင်းကို အပြည့်အဝဖိအားပေးနိုင်မယ့် ခြေစွမ်းမျိုးတွေပြသနေတာကြောင့် တစ်ချက်အမှား လုပ်လိုက်တာနဲ့ အသင်းကြီးတွေအနေနဲ့ ပေးဆပ်မှုကြီးမားသွားနိုင်တဲ့ အနေအထားမျိုး လည်းဖြစ်ပါတယ်။ တန်းဆင်းဇုန်ကိုကြည့်ရင်လည်း လက်ရှိအချိန်အထိ နိုင်ပွဲမရသေးတဲ့အသင်းလည်းရှိ နေတဲ့အပြင် ဒီနှစ်မှာ အလယ်အလတ်ခြေစွမ်းရှိတဲ့အသင်းတွေရဲ့ ခြေစွမ်းပိုင်းက သိသိသာသာကျဆင်း လာတာကို မြင်တွေ့လာရတာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ အရင်လို ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး သောပွဲစဉ်တွေကို ဒီနှစ်မှာ ပြန်လည်ခံစားရပါ့မလားဆိုတဲ့မေးခွန်းတွေလည်း ရှိနေပါတယ်။ ဒီတစ်ပတ် မှာတော့ The Statesman Journal ကနေ ပရီးမီးယားလိဂ်အသင်းကြီး(၅)သင်းရဲ့ ပွဲစဉ် (၆)ယှဉ်ပြိုင်မှုတွေကို ပွဲကြိုသုံးသပ်ချက်အနေနဲ့ တင်ဆက်ပေးမှုကို NSS က ထပ်ဆင့် ဖော်ပြ‌ပေးလိုက်ပါတယ်။

နယူးကာဆယ် Vs  မန်စီးတီး 

   ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

    နယူးကာဆယ် ၂ - ၃ မန်စီးတီး  (၁-၁၄-၂၀၂၄)

   မန်စီးတီး  ၂ - ဝ နယူးကာဆယ်  (၈-၂၀-၂၀၂၃)

   မန်စီးတီး  ၄ - ၁  အာဆင်နယ်  (၂၁-၈-၂၀၂၂)   

NSS အကြိုက် ပွဲကြိုသုံးသပ်ချက် 

 မန်စီးတီး  ၂ - ၁  နယူးကာဆယ်

မန်စီးတီး  ၃ - ၂  နယူးကာဆယ်

ဒီပွဲစဉ်က မန်စီးတီးအသင်းအတွက် နောက်ထပ်စမ်းသပ်ခံရမယ့် ပွဲကောင်းတစ်ပွဲဖြစ်လာ ဦးမှာ သေချာနေသလို နယူးကာဆယ်အတွက်လည်း မန်စီးတီးကိုသာနိုင်ခဲ့ရင် ဇယားထိပ်ပိုင်းကို တက်လှမ်း နိုင်ဖို့ အခြေအနေကောင်းတစ်ရပ်ကို ဖန်တီးသွားနိုင်မှာဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှုပြင်းထန်မယ့် ပွဲ ကောင်းတစ်ပွဲဖြစ်လာဖို့ရှိနေပါတယ်။

လက်ရှိခြေစွမ်းပိုင်းအရပြောရရင် နယူး ကာဆယ်အသင်းက ဒီနှစ်ပရီးမီးယားလိဂ်မှာ အသင်း ကြီးတိုင်းကို ကောင်းကောင်းကြီးဒုက္ခပေးမယ့် ဖျက် မျဉ်းအသင်းလို့ပြောလို့ရနေပါတယ်။ ဒါ့ပြင် ခြေစွမ်း ပိုင်းမှာလည်း မန်စီးတီးကိုယှဉ်နိုင်မယ့် ကစားသမား ကောင်းတွေရှိနေတဲ့အပြင် ကွင်းလယ်နဲ့ တိုက်စစ် ပိုင်းက မြန်ဆန်ပြီး မထင်မှတ်ထားတဲ့အနေအထားကနေ ဂိုးသွင်းယူတတ်တဲ့အသင်းလည်းဖြစ်ပါတယ်။ နောက်ထပ်အနေနဲ့က နယူးကာဆယ် အသင်းနဲ့ရင်ဆိုင်ရတိုင်းမှာ ပြိုင်ဘက်အသင်းက လူချ ကစားခံရပြီး အမှန်အကန်ဖျက်ထုတ်မှုတွေကို ရင်ဆိုင်ရမှာဖြစ်သလို ကြမ်းတမ်းတဲ့ ကစားဟန်ကိုပါ ရင်ဆိုင်ရမှာ သေချာနေပါတယ်။ ပြောရရင်တစ်သင်းလုံး အတက်အဆင်း မှန်မှန်နဲ့ ကစားပုံကောင်းတာ ကြောင့် နိုင်ပွဲရယူဖို့ ခက်ခဲနိုင်တဲ့ အသင်းဖြစ်နေတာပါ။ 

လက်ရှိအချိန်အထိကတော့ ဟာလန်းက ဂိုးမြူးနေသလို အသင်းရဲ့ အဓိက ကစားသမား များစွာ ကလည်း ပုံမှန်ခြေစွမ်းရှိနေသေးတာကြောင့် မန်စီးတီးအတွက် ဒီရာသီမှာ အကောင်းဆုံးရှေ့ဆက်သွား နိုင်ဦးမယ့် သဘောမှာရှိနေပါတယ်။ ဒါပေမဲ့ နယူးကာဆယ်နဲ့တွေ့တာက မန်စီးတီးအသင်းအတွက် ကံဆိုးမှု တစ်ခုလည်းဖြစ်သွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နယူးကာဆယ်အသင်းနဲ့ နောက်ဆုံး တွေ့ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲစလုံးမှာ ဟာလန်းအနေနဲ့ ဂိုးသွင်းယူနိုင်ခြင်းမရှိတာဖြစ်ပါတယ်။ ဒါဟာ တိုက်ဆိုင်မှုမဟုတ်ဘဲ အသင်းကြီးတွေနဲ့တွေ့ရင် ခြေစွမ်း မပြနိုင်တဲ့ ဟာလန်းကြောင့် မန်စီးတီး အသင်းအတွက် အခက်ကြုံသွားရနိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ်။ အသင်းသားတွေရဲ့ အဆုံးအဖြတ် ဂိုးတွေသာ မရခဲ့ရင် ဟာလန်းဆီကဂိုးရဖို့ အများကြီး မျှော်လင့်လို့မရတဲ့အနေအထားလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ် အသင်းရဲ့ ပွဲစဉ်ကို ခန့်မှန်းရရင် နယူးကာဆယ်အသင်းက အိမ်ကွင်းအားသာမှုရှိနေတာ ကြောင့် မနိုင်ရင်တောင် သရေကျတဲ့အထိ ခြေကုန်ထုတ်ကစားလာနိုင်တာကြောင့် မန်းစီးတီးက အဝေးကွင်းမှာ နိုင်ပွဲပျောက်နိုင်ပြီး ကံဆိုးရင် ရှုံးပွဲတောင် ကြုံတွေ့ရနိုင်ပါတယ်။ 

    မန်ယူ Vs စပါးစ် 

  ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု 

     မန်ယူ  ၂ - ၂ စပါးစ်   (၁-၁၄-၂၀၂၄)

    စပါးစ်    ၂ - ဝ  မန်ယူ  (၁၉-၈-၂၀၂၃)

    စပါးစ်    ၂ - ၂  မန်ယူ  (၂၈-၄-၂၀၂၃) 

NSS အကြိုက် ပွဲကြိုသုံးသပ်ချက် 

               မန်ယူ  ၂ - ၁ စပါးစ် 

 မန်ယူ  ၃ - ၂ စပါးစ် ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေက ပရိသတ်တွေကို ရသမျိုးစုံပေးစွမ်းနိုင်မယ့် ပွဲကောင်း တစ်ပွဲဖြစ်လာဖို့ရှိပြီး ခြေစွမ်းအရ နှစ်သင်းလုံးက အ ရမ်းကောင်းနေတဲ့အနေအထား မျိုး မဟုတ်တာ ကြောင့်လည်း ခြေစွမ်းညီမျှတဲ့အနေအထားမျိုးဖြစ် ပါတယ်။ မန်ယူအသင်းကတော့ ခြေစွမ်းပိုင်း တက်လာတယ်လို့ပြောလို့ရနေပြီး ဒီလစ်နဲ့ မာဇာဝါရီတို့ ပါဝင်လာချိန်မှာ နောက်တန်း တစ်နေရာက လုံခြုံစိတ် ချထားလို့ရနေတဲ့အနေအထားမျိုးဖြစ်နေပါပြီ။ ဒါပေမဲ့ ဒါးလော့ရဲ့ခြေစွမ်းက တစ်ပွဲထက်တစ်ပွဲအမှားများ လာတာကြောင့် သတိထားဖို့လိုအပ်ပြီး ဂိုးသမား အို နာနာသာ ထမဖောက် ရင် စိတ်ချလို့ရနေတဲ့အနေအထားမျိုးဖြစ်ပါတယ်။ ဒါ့ပြင် ကွင်းလယ်ပိုင်းနဲ့ တိုက်စစ် ပိုင်းမှာတော့ ပြောစရာအများကြီးမရှိပေမယ့် ဂိုးရဖို့ ခက်ခဲနေပြီး ပုံမှန်ခြေစွမ်းအောက်ရောက်နေတဲ့ မားကပ်ရက်ဖို့ဒ် ကြောင့် ဂိုးရဖို့ခက်ခဲနေတဲ့ အနေအထားမျိုးကိုလည်း မြင်တွေ့လာရနိုင်ပါတယ်။ မန်ယူအသင်း မှာ အဓိက လိုအပ်ချက်အနေနဲ့ကတော့ ကွင်းလယ် အဖျက်ကစားသမားဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်နဲ့ ကို ဘီမေနူးမှာ ဘောလုံးပေးပို့မှုပိုင်းကောင်းပေမယ့် တစ်ဖက်အသင်းရဲ့ ဘောလုံးဖြတ်တောက်မှုအပိုင်းမှာ တော့ အားနည်းတာတွေ့ရပါတယ်။ 

စပါးစ်အသင်းကတော့ ဒီနှစ်မှာစွမ်း ဆောင်ရည်ပိုင်းက ကောင်းမလိုလိုနဲ့ ပြန်လည်ကျ ဆင်းဖို့ အလားအလာကို မြင်တွေ့နေရပါတယ်။ အဓိကလိုအပ်ချက်အနေနဲ့ကတော့ တိုက်စစ်နဲ့ ကွင်း လယ်ပိုင်း ဖြစ်ပြီး သွင်းဂိုးတွေရဖို့လည်း ရုန်းကန်လာရတာကိုတွေ့ရပါတယ်။ ဆွန်ဟောင်မင် ဦး‌ဆောင်တဲ့ တိုက်စစ်ပိုင်းက လုပ်အားနှုန်းကောင်းပေမယ့် ချိတ်ဆက်မှုနဲ့ နားလည်မှုအပိုင်းအပြင် တိုက်စစ်က အဆုံး သတ်သေချာမှုမရှိတာကိုတွေ့ရပါတယ်။  ရလဒ်ပိုင်း ကို ခန့်မှန်းရမယ်ဆိုရင်တော့ မန်ယူအသင်းရဲ့ အိမ် ကွင်းမှာ စပါးစ်အသင်းအနေနဲ့ နိုင်ဖို့လွယ်ကူမှာမဟုတ်တဲ့အပြင် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှုတွေမှာ လည်း သရေကျမှုများတာကြောင့် ဒီတစ်ခေါက်အိမ်ကွင်းမှာ မန်ယူ အသင်းကစပါးစ်ကို (၁)ဂိုး အသာလောက်နဲ့ ကပ်နိုင်သွားနိုင်ပါတယ်။                                                      

အာဆင်နယ်  Vs လက်စတာစီးတီး 

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

 လက်စတာ ဝ - ၁အာဆင်နယ်(၂၅-၂-၂၀၂၃)

အာဆင်နယ်၄-၂လက်စတာ (၁၃-၈-၂၀၂၂)

အာဆင်နယ်၂ -ဝ လက်စတာ(၁၃-၃-၂၀၂၂)

NSS အကြိုက် ပွဲကြိုသုံးသပ်ချက်

 အာဆင်နယ်   ၃ - ၁ လက်စတာ

အာဆင်နယ်  ၂ - ဝ လက်စတာ

အာဆင်နယ်အသင်းအတွက် ဒီပွဲစဉ်က အနိုင်(၃)မှတ်ရယူဖို့ အကောင်းဆုံးပွဲစဉ်ဖြစ်ပါတယ်။ ကွင်းလယ်ပိုင်းမှာ အိုဒီဂတ်ပါမလာတဲ့ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ကွင်းလယ်နဲ့ တိုက် စစ်ပိုင်းမှာ ချိတ်ဆက်မှုအားနည်းသွားသလို ဂျော်ဂျင် ဟိုနဲ့ပွဲထွက်လာရမှုက ကွင်းလယ်ပိုင်းမှာ စိုးမိုးမှုမရှိ မှုကို ထင်သာမြင်သာရှိစေပါတယ်။ ဒါပေမဲ့ အာဆင် နယ်အသင်းဟာ အသင်းကြီးတစ်သင်းဖြစ်တဲ့ အပြင် နည်းပြ အာတီတာရဲ့ နည်းစနစ်ပိုင်းနဲ့ အကွက်မြင်မှုက အာဆင်နယ်အသင်းအတွက် သက်သာရာ ရစေမှာပါ။ အိုဒီဂတ်မပါသည့်တိုင်အောင် တိုက်စစ်မှာ ဟာဗက်ဇ်၊ ဆာကာ၊နဲ့ မာတင်နယ်လီတို့ရဲ့ အချိတ် အဆက်တွေ အပြင် နောက်တန်းခံစစ်မှာ မာကျောကျစ်လျစ်မှုရှိတဲ့ စလီဘာနဲ့ ဂါဘရီရယ်တို့ရဲ့ အတွဲ အဖက်အပြင် မနှစ်ကထက် ပိုကောင်းလာတဲ့ ဂိုးသမား ယာယာရဲ့ လက်စွမ်းတွေကြောင့် အာဆင်နယ် အသင်းက ဥရောပ မှာရော ပရီးမီးယားလိဂ်မှာပါ တစ်ခုခုလုပ်ပြနိုင်မှာ သေချာပါတယ်။ လက်စတာစီးတီး အသင်းကတော့ ဒီ နှစ်မှာမှ တန်းပြန်တက်လာတဲ့အသင်းဖြစ်ပြီး နည်းပြကလည်း အသစ်ဖြစ်တာကြောင့် မလွယ်ကူတဲ့ အနေအထားမှာရှိနေပြီး ခြေစွမ်းပိုင်းမှာလည်း ထင်သလောက် မကောင်းတာကိုတွေ့ရ ပါတယ်။ နိုင်ပွဲရဖို့ ရုန်းကန်နေရတဲ့အပြင် သွင်းဂိုးတွေရဖို့လည်း ရုန်း ကန်နေရတဲ့အသင်းဖြစ်ပြီး ဒီတိုင်း သာဆက်သွားရင် လာမယ့်ရာသီမှာ တန်းပြန်ဆင်းဖို့အခြေအနေတွေရှိနေတဲ့ အသင်းဖြစ်ပါတယ်။ အာဆင်နယ်နဲ့ ထိပ်တိုက် တွေ့ဆုံမှုကလည်း လက်စတာစီးတီးအသင်းအတွက် ခက်ခဲလာဖို့ရှိနေသလို နိုင်ပွဲရဖို့လည်း မလွယ်ကူတာကြောင့် ဒီပွဲစဉ်က အာဆင်နယ်ပဲအနိုင်ရဖို့များပြီး အနည်းဆုံး(၂)ဂိုး လောက် အသာနဲ့နိုင်ပါမယ်။ 

   ချဲလ်ဆီး Vs ဘရိုက်တန်

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

ဘရိုက်တန်  ၁ - ၂  ချဲလ်ဆီး  (၅-၁၆-၂၀၂၄)

ချဲလ်ဆီး    ၃  - ၂ ဘရိုက်တန် (၃-၁၂-၂၀၂၃)

ချဲလ်ဆီး  ၁ - ၂  ဘရိုက်တန် (၁၅-၄-၂၀၂၃)

NSS အကြိုက် ပွဲကြိုသုံးသပ်ချက်

ချဲလ်ဆီး ၂ - ၁ ဘရိုက်တန်

ချဲလ်ဆီး ၂ - ၂  ဘရိုက်တန်

ချဲလ်ဆီးအသင်းက ဒီရာသီအစပိုင်း ပွဲစဉ်တွေမှာ မန်စီးတီးအသင်းကို ရင်ဆိုင်ခဲ့ရတာကလွဲရင် ကျန်တဲ့ ပွဲစဉ်တွေမှာ ချောင်တယ်လို့ ပြောလို့ရနေပြီး ရမှတ်စုဆောင်းနိုင်ရင် ဇယားထိပ်ပိုင်းအထိကို ဖိအား ပေးနိုင်မှာသေချာပါတယ်။ ဒါပေမဲ့ ကွင်းတွင်းစွမ်း ဆောင်ရည်တွေမှာတော့ လိုအပ်ချက်များစွာရှိ နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အဓိက လိုအပ်ချက်ကတော့ ပလိုင်းပေါက်နဲ့ဖားကောက်သလို ဖြစ်နေတဲ့ နောက်တန်းခံစစ်ပြဿနာဖြစ်ပါတယ်။ တိုက်စစ်က ဂိုးတွေ ဘယ်လောက်သွင်းသွင်း နောက် တန်းကသာ စိတ်မချရရင် တောက်လျှောက်ဂိုး တွေပြန်ပေးရဖို့ရှိနေပါတယ်။ ချဲလ်ဆီးအသင်းရဲ့ နောက်တန်းခံစစ်တွေဖြစ်တဲ့ ဖိုဖာနာ၊ ဒီဇာဆီနဲ့ လဘိုင်းကိုးဝဲတို့အတွဲအဖက်က တစ်ပွဲမှစိတ်မချရ တဲ့အပြင် ဘယ်ချိန်ထဖောက်မလဲကိုစာ ကြည့်နေရတဲ့ အနေအထားဖြစ်ပါတယ်။ အထူးသဖြင့် ဖိုဖာနာ၊ ဒီဇာ ဆီတို့ဟာ နောက်တန်းခံစစ်အတွက် ထိုက်တန်တဲ့ ခြေစွမ်းမျိုးရှိမနေတာ သေချာပါတယ်။ နည်းပြအ သစ်မာရက်စကာအနေနဲ့ ဒီပြဿနာကို အမြန်ဆုံး မဖြေရှင်းနိုင်ရင် သူ့ရဲ့ နည်းပြရာထူး အတွက်ပါ မျက်ခုံးလှုပ်နေရဖို့ရှိနေတာဖြစ်ပါတယ်။ တိုက်စစ်နဲ့ကွင်းလယ်ပိုင်းမှာတော့ ကစားသမား ရွေးချယ်စရာများတဲ့ အပြင် ကစားသမားအသစ် ဆန်ချိုရဲ့အရည်အသွေး ပိုင်းက ကောင်းမွန်နေတာ ကြောင့် တိုက်စစ်ပိုင်းမှာ ဂိုးရဖို့ဆို မခက်ခဲတဲ့အနေအထာမျိုးဖြစ်ပါတယ်။ ဘရိုက်တန်အသင်းကတော့ ခြေစွမ်းခြေစရှိတဲ့ အ သင်းဖြစ်ပြီး ချဲလ်ဆီးနဲ့တွေ့တိုင်း ဒုက္ခပေးတတ်တဲ့ အသင်းဖြစ်ပါတယ်။ အသင်း ကြီးတွေအတွက် ဘရိုက် တန်လိုအသင်းက ရင်ဆိုင်ရခက်ခဲသလို နိုင်ပွဲရဖို့ပါ ခက်ခဲတာကြောင့် ချဲလ်ဆီး အသင်းအနေနဲ့ သတိထား ရင်ဆိုင်ရဖို့ရှိနေပါတယ်။ ဒါ့ပြင် အာဆင်နယ်အသင်းကိုပါ သ‌ရေကန်ထားနိုင် တဲ့ ဘရိုက်တန်အသင်းရဲ့ ခြေစွမ်းကိုလည်း အသိအမှတ်ပြုရမှာဖြစ်တာကြောင့် ဒီနှစ်သင်းရဲ့ ပွဲစဉ်ကို ခန့်မှန်းရရင် ချဲလ်ဆီးအသင်း အနေနဲ့ အိမ်ကွင်းမှာ နိုင်ပွဲရဖို့ ရုန်းကန်လာရနိုင်ပြီး ဘရိုက်တန်သရေကျ ဖို့များပါတယ်။ တကယ်လို့ နိုင်ခဲ့မယ်ဆိုရင်တောင် ချဲလ်ဆီးက ခက်ခက်ခဲခဲနဲ့ကို ကျဉ်းမြောင်းတဲ့ ရလဒ်တစ်ခုနဲ့သာ နိုင်သွားနိုင်ပါတယ်။  

ဝုဗ်   Vs  လီဗာပူးလ် 

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

       လီဗာပူးလ် ၂ - ဝ  ဝုဗ်   (၁၉-၅-၂၀၂၄)

        ဝုဗ်  ၁ - ၃ လီဗာပူးလ် (၁၆-၉-၂၀ ၂၃)

        လီဗာပူးလ် ၂ - ဝ  ဝုဗ်   (၂-၃-၂၀၂၃)  

NSS အကြိုက် ပွဲကြိုသုံးသပ်ချက်

                    ဝုဗ်  ဝ - ၂ လီဗာပူးလ်

                    ဝုဗ်  ၁ - ၃ လီဗာပူးလ်

လီဗာပူးလ်အသင်းအတွက် ဒီပွဲစဉ်က အ နိုင်(၃)မှတ်ရဖို့သေချာသလောက်ရှိနေပြီး ဝုဗ်အသင်း ကို ခြေစွမ်းပိုင်းရော စွမ်းဆောင်ရည်ပိုင်းမှာပါ အသာ စီးရယူ အနိုင်ကစားသွားဖို့ရှိနေပါတယ်။ လီဗာ ပူးလ်အသင်းက နော်တင်ဖောရက်စ်ကို  မထင်မှတ် ဘဲရှုံးနိမ့်ခဲ့အပြီးမှာ နိုင်ပွဲဆက်မှုတွေရပ်တန့်ခဲ့ရပေ မယ့် အဲဒီပွဲစဉ်က နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပြန် ကန်ရတဲ့ ပွဲစဉ်ဖြစ်တာကြောင့် ကစားသမားတွေရဲ့ ပွဲပန်းမှုတွေကြောင့် ရှုံးနိမ့်ခဲ့ဟန်ရှိပါတယ်။ ဒါပေမဲ့ လီဗာပူးလ်တစ်သင်းလုံးကိုကြည့်လိုက်ရင် လိုအပ် ချက်အနေနဲ့ တိုက်စစ်ပိုင်းမှာ ဂျိုတာ၊လူးဝှစ်ဒီယက်နဲ့ ဆာလက်တို့အတွဲက ယာဂင်ကလော့ လက်ထက်က ဆာလက်၊မာနေးနဲ့ ဖာမီနိုတို့အတွဲကို မီဖို့ဆိုရင် အချိန်တစ်ခုတော့ လိုအပ်နေကိုမြင် တွေ့ရပါတယ်။ အထူးသဖြင့် ဂျိုတာနဲ့ဂတ်ပိုတို့က မာနေးနေရာကို အစားထိုးနိုင်ဖို့ လိုအပ်နေတာဖြစ် ပါတယ်။ ဝုဗ် အသင်းကတော့ တန်းဆင်းဇုန်းထဲကိုရောက်ရှိနေတဲ့အပြင် နိုင်ပွဲတွေရဖို့ရုန်းကန် နေရတဲ့အသင်းဖြစ်တာကြောင့် လီဗာပူးလ်အသင်းကပဲ ဂိုးပြတ်နိုင်ပါမယ်။      

၂၈ -၉-၂၀၂၄ (စနေနေ့ညပိုင်း)

 ည(၆းဝဝ)  နယူးကာဆယ် Vs မန်စီးတီး                                               

ည(၈း၃၀)  အာဆင်နယ် Vs လက်စတာ

ည(၈း၃၀)  ချဲလ်ဆီး Vs ဘရိုက်တန် ည(၁၁းဝဝ)  ဝုဗ် Vs လီဗာပူးလ် 


၂၉-၉-၂၀၂၄ (တနင်္ဂနွေနေ့ညပိုင်း)

  ည(၁၀းဝဝ)   မန်ယူ Vs  စပါးစ် 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဖာရိုဘုရင်တွေ နားခိုလဲလျောင်းရာ ပိရမစ်ကြီးတွေရှိတဲ့ ဂီဇာမြို့အကြောင်း

RECENT POSTS
ဝမ်(၂၂၅)သန်းလှူဒါန်းပြီး ပွဲဦးထွက် နှစ်ပတ်လည်နေ့ကို ဖြတ်သန်းခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော်အဆိုတော် IU
27 Sep 2024
ကမ္ဘောဒီးယား၌ တည်ဆောက်ပေးလျက်ရှိသည့် ရေတပ်အခြေစိုက်စခန်းကို တရုတ်တို့ အသုံးပြုဖွယ်ရှိ
27 Sep 2024
ဖာရိုဘုရင်တွေ နားခိုလဲလျောင်းရာ ပိရမစ်ကြီးတွေရှိတဲ့ ဂီဇာမြို့အကြောင်း
27 Sep 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်များ
27 Sep 2024
ဉာဏ်ရည်မြင့်နိုင်ငံ့ခေါင်းဆောင်များ၊ အဆင့်မြင့်တာဝန်ရှိသူများ Apple Watch အပါအဝင် Smart Watch များကို ဝတ်ဆင် “အသုံးမပြုကြခြင်း” အကြောင်းအရင်းများ
27 Sep 2024
နာတာရှည်ပဋိပက္ခများနှင့် အရှေ့အလယ်ပိုင်းဒေသ၏ အနာဂတ်လားရာ (ဘာသာပြန်ဆောင်းပါး)
27 Sep 2024
၂၀၂၄ ခုနှစ်ရဲ့ Seoul International Drama Awards အတွက် ဆုရှိသူများ ပေါ်ထွက်လာ
27 Sep 2024
ရှမ်းမြောက်(အရှေ့မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း
27 Sep 2024
တောင်ကိုရီးယားဒရာမာ "Pure Love" ထဲက မင်းသမီး ဆုန်ဒန်ဘီ သားဦးကိုယ်ဝန် လွယ်ထားရပြီဖြစ်ကြောင်း ကြေညာ
27 Sep 2024
ပဲခူးတိုင်းမှရေဘေးသင့်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူးရေး ပြန်လည် ထူထောင်နိုင်ရန် တိုင်းအစိုးရက ဆောင်ရွက်နေ
26 Sep 2024
AA လက်အောက်ရောက် ရခိုင်မြို့တွေမှာ ဘာတွေဖြစ်နေလဲ
26 Sep 2024
‌သဘာဝဘေးနှင့် မြန်မာနိုင်ငံတော် (အင်တာဗျူး)
26 Sep 2024
လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးပစ္စည်းများ ပေးပို့ကူညီခြင်းကို မဟန့်တားရန် ဗြိတိန်သံအမတ်ကြီး တိုက်တွန်းတောင်းဆို
26 Sep 2024
အယုဒ္ဓယပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စီးနင်းချိန်တွင် မြန်မာနိုင်ငံသား (၂၇၂)ဦးကို ဖမ်းဆီးရမိဟု ထိုင်းအစိုးရပြော
26 Sep 2024
ကမ္ဘာ့ပထမဆုံး မော်တာစွမ်းအင်သုံး တောင်တက်ဘောင်းဘီ ထွက်ပေါ်လာ
26 Sep 2024
ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုများကို အပ်ကုန်စနစ်ဖြင့် ခွင့်ပြုပေးသင့်ကြောင်း အကြံပြု
26 Sep 2024
BVLGARI အမှတ်တံဆိပ်ရဲ့ ပထမဆုံးကိုရီးယား သံတမန်ဖြစ်လာခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော် ရုပ်ရှင်မင်းသမီး ကင်ဂျီဝန်း
26 Sep 2024
အင်းလေးဒေသရေကြီးမှု (၁ဝ)ရက်ကျော်ကြာမြင့်လာသော်လည်း (၃)ပေခန့်သာ ကျဆင်းလာ
26 Sep 2024
တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ဂျပန်ရေတပ်က ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ကင်းလှည့်မှုတွေပြုလုပ်
26 Sep 2024
မျက်လုံးကို အဝတ်စဖြင့်စည်းကာ ဘတ်စကတ်ဘောလုံးကို(၆၅)ပေအကွာမှသွင်းယူပြပြီးနောက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့ တူရကီအမျိုးသား
26 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved