Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ

ရဲထက် (NSS) - အောက်တိုဘာ ၄

၂၀၂၄-၂၀၂၅ ဘောလုံးရာသီရဲ့ ပရီးမီး ယားလိဂ် ပွဲစဉ်(၇)ကို ရောက်ရှိလာချိန်မှာတော့ အသင်းကြီးတွေ ဟာ နိုင်ပွဲအရေအတွက်သိပ်မကွာဟသလို အမှတ်ပေးဇယား ရပ်တည်မှုအပိုင်းမှာလည်း တစ်သင်းနဲ့တစ်သင်း ကွာဟချက်မရှိတော့တာကို တွေ့ရပြီး ပရီးမီးယားလိဂ်ရဲ့ ထုံးစံအတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်းမှုတွေအပြင် အသင်းတွေရဲ့ ခြေစွမ်းကကိုပါ စိတ်ဝင်တစား စောင့်ကြည့်ရမည့် ပွဲစဉ်တွေကို မြင်တွေ့လာရဖို့ရှိပါတယ်။ ခေတ်စနစ်ပြောင်းလဲလာမှုတွေနဲ့အတူ မတူညီတဲ့ ကစားကွက်အခင်းအကျင်းနဲ့ ဘောလုံးပေးပို့မှုအ ပိုင်းတွေမှာရော လူစာရင်းပိုင်းမှာပါ နည်းပြတွေရဲ့ နည်းဗျူဟာတွေအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာမှာ အပြောင်းအလဲအများကြီး ရှိလာဦးမှာဖြစ်တဲ့အတွက်လည်း အကောင်းဆုံးသော ပြိုင်ပွဲတွေက နောက်ထပ်တွေ့မြင်ရဖို့ရှိနေပါတယ်။ လက်ရှိခြေစွမ်းပိုင်းတွေ့အရတော့ ဘယ်အသင်းကမှ ချန်ပီယံဆုအတွက် အမှတ်ပေးဇယားမှာ ရမှတ်တွေ ဖြတ်တောက်ထားနိုင်တာကို မတွေ့ရသေးသလို ပွဲစဉ်တစ်ပွဲပြီးတိုင်းမှာ အမှတ်ပေးဇယား ဦးဆောင်တဲ့အသင်းကလည်း အပြောင်းအလဲရှိလာဦးမှာဖြစ်တဲ့အတွက် ပရိသတ်တွေအတွက် ရသမျိုးစုံပေးစွမ်းမယ့် ပွဲကောင်းတွေကိုလည်း မြင်တွေ့လာရဖို့ရှိနေပါတယ်။  ဒီတစ်ပတ်မှာလည်း အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့အသင်းကြီးတွေရဲ့  ပရီးမီးယားလိဂ်ပွဲစဉ်(၆)အတွက် ခြေစွမ်းနဲ့ သုံးသပ်ချက်တွေ တင်ပြသွားမှာဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် Vs လီဗာပူးလ်

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

လီဗာပူးလ် ၀ - ၁ ခရစ္စတယ်ပဲလေ့စ်  (၁၄-၄-၂ဝ၂၄)

ခရစ္စတယ်ပဲလေ့စ်  ၁  - ၂ လီဗာပူးလ် (၉-၁၂-၂ဝ၂၄)

ခရစ္စတယ်ပဲလေ့စ် ၀  - ၀ လီဗာပူးလ်  (၂၆-၄-၂ဝ၂၃)

The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်

ခရစ္စတယ်ပဲလေ့စ် ၁ - ၂  လီဗာပူးလ်

ခရစ္စတယ်ပဲလေ့စ် ၂ - ၂  လီဗာပူးလ်

လီဗာပူးလ်အသင်းက မနှစ်က လီဗာပူးလ်အသင်းထက် ဒီနှစ်လီဗာပူးလ်အသင်းက အသင်းလိုက်ကစားပုံအရ ပိုကောင်းလာတယ်လို့ပြောလို့ရပါတယ်။ တိုက်စစ်ပိုင်းမှာရော ခံစစ်ပိုင်းမှာပါ ပိုကောင်းလာတာတွေ့ရပြီး အသင်းရဲ့ အဓိကကစားသမားတွေသာ တစ်ရာသီလုံးသာ ဒဏ်ရာမရပဲ အကောင်းဆုံးရှေ့ဆက်နိုင်ခဲ့ရင် လီဗာပူးလ် အသင်းဟာ ဆုဖလားတိုင်းကို စိတ်ခေါ်နိုင်တဲ့ စွမ်းဆောင်ရည်မျိုးရှိနေပါတယ်။  လီဗာပူးလ်အ သင်းရဲ့ အားသာချက်က နည်းဗျူဟာပိုင်းမှာ ကစားသမားတစ်ယောက်ချင်းစီက ရနိုင်တဲ့ အရည်းသွေးပိုင်းကို နည်းပြသစ်သစ်တဲ့ အာနဲစလော့က အပြည့်အဝရရှိနိုင်တာကြောင့် အခုလို စွမ်းဆောင်ရည်မျိုး ပြသနေ တယ်လို့လည်း ပြောလို့ရပါတယ်။ အဓိက အားသာချက်က နည်းစနစ်ပိုင်းဖြစ်ပြီး နည်းပြ ပြောင်းလဲသွားပေမယ့် နည်းစနစ်ပိုင်းက ပြောင်းလဲမသွားတာကိုကြည့်ရင် နည်းပြဟောင် ယာဂန်ကလော့နဲ့ နည်းပြသစ် အာနဲစလော့တို့ ဟာ အပြောင်းအလဲလုပ်မှာ နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီး တွေ့ဆုံပြောင်းလဲခဲ့တာမျိုးတွေရှိခဲ့နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လီဗာပူးလ်အသင်းဟာ ပွဲစဉ်(၁)စဖွင့်ကတည်းက လက်ရှိအချိန်အထိ အကောင်းဆုံး စွမ်းဆောင်ရည်တွေအပြင် အသေးစိတ်နည်းစနစ်ပိုင်း ဘောလုံးပေးပို့မှုက လွဲရင် မနှစ်က လီဗာပူးလ်နဲ့ သိပ်မကွာလှတဲ့အနေအထားကြောင့်ဖြစ်ပါတယ်။ တစ်သင်းလုံးက ဘောလုံးကို ကြာကြာကိုင်ထား လေ့မရှိတဲ့အပြင် တိုက်စစ်နဲ့ကွင်းလယ်အချိတ်အဆက်အပြင် တစ်သင်းလုံးက လုံးဝမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကစားတာကလည်း တကယ်ကို Inpect ဖြစ်ချင်စရာကောင်းနေပါတယ်။ ခရစ္စတယ်ပဲ့လေ့စ်အသင်းကတော့ ဒီနှစ်မှာ ခြေစွမ်းအရ အရမ်းမကောင်းဘူးဆိုပေမယ့် မန်ယူနဲ့ ချဲလ်ဆီးတို့လိုအသင်းကြီးတွေကို ပေးဂိုးမပေးရဘဲ ဂိုးမရှိသရေ ကန်ထားနိုင်တာကြောင့် လီဗာပူးလ်အသင်းအတွက်မလွယ်ကူနိုင်ပါဘူး။ ထိပ်တိုက်တွေ့ဆုံမှု အရပြန်ကြည့်ရင်လည်း နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု (၅)ကြိမ်မှာ လီဗာပူးလ်အသင်းက(၂)ကြိမ် သာအနိုင်ရထားပြီး သရေ(၂)ကြိမ်နဲ့ တစ်ပွဲရှုံးထားတာကြောင့် ခရစ္စပဲ့လေ့စ်အသင်းရဲ့ အိမ်ကွင်းမှာ ခက်ခက်ခဲ ခဲရင်ဆိုင်ကစားဖို့ရှိနေပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျသွားနိုင်သလို နိုင်မယ်ဆိုရင်တော့ လီဗာပူးလ်အ သင်းက(၁)ဂိုး အသာလောက်နဲ့သာ ကပ်နိုင်သွားပါမယ်။ 

အာဆင်နယ်  Vs  ဆောက်သမ်တန် 

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

အာဆင်နယ်  ၃ - ၃ ဆောက်သမ်တန်   (၂၂-၄-၂၀၂၄)

ဆောက်သမ်တန်   ၁ - ၁  အာဆင်နယ်  (၂၃-၁၀-၂၀၂၂)

ဆောက်သမ်တန်  ၁ - ၀  အာဆင်နယ်   (၁၆-၄-၂၀၂၃)

The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်

အာဆင်နယ်  ၂ - ဝ   ဆောက်သမ်တန် 

အာဆင်နယ်  ၃ - ဝ   ဆောက်သမ်တန် 

အာဆင်နယ်အသင်းကတော့ ဒီနှစ်ရာသီမှာ ကစာသမားအင်အားအရ လိုအပ်ချက်တွေရှိနေပေမယ့် မဖြစ်မနေချီး ကျူးရမှာကတော့ အသင်းရဲ့နည်းပြ အာတီတာနဲ့ ကစားသမားတွေရဲ့ အရည်အသွေးဖြစ်ပါတယ်။ နောက်ဆုံးအချိန်အထိ မဆုတ်မနစ်ကြိုးစားအားထုတ်မှုတွေ၊နိုင်လိုစိတ်တွေအပြင် ကစားသမားတစ်ယောက် ချင်းစီတိုင်းရဲ့ စိတ်ဓာတတ်ပိုင်းဆိုင်ရာက တကယ်ကို ချီးကျူးရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဆင်နယ်အသင်းက ပရီးမီးယားလိပ်ပွဲစဉ် (၄) စပါးစ်အသင်းကို ရင်ဆိုင်ခဲ့ရတဲ့ပွဲစဉ်ကစပြီး အဓိက ကစားသမားတွေဖြစ်တဲ့ ကွင်းလယ်က အသင်းခေါင်းဆောင် အိုဒီဂတ်နဲ့ ဇင်ချန်ကိုတို့ ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်ခြင်းမရှိချိန်မှာ စပါးစ်အသင်းကို (၁)ဂိုးနဲ့ နိုင်ပွဲရရှိအောင် ကျစ်ကျစ်လစ်လစ်နဲ့ကစားနိုင်ခဲ့သလို ပရီးမီးယားလိဂ်ပွဲစဉ်(၅)မှာလည်း မန်စီးတီးအသင်းကိုလည်း ဒီပုံစံအတိုင်းရင်ဆိုင်ခဲ့ရပေမယ့် မရှုံးခဲ့တဲ့အပြင် တစ်ယောက်လျှော့အနေအထားမှာတောာင် မန်စီးတီးအသင်းကို နိုင်မလိုဖြစ်လောက်တဲ့အထိ စွမ်းဆောင်ရည် ကောင်းကို ပြသထားနိုင်တာက တကယ်ကိုအထင်ကြီးလောက်စရာခြေစွမ်းမျိုးဖြစ်ပါတယ်။ ပြောရရင် အာဆင်နယ်အသင်းရဲ့ နောက်တန်းကစားသမားတွေဖြစ်တဲ့ ဆလီဘာ၊ဂါဘရီရယ်၊ဘန်ဝွိုက်နဲ့ တင့်ဘားတို့ရဲ့ စွမ်းဆောင်ရည်ပိုင်းတွေအပြင် ဂိုးသမား ယာယာကိုယ်တိုင်ကလည်း မနှစ်က ရွှေလက်အိတ်ပိုင်ရှင်ဆိုတဲ့ လက်စွမ်းပိုင်းကို ပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းအနေနဲ့ ပုံစံအတိုင်း ကစားသမားအင်အားမဖြည့်တင်းဘဲဆက်သွားရင်တော့ ရေရှည်မှာ ပြဿနာများစွာကို ရင်ဆိုင်ဖြေရှင်းရဖို့ ရှိနေပြီး ဉရောပ ချန်ပီယံလိဂ်ပွဲစဉ်တွေအပြင် ပြည်တွင်ဖလားပြိုင်ပွဲများစွာကစားဖို့ရှိနေတဲ့ အာဆင်နယ်အသင်းအတွက် အရံအင်အားတောင့်တင်းမှုမရှိလဲ အဓိကစားသမားအချို့သာဒဏ်ရာရရှိခဲ့ရင်တော့ ပေးဆပ်မှုက အရမ်းကိုကြီးမားသွားမှာလည်းဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းကတော့ ဒီနှစ်ရာသီမှာ နိုင်ပွဲတစ်ပွဲမှ မရရှိထားတဲ့အသင်းဖြစ်တဲ့အပြင် ခြေစွမ်းပိုင်းမှာပါ အလွန်ကို ကျဆင်းနေပြီဖြစ်တာကြောင့် ဒီနှစ်မှာ တန်းဆင်းသွားရဖို့အတွက် ရာခိုင်နှုန်းများနေတာဖြစ်တာဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေအရလည်း အာဆင်နယ်အသင်းက ခြေစွမ်းပိုကောင်းတာကြောင့် ဒီပွဲစဉ်က အာဆင်နယ်အသင်းအတွက် ဂိုးပြတ်နိုင်ပွဲတစ်ပွဲလို့ ယူဆနိုင်ပါတယ်။ 

မန်စီးတီး Vs ဖူဟမ် 

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

ဖူဟမ်   ဝ - ၄ မန်စီးတီး (၁၁-၅-၂၀၂၄)

မန်စီးတီး  ၅ - ၁  မန်စီးတီး  (၂-၈-၂၀၂၃)

ဝက်စ်ဟမ်း ၁  - ၂  မန်စီးတီး  (၃ဝ-၄-၂၀၂၃)

The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်

မန်စီးတီး ၂ - ၁  ဖူဟမ် 

မန်စီးတီး ၃ - ၁ ဖူဟမ် 

ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့အတွက် ခြေစွမ်းကောင်းတွေအပြင် တိုက်စစ်ပိုင်းမှာပါ ဂိုးတွေမြူးနေတဲ့ မန်စီးတီးအသင်းအတွက် ဒီနှစ်ရာသီမှာလည်း ရာသီအဖွင့်လှခဲ့သလို ချန်ပီယံဆုကို နောက်ထပ်ကာကွယ်ဖို့လည်း ခြေစွမ်းကောင်းတွေအပြင် လူအင်အားအရလည်း အကောင်းဆုံးအနေအထားကို ရရှိနေတယ်လို့ ပြောလို့ရနေပါ တယ်။ နည်းပြ ဂွာဒီယိုလာလက်ထက်မှာ (၅)ကြိမ်ဆက်တိုက်အဖြစ် ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ တိုက်ပွဲ ဝင်သွားဖို့လည်းရှိနေပါတယ်။ တကယ်လည်း ဒီနှစ်မှာ မျှော်လင့်ချင်စရာ ခြေစွမ်းနဲ့ အသင်းရဲ့ အဓိက ကစား သမားအများစုနဲ့အတူ အမှတ်ပေးဇယားအတွက်လည်း အကောင်းဆုံးစွမ်းဆောင်ရည်ကောင်းတွေပြသ နေပါ တယ်။ ဒါပေမဲ့ အဓိက ကစားသမားဖြစ်တဲ့ ကင်ဗင်ဒီဘရိုင်းရဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ ဒဏ်ရာမကြာခဏရမှုနဲ့ အသက်အရွယ်ကြောင့်လဲ မန်စီးတီးရဲ့ ပွဲစည်တိုင်းကို ပါဝင်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းကလဲရှိနေပါတယ်။ နောက်ပိုင်းမှာ ကွင်းလယ်ဖန်တီးရှင်ကစားသမားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်က ပွဲတစ်ပွဲအပေါ်မှာ အပြောင်းအလဲအများကြီးလုပ်နိုင်တာကြောင့် ဒီဘရိုင်းသာပါမလာခဲ့ရင် မန်စီးတီးအသင်းဟာ ဖန်တီးမှုပိုင်းမှာပါ လျော့ကျသွားတာတွေ့ရပါတယ်။ အာဆင်နယ်အသင်းမှာလည်း ကွင်းလယ်က အိုဒီဂတ်မပါဝင်လာချိန်မှာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ပိုင်းက ဖန်တီးမှုလျော့ကျပြီးအသက်မဲ့နေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့လည်း မန်စီးတီးအသင်းမှာက ရွေးချယ်စရာတွေနောက်ထပ်ရှိသေးတာကြောင့် ဒီဘရိုင်းတစ်ယောက်မပါတိုင်း နိုင်ပွဲမရဘူးလို့ ပြောလို့မရသေးတာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ ဖူဟမ်အသင်းကို အိမ်ကွင်းမှာ ကစားရမှာဖြစ်တာကြောင့် လက်ရှိဖူဟမ်အသင်းရဲ့ ခြေစွမ်းကလည်း နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ ခြေစွမ်းအတိုင်းဆို မန်စီးတီးအသင်းအတွက် နိုင်ပွဲရဖို့ခက်ခဲနိုင်တဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ မန်စီးတီးအိမ်ကွင်းဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ မန်စီးတီးက ဂိုးပြတ်နိုင်ထားတာကြောင့် ခက်ခဲပေမယ့်လည်း ဂိုးမပြတ်ဘဲ မန်စီးတီးကပဲ နိုင်ပါမယ်။ 

အက်စတွန်ဗီလာ  Vs  မန်ယူ 

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

အက်စတွန်ဗီလာ  ၁ - ၂   မန်ယူ  (၁၁-၂-၂၀၂၄)

မန်ယူ    ၃  - ၂ အက်စတွန်ဗီလာ  (၂၇-၁၂-၂၀ ၂၃)

 မန်ယူ    ၁   - ၀ အက်စတွန်ဗီလာ  (၃ဝ-၄-၂၀ ၂၃)

The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်

အက်စတွန်ဗီလာ  ၂ - ၂  မန်ယူ 

အက်စတွန်ဗီလာ ၂ - ၁   မန်ယူ

မန်ယူအသင်းကတော့ “တစ်ပွဲရွှေတစ်ပွဲငွေ” ဆိုသလို နိုင်သင့်တဲ့ပွဲတွေကို အနိုင်မရခဲ့တာကိုတွေ့ရပါတယ်။ အထူးသဖြင့် အသင်းငယ်လေးတွေနဲ့တွေ့ရင် သေချာပေါက် အနိုင်(၃)မှတ်ရအောင်မစုဆောင်နိုင်တာက မန်ယူအသင်းရဲ့ အဓိကလိုအပ်ချက်ဖြစ်ပါတယ်။ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ကစားပုံအရ ပိုကောင်းလာတာမှန်ပေမယ့် အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်များစွာရှိနေတဲ့အပြင် စိတ်မချရသေးတဲ့ နောက်တန်းခံစစ်ကစားသမား ဒါးလော့ရဲ့ ကစားဟန်ကလည်း မန်ယူအသင်းအတွက် ရေရှည်မှာ စိတ်ပူစရာရှိလာပါတယ်။ တိုက်စစ်ပိုင်းက ဒီထက်ပိုပြီး သွင်းဂိုးနဲ့ အဆုံးသတ်ပိုင်းမှာသာပို ကောင်းလာခဲ့ရင်တော့ မန်ယူအသင်းဟာ မကြာခင်မှာပဲ လမ်းကြောင်းမှန်ကို ပြန်ရောက်လာနိုင်ဖို့ရှိပါတယ်။ အက်စတွန်ဗီလာအသင်းကတော့ အူနှိုင်းအမ်မရီလက်ထက်မှာ ဉရောပ ပြိုင်ပွဲတွေမှာပါ ယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင်ထားနိုင်သလို အမှတ်ပေးဇယားမှာလည်း အသင်းကြီးတွေနဲ့တန်းတူရည်တူရပ်တည်ထားနိုင်တာက သာမန်မဟုတ်တာသေချာပါတယ်။ အူနှိုင်းအမ်မရီရဲ့ စီမံခန့်ခွဲမှုတွေကြောင့်သာ အက်စတွန်ဗီလာအသင်းဟာ အခုလို အသင်းကြီးတွေကို နိုင်ပွဲရယူနိုင်လောက်တဲ့အထိ တူတူတန်တန်ခြေစွမ်းမျိုးရှိလာတယ်ဆိုတာ ငြင်းမရတဲ့အချက်တစ်ခုလည်းဖြစ်ပါတယ်။ မန်ယူအသင်းနဲ့ အက်စတွန်ဗီလာတို့ရဲ့ မနှစ်ကရာသီ ထိပ်တိုက်တွေ့ဆုံမှုမှာတော့ မန်ယူအသင်းက အိမ်ကွင်းရော အဝေးကွင်းမှာပါ အက်တွန်ဗီလာအသင်းကို (၂)ပွဲလုံးကို အနိုင်ရထားကြောင့် ဒီတကြိမ်တွေ့ဆုံမှုက အက်စတွန်ဗီလာအသင်းက အိမ်ကွင်းမှာ နိုင်ပွဲရဖို့ ခြေကုန်ထုတ်ကန်မယ့် ပွဲစဉ်ဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းအနေနဲ့ သတိကြီးကြီးနဲ့ ကစားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ရလဒ်ပိုင်းကို ခန့်မှန်းရမယ်ဆိုရင်တော့ အက်စတွန်ဗီလာအသင်းက အိမ်ကွင်းဖြစ်တာကြောင့် မန်ယူအသင်းကို ဖိအားပေးကစားဖို့ရှိနေပြီး နိုင်ဖို့ရာခိုင်နှုန်းလည်းများနေတာကြောင့် သရေကျသွားနိုင်သလို အက်စတွန်ီလာအသင်းက ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ နိုင်ဖို့များပါတယ်။ 

ချဲလ်ဆီး    Vs   နော်တင်ဖောရက်စ်

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

နော်တင်ဖောရက်စ်  ၂ - ၃  ချဲလ်ဆီး  (၁၁-၅-၂၀၂၄)

ချဲလ်ဆီး  ဝ - ၁ နော်တင်ဖောရက်စ်  (၂-၉-၂၀၂၃)

ချဲလ်ဆီး  ၂  - ၂ နော်တင်ဖောရက်စ်  (၁၃ -၅-၂၀၂၃)

The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်

ချဲလ်ဆီး  ၂ - ဝ   စပါးစ်

ချဲလ်ဆီး ၂ - ၁    စပါးစ်

ချဲလ်ဆီးအသင်းက ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ အကောင်းဆုံးလူစာရင်းကို ပိုင်ဆိုင်ထားတဲ့အသင်းလို့ ဆိုလာနိုင်ဖို့ရှိနေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ချဲလ်ဆီးအသင်းရဲ့ လူစားရင်က အရည်အသွေးရှိတဲ့ ကစားသမားများစွာရှိနေတဲ့အပြင် အခြားဘယ်အသင်းထက်ကိုမဆို ပိုပြီးတောင့်တင်း တဲ့အနေအထားမှာရှိပါတယ်။ ကစားသမားတွေရဲ့ ကွင်းတွင်းစွမ်းဆောင်ရည် အစစ်အမှန်ကိုသာ နည်းပြ မာရက်စကာ ပုံဖော်နိုင်ခဲ့ရင် မန်စီးတီး၊အာဆင်နယ်နဲ့ လီဗာပူးလ်တို့ကို ကောင်းကောင်းယှဉ်ပြီး စိန်ခေါ်နိုင် တဲ့အနေအထားတစ်ရပ်ကို ပြိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါက လူစားရင်းကြည့်ပြီး ဆုံးဖြတ်ထားတဲ့ ရလဒ်တစ်ခုမျှသာဖြစ်ပါတယ်။ ကစားသမားတစ်ယောက်ချင်းစီတိုင်းမှာ လိုအပ်ချက်များစွာရှိနေသေးပြီး နောက်တန်းခံစစ်မှာလည်း စိတ်ချရခြင်းမရှိသေးတာကြောင့် ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်မှာ မှန်ပေမယ့် နောက်လာမယ့် ပွဲကြပ်ကာလတွေမှာ ဘယ်လိုစွမ်းဆောင်ရည်မျိုးပြသနိုင်မလဲဆိုတဲ့ ခြေစွမ်းတွေကိုလည်း လေ့လာ အကဲဖြတ်ရဦးမှာဖြစ်ပါတယ်။ ဒါ့ပြင် တိုက်စစ်နဲ့ တောင်ပံနှစ်ဖက်က အပေးအယူအချိတ်အဆက်တွေမှာ ကစားသစ်တွေဖြစ်တာကြောင့် အထာမကျသေးတဲ့ မြင်ကွင်းမျိုးရှိသလို လူပေးမကစားချင်းတဲ့ ကစားသမားတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့်လည်း ရသင့်သလောက်ဂိုးတွေမရကြတာများပါတယ်။ နော်တင်ဖောရက်အသင်းကတော့ ဒီရာသီမှာ ဘယ်အသင်းကိုမဆို ဒုက္ခပေးဦးမယ့်အသင်းအဖြစ် ရှုမြင်ရမှာဖြစ်ပြီး လီဗာပူးလ်အသင်းကို အနိုင်ကန်ထားတဲ့အသင်းဖြစ်တာကြောင့်လည်း ချဲလ်ဆီးအသင်းအတွက် နိုင်ဖို့မလွယ်ကူတာဖြစ်ပါတယ်။ မနှစ်ကထိပ်တိုက်တွေ့ဆုံမှုမှာလည်း နော်တင်ဖောရက်စ်က စွမ်းဆောင်ရည်ပိုင်းပိုကောင်းတာကြောင့် ဒီပွဲစဉ်က သရေကျဖို့များသလို ချဲလ်ဆီးအသင်းကလည်း နိုင်မယ်ဆိုရင်တောင် (၁)ဂိုးအသာလောက်နဲ့သာ ကပ်နိုင်ပါမယ်။ 

၅ - ၁ဝ-၂၀၂၄ (စနေနေ့ညပိုင်း)

ည(၆းဝဝ)    ခရစ္စတယ်ပဲလေ့စ်  Vs လီဗာပူးလ် 

ည(၈း၃ဝ)  အာဆင်နယ် Vs ဆောက်သမ်တန် 

ည(၈း၃ဝ)        မန်စီးတီး  Vs ဖူဟမ် 

၆-၁ဝ-၂၀၂၄ (တနင်္ဂနွေနေ့ညပိုင်း)

ည(၇း၃ဝ)   အက်စတွန်ဗီလာ Vs  မန်ယူ 

ည(၇း၃ဝ)   ချဲလ်ဆီး  Vs နော်တင်ဖောရက်စ် 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ

RECENT POSTS
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved