Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
လင်းမြတ် (NP News) - အောက်တိုဘာ ၃

ပညာရေးအားဖြင့် နိုင်ငံတကာအဆင့်အတန်းဝင်ရန် လိုအပ်ချက်များစွာရှိနေသည့် မြန်မာအပါအဝင် ကမ္ဘာ့ တတိယအဆင့်နိုင်ငံ (Third World Countries)များတွင် နိုင်ငံ့လူဦးရေများခြင်း၊ နိုင်ငံ့ဝင်ငွေနိမ့်ကျခြင်း၊ ကြီးမားသော နိုင်ငံများဖြစ်သည့်အတွက် လူဦးရေ ပြန့်ကျဲနေထိုင်မှုများကြောင့် ကျောင်းများ ဝေးလံစွာတည်ရှိရခြင်း၊ အခြေခံနှင့် အ ဆင့်မြင့် ပညာရေး ရန်ပုံငွေနည်းပါးခြင်း၊ ပညာရေးဆိုင်ရာ လူသားအရင်းအမြစ်နှင့် သင်ထောက်ကူ/ အခြေခံအဆောက် အအုံ အရင်းအမြစ်နည်းပါးနေသေးခြင်း များရှိနေသည်။ အခြေခံလူတန်းစားများကြားထဲတွင် သာမန်အားဖြင့် အစိုးရ ကျောင်းများနှင့် သင်ကြားရေး ဆရာ/ဆရာမများအပေါ် အားမရခြင်း၊ အထင်သေးခြင်းများသည် လူထုကြား တန်းဝင်ပြီး မထူးဆန်းတော့သည့် အယူအဆ ယုံကြည်မှုဖြစ်လာစေသည်။ 

ထို့အတူ အစိုးရကျောင်းများထက် အဆင့်မြင့်အဆောင်အယောင်နှင့် နိုင်ငံခြားသား ဆရာ/ ဆရာမကပါ သင်ကြားနေသော ကိုယ်ပိုင်ကျောင်းများ ဆိုင်ရာ စီးပွားရေးစနစ်တစ်ခုသည် ထိုနိုင်ငံများ၏ ငွေကြေးတတ်နိုင်သူများနှင့် လူလတ်တန်းစားများကြား  ရေပန်းစားလာသည့်နည်းတူ လူသိများသည်။ နိုင်ငံခြားကျောင်းတစ်ခုခု၏ တရားဝင် မိတ် ဖက်အဖြစ် အသိအမှတ်ပြုခံ ကိုယ်ပိုင်ကျောင်းများဆိုလျှင် ပိုမိုလူသိများခြင်းနှင့်အတူ ကျောင်းသားများစွာရရှိခြင်း ကြောင့် ပိုမိုဝင်ငွေတိုးခြင်း အခွင့်ကိုလည်းရရှိသည်။ သို့သော် ထိုကမ္ဘာ့တတိယအဆင့်နိုင်ငံများ (Third World Countries) မှ ကိုယ်ပိုင်ကျောင်းများမှာ ကမ္ဘာ့ပထမအဆင့်နိုင်ငံများ (First World Cou- ntries) အနေဖြင့်ကြည့်ပါက ၎င်းတို့နည်းတူ နည်းပါးကျောင်းလခများကောက်ခံနေပါသော်လည်း ဝန်ဆောင်မှု၊ ကျောင်းအဆောင်အယောင်၊ ငွေကြေး အပါအဝင် ပွင့်လင်းမြင်သာမှုများ၊ ပုံရိပ်ကောင်းမှု၊ ကိုယ်ပိုင်ကျောင်းဆိုင်ရာ ကတိကဝတ်များသည် သက်ဆိုင်ရာ ကျောင်း သား၊ မိဘများပေါ်တွင်လည်းကောင်း အစိုးရများအပေါ်တွင်လည်းကောင်း အားနည်းနေရုံမျှမက အမျိုးသားအဆင့် ပူးပေါင်းဆောင် ရွက်မှုများပါ ထောင့်ပေါင်းစုံက ပျက်ကွက်နေသည် ကိုပင် လေ့လာတွေ့ရှိရသည်။  
မြန်မာတို့စံထားလေ့ရှိသော စင်ကာပူ နိုင်ငံပညာရေးနှင့် ချိန်ထိုးမည်ဆိုပါက စင်ကာပူသည် အစိုးရနှင့်သက်ဆိုင် သည့်အလုပ်သော်လည်းကောင်း၊ အစိုးရမဟုတ်သော မည်သည့်အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကိုမဆို စံသတ်မှတ်ရာတွင်လည်းကောင်း နိုင်ငံနှင့်နိုင်ငံသား အကျိုးစီးပွားအပါအဝင် စားသုံးသူကာကွယ်ရေးဆိုင်ရာ ထိခိုက် နစ်နာမှုမရှိစေ ရေးအပြင် ထိုလုပ်ငန်းများ၏ ပုံရိပ်၊ စပ်ဆိုင်သော အစိုးရဌာနနှင့် အေဂျင်စီများ၏ ပုံရိပ်ကို စောင့်ထိန်း ကာကွယ် စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရန် မဟာဗျူ ဟာမြောက်အစီအစဉ်ချမှတ်လုပ်ဆောင်တတ်လေ့ရှိ သည်။ 
ကိုယ်ပိုင်သယံဇာတမရှိ မြွကယ်ဝသည့် စင်ကာပူနိုင်ငံအဖို့ လူ့စွမ်းအားအရင်းအမြစ်နှင့် အဓိကသက်ဆိုင်သော ပညာရေးဝန်ဆောင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဘဏ်လုပ်ငန်း၊ အရပ်ဘက်/ စစ်ဘက်နည်းပညာဆိုင်ရာစွန့်ဦးတီထွင် ဆန်းသစ် ခြင်းနှင့် အခြားသောဝန်ဆောင်မှုလုပ်ငန်းများသည် နိုင်ငံ၏ ပင်မအသက်သွေးကြောကဏ္ဍများပင်ဖြစ်သည်။ ဥပဒေများမချမှတ်မီ ထိုမှတစ်ဆင့် ဥပဒေများ လက်ခံကျင့်သုံးချိန် ထိုမှတစ်ဆင့် ရှေ့လျှောက် အချိန် သို့မဟုတ် ခေတ်နှင့် တစ်ပြေးညီ ပြင်ဆင် တည့်မတ်ခြင်းမှသည် အနာဂတ် ဆယ်စုနှစ်များစွာအတွက် စဉ်ဆက်မပြတ် သုတေသနပြုခြင်း ဆွေးနွေးတိုင်ပင် မှုများပြုလုပ်လျက်ရှိရာမှာ ကိုယ်ပိုင်ကျောင်းများ သည်လည်း အရေးကြီးမဟာဗျူဟာကဏ္ဍမှ ပါဝင်လျက်ရှိသည်။

ကိုယ်ပိုင်ကျောင်းများဆိုင်ရာစံသတ်မှတ်ချက်များ အကျဉ်း
အစိုးရ အခြေခံပညာကျောင်း တက္ကသိုလ်များမှလွဲ၍ စင်ကာပူနိုင်ငံတွင် မည်သည့်ကိုယ်ပိုင် ကျောင်း၊ နိုင်ငံတကာ အစိုးရများနှင့်ချိတ်ဆက်ဖွင့် ခွင့်ပြုသော နိုင်ငံတကာကျောင်း (International School) များ၊ ပြည်ပအစိုးရ မဟုတ်သော တက္ကသိုလ်များနှင့် ၎င်းတို့နှင့် အကျိုးတူချိတ်ဆက်သောကိုယ်ပိုင် ကျောင်းများသည် မည်သည့်ကျောင်း၊ တက္ကသိုလ်၊ အင်စတီကျု နာမည်များပင်တပ်ပါစေ အစိုးရက သတ်မှတ်ထားသော လုပ်ငန်းလိုင်စင် ကုမ္ပဏီမှတ်ပုံ တင်ခြင်း (Business Registration) နှင့် ပညာရေး အသိအမှတ်ပြုခြင်းလိုင်စင် (EduTrust Certif- icate)  အစစ်ဆေးခံ အောင်မြင်ပြီးရလာသော ပညာရေးဆိုင်ရာ ယုံကြည်စိတ်ချနိုင်သောကျောင်း(အစမ်းခန့်စောင့်ကြည့်) (EduTrust Probation Cetifi­cate) (၁)နှစ်လိုင်စင် (သို့မဟုတ်) ပညာရေးဆိုင်ရာ ယုံကြည်စိတ်ချနိုင်သောကျောင်း (EduTrust Certificate) (၄) နှစ်လိုင်စင် တစ်ခုခုနှင့်သာ လုပ်ငန်းလည်ပတ်ခွင့်ရသည်။ လွယ်လွယ်နှင့် နားလည် အောင်ပြောရလျှင် စင်ကာပူအစိုးရကိုယ်ပိုင်ကျောင်းများဆိုင်ရာ ပညာရေးကော်မတီ Committee for Private Education (CPE) က အရပ်ဘက် ကိုယ်ပိုင်ပညာရေးအဖွဲ့အစည်း၊ ကျောင်း၊ သင်တန်းများ Private Education Institutions (PEIs) ကို အောက်ပါမဟာဗျူဟာများဖြင့် နိုင်ငံတကာအဆင့်မီ တာဝန်ယူ/တာဝန်ခံ အုပ်ချုပ်ထိန်းကျောင်း စီမံခန့် ခွဲနိုင်ရန်ချ မှတ်ထားသော စံသတ်မှတ်ချက်များပင်ဖြစ်သည်။
၁။ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုဆိုင်ရာမူဝါဒများကို စဉ်ဆက်မပြတ် စောင့်ကြည့် ထိန်း ကျောင်းနိုင်ရန်။
၂။ သင်ကြားမှု ဘာသာရပ်မျာဆိုင်ရာ အရည်အသွေးများကို တိကျသေချာစွာ စိစစ်ခွင့်ပြုခြင်းနှင့် ယနေ့ခေတ် မိမိနိုင်ငံ စီးပွား၊ တီထွင်၊ ကုန်ထုတ်၊ လူမှုကဏ္ဍများအတွက်သာမက ကမ္ဘာကလိုအပ်မှုနှင့် အံဝင်ခွင်ကျဖြစ်ပြီး ခေတ်ကာလ နိုင်ငံတကာ လူငယ် များ တက်ြွကစွာသင်ကြားလိုသော ခေတ်မီဘာသာ ရပ်များဖြစ်ရန်။
၃။ ကျောင်းသားဆိုင်ရာဝန်ဆောင်မှုများ အရည်အသွေးအားဖြင့် ကျောင်းသားများအတွက် လက်တွေ့ကျသော သင်ကြားမှု၊ သင်ရိုးဖြစ်စေရန်၊ ကျောင်းသားအတွက် သင်ကြားရေးကာလတွင် သင်ခန်းစာ၊ ဝန်ဆောင်မှု၊ စိတ်ပိုင်းဆိုင်ရာ များမှအစ တိုင်ပင် ဆွေးနွေးနိုင်ရန်၊ ကျောင်းပြီးကာလ လုပ်ငန်းခွင်ဝင်ရန် အသင့်အထိ အထောက်အကူပြုနိုင်စေရန်။
၄။ ဝန်ထမ်းဆိုင်ရာ စီမံခန့်ခွဲမှုများအနေဖြင့် ဆရာ/ဆရာမများမှအစ အခြားရှိသင့်သော ဘက်စုံ ကျွမ်းကျင်ဝန် ထမ်းများ ရွေးချယ်ခန့်ထားခြင်းဆိုင်ရာ စံသတ်မှတ်ချက်များ၊ ထိုဝန်ထမ်းများ သက်ဆိုင်ရာ ဘာသာရပ်နှင့်ကျွမ်းကျင်မှု များကို စဉ်ဆက်မပြတ် မွမ်းမံဖြည့်တင်းခြင်း၊ မလိုအပ်ဘဲ အတွေ့အကြုံမြင့် ကျွမ်းကျင် ဆရာ/ဆရာမနှင့် ဝန်ထမ်းများ အား လက်လွှတ်ဆုံးရှုံးရမှုများကို ထိန်းသိမ်းကာကွယ်နိုင်ကြရန်။
၅။ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ ငွေကြေးစီမံ ခန့်ခွဲမှုများကို ကြီးကြပ်ထိန်းကျောင်းခြင်းဖြင့် ကျောင်းများ၏ ခိုင်မာစိတ်ချယုံကြည်ရသော ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု အလေ့အကျင့်များရရှိစေရန်၊ ပြည်တွင်းပြည်ပ ယုံကြည်မှုများရရှိခြင်းမှတစ်ဆင့် ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စီးပွားရေး အာမခံချက် နှင့်အတူ ကြီးပွားတိုးတက်စေရန်။ (ဥပမာအားဖြင့် စင်ကာပူတွင် ကိုယ်ပိုင်ကျောင်းများအားလုံးက ၎င်းတို့၏ သင်ကြားမည့်ဘာသာရပ်တစ်ခုစီနှင့် ပေး အပ်နှင်းမည့်ဘွဲ့အလိုက် အုပ်ချုပ်စီမံခန့်ခွဲရေး အဖိုးအခ(Administrative Fees)နှင့် ဘာသာရပ် တစ်ခုစီ၏ ကျူရှင်လခ (Tuition Fees)၊ သင်ကြားမှု နာရီပေါင်း၊ ရက်ကို အတိအကျခွဲခြမ်းစိတ်ဖြာ၍ ပညာရေးဆိုင်ရာ ယုံကြည်စိတ်ချရမှု လက်မှတ်အတွက် ကွင်းဆင်းလေ့လာရေးအဖွဲ့(EduTrust Certificate assessment)စစ်ဆေးစဉ်ကပင် တင်ပြရပြီး ခွင့်ပြုသည့် ဘာသာရပ်၊ ဘွဲ့ကိုသာ သင်ကြားခွင့်ပြုခြင်းအပြင် ကျောင်းများထံမှ အုပ်ချုပ်စီမံခန့်ခွဲရေး အဖိုးအခ (Administrative Fees)မှလွဲပြီး သင်ကြားမှုနှစ်ဝက် သင်တန်းကြေး (Semester Fees)ကိုမူ ကျောင်းမှ အပြည့်ကောက်ခံ ရရှိပါသော်လည်း ကျောင်းသားတစ်ဦးချင်း နာမည်နှင့် ဘဏ်အကောင့်ဖွင့်ကာ ထိုအကောင့်ထဲ ထားရသည်။ ထိုသင်တန်း ကြေးငွေ (Se­m­ester Fees) ကို ကျောင်းသားလည်းထိခွင့်မရသကဲ့သို့ ကျောင်းကလည်း တန်းပြီး ယူသုံးခွင့်မရှိဘဲ ဥပမာ-နှစ်ဝက်သင် တန်းကာလ (Semester) တစ်ခုက (၄)လကြာမြင့် မည်ဆိုပါက ထိုသင်တန်းကြေးကို (၄)လခွဲပြီး ကျူ ရှင်လခ (Tuition Fees) အဖြစ် ဘဏ်က အလိုအလျောက် တစ်လစီ ကျောင်းပိုင်ဘဏ်အကောင့်ထဲကို လွှဲပေးသည်။ ထိုကျောင်းမှ ဥပဒေနှင့်မကိုက်ညီသော ပြဿနာတစ်ခုခုများဖြစ်ခဲ့ပါက အစိုးရက ကျောင်းသားငွေများကို ရောက်ရှိလ အထိထိန်းသိမ်းထားပြီး ကျောင်းကိုစစ်ဆေးပြီးမှ ကျောင်းဆက်လက်ဖွင့်ခွင့်ရလျှင် ကျောင်းလခကို ကျောင်းက ဆက်လက်ရရှိမည်ဖြစ်ပြီး ကျောင်းပိတ်ရသည်အထိ ပြစ်မှုကြီးပါက ကျောင်းသားများ ငွေဆုံးရှုံးမှုကို ကာကွယ်ပြီးသား လည်းဖြစ်သည်။  ထို့ပြင် အုပ်ချုပ်စီမံခန့်ခွဲရေး အဖိုးအခ (Administrative Fees)နှင့် ဘာသာရပ် တစ်ခုစီ၏ ကျူရှင်လခ (Tuition Fees) မှာ သီးခြား ခွဲမြင်သိရှိခွင့်ရသည့်အတွက် ကိုယ်ပိုင်ကျောင်းများ ငွေအလွန်အကျွံကောက်ခံခြင်းကို ထင်သာမြင်သာ လွယ်စေခြင်းအပြင် စားသုံးသူကျောင်းသားနှင့်မိဘ များအတွက် ငွေကြေးဆိုင်ရာ ပွင့်လင်းမြင်သာစေပြီး ကိုယ်ပိုင်ကျောင်းအချင်းချင်း ရေရှည် စီးပွားပြိုင်ရန်နှင့်ပြိုင်ဘက်ဈေးကွက်ကို မျက်ခြည်မပြတ်စေရန် အခင်းအကျင်း ဖန်တီးထားရာရောက်သည်။ အုပ်ချုပ်စီမံခန့်ခွဲရေး အဖိုးအခ (Admini­strative Fees) မှာကွဲပြားနိုင်ပြီး ကျောင်းများက ဝန်ဆောင်မှုနှင့် ပြိုင်ဆိုင် ပြန်လည်သက်သေပြကြရသည်။ မည်သည့် ငွေကြေးကောက်ခံမှုမဆို နိုင်ငံပိုင် စင်ကာပူ ဒေါ်လာ တစ်မျိုးတည်းဖြင့်သာ ကောက်ခံခွင့် ရှိသည်။)
၆။ အရည်အသွေးနှင့် ရလဒ်ကောင်းများကို စောင့်ကြည့် အကဲဖြတ်ထိန်းကျောင်းခြင်းဖြင့် သင်ယူမှု ပြီးမြောက် သော နှစ်စဉ်အလိုက် ကျောင်းသားများ၏အရည်အသွေးပိုင်း အမြဲခေတ်မီနေရမည်ဖြစ်ပြီး လုပ်ငန်းခွင်အဆင်သင့်ဖြစ်မှု (Industry Ready)ကိုလည်း တိုက်ရိုက်အထောက်အကူဖြစ်စေရန်နှင့် ကျောင်းသားများ အလုပ်အကိုင် အခွင့်အလမ်း ကောင်း များ လွယ်ကူတိုးပွားစေရန်။
၇။ လိုက်နာမှုဆိုင်ရာ စံသတ်မှတ်ချက်အဖြစ် ကိုယ်ပိုင်ကျောင်းများသည် ပညာရေးဝန်ကြီးဌာန၏ ရေရှည်မဟာဗျူ များအပြင် ကိုယ်ပိုင်ကျောင်း များဆိုင်ရာကော်မတီ Committee for Private Education (CPE) ၏ ချမှတ်ထား သောမူဝါဒများကို စဉ်ဆက်မပြတ်လိုက်နာကြစေရန် စိစစ်ခြင်းဖြင့် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အနာဂတ် လူငယ်များ ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် မဟာဗျူဟာအတိုင်း တစ်သဝေမတိမ်း အကျိုးပြု သက်ရောက်စေရန်။ (ဥပမာ- ကျောင်းများက (EduTrust Certificate) သက်တမ်းပြည့်ခါနီးတိုင်း ပညာရေးဆိုင်ရာ ယုံကြည်စိတ်ချရမှု လက်မှတ်အတွက် ကွင်းဆင်းလေ့လာရေးအဖွဲ့ (EduTrust Certificate assessment)  စစ်ဆေးခြင်းကို ပြန်လည်ခံယူရ သည်။ အကျဉ်းအားဖြင့် ထိုကွင်းဆင်းရေးအဖွဲ့ဝင်များသည် အငြိမ်းစား လွတ်လပ်သော တစ်ဦးချင်းပညာရှင်များ (Independent Individuals)  စုစည်းထားသောအဖွဲ့ဝင်များဖြစ်ကြပြီး ထိုပညာရှင်များက အစစ်ဆေးခံ ကိုယ်ပိုင် ကျောင်းများတွင် တစ်ပတ်မှနှစ်ပတ်အထိ ကိုယ်တိုင်လာရောက် ရုံးထိုင်၍ ကျောင်းအရွယ်အစား၊ လက်ခံမည့် ကျောင်း သားပမာဏ၊ ပြည်တွင်းနှင့် ပြည်ပမှ ဆရာ/ ဆရာမများနှင့် ၎င်းတို့၏ ကိုယ်ရေးမှတ်တမ်း၊ ပညာရေး အကျဉ်းနှင့် အတွေ့ အကြုံတို့ကို မှတ်တမ်းပြုစုရသည်။ ယင်းပြင် ကျောင်းသား လက်ခံမှတ်တမ်းဖောင်များ၊ ငွေကြေးကောက်ခံမှု ဖြတ်ပိုင်း များ၊ ဘဏ်စာရင်းများ အပြင်၊ ကျောင်းစာကြည့်တိုက် အဆောင်အယောင်၊ အိမ်သာဖွဲ့စည်းပုံ၊ ကစားကွင်း/ လေ့ကျင့်ရေးကွင်း၊ စာသင်ခန်းများနှင့် သင်ထောက်ကူ ကိရိယာများ၊ အင်တာနက်နှင့်အိုင်တီဆိုင်ရာ အခြေခံ အဆောက် အအုံ၊ ကျောင်းဆရာ/ဆရာများ/ ကျောင်းသားနှင့် ဝန်ထမ်းများ၏ ကိုယ်ရေးအချက် အလက်များ၊ အခြားအရေး ကြီးဒေတာများ ထိန်းသိမ်းမှုနှင့် လုံခြုံရေးဆိုင်ရာ အစီအမံများ စစ်ဆေးခြင်း၊ သက်ဆိုင်ရာတာဝန်ခံများကို လူတွေ့မေးမြန်းခြင်းများလုပ်ဆောင်ရသည်။ ပြည်ပကျောင်းများနှင့် မိတ်ဖက်သော် လည်းကောင်း ဘာသာရပ်သော် လည်းကောင်း ချိတ်ဆက်ထား သည်ဆိုပါက ထိုကျောင်းများ၏ အချက်အလက်၊ သက်ဆိုင်ရာနိုင်ငံ၏ သတ်မှတ်အဆင့်၊ ဒေသအဆင့်၊ နိုင်ငံတကာအဆင့်ဆိုင်ရာ အဆင့်နှင့်ပုံရိပ်များ၊ ပြည် ပနိုင်ငံ၌ ထိုကျောင်းက အမှန်တကယ် အဆောက် အအုံ ကျောင်းဝန်း(Campus)အနေဖြင့် ရှိ/မရှိ စစ် ဆေးမှုများစွာဆောင်ရွက်ပြီး တစ်လဝန်းကျင်ကြာမှ  ပညာရေးဆိုင်ရာ ယုံကြည်စိတ်ချနိုင်သော ကျောင်း (EduTrust Certificate)အပြည့် (၄)နှစ် သို့မဟုတ် ပညာရေးဆိုင်ရာ ယုံကြည် စိတ်ချနိုင်သော ကျောင်း (အစမ်းခန့်စောင့်ကြည့်) (EduTrust Probation Cetifi­cate) တစ်နှစ်ဆိုသည်ကို အကြောင်း ကြားခြင်းဖြစ်သည်။

အထက်ပါ စံသတ်မှတ်ချက်များကို လေ့လာခြင်းဖြင့် စင်ကာပူနိုင်ငံအနေဖြင့် အစိုးရကျောင်း တက္ကသိုလ်များကို သာမက ကိုယ်ပိုင်ကျောင်းများ၏ အရည်အသွေးကိုပင် မျှော်လင့်ချက်ကြီးမားစွာထား အလေးပေးခြင်းကြောင့် နိုင်ငံ၏ လူ့စွမ်းအားအရင်းအ မြစ်ဆိုင်ရာ မဟာဗျူဟာများကို တွေးဆမြင်သာနိုင် စေရန် အကျဉ်းချုပ်တင်ပြလိုက်ရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား

RECENT POSTS
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved