Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်

Pika (NSS) - အောက်တိုဘာ ၂

 ရုရှားနိုင်ငံဟာ ၎င်းရဲ့အရေးပေါ်အများပြည်သူသတိပေးစနစ်တွေ စမ်းသပ်မှုကို အောက်တိုဘာလ(၂)ရက်နေ့မှာ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ရုရှားနဲ့ယူကရိန်းကြား စစ်ပွဲဖြစ်ပွားမှုမြင့်တက်နေတဲ့အချိန်မှာ ရုရှားက ဒီလိုစမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။


အောက်တိုဘာလ(၂)ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန်လောက်မှာ ဥဩသံ တွေက အချိန်(၁)မိနစ်လောက်ကြာအောင် အသံမြည်ခဲ့ပြီး အသံချဲ့စက်တွေက "အားလုံးသတိထားကြပါ"ဆိုတဲ့ အသံကို ထုတ်လွှင့်ခဲ့ကြောင်းသိရသည်။အဲဒီစမ်းသပ်လေ့ကျင့်မှုဟာ သတိပေးစနစ်တွေကို စစ်ဆေးဖို့၊သတိပေးစနစ်တွေကိုစတင်ဖို့ တာဝန်ရှိသူတွေရဲ့ အဆင်သင့်ဖြစ်မှုကို စမ်းသပ်ဖို့နဲ့ အများပြည်သူတွေရဲ့သတိထားမှုတွေကို မြှင့်တင်ပေးနိုင်ဖို့ဖြစ်တယ်လို့ ရုရှားအရေးပေါ်ဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အရာအားလုံးက စီစဉ်ထားတဲ့အတိုင်းဖြစ်ခဲ့တယ်လို့လည်း အရေးပေါ်ဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ ရုရှားအစိုးရဟာ ၂၀၂၀ ခုနှစ်မှာ အရေးပေါ်အများပြည်သူစနစ်တွေ စမ်းသပ်မှုကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး လေ့ကျင့်မှုအကြိမ်ရေဟာ ပြီးခဲ့တဲ့နှစ်ကနေစတင်ပြီး နှစ်ဆတိုးလာခဲ့တယ်လို့လည်း သိရပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားနေတာဟာ အချိန်(၂)နှစ်ကျော်ထိ ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း ယခုအချိန်အထိ နှစ်ဘက်စလုံးက ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်ရယူနိုင်တာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ရက်ပိုင်းက လုပ်ဆောင်ခဲ့တဲ့ နျူကလီးယား လက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုဟာ ရုရှားကိုတိုက်ခိုက်မှုတွေပါဝင်ခဲ့မယ်ဆိုရင် နောက်ဆက်တွဲအကျိုးဆက်တွေရှိလာမယ်ဆိုတဲ့အချက်ကို အနောက်အုပ်စုနိုင်ငံတွေအား သတိပေးတဲ့အနေနဲ့ အချက်ပြတာမျိုးဖြစ်တယ်လို့ ရုရှားအစိုးရက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ရုရှားကို ပုံမှန်အသုံးပြုနေကျ ဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့မယ်ဆိုရင်တောင် နျူကလီးယားလက်နက်တွေကို ရုရှားက အသုံးပြုနိုင်တယ်လို့ သမ္မတပူတင်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ပြီးတော့ ရုရှားအပေါ်တိုက်ခိုက်မှုမှန်သမျှကို နျူကလီးယားလက်နက် အသုံးပြုထားတဲ့ ပူးတွဲတိုက်ခိုက်မှုအဖြစ် ထည့်သွင်းစဉ်းစား သွားမှာဖြစ်တယ်လို့လည်း ပူတင်က ပြောကြားခဲ့ပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

RECENT POSTS
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်
01 Oct 2024
အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏အမိန့်သည် ဒေသတွင်း နေထိုင်သူများအတွက် အရည်အသွေးနိမ့်အရက်များ သောက်သုံးကာ သက်တမ်းတိုစေခြင်းသာ ဖြစ်လိမ့်မည်ဟု ဆို
01 Oct 2024
အကြမ်းဖက်သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေ
01 Oct 2024
နျူကလီးယားလက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုက အနောက်အုပ်စုကိုသတိပေးသည့်အချက်ပြ မှုတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရပြော
01 Oct 2024
ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့် အနေအထားရှိနေဟု MRF ဥက္ကဋ္ဌဆို
01 Oct 2024
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားနာမည် ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်
01 Oct 2024
အမေရိကန်ရွေးကောက်ပွဲအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ဖွယ်ရှိနေ
01 Oct 2024
ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် တရုတ်၊ ဘရာဇီး ဦးဆောင်မည့် ငြိမ်းချမ်းရေးမိတ်ဖက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းမည်
01 Oct 2024
MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံတိမ်းရှောင်မှု ပမာဏများပြားလာပြီး မြို့၏စီးပွားရေးလည်း ကျဆင်းနေ
01 Oct 2024
ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနယ်စပ်အကျပ်အတည်းကို အမေရိကန်တို့ ကြုံတွေ့နေရကြောင်း ဒေါ်နယ်ထရမ့်ဝေဖန်
01 Oct 2024
ကြည့်မြင်တိုင်မြို့နယ်တွင် ရေဘေးအလှူပစ္စည်းများအတွင်း ဗုံးထည့်ဖောက်ခွဲသည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ
30 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved