Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား

Pika (NSS) - အောက်တိုဘာ ၃

(၉)တန်းအထိသာ ပညာသင်ယူခဲ့သော ထိုင်းနိုင်ငံမှ အသက်(၃၆)နှစ်အရွယ် အမျိုးသား တစ်ဦး သည် ဆေးကုသခွင့်လိုင်စင်မရှိဘဲ လိင်တံကြီး ထွားအောင်လုပ်ဆောင်ပေးသည့်လုပ်ငန်းကို နှစ်(၂၀) တိတိ လုပ်ကိုင်ခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။


ထိုင်းနိုင်ငံအလယ်ပိုင်း Samut Sakhon  မြို့တွင်နေထိုင်သည့် ကစ်တီကွန်ဆောင်စရီဆိုသည့် အမျိုးသားသည် ပြီးခဲ့သည့်နှစ်ပေါင်း(၂၀)အတွင်း လိင်တံကြီးထွားအောင်လုပ်ဆောင်ပေးသည့်လုပ်ငန်း ကို လုပ်ကိုင်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့်သီတင်းပတ်တွင် ၎င်း၏နေအိမ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းသိရ သည်။ ၎င်း၏လုပ်ငန်းကို ဆိုရှယ်မီဒီယာများမှတစ်ဆင့် ကြော်ငြာခဲ့ပြီး ဆေးဘက်ဆိုင်ရာသင်တန်းတက်ထားခြင်း သို့မဟုတ် ဆေးကုသခွင့်လိုင်စင်တို့ မရှိသော်လည်း တစ်လလျှင် လူနာအနည်းဆုံး(၂) ဦးမှ (၃) ဦးအထိ ကုသရကြောင်း ကစ်တီကွန်ဆောင်စရီကပြောကြားခဲ့သည်။

ကစ်တီကွန်ဆောင်စရီက ၎င်းသည် အသက် (၁၄) နှစ်အရွယ်တွင် လိင်တံကြီးထွားအောင် ဆေးထိုးခြင်းပညာရပ်ကို ကိုယ့်ဘာသာလေ့လာသင်ယူခဲ့ပြီး ထိုအချိန်မှစတင်ကာ ယင်းလုပ်ငန်းကို လုပ် ကိုင်နေခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ဝန်ခံပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းထံတွင်လာရောက် ကုသပြီးနောက် ပြင်းထန်သောရောဂါပိုးကူးစက်ခံခဲ့ရသည့်လူနာတစ်ဦးက မကျေနပ်သဖြင့် အာဏာပိုင် များကို တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့နောက် ကျန်းမာရေးဝန်ဆောင် ထောက်ပံ့မှုဌာနမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့သည် ကစ်တီကွန်ဆောင်စရီကိုဆက်သွယ်ကာ လျှို့ဝှက်အေးဂျင့်တစ်ဦး ကို လူနာအဖြစ်ဟန်ဆောင်ခိုင်းခဲ့ကြောင်းလည်း သိရသည်။ ကစ်တီကွန်ဆောင်စရီသည် အဆိုပါလူနာကို ၎င်း၏နေအိမ်သို့ဖိတ်ခေါ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှုများလုပ်ဆောင်ကာ ဖမ်းဆီးခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါလုပ်ငန်းကို နှစ်ပေါင်း (၂၀)ခန့်လုပ်ကိုင်ခဲ့ကြောင်းနှင့် ကုသမှုစရိတ် အဖြစ် တစ်ဦးလျှင် ဘတ်(၅၀ဝဝ)မှ ဘတ်(၂)သောင်းကြား ကောက်ခံခဲ့ကြောင်း ကစ်တီကွန်ဆောင်စရီက ဝန်ခံ ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့က ၎င်းကို လိုင်စင်မရှိဘဲ ဆေးဘက်ဆိုင်ရာ ဝန်ဆောင် မှုများပေးဆောင်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ ဆေးခန်းဖွင့်ခြင်းတို့ဖြင့် တရားစွဲဆိုထားကြောင်းသိရသည်။

ထို့ပြင် ကစ်တီကွန်ဆောင်စရီသည် ၎င်းထံတွင်လာရောက်ကုသပြီးနောက် ပြင်းထန်သော ရောဂါပိုးကူးစက်ခံခဲ့ရသည့် လူနာထံမှ တရားဥပဒေအရအရေးယူမှုကိုခံရမည်ဖြစ်ကြောင်းလည်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

RECENT POSTS
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved