Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)

သန်းထိုက်စိုး (NSS) - အောက်တိုဘာ ၃

ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Sergei Shoigu သည် (၂၀၂၄) ခုနှစ် စက်တင်ဘာ (၁၇) ရက်တွင် အီရန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ Sergei Shoigu ကာကွယ်ရေးဝန်ကြီးတာဝန် ထမ်းဆောင် စဉ်ကတည်းက ရုရှား-အီရန် နှစ်နိုင်ငံဆက်ဆံရေးမှာ အတော်ချောမွေ့ခဲ့သည်။ အီရန်နိုင်ငံသည် ရုရှား နိုင်ငံအတွက် အရေးကြီးသည့် မိတ်ဖက်နိုင်ငံအဖြစ် အလျင်အမြန် ပြောင်းလဲလာခဲ့သည်။ ရုရှားနိုင်ငံအနေ ဖြင့် ယူကရိန်းစစ်ပွဲ ဆက်လက်ဆင်နွှဲနိုင်ရန်အတွက် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ကြံ့ကြံ့ခံ ရာတွင် အီရန်နိုင်ငံ၏အကူအညီမှာ အရေးကြီးသည်ဟု ဆိုနိုင်သည်။  သို့သော် အီရန်နိုင်ငံသည် ရုရှား နိုင်ငံကို  မစ်ဆိုင်းဒုံးကျည်များ ထောက်ပံ့ပေးသည်ဆိုသည့် စွပ်စွဲချက်များနှင့်ပတ်သက်၍ ခါးခါးသီးသီး ငြင်းဆိုခဲ့၊ ငြင်းဆိုနေဆဲဖြစ်သည်။ 

ရုရှားနှင့် အီရန်ဆက်ဆံရေးမှာ Zangezur  စင်္ကြံလမ်းနှင့်ပတ်သက်၍ တင်းမာမှုအချို့ရှိခဲ့သည်။ ရုရှားနိုင်ငံက Zangezur စင်္ကြံလမ်းဖောက်လုပ်ရေးနှင့် ပတ်သက်၍ ထောက်ပံ့ပေးသွားမည်ဟု ဆိုခဲ့ သည်။ အီရန်နိုင်ငံကမူ အဆိုပါစင်္ကြံလမ်းဖောက်လုပ်မှုအပေါ် ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့သည်။ အဆိုပါ စင်္ကြံလမ်းသည် ၎င်း၏ နယ်နိမိတ်ကို ချိုးဖောက်ခြင်းဖြစ်ပြီး မဟာဗျူဟာအရလည်း ခြိမ်းခြောက်မှုအဖြစ် အီရန် နိုင်ငံဘက်ကရှုမြင်ထားသည်။ Zangezur စင်္ကြံလမ်း စီမံကိန်းသည် အာမေးနီးယားနိုင်ငံ Syunik ပြည်နယ်တွင် ဖြတ်သန်းသွားမည်ဖြစ်သည်။ သို့သော် အဇာဘိုင်ဂျန် အစိုးရက အဆိုပါစင်္ကြံလမ်း တစ်လျှောက်လုံးတွင် အချုပ်အခြာအာဏာ အပြည့်အဝ ရယူလိုနေခြင်း ဖြစ်သည်ဟုဆိုသည်။ အီရန် နိုင်ငံကမူ ယင်းမှာ နယ်နိမိတ်ကို အပြောင်းအလဲပြုလုပ်ခြင်းဖြစ်ရာ လက်မခံနိုင်ဟုဆိုထားသည်။ အဆိုပါ စင်္ကြံလမ်းသည် အာမေးနီးယားနိုင်ငံ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေရမည်ဆိုသည့်သဘောထားကို အခိုင်အမာ ကိုင်စွဲထားကြောင်း၊ သို့မဟုတ်ပါက အာမေးနီးယားနှင့် အီရန် နယ်နိမိတ်ဆုံးရှုံးသွားလိမ့် မည်ဟု အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းအရင်းအမြစ်များကို ကိုးကား ဖော်ပြကြသည်။

နောက်ပိုင်းတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် ဆက်ဆံရေးယိုယွင်းမှုကို ပြန်လည်ပြုပြင် နိုင်ခဲ့ကြသည်။ အီရန်အမျိုးသားလုံခြုံရေးအတွင်းရေးမှူး အလီအာမက်ဒီယန်သည် (၂၀၂၄) ခုနှစ် စက်တင်ဘာလတွင် BRICS အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေး တက်ရောက်ရန် ရုရှားနိုင်ငံသို့ ရောက်ရှိ လာပြီး ရုရှား သမ္မတပူတင်နှင့်တွေ့ဆုံခဲ့သည်။ နောက်ရက်အနည်း ငယ်အကြာတွင် ရုရှားလုံခြုံရေး ကောင်စီအတွင်း ရေးမှူး  Sergei Shoigu သည် အီရန်နိုင်ငံသို့ရောက်ရှိ ပြီး အီရန်အမျိုးသား လုံခြုံရေး ကောင်စီအတွင်းရေးမှူး အာမက်ဒီယန်နှင့်တွေ့ဆုံခဲ့ပြီး သမ္မတပူတင်၏ သတင်းစကားကို အီရန်ထိပ်ပိုင်း ခေါင်းဆောင်များ အားပြောကြားခဲ့သည်။ အဆိုပါသတင်းစကားမှာ ဒေသတွင်းပူးပေါင်း ဆောင်ရွက်ရေး အပေါ် အီရန်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်လိုသည့် ရုရှားနိုင်ငံ၏သဘောထားမှာ ပြောင်းလဲခြင်းမရှိ ဆိုသည့်အချက်ပင် ဖြစ်သည်။ နှစ်ဖက်ခေါင်းဆောင်များတွေ့ဆုံချိန်တွင် နှစ်နိုင်ငံကြား ရရှိထားသည့် သဘောတူညီချက်များကို ပြန်လည်သုံးသပ်ခဲ့ကြောင်း၊ အဇာဘိုင်ဂျန်နှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအပေါ် အီရန် နိုင်ငံ၏မူဝါဒကို ရုရှားနိုင်ငံကထောက်ခံကြောင်း အီရန်နိုင်ငံ၏ တရားဝင် သတင်းဌာနတစ်ခုဖြစ်သည့် IRNA က ဖော်ပြခဲ့သည်။

အီရန်သမ္မတကလည်း ရုရှားနိုင်ငံနှင့် Comp­reh­ensive Strategic Partnership Agreement  လက်မှတ်ရေးထိုးရေးနှင့်ပတ်သက်၍ မူအားဖြင့်သဘောတူညီထားပြီး ဖြစ်သည်။ ယင်းမှာ ရုရှားလုံခြုံ ရေးကောင်စီအတွင်းရေးမှူး  Sergei Shoigu ၏ အီရန်ခရီးစဉ်အပြီးတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အလားတူ ရုရှားသမ္မတပူတင်ကလည်း အီရန်နိုင်ငံနှင့် Comprehensive Strategic Partnership Agreement လက်မှတ်ရေးထိုးရေးအပေါ် သဘောတူကြောင်း စက်တင်ဘာ (၁၉) ရက်တွင် ထုတ်ဖော် ပြောဆိုခဲ့သည်။ သဘောတူညီချက်ကို နှစ်နိုင်ငံ အဆင့်မြင့်ဆုံးပုဂ္ဂိုလ်များ လက်မှတ်ရေးထိုးကြမည် ဖြစ်ကြောင်းလည်း သတင်းများတွင်ဖော်ပြကြသည်။ Comprehensive Strategic Partnership Agreemen အဖြစ် လက်မှတ်ရေးထိုးကြမည့် ရည်ရွယ်ချက်မှာ ပြင်ပခြိမ်းခြောက်မှုများကို ကြံ့ကြံ့ခံနိုင်ရန် အတွက်သာမက အပြန်အလှန်လေးစားမှုနှင့် ပူး ပေါင်းဆောင်ရွက်မှုစိတ်ဓာတ် ရှင်သန်ဖွံ့ဖြိုးစေရန် အတွက်လည်း ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံအပေါ် ချမှတ်ထားသည့်ဒဏ်ခတ်ပိတ် ဆို့မှုများကိုလည်း အားပျော့စေနိုင်ကြောင်း အီရန် သမ္မတ မာဆော့ပါ ဇက်ရှ်ကီရမ်ကလည်း ထုတ်ဖော် ပြောဆိုထားသည်။ နှစ်နိုင်ငံကြားဆက်ဆံရေးသည် မဟာဗျူ ဟာမြောက်ဆက်ဆံရေးဖြစ်သည်ဟု သမ္မတပူတင်က မှတ်ယူကြောင်း အီရန်မီဒီယာများတွင်လည်း ဖော်ပြ ကြသည်။ (၂၀၂၄) ခုနှစ် အောက်တို ဘာလတွင် ရုရှားနိုင်ငံ၌ BRICS ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပမည်ဖြစ်ရာ သမ္မတပူတင် အနေ ဖြင့် အီရန်သမ္မတ မာဆော့ပါဇက်ရှ်ကီရမ်အား သီးသန့် လက်ခံတွေ့ဆုံမည်ဖြစ်သည်ဟုလည်း သမ္မတပူတင်က သတင်းစကားပါးထားသည်။ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုမှာ အီရန်သမ္မတ မာဆော့ပါဇက်ရှ်ကီရမ် လက်ထက်တွင် ပို၍တိုးတက်လာခဲ့သည်ဟု အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အာမက်ဒီယန်ကလည်း ထုတ်ဖော်ပြောဆိုထားသည်။  Comprehensive Strategic Partnership Agreement လက်မှတ်ရေးထိုးမည့်အချိန်ကို အတိအကျမပြောနိုင်သေးသော်လည်း အနာဂတ်တစ်ချိန်တွင် ရေးထိုးဖွယ်ရှိသည်ဟု နှစ်နိုင်ငံသတင်းမီဒီယာ များတွင်ဖော်ပြကြသည်။ သမ္မတပူတင်၏ သတင်းစ ကားမှာ မကြာသေးမီအချိန်အတွင်း နှစ်နိုင်ငံကြားတွင် ရှိခဲ့သည့် နားလည်မှု အလွဲများကို ပြန်လည်ပြုပြင်နိုင် ရေးအတွက် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ဖြစ် သည်ဟုလည်း Nour News သတင်းဝက်ဘ်ဆိုက်တစ်ခုတွင်လည်း သုံးသပ်ချက်ရေးသားထားသည်။ 

အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အာမက်ဒီယန်၏ ရုရှားခရီးစဉ်မှာ အီရန်နိုင်ငံ က ရုရှားနိုင်ငံကို တာတိုပစ်မစ်ဆိုင်းဒုံးကျည်များ ထောက်ပံ့ပေးခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အနောက် နိုင်ငံများ၏ ဖိအားပေးလာမှု နောက်ခံအကြောင်းတရားဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟုလည်း ယူဆ ချက်များ ရှိသည်။ အီရန်အမျိုးသား လေကြောင်းလိုင်းအပါ အဝင် လက်နက်တင်ပို့သည်ဟူသည့် သံသယဖြင့် အီရန်နှင့် ရုရှားနိုင်ငံအခြေစိုက် လူပုဂ္ဂိုလ် (၁၀) ဦးနှင့် အဖွဲ့အစည်းခြောက်ဦးတို့ကို အမေရိကန်အစိုးရက စက်တင်ဘာ (၁၀) ရက်နေ့တွင် ဒဏ်ခတ်ပိတ်ဆို့မှု များချမှတ်ခဲ့သည်။ ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံ တို့သည် အီရန်နိုင်ငံနှင့် နှစ်နိုင်ငံလေကြောင်းဝန် ဆောင်မှုလုပ်ငန်းများကို ဖျက်သိမ်းခဲ့ကြသည်။ နယ်သာလန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သည် ရုရှားနိုင်ငံသို့ မစ်ဆိုင်းဒုံးကျည်များ ပေးပို့သည်ဟုဆိုကာ ကန့်ကွက် မှုပြုလုပ်သည့်အနေဖြင့် အီရန်နိုင်ငံရှိ ၎င်းတို့၏ သံတမန်များကို စက်တင်ဘာ (၁၁) ရက်နေ့တွင် ပြန်လည် ရုပ်သိမ်းခဲ့ကြသည်။ အီရန်နိုင်ငံကလည်း အဆိုပါနိုင်ငံများ ၎င်းတို့၏သံတမန်များကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ 

ရုရှားနိုင်ငံကို မစ်ဆိုင်းဒုံးကျည်များ ထောက်ပံ့ပေးသည်ဟူသော စွပ်စွဲချက်နှင့်ပတ်သက်၍ အီရန် နိုင်ငံက အကြိမ်ကြိမ်ငြင်းဆိုထားပြီး အီရန်အပေါ် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ဝေဖန်ခဲ့ သည်။ ဒဏ်ခတ်ပိတ်ဆို့မှုများသည် အဖြေမဟုတ်ဘဲ ပြဿနာ၏အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်ဟု ထိပ်တန်းသံတမန်အချို့ကလည်း ထောက်ပြကြသည်။ ဗြိတိန်နိုင်ငံကလည်း ယူကရိန်းကို လက်နက်များ အကြိမ်ကြိမ်ထောက်ပံ့ပေးနေကြောင်း၊ အမေရိကန်နှင့် ဗြိတိန်တို့သည် စစ်ပွဲရှိသည့်နေရာတိုင်းတွင် တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ ပါဝင်ပတ်သက်နေကြသည်ဟု အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်  Nasser Kanaani  က လည်း ထောက်ပြခဲ့သည်။ 

အီရန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံကို မစ်ဆိုင်းဒုံး ကျည်များထောက်ပံ့ပေးရန် ဆုံးဖြတ်လိုက်ခြင်းမှာ (၂၀၂၂) ခုနှစ်နောက်ပိုင်း ရုရှားနိုင်ငံက ယူကရိန်း နိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းတွင် နှစ်နိုင်ငံ ကြား မမျှော်လင့်ထားသည့် ပူးပေါင်းဆောင်ရွက်မှု အဆင့်အထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ရိုက်တာသတင်းဌာန၏ လေ့လာချက်အရ အီရန်နိုင်ငံသည် မကြာသေးမီကပင် ရုရှားနိုင်ငံ ကို မြေပြင်မှမြေမြင်ပစ် (၄၀ဝ) မစ်ဆိုင်းဒုံးကျည်များ ထောက်ပံ့ပေးခဲ့သည်ဟုဆိုသည်။ အီရန်နိုင်ငံသည် ယခင်ကမူ အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ ဒဏ် ခတ်ပိတ်ဆို့မှုကိုစိုးရွံ့ပြီး ရုရှားနိုင်ငံကို မစ်ဆိုင်းဒုံး ကျည်များထောက်ပံ့ပေးရန် ချီတုံချတုံဖြစ်နေခဲ့သည်။ ဂါဇာစစ်ပွဲတွင်မူ အီရန်နိုင်ငံ၏ စဉ်းစားပုံအပေါ် သိ သိသာသာ အကျိုးသက်ရောက်စေခဲ့သည်။ အမေရိကန်နှင့်အီရန်တို့ကြား သဘောတူညီထားချက်မှာ လည်း (၂၀၂၃) ခုနှစ် အောက်တိုဘာလ (၇) ရက်တွင် အဆုံးသတ်သွားခဲ့သည်။ အဆိုပါသဘောတူညီ ချက်မှာ အီရန်နိုင်ငံဘက်က အဆင့်မြင့်ယူရေနီယံ သန့်စင်မှုကိုလျှော့ချပေးခဲ့ပြီး အမေရိကန်နိုင်ငံဘက် ကလည်း အီရန်နိုင်ငံ၏ ရေနံလုပ်ငန်းအပေါ် ဒဏ် ခတ်ပိတ်ဆို့ထားမှုကို ရုပ်သိမ်းပေးခဲ့ခြင်းဖြစ်သည်။ ဟားမတ်စ်တို့၏တိုက်ခိုက်မှုနှင့် အစ္စရေးတို့၏ လက်စားချေတုံ့ပြန်တိုက်ခိုက်မှုတို့ စတင်ဖြစ်ပွားချိန်က တည်းက အမေရိကန်နှင့် ဂါဇာ၊ ဆီးရီးယား၊ အီရတ် နှင့်ပင်လယ်နီရှိ အီရန်ကျောထောက် နောက်ခံပြု အဖွဲ့တို့ကြားတင်းမာမှုမှာလည်း မြင့်တက်လာခဲ့သည်။ 

ယခုအခါ ရုရှား-ယူကရိန်းစစ်ပွဲမှာလည်း တတိယနှစ်ထဲသို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ရုရှားအနေ ဖြင့် မစ်ဆိုင်းဒုံးကျည်များ လိုအပ်ကောင်း လိုအပ်နေမည်ဖြစ်သကဲ့သို့ အီရန်နိုင်ငံအနေဖြင့်လည်း နည်းပ ညာမြင့် ရုရှားလက်နက်များ လိုအပ်ကောင်း လိုအပ်ပါလိမ့်မည်။ သို့ဖြစ်ရာ ရုရှား-အီရန် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ အီရန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံကို လက်နက်မျိုးစုံ၊ ကျည်မျိုးစုံနှင့် မောင်းသူမဲ့ဒရုန်းယာဉ်များ ထောက်ပံ့မှုပေးနိုင်သည်။ ရုရှားနိုင်ငံအတွင်း အီရန် ဒရုန်းထုတ်စက်ရုံ တည်ထောင်ခြင်းမျိုးပင် ပြုလုပ်နိုင်သည်ဟု ခန့်မှန်းချက်များလည်းရှိသည်။ အီရန်နိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံထုတ် Su-(35) တိုက်လေယာဉ်များ၊ Mi-(28) တိုက်ခိုက်ရေး ရဟတ် ယာဉ်များ ရရှိနိုင်သည်။ ရုရှားတို့မှရရှိသည့် အဆင့် မြင့်လက်နက်များကို အီရန်ကျောထောက် နောက်ခံပြု အဖွဲ့များက အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့ များကိုတိုက်ခိုက်ရာတွင် အသုံးပြုနိုင်သည်ဟု တွက်ဆမှုများလည်းရှိသည်။ 

ရုရှား-အီရန် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး တိုးတက်နက်ရှိုင်းလာသည်မှာ ထင်သာမြင်သာရှိသည့် အချက်ပင်ဖြစ်သည်။ စီးပွားရေးတွင်လည်း ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးထား သည်များလည်းရှိသည်။ သို့သော် ရုရှား နှင့်အီရန်တို့သည် တရားဝင် မဟာမိတ်ဖွဲ့ခြင်းမျိုးအ ထိ မရောက်နိုင်ဟုသုံးသပ်ကြသည်။ လက်ရှိမိတ်ဖက်ဖြစ်မှုသည် နိုင်ငံတကာစင်မြင့်တွင် အပေးအယူပြု လုပ်နိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အချိန်မရွေး ကျိုးပျက်သွားနိုင်သည်ဟု ယူဆချက်များလည်းရှိသည်။ သမိုင်းကြောင်းအရလည်း ပုံမှန် မိတ်ဖက်ဖွဲ့ခြင်းမျိုးကို မတွေ့ခဲ့ရသေးပါ။ သို့သော် ယခုအခါ ဘုံတူညီသည့်အချက်မှာ အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို စုစည်းတွန်းလှန်လိုရင်း ဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံတို့ သည် နှစ်နိုင်ငံဆက်ဆံရေးအတွက် လမ်းပြမြေပုံအဖြစ် အချုပ် အခြာကို အပြန်အလှန် လေးစားရန်၊ ဗဟုဝင်ရိုးကမ္ဘာ့အထိုင်တစ်ခု အမြန်ပေါ်ပေါက်လာစေ ရေးပရိုမိုးရှင်းပြုလုပ်ရန်နှင့် အနောက်နိုင်ငံများ၏ တာဝန်မဲ့အပြုအမူများကို စုစည်းရင်ဆိုင်ရန်ဆိုသည့် အချက်များကို ထည့်သွင်း အသုံးပြုနိုင်ပါသည်။ ယင်းအချက်များကိုအသုံးချပြီး မိတ်ဖက်အဖြစ် အမှီသဟဲပြုပါက နှစ်နိုင်ငံ လိုအပ်ချက်များကိုလည်း အပြန်အလှန်ဖြည့်ဆည်းနိုင်ကြမည်ဟု သုံးသပ်ရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)

RECENT POSTS
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved