Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
၂ဝ၂၄-၂ဝ၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်များ

ရဲထက် (NSS) - အောက်တိုဘာ ၁၈

(၂၀၂၄-၂၀၂၅) ဘောလုံးရာသီရဲ့ ပရီးမီး ယားလိဂ်ပွဲစဉ်(၈)အထိ ရောက်ရှိလာချိန်မှာတော့ နိုင်ငံတကာပွဲ စဉ်တွေအပြီး ပြန်ကန်မယ့်ပွဲစဉ်တွေဖြစ် တာကြောင့် အသင်းကြီးတွေက ကစားသမားတွေအ နေနဲ့ ပွဲပန်းနေတာမျိုးတွေနဲ့ ရင်ဆိုင်ရလေ့ရှိတဲ့ ပွဲကျပ်ကာလတွေဖြစ်ပါတယ်။ လက်ရှိဇယားထိပ်ပိုင်း မှာတော့ လီဗာပူးလ်အသင်းက (၁)မှတ်အကွာနဲ့ ရယူ ထားပြီး မန်စီးတီးနဲ့အာဆင်နယ်အသင်းတို့က အနီး ကပ်ဖိအားပေးထားကာ အဆင့်(၂)နဲ့အဆင့်(၃) နေ ရာမှာ အသီးသီးရပ်တည်နေတာတွေ့ရပါတယ်။ အ ဆင့်(၄)နေရာမှာတော့ ချဲလ်ဆီးအသင်းကရယူထား ပြီး အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး(၄)သင်းနေရာမှာ အသင်းကြီးတွေကပဲ ဦးဆောင်ထားတာတွေ့ရပါ တယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်ကတော့ ပြောဖို့စောနေသေးပြီး ရမှတ်အနေအထားအရလည်း ကွာဟမှုအများကြီးမရှိသေးတာကြောင့် အကြိတ်အ နယ်ရှိတဲ့ပွဲစဉ်တွေကို ဆက်လက်စောင့်ကြည့်သွားရဖို့ရှိနေသေးတာလည်းဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ လည်း NP News ကနေ အမှတ်ပေး ဇယားရဲ့ ထိပ်ဆုံးမှာရပ်တည်နေတဲ့အသင်းကြီးတွေရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၈)အတွက် ခြေစွမ်းနဲ့ ဖြစ်နိုင် ခြေ သုံးသပ်ချက်တွေကို တင်ပြသွားမှာဖြစ်ပါတယ်။

လီဗာပူးလ်  Vs  ချဲလ်ဆီး

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

လီဗာပူးလ် ၄ - ၁ ချဲလ်ဆီး    (၂၅-၂-၂၀၂၄)

ချဲလ်ဆီး  ၁  - ၁  လီဗာပူးလ်  (၁၃-၈-၂၀၂၃)

ချဲလ်ဆီး ဝ - ဝ လီဗာပူးလ်  (၅-၄-၂၀၂၃)

The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်

လီဗာပူးလ် ၂ - ၂ ချဲလ်ဆီး

လီဗာပူးလ် ၂ - ၃  ချဲလ်ဆီး

ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက နှစ် သင်းလုံးအတွက် ရလဒ်ပိုင်းမှာ အပြောင်းအလဲများစွာဖြစ်လာနိုင်တဲ့ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ်ပွဲ စဉ်(၇)အပြီး ဇယားထိပ်ဆုံးနေရာမှာ မန်စီးတီးနဲ့ အာ ဆင်နယ်အသင်းကို ရမှတ်တစ်မှတ်ပဲဖြတ်ထားနိုင်ချိန် မှာ ချဲလ်ဆီးလို ကစားသမားအင်အားတောင့်တင်းတဲ့ အသင်းမျိုးနဲ့ရင်ဆိုင်ရမှာက လီဗာပူးလ်အသင်းအ တွက် ကံကောင်းမှုတစ်ခုမဟုတ်တာတော့ သေချာနေ ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့လည်း လီဗာပူးလ် အသင်းကစပြီး နောက်လာမယ့်ပွဲစဉ်တွေမှာ မန်ယူအသင်းနဲ့နယူးကာဆယ်အသင်းတွေကို ရင်ဆိုင်က စားရမှာဖြစ်သလို အာဆင်နယ်အသင်းကိုပါ ရင်ဆိုင် ရဖို့ရှိနေတာကြောင့် လီဗာပူးလ်အသင်းကိုသာရှုံးနိမ့် သွားခဲ့ရင် နောက်ပိုင်းပွဲစဉ်တွေမှာ အသင်းအတွက် ရိုက်ခတ်မှုကြီးမားလာနိုင်တာကြောင့် နှစ်သင်းလုံးအ တွက် အရေးကြီးတဲ့ပွဲစဉ်ဖြစ်ပါတယ်။ ရလဒ်ပိုင်းအရ ကြည့်ရင်တော့ လီဗာပူးလ်အသင်းက ပွဲစဉ်(၇)ပြီးဆုံး ချိန်မှာ ရဂိုး(၁၃)ဂိုးသွင်းယူထားပြီး ပေးဂိုးအနေနဲ့(၁) ဂိုးသာပေးထားရတဲ့ခြေစွမ်းက တကယ် ကောင်းတယ် လို့ပြောလို့ရပါတယ်။ ချဲလ်ဆီးအသင်းကတော့ ပွဲစဉ် (၇)ပွဲကစားပြီးချိန်မှာ ရဂိုး(၁၆)ဂိုးရယူနိုင်ခဲ့ပြီး ပေးဂိုး အနေနဲ့ကတော့ (၆)ဂိုးအထိ ပေးထားရပါတယ်။ လီဗာပူးလ်အသင်းနိုင်ခဲ့ရင်တော့ ပရီးမီးယားလိဂ် ချန် ပီယံဆုအတွက် ရမှတ်ပိုဖြတ်ထားနိုင်ပြီး ဇယားထိပ်မှာရပ်တည်နိုင်မှာဖြစ်သလို ချဲလ်ဆီးအသင်းအနိုင်ရခဲ့ ရင်တော့ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာကို ရရှိနိုင်ဖွယ်ရှိပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ပွဲစဉ်ကို ခန့်မှန်းရရင် နိုင်ငံတကာပွဲစဉ်တွေ ကန်ထားရတာ ကြောင့် နှစ်ဖက်အသင်းက ကစားသမားတွေအနေနဲ့ ပွဲပန်းနေတာကိုလည်း သတိထားဖို့လိုအပ်မှာဖြစ်ပါ တယ်။ လီဗာပူးလ်အသင်းက တိုက်စစ်နဲ့ကွင်းလယ် ချိတ်ဆက်မှုတွေအပြင် နောက်တန်းမှာလည်း ပေးဂိုး အနည်းဆုံးဖြစ်တာကြောင့် နိုင်ပွဲရဖို့ပိုမျှော်လင့်ချင် စရာကောင်းပါတယ်။ ဒါပေမဲ့ တိုက်စစ်မှာ (၁၆)ဂိုး အထိသွင်းထားတဲ့ ချဲလ်ဆီးအသင်းရဲ့တိုက်စစ်ပိုင်းကိုတော့ လျှော့မတွက်သင့်တဲ့အနေအထားဖြစ်ပါ တယ်။ ဒါကြောင့် ဒီပွဲစဉ်က သရေကျဖို့များပြီးနိုင်မယ် ဆိုရင် လီဗာပူးလ်အသင်းက နိုင်ပါမယ်။ အပြန်အလှန် သွင်းဂိုးမြင်ရနိုင်ပေမယ့် ဂိုးတော့ မပြတ်နိုင်ပါဘူး။ 

ဝုဗ်   Vs မန်စီးတီး

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

မန်စီးတီး  ၅ - ၁  ဝုဗ် (၄-၅-၂၀၂၄)

ဝုဗ်  ၂ - ၁  မန်စီးတီး  (၃၀-၈-၂၀၂၃)

မန်စီးတီး  ၁ - ဝ  ဝုဗ်  (၂၂-၁-၂၀၂၃)

The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်

ဝုဗ်  ဝ - ၂   မန်စီးတီး

ဝုဗ်  ၃ - ဝ  မန်စီးတီး

မန်စီးတီးအသင်းကတော့ ဒီနှစ်မှာလည်း ပုံမှန်အတိုင်း အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာနဲ့အ နီးမှာ ရပ်တည်နေပြီး ရာသီအစပွဲစဉ်တွေမှာ ခြေစွမ်း ကို ထင်ထင်ရှားရှား မပြသေးတဲ့အနေအထားမျိုးဖြစ် ပါတယ်။ ဒါကပဲ မန်စီးတီးအသင်းရဲ့ ထုံးစံတစ်ခုဖြစ် သလို ရာသီဝက်ထဲဝင်လာပြီဆိုတော့ မန်စီးတီးအသင်း က တစ်ပွဲထက်တစ်ပွဲအမှားမခံတော့ဘဲ တည်တည် ငြိမ်ငြိမ်နဲ့ အမှတ်ပေးချန်ပီယံဆုကို ရယူလာခဲ့တာဟာ လေးနှစ်ဆက်တိုက်ရှိပြီဖြစ်ပါတယ်။ ဒီနှစ်မှာသာ ဆက်ရခဲ့ရင် ငါးနှစ်ဆက်တိုက် ချန်ပီယံဆုကိုရယူပြီး သမိုင်းသစ်တင်နိုင်မှာလည်းဖြစ်ပါတယ်။ မန်စီးတီးအ သင်းက ပွဲစဉ်(၇)ပြီးဆုံးချိန်မှာ ရမှတ်(၁၇)မှတ်ရရှိ ထားပြီး လီဗာပူးလ်အသင်းနဲ့ ရမှတ်(၁)မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။ တိုက်စစ်က သွင်းဂိုးစုစု ပေါင်း(၁၇)ဂိုးသွင်းယူထားပြီး ခံစစ်မှာ ပေးဂိုး(၈)ဂိုး အထိ ခွင့်ပြုထားရပါတယ်။ ဒါဟာ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ထက် ပေးဂိုးပိုများတဲ့အနေအ ထားဖြစ်ပါတယ်။ လက်ရှိ မန်စီးတီးအသင်းက ခြေ စွမ်းပိုင်းအရပြောစရာမရှိပေမယ့် အသင်းရဲ့ အရန်လူ စာရင်းမှာတော့ အနည်းငယ် လိုအပ်ချက်တွေရှိနေပါ တယ်။ တိုက်စစ်ပိုင်းမှာ ဟာလန်းဂိုးမရရင် သွင်းဂိုး တွေရဖို့ခက်ခဲနေတတ်ပြီး အဓိက ကစားသမားတွေမ ပါဝင်လာခဲ့ရင် ခြေစွမ်းက မတည်မငြိမ်ဖြစ်လာတာကို တွေ့ရပါတယ်။  ဒါပေမဲ့ နည်းပြ ဂွာဒီယိုလာရှိတာက မန်စီးတီးအသင်းရဲ့ အသက်သွေးကြောဖြစ်ပြီး ပွဲစဉ် တိုင်းကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အနိုင်ကန်ဖို့လည်းရှိ နေတာဖြစ်ပါတယ်။ ဝုဗ်နဲ့တွေ့တဲ့ပွဲစဉ်က နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ ပြန်ကန်ရတဲ့ပွဲဖြစ်ပေမယ့် မန်စီး တီးအသင်းကပဲ အနိုင်သုံးမှတ်ရယူသွားဖို့ရှိနေပါ တယ်။ ဝုဗ်အသင်းက ဒီနှစ်မှာ အမှတ်ပေးဇယားရဲ့ အောက်ဆုံးနေရာရဲ့အောက်ဆုံးအထိကျဆင်းနေပြီး တန်းမဆင်းရဖို့အတွက်လည်း ရုန်းကန်ရဖို့ရှိနေ တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်သင်းရဲ့ပွဲစဉ်က မန်စီး တီးအသင်းက အဝေးကွင်းကန်ရမှာဖြစ်ပေမယ့် သေ ချာပေါက် ဂိုးပြတ်နိုင်မယ့်ပွဲစဉ်ဖြစ်ပါတယ်။

မန်ယူ  Vs  ဘရန်းဖို့ဒ်

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

ဘရန်းဖို့ဒ်   ဝ - ၄ မန်ယူ  (၃၁-၃-၂၀၂၄)

မန်ယူ  ၅ - ၁   ဘရန်းဖို့ဒ်   (၇-၁၀-၂၀၂၃)

မန်ယူ  ၁  - ဝ   ဘရန်းဖို့ဒ်   (၆-၄-၂၀၂၃)

The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်

မန်ယူ ၂ - ၃ ဘရန်းဖို့ဒ်

မန်ယူ ၁ - ၂  ဘရန်းဖို့ဒ်

မန်ယူအသင်းကတော့ ခြေစွမ်းပိုင်းမှာ သိ သိသာသာကျဆင်းနေသလို ကစားသမားတွေရဲ့ စိတ် ဓာတ်ပိုင်းဆိုင်ရာအပြင် နည်းပြနဲ့ ကစားသမားတွေရဲ့ တစ်ယောက်နဲ့တစ်ယောက် အပြစ်ပုံချမှုတွေကိုသာ မြင်တွေ့လာရပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၇)အပြီး မှာ မန်ယူအသင်းဟာ ရမှတ်(၈)ပဲရရှိထားပြီး အဆင့် (၁၄)အထိရောက်ရှိနေတာက တော်တော်အခြေအ နေဆိုးပါတယ်။ မနှစ်ကပုံမှန်ခြေစွမ်းထက် ဒီနှစ် လူသစ်တွေခေါ်ယူပြီးချိန်မှာတော့ ပိုဆိုးတဲ့စွမ်းဆောင် ရည်အပြင် နိုင်ပွဲမရမှု ၊ သွင်းဂိုးတွေရဖို့ ရုန်း ကန်ရမှု တွေဟာ မန်ယူအသင်းရဲ့ အဓိကထိုးနှက် ချက်တွေပဲ ဖြစ်ပါတယ်။ ဘရန်းဖို့ဒ်အသင်းကလည်း အသင်းကြီး တွေကို ဒုက္ခပေးနိုင်လောက်တဲ့အထိ ခြိမ်းခြောက်နိုင် နေတဲ့အသင်းဖြစ်တဲ့အပြင် အမှတ်ပေးဇယားမှာ လည်း မန်ယူအသင်းထက် ရမှတ်ပိုကောင်းနေတဲ့ အသင်းဖြစ်တာကြောင့် ဒီပွဲစဉ်ကလည်း မန်ယူအ သင်းအတွက် လွယ်ကူနေမှာမဟုတ်တာ သေချာပါ တယ်။ နှစ်သင်းလုံးရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ မန်ယူအသင်းက အနည်းငယ်ပိုကောင်းတယ်လို့ ပြော လို့ရပါတယ်။ ရလဒ်ပိုင်းအနေနဲ့ခန့်မှန်းရရင်တော့ မန်ယူအသင်းက အက်စတွန်ဗီလာအသင်းကို ရင် ဆိုင်ကစားခဲ့တဲ့ခြေစွမ်းအရ သရေကျတယ်ဆိုပေမယ့် ပိုကောင်းလာတာကြောင့် ဒီနှစ်သင်းရဲ့ပွဲစဉ်က သရေ ထက် အပြန်အလှန်သွင်းဂိုးတွေကိုမြင်တွေ့ရဖို့ရှိနေ သလို မန်ယူအသင်းက မဖြစ်မနေအနိုင်ကန်ရဖို့ရှိ နေတာကြောင့် ဒီပွဲစဉ်က မန်ယူအသင်း နိုင်ဖို့များပါ တယ်။ ဂိုးတော့ မပြတ်ပါဘူး။

ဘုန်းမောက်စ်    Vs  အာဆင်နယ်

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

အာဆင်နယ် ၃ - ဝ ဘုန်းမောက်စ် (၄-၅-၂၀၂၄)

ဘုန်းမောက်စ် ဝ - ၄ အာဆင်နယ်(၃၀-၉-၂၀ ၂၃)

အာဆင်နယ် ၃ - ၂ ဘုန်းမောက်စ်  (၃-၄-၂၀ ၂၃)

The Statesman  အကြိုက် ပွဲကြိုသုံးသပ်ချက်

ဘုန်းမောက်စ်   ၁ - ၃   အာဆင်နယ်

ဘုန်းမောက်စ်   ၁ - ၂   အာဆင်နယ်

အာဆင်နယ်အသင်းက ပရီးယားလိဂ်ပွဲ စဉ်(၇)ပြီးဆုံးချိန်မှာ မန်စီးတီးအသင်းနဲ့အတူရမှတ် (၁၇) မှတ်ရရှိထားပြီး ချန်ပီယံဆုအတွက် အကောင်း ဆုံးတိုက်ပွဲဝင်နေတဲ့အသင်းဖြစ်ပါတယ်။ ခြေစွမ်းပိုင်း အရကြည့်ရင်  ပွဲစဉ်(၇)ပွဲကစားပြီးချိန်မှာ နိုင်ပွဲ(၅) ပွဲရရှိထားပြီး သရေနှစ်ပွဲကျထားပါတယ်။ သွင်းဂိုး အနေနဲ့ကတော့ တိုက်စစ်ပိုင်းမှာ သွင်းဂိုး(၁၅)ဂိုးသွင်း ယူထားပြီး ခံစစ်ပိုင်းမှာတော့ ပေးဂိုး(၆)ဂိုးပေးထားရတာဖြစ်ပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းရဲ့ကွင်း လယ်မှာ အိုဒီဂတ်မပါဝင်သေးတာကြောင့် ဖန်းတီးမှု အပိုင်းမှာ ထင်ထားတာထက်ပိုပြီးလိုအပ်ချက်တွေရှိနေသလို သွင်းဂိုးတွေရဖို့ဆိုရင်လည်း ဒုတိယပိုင်း မိနစ်(၇၀)နောက်ပိုင်းမှသာ အကြိတ်အနယ် သွင်းယူ နေရတဲ့အထိ ကြုံတွေ့နေရတာဖြစ်ပါတယ်။ နောက် တန်းခံစစ်မှာတော့ ပြောစရာမလိုအောင်ကောင်းမွန်နေတာဖြစ်ပြီး ဆလီဘာ၊ဂါဘရီရယ်နဲ့ တင့်ဘားတို့ရဲ့ အတွဲအဖက်က အထူးခြေစွမ်းပြနေပါတယ်။ ဘုန်း မောက်စ် အသင်းကတော့ ကစားပုံအရမ်းကြီးမကောင်း သလို ခံစစ်ပိုင်းမှာလည်း အားနည်းချက်များစွာရှိနေတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာပွဲစဉ်တွေ အပြီးမှာပြန်ကန်တဲ့ပွဲစဉ်တွေဖြစ်တာကြောင့် အာဆင် နယ်အသင်းရဲ့ ခြေစွမ်းကို အရမ်းယုံကြည့်လို့မရသေး တာလည်းဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ တော့ အာဆင်နယ်အသင်းက အသာရထားတဲ့အတွက် ဒီပွဲစဉ်ကလည်း အာဆင်နယ်အသင်းက အဝေးကွင်း မှာ ဂိုးမပြတ်ဘဲ အနိုင်(၃)မှတ်ရယူသွားနိုင်ပါတယ်။ 

စပါးစ်  Vs   ဝက်စ်ဟမ်း

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

ဝက်စ်ဟမ်း  ၁ - ၁ စပါးစ်  (၃-၄-၂၀၂၄)

စပါးစ်  ၁ - ၂  ဝက်စ်ဟမ်း (၁၂-၈-၂၀၂၃)

နယူးကာဆယ် ၆ - ၁ စပါးစ်  (၁၈-၆-၂၀၂၃)

The Statesman  အကြိုက် ပွဲကြိုသုံးသပ်ချက်

စပါးစ် ၂ - ၂ ဝက်စ်ဟမ်း

စပါးစ် ၃ - ၁  ဝက်စ်ဟမ်း

စပါးစ်အသင်းရဲ့ခြေစွမ်းက ဒီရာသီမှာ အရမ်းကြီးလည်းမကောင်းသလို အရမ်းလည်းညံ့ မနေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စပါးစ်အသင်း အနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၇)ပွဲကစားပြီးချိန်မှာ (၃)ပွဲသာ အနိုင်ရရှိထားပြီး (၃)ပွဲသရေကျထားကာ (၁)ပွဲသရေကျပြီး ရမှတ်(၁၀)သာရရှိထားတာကိုတွေ့ ရပါတယ်။ ဒါကိုကြည့်ရင် စပါးစ်အသင်းအနေနဲ့ ဒီနှစ် မှာလည်း ခြေစွမ်းပိုင်းမှာ အလယ်အလတ်မျှသာရှိနေ သေးပြီး နည်းပြအပြောင်းအလဲကြောင့်လည်း ဘာ မှအဆင်ပြေလာတယ်လို့ ပြောလို့မရသေးတာဖြစ်ပါ တယ်။ ဝက်စ်ဟမ်းအသင်းကလည်း စပါးစ်အသင်းနဲ့ အရမ်းကြီး ခြေစွမ်းပိုင်းကွာဟမှုမရှိတာကိုတွေ့ရပြီး ဒီနှစ်မှာ ခြေစွမ်းက ပုံမှန်ထက်မပိုတဲ့ ကစားဟန်တစ် ခုကိုသာပြထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် လန် ဒန် ဒါဘီပွဲစဉ်တစ်ပွဲဖြစ်တာကြောင့်လည်း ဒီပွဲစဉ်က ထင် ထားတာထက်ပိုကြည့်ကောင်းမှာဖြစ်ပြီး ပြိုင်ဆိုင်မှု အရလည်း ပြင်းထန်လာဖို့ရှိပါတယ်။ ဒါကြောင့် ဒီနှစ် သင်းရဲ့ပွဲစဉ်က သရေကျဖို့များပြီး အပြန်အ လှန်သွင်း ဂိုးတွေကို မြင်တွေ့ရဖို့ရှိနေသလို နိုင်မယ်ဆိုရင်တော့ အိမ်ကွင်းအားသာချက်ရှိတဲ့ စပါးစ်အသင်းကပဲ နိုင်ပွဲရဖို့များပါတယ်။

၁၉ - ၁၀ -၂၀၂၄ (စနေနေ့ညပိုင်း)

ည(၆းဝဝ)    စပါးစ် Vs  ဝက်စ်ဟမ်း

ည(၈း၃၀)  မန်ယူ Vs ဘရန်းဖို့ဒ်

ည(၈း၃၀) ဘုန်းမောက်စ် Vs  အာဆင်နယ်

၂၀-၁၀-၂၀၂၄ (တနင်္ဂနွေနေ့ညပိုင်း)

ည(ရး၃၀)   ဝုဗ် Vs  မန်စီးတီး

ည(၁၀းဝဝ)  လီဗာပူးလ်  Vs  ချဲလ်ဆီး


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘရာဇီးအမျိုးသားတစ်ဦးက Sao Paolo မြို့၌ နှစ်(၂၀)ကျော်အတွင်း သစ်ပင်ပေါင်း(၄)သောင်းကျော်စိုက်ပျိုးခဲ့ပြီး ပန်းခြံတစ်ခုဖန်တီး

RECENT POSTS
ဘရာဇီးအမျိုးသားတစ်ဦးက Sao Paolo မြို့၌ နှစ်(၂၀)ကျော်အတွင်း သစ်ပင်ပေါင်း(၄)သောင်းကျော်စိုက်ပျိုးခဲ့ပြီး ပန်းခြံတစ်ခုဖန်တီး
18 Oct 2024
၂ဝ၂၄-၂ဝ၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်များ
18 Oct 2024
ကျန်းမာရေးဝန်ဆောင်မှုတိုက်ခိုက်ခံရခြင်းက မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်အပေါ် ကြီးမားသော သက်ရောက်မှုများဖြစ်စေခဲ့ဟုဆို
18 Oct 2024
ဆိုင်ကယ်ဆီထည့်ရန် တစ်ဖက်လမ်းသို့ ဖြတ်ကူးရာမှ တွဲကားနှင့် တိုက်မိသည့်အတွက် (၂)ဦးသေဆုံးပြီး (၁)ဦးပြင်းထန်ဒဏ်ရာရရှိမှု ဝမ်းတွင်းမြို့၌ ဖြစ်ပွား
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
16 Oct 2024
ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား စစ်တပ်မှာအမှုထမ်းဖို့ လူငယ်(၁)သန်းကျော် စာရင်းပေးခဲ့ဟုဆို
16 Oct 2024
လူမှုကွန်ရက် TikTok ကို အများဆုံးအသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်း သွေးဆောင်သူ ပွဲစားများ ပေါ်ပေါက်နေ
16 Oct 2024
အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်
16 Oct 2024
စက်သုံးဆီကို စမတ်ကတ်ဖြင့်ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်
16 Oct 2024
သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းကလေးငယ်တွေအတွက် ဝမ်သန်း(၁၀ဝ) လှူဒါန်းခဲ့တဲ့ ကင်ယိုဂျန်
16 Oct 2024
ခေတ်ကာလနှင့် သတင်းသမားများ ဘဝ
16 Oct 2024
Emoji ဒရုန်းပြပွဲ ဖန်တီးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့သည့် ကင်ဆာရောဂါသည် ဗြိတိန်အမျိုးသား
16 Oct 2024
NUG ကိုဖယ်ထုတ်ပြီး လက်နက်ကိုင်များ တပ်ပေါင်းစု စုဖွဲ့ကြရန်ဆိုသော အမြင်တစ်ခု တော်လှန်ရေးအင်အားစုများအကြား ပေါ်ပေါက်နေ
16 Oct 2024
ရန်ကုန်-ဒလတံတားစီမံကိန်း သတ်မှတ်ကာလအတွင်း မပြီးစီးရခြင်းမှာ တောင်ကိုရီးယားနှင့် တရုတ်ကုမ္ပဏီတို့ကြောင့် ဖြစ်နေ
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမှုကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရသတင်းထုတ်ပြန်
16 Oct 2024
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန်တွေမြင့်တက်လာတာနဲ့ပတ်သက်ပြီး ဂျပန်အစိုးရသတိပေး
16 Oct 2024
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီး(၂)ဦးပွဲချင်းပြီး သေဆုံး
16 Oct 2024
“ ဝ ” ဒေသသည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် လွတ်မြောက်နေလျက်ရှိပြီး ပြည်ထောင်စု စိတ်ဓာတ်ရှိရန် တိုက်တွန်းမှုများရှိနေ
16 Oct 2024
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ မိတ်ဖက်နိုင်ငံများအတွက် သတိ ပေးချက်တစ်ခုကို အီရန်ထုတ်ပြန်
16 Oct 2024
လင်မယားစကားများရန်ဖြစ်ရာမှ ဖခင်က ဇနီးနှင့် သမီးဖြစ်သူကို ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား
16 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved