Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စက်သုံးဆီကို စမတ်ကတ်ဖြင့်ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်

ယွန်း (NSS) - အောက်တိုဘာ ၁၆

စက်သုံးဆီကို စမတ်ကတ်ဖြင့်‌ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NSS ကိုပြောသည်။


နိုင်ငံတော်အနေဖြင့် ပြည်သူများ သုံးစွဲနိုင်ရန်အတွက် လစဉ် စက်သုံးဆီကို လုံလောက်သည့် ပမာဏဖြင့် တင်သွင်းနေသော်လည်း မှောင်ခိုဈေးကွက်မှ တစ်ဆင့် စက်သုံးဆီရောင်းချသည့် ဆီဆိုင်များနှင့် စက်သုံးဆီကို အကြိမ်ကြိမ် တန်းစီဝယ်ယူနေသူများကြောင့် အမှန်တကယ်ဝယ်ယူ သုံးစွဲသူများတွင် နစ်နာမှုများရှိနေကြောင်း သိရသည်။

“ စက်သုံးဆီကို နိုင်ငံတော်အနေနဲ့ ပေါပေါများများကြီးတော့ မတင်သွင်းနိုင်ဘူး။ ဒါပေမဲ့ လုံလုံ လောက်လောက်သုံးနိုင်အောင် တွက်ချက်ပြီးတော့ ဘယ်လောက်လိုသလဲ လိုတဲ့ဟာကို တင်သွင်းပြီး တော့ ရောင်းချပေးတယ်။ အလျှံပယ်တော့မဟုတ်ဘူး။ ဒါပေမဲ့ တချို့ဆီဆိုင်တွေက သူတို့ရတဲ့ဆီကို ဆိုင် မှာအကုန်မရောင်းဘဲ တိုက်ရိုက်မရောင်းဘဲနဲ့ မှောင်ခိုဈေးကွက်မှာ ထုတ်ပြီးရောင်းတာတွေရှိလာတယ်။ အဲဒီတော့ တစ်ဖက်က ဆီမလုံလောက်ဘူး။ အခက်အခဲတွေဖြစ်တယ်။ ရိုးရိုးသားသားလုပ်နေတဲ့ဆိုင်တွေ ရှိသလို၊ မရိုးမသားနဲ့လုပ်နေတဲ့ ဆီဆိုင်တွေလည်း ရှိတယ်။ နောက်တစ်ခုက ဒေါ်လာဈေးတွေနဲ့ စက်သုံး ဆီကို စီစဉ်ရတာအခက်အခဲရှိနေတဲ့အချိန်မှာ ရံဖန်ရံခါချွေတာပြီးပေးရတယ်ဆိုရင် ကားတွေက အကြိမ် ကြိမ်အခါခါ ပြန်တန်းစီပြီးတော့ ဆီထုတ်ရောင်းစားတဲ့ ကားအုပ်စုကလည်း ပေါ်လာတယ်။ အဲဒီတော့ ပုံမှန် စက်သုံးဆီသုံးစွဲသူတွေအနေနဲ့ နိုင်ငံတော်ကပေးတဲ့ အခွင့်အရေးကို မှန်မှန်ကန်ကန် မခံစားရတော့ ဘူး ” ဟု မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူကပြောသည်။

ထို့ကြောင့် တရားမဝင်မှောင်ခိုဈေးကွက်မှတစ်ဆင့် ဆီထုတ်ရောင်းချမှုကို ထိန်းကျောင်းနိုင်ရန် ရည်ရွယ်၍ အထက်ပါကဲ့သို့ စက်သုံးဆီကို စမတ်ကတ်ဖြင့် ရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ထိုသို့ ရောင်းချရာတွင် ရောင်းချပေးမည့်ပမာဏကို ကန့်သတ်ထားခြင်းမျိုးမရှိဘဲ လိုသလောက် ပမာဏအတိုင်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ စမတ်ကတ်လုပ်လိုက်ရင် ဆီဆိုင်တွေကလည်း သူတို့သဘောနဲ့သူတို့ရောင်းလို့မရတော့ဘူး။ ယာဉ် ပိုင်ရှင်တွေကနေ စမတ်ကတ်နဲ့လာဝယ်တဲ့ အ‌ထောက်အထားတွေရှိမှ ရောင်းရမှာဆိုတော့ ဆီဆိုင် တွေကို ထိန်းလို့ရသွားမယ်။ နောက်တစ်ခုက ဆီကို အကြိမ်ကြိမ်ထုတ်တဲ့ကားတွေကိုလည်း ဘယ်၍ ဘယ်မျှပဲထုတ်ရမယ်လို့ မကန့်သတ်ပါဘူး။ အားလုံးကို အလွယ်တကူနဲ့ ဆီပေးထုတ်ထားမယ်။ ဒါပေမဲ့ ကားအမျိုးအစားအလိုက် ကုန်ကျနိုင်သော ဆီပမာဏခန့်မှန်းခြေတွက်ချက်မှုတော့ မှန်းထားတယ်။ အဲဒီအခါမှာ များလာပြီဆိုတဲ့ကားတွေ ကျရင်တော့ ဘာကြောင့်များတာလဲဆိုတာကို မေးမြန်းမှာပေါ့။ ဒီကားက တစ်နေ့ကို(၂)ဂါလန်နဲ့ တစ်လကို ဂါလန်(၆၀)ပဲကုန်ရမှာ တစ်နေ့ကို(၄)ဂါလန်လောက် ထုတ် တယ်ဆိုရင်တော့ သဘာဝ မကျတော့ဘူးလေ။ တစ်လကိုဂါလန်(၆၀)လောက်ကုန်ရမှာကို တစ်လ ဂါလန်(၂၀ဝ)ကုန်ရင်တော့ မှတ်တမ်းတောင်းမယ်။ ဒီလိုလုပ်လိုက်ရင်တော့ တရားမဝင်ဆီထုတ်ရောင်း စားတဲ့ ဆီဆိုင်တွေကို ထိန်းကျောင်းနိုင်မယ်။ ပြီးရင် မှန်မှန်ကန်ကန်ဆီသုံးလိုတဲ့သူတွေမှာ ကောင်းတဲ့ အကျိုးတွေရမယ်လို့မြင်ပါတယ်။ ဒါကိုရည်ရွယ်ပြီး ‌ဆောင်ရွက်တာပါ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အဆိုပါစနစ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် မူဝါဒပိုင်းဆိုင်ရာများ၌ ညှိနှိုင်းမှုများရှိနေပြီး စက်သုံးဆီရောင်းချပေးရေးနှင့် စမတ်ကတ်ထုတ်ပေးရေးအတွက် မူဝါဒပိုင်း ဆိုင်ရာများကို သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ တင်ပြထားကြောင်း သိရသည်။ “ အခုကလုပ်တာ တော့ လုပ်နေတယ်။ တချို့ကိစ္စလေး‌တွေပေါ့ မူဝါဒပိုင်းလေးတွေ နည်းနည်းတော့ ညှိနှိုင်းနေရတာ မျိုးတွေရှိတယ်။ ဆီဆိုင်တွေမှာ ဆီရောင်းပေးနေရတာက ကားတွေ၊ ဆိုင်ကယ်တွေပေါ့။ အဲဒါတွေအပြင် အိမ်သုံးမီးစက်တွေ၊ စာသင်ကျောင်းမှာရှိတဲ့မီးစက်တွေ၊ လယ်ယာ သုံးထွန်စက်တွေ ကဏ္ဍပေါင်းများစွာ ကိုရောင်းပေး နေရတယ်။ တချို့ကျတော့လည်း ကညန မှတ်ပုံတင် ထားတဲ့ယာဉ်တွေကိုသာ စမတ်ကတ် ထုတ်ပေးသင့်တယ်။ မှတ်ပုံတင်မရှိတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ လည်းရှိတယ်။ ဒါတွေကိုတော့ စမတ် ကတ် ထုတ်မပေးဘူး၊ ဆီ ရောင်းမပေးဘူးဆိုတာတော့မဖြစ်သင့်ဘူး။ ဒါတွေကိုလည်း စဉ်းစားပြီးတော့ ဆီရောင်းပေးနိုင်အောင်၊ စမတ်ကတ်ထုတ်ပေးနိုင်အောင် မူဝါဒ ပိုင်းဆိုင်ရာတွေကို သက်ဆိုင်ရာလူကြီး တွေဆီကို တင်ပြထားတယ်။ လိုင်စင်မရှိတဲ့သူတွေကို ဆီရောင်း ပေးတယ်ဆိုရင် တရားဝင်ယာဉ်အဖြစ် အသိအမှတ်ပြုတာများဖြစ်သွားမလားဆိုတာလည်း ရှိတယ် ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ယခု (၂၀၂၄) ခုနှစ်တွင် စက်သုံးဆီပြတ်လပ်မှုများ မကြာခဏဖြစ်ပေါ်ခဲ့ရာ စက်သုံးဆီတန်းစီ ဝယ်ယူမှုများအပြင် နေရာရောင်းချခြင်းနှင့် မှောင်ခို‌ရောင်းသည့် ဈေးကွက်များလည်း ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံ၏ စက်သုံးဆီတင်သွင်းသုံးစွဲမှုအရ တစ်လလျှင် အမေရိကန်ဒေါ်လာ သန်း(၄၀ဝ)ခန့် တင်သွင်း သုံးစွဲနေရကြောင်း သိရသည်။    

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်

RECENT POSTS
ကျန်းမာရေးဝန်ဆောင်မှုတိုက်ခိုက်ခံရခြင်းက မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်အပေါ် ကြီးမားသော သက်ရောက်မှုများဖြစ်စေခဲ့ဟုဆို
18 Oct 2024
ဆိုင်ကယ်ဆီထည့်ရန် တစ်ဖက်လမ်းသို့ ဖြတ်ကူးရာမှ တွဲကားနှင့် တိုက်မိသည့်အတွက် (၂)ဦးသေဆုံးပြီး (၁)ဦးပြင်းထန်ဒဏ်ရာရရှိမှု ဝမ်းတွင်းမြို့၌ ဖြစ်ပွား
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
16 Oct 2024
ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား စစ်တပ်မှာအမှုထမ်းဖို့ လူငယ်(၁)သန်းကျော် စာရင်းပေးခဲ့ဟုဆို
16 Oct 2024
လူမှုကွန်ရက် TikTok ကို အများဆုံးအသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်း သွေးဆောင်သူ ပွဲစားများ ပေါ်ပေါက်နေ
16 Oct 2024
အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်
16 Oct 2024
စက်သုံးဆီကို စမတ်ကတ်ဖြင့်ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်
16 Oct 2024
သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းကလေးငယ်တွေအတွက် ဝမ်သန်း(၁၀ဝ) လှူဒါန်းခဲ့တဲ့ ကင်ယိုဂျန်
16 Oct 2024
ခေတ်ကာလနှင့် သတင်းသမားများ ဘဝ
16 Oct 2024
Emoji ဒရုန်းပြပွဲ ဖန်တီးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့သည့် ကင်ဆာရောဂါသည် ဗြိတိန်အမျိုးသား
16 Oct 2024
NUG ကိုဖယ်ထုတ်ပြီး လက်နက်ကိုင်များ တပ်ပေါင်းစု စုဖွဲ့ကြရန်ဆိုသော အမြင်တစ်ခု တော်လှန်ရေးအင်အားစုများအကြား ပေါ်ပေါက်နေ
16 Oct 2024
ရန်ကုန်-ဒလတံတားစီမံကိန်း သတ်မှတ်ကာလအတွင်း မပြီးစီးရခြင်းမှာ တောင်ကိုရီးယားနှင့် တရုတ်ကုမ္ပဏီတို့ကြောင့် ဖြစ်နေ
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမှုကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရသတင်းထုတ်ပြန်
16 Oct 2024
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန်တွေမြင့်တက်လာတာနဲ့ပတ်သက်ပြီး ဂျပန်အစိုးရသတိပေး
16 Oct 2024
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီး(၂)ဦးပွဲချင်းပြီး သေဆုံး
16 Oct 2024
“ ဝ ” ဒေသသည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် လွတ်မြောက်နေလျက်ရှိပြီး ပြည်ထောင်စု စိတ်ဓာတ်ရှိရန် တိုက်တွန်းမှုများရှိနေ
16 Oct 2024
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ မိတ်ဖက်နိုင်ငံများအတွက် သတိ ပေးချက်တစ်ခုကို အီရန်ထုတ်ပြန်
16 Oct 2024
လင်မယားစကားများရန်ဖြစ်ရာမှ ဖခင်က ဇနီးနှင့် သမီးဖြစ်သူကို ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား
16 Oct 2024
‘‘ ပြည်ပြေးဒေါင်း ဒုက္ခသည်အဖြစ် လွတ်လပ်စွာ သွားလာခွင့်ရနေသလား ’’
07 Oct 2024
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှ အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားပြီဟု မိုးဇလထုတ်ပြန်
07 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved