Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်း ဒူးရင်းသီးများ၌ ကက်ဒ်မီယမ်ဓါတ် ပါဝင်နေဟု တရုတ်သတိပေး

Htay Oung (NSS) - အောက်တိုဘာ ၇

ထိုင်းနိုင်ငံက တင်ပို့လိုက်တဲ့ ဒူးရင်းသီးအချို့မှာ ကက်ဒ်မီယမ်ဓါတ်သင့်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှာ စိုးရိမ်မှုတွေဖြစ်ပေါ်နေပါတယ်။ ဒီအတွက် သက်ဆိုင်တဲ့ ဌာနနဲ့ ဥယျာဉ်ခြံများမှ တင်ပို့မှုကို ပေကျင်းက ဆိုင်းငံ့လိုက်တယ်လို့ ဗီယက်နမ်သတင်းဌာနတစ်ခုဖြစ်တဲ့ “ဗွီအင် အိတ်စ်ပရက်စ်”က အောက်တိုဘာ ၄ ရက်မှာ ရေးသားပါတယ်။

ကက်ဒ်မီယမ် ပါဝင်မှုအဆင့်ဟာ တရုတ်နိုင်ငံမှာ စံနှုန်းသတ်မှတ်ထားတဲ့ တစ်ကီလိုဂရမ်လျှင် ကန့်သတ်ချက် ဝ.၀၅ မီလီဂရမ်ထက် ကျော်လွန်နေဖွယ်ရှိကြောင်း “ဆောက်သ်ချိုင်းနား မောနင်းပို့စ်” ပါသတင်းအရ သိရှိရပါတယ်။ ထိုင်းနိုင်ငံ လယ်ယာစိုက်ပျိုးရေးနဲ့ သမဝါယမ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပရာယွန်အင်ဆာကူကတော့ ကနဦး စုံစမ်းမှုများအရ ညစ်ညမ်း ဒူးရင်းသီးတွေဟာ သီးနှံဆွတ်ခူးနေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှ တင်ပို့လိုက်ခြင်း မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ပုံမှန်တင်ပို့ရောင်းချခွင့် အပြည့်အ၀ ပိတ်ပင်တဲ့ ထိုင်းဒူးရင်းသီးများမှာ အားလုံးပါဝင်ခြင်းတော့ မရှိပါဘူး။ ဒါပေမဲ့ ထိုင်းအာဏာပိုင်များအနေနဲ့ ကက်ဒ်မီယမ် ပါဝင်မှုစမ်းသပ်ရန်အတွက် ဒူးရင်းသီးများ၊ မြေ၊ ရေနဲ့ ထုတ်လုပ်မှုဆိုင်ရာ သွင်းအားစု နမူနာများကို စုဆောင်းပြီး စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ လောလောဆယ် ရလဒ်များအရ တရုတ်နိုင်ငံရဲ့ ဘေးကင်းရေး စံနှုန်းကန့်သတ်ချက်ပမာဏ ဘောင်အတွင်းမှာပဲ တွေ့ရှိရတယ်လို့ ထိုင်းသတင်းအေဂျင်စီများက ရေးသားကြပါတယ်။ ကက်ဒ်မီယမ် ညစ်ညမ်း ဒူးရင်းသီးတွေဟာ အခြားနိုင်ငံမှ ဝင်ရောက်လာခြင်းဖြစ်တယ်လို့ သတင်းရင်းမြစ်များက ပြောပါတယ်။ အာဏာပိုင်များအနေနဲ့ ပို့ကုန်များ အနှောက်အယှက်မဖြစ်စေပဲ ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်း နေကြောင်း အမြဲတမ်းအတွင်းဝန် ပရာယွန်က မှတ်ချက်ပေးပါတယ်။

တရုတ်အာဏာပိုင်တွေဟာ စိုက်ပျိုး ၁၅ ခြံ၊ ထုပ်ပိုးမှု စက်ရုံ ၁၂ ရုံထက်မနည်းတို့ ပါဝင်တဲ့ စုစုပေါင်း တင်ပို့မှု ၁၆ ခုတို့မှာ ကက်ဒ်မီယမ်ညစ်ညမ်းမှုများ တွေ့ရှိခဲ့ကြောင်း အသိပေးထားတယ်လို့ စိုက်ပျိုးမွေးမြူရေးနဲ့ သမဝါယမ ဝန်ကြီး သာမန်နတ် ပရွန်ပိုက ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းစာက သြဂုတ်လကုန်မှာ ဖော်ပြခဲ့ဖူးပါတယ်။ ထိုင်းနိုင်ငံ စိုက်ပျိုးရေးဌာနဟာ သူတို့တိုင်းပြည် သစ်သီးများရဲ့ ဈေးနှုန်းနဲ့ အရည်အသွေးစံနှုန်းများအပေါ် ခြိမ်းခြောက်နေတဲ့ အိမ်နီးချင်းနိုင်ငံမှ တရားမဝင် ဒူးရင်းသီး တင်သွင်းမှုကို တားဆီးရန် ကြိုးပမ်းလျက်ရှိတယ်လို့ ဆိုပါတယ်။ တင်သွင်းလာတဲ့ ဒူးရင်းသီးများကို ထိုင်းထုတ်ကုန်များအဖြစ် တုပ တံဆိပ်ကပ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့နေ ခြင်းမှ တားဆီးရန် တင်းကျပ်တဲ့ အစီအမံများကို ချမှတ်ထားကြောင်း အဆိုပါဌာန လက်ထောက်ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

တရားမဝင် မှောင်ခိုကုန်ကူးမှုကြောင့် ထုတ်ကုန်ဈေးနှုန်းနဲ့ ထိုင်းလယ်သမားတွေရဲ့ဝင် ငွေတည်ငြိမ်ဖို့ လိုအပ်ကြောင်း၊ အထူးသဖြင့် နိုင်ငံတော် စီးပွားရေးမှာ အရေးကြီး စိုက်ပျိုးရေးထွက်ကုန်ဖြစ်တဲ့ ထိုင်းဒူးရင်းသီးများ လတ်ဆတ်နေဖို့ ရည်ရွယ်တယ်လို့ သိရှိရပါတယ်။ စစ်ဆေးခြင်းနဲ့ အသိအမှတ်ပြုခြင်း လုပ်ငန်းစဉ်များ အရှိန်အဟုန် မြှင့်တင်ခြင်း၊ ပို့ကုန်စွမ်းရည်မြှင့်တင်ခြင်းနဲ့ တင်သွင်းလာတဲ့ ဒူးရင်းသီးအားလုံး ကြေငြာစေခြင်း- စစ်ဆေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ အရည်အသွေးမြင့် ဒူးရင်းသီးများထုတ်လုပ်ရန် ရေးဆွဲထားတဲ့ မူဝါဒများကို အကောင်အထည်ဖော် ကြီးကြပ်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။ စိုက်ပျိုးရေးဌာန အဆိုအရ ယခုနှစ် ထိုင်းနိုင်ငံဟာ အနည်းဆုံး ဘတ် ၉၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၈၄ ဘီလျံ) တန်ဖိုးရှိ ဒူးရင်းသီး တန်ချိန် ၇၁၄,၃၃၄ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရှိရပါတယ်။ လောလောဆယ် ဒူးရင်းသီး အပါအဝင် သစ်သီးဝလံအချို့ကို တရုတ်နိုင်ငံသို့ တင်ပို့ရာမှာ လိုအပ်တဲ့ “အစဉ်အ လာကောင်း စိုက်ပျိုးမှု” Good Agriculture Practices (GAP) ထောက်ခံချက်ရ လယ်ယာ ၂၁၈,၉၂၂ နဲ့ ထုပ်ပိုး စက်ရုံ ၂,၀၃၈ ခု ရှိနေပါတယ်။

(VN Express News., 04 October 2024, “China issues alert, halts some durian shipments from Thailand over cadmium fears” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင် ယနေ့ နံနက်အစောပိုင်းတွင် ကွယ်လွန်

RELATED POSTS
RECENT POSTS
ထိုင်း ဒူးရင်းသီးများ၌ ကက်ဒ်မီယမ်ဓါတ် ပါဝင်နေဟု တရုတ်သတိပေး
07 Oct 2024
လွတ်ငြိမ်းခွင့်ရတဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအခြေအနေ၊ မြန်မာအရေးအတွက် နိုင်ငံတကာညီလာခံတစ်ခု လာအိုမှာ ပေါ်လာဖို့ရှိ၊ ရခိုင်မှာ မီးတောင် ပေါက်ကွဲမှုဖြစ်၊ လားရှိုးလေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲကြားက သတင်းသမား (၁ဝ-၆-၂ဝ၂၄)
06 Oct 2024
"ဝ" ကို တရုတ်ဖိအားပေးတဲ့အချက်အလက်တွေ ပေါက်ကြားမှု၊ NUG တက်တဲ့ ဂျာကာတာ အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးကြသလဲ၊ ယုန်လေးတို့ရဲ့ဂန်းစတား အဆင်ပြေပါ့မလား၊ ကမ္ဘာ့ဆရာများနေ့နဲ့ ဗိုလ်ချုပ်မှူးကြီး ပြောစကား (၅-၁ဝ-၂ဝ၂၄)
06 Oct 2024
နစကကို ပုန်ကန်သူတွေအတွက် ‌ဒေါ်လာ သန်း(၆၅ဝ)ကျော် အမေရိကန်တို့ပေးခဲ့၊ ပြည်ပြေး(၃ဝဝ)ဆီကနေ ဘတ်သန်းရာချီ လိမ်ပြေးတဲ့ NUG ဘက်တော်သား၊ မြေရှားသတ္တု ဒေါ်လာ သန်း(၆ဝဝ)ကျော်ဖိုး နစကအစိုးရ ရခဲ့သလား ၊ TNLA-MNDAA နဲ့ AA တို့ရဲ့သတင်းအတိုအထွာများ (၄-၁ဝ-၂ဝ၂၄)
05 Oct 2024
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved