Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ မိတ်ဖက်နိုင်ငံများအတွက် သတိ ပေးချက်တစ်ခုကို အီရန်ထုတ်ပြန်

Pika (NSS) - အောက်တိုဘာ ၁၆

အီရန်အပေါ် အလားအလာရှိသော တိုက်ခိုက်မှုများတွင် အစ္စရေးကိုမကူညီကြရန် ဂျော်ဒန်၊ ယူအေအီး၊ ဆော်ဒီအာရေးဗျနှင့်ကာတာ နိုင်ငံတို့အပါအဝင် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ မိတ်ဖက်နိုင်ငံအများအပြားကို အီရန်ကသတိပေးခဲ့ကြောင်း အမည်မဖော်လို သည့်အာရပ်အရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး Wall Street Journal  ကရေးသား ဖော်ပြခဲ့သည်။

လျှို့ဝှက်သံတမန်လမ်းကြောင်းများမှ တစ်ဆင့်ထုတ်ပြန်ခဲ့သည့် အဆိုပါသတိပေးချက် သည် ယခုလအစောပိုင်းတွင် အီရန်ကအစ္စရေးကို ဒုံးကျည်အစင်းရေ(၂၀ဝ)ကျော်ဖြင့်ပစ်ခတ်တိုက် ခိုက်ခဲ့ ပြီးနောက် ပြင်းထန်သောလက်တုံ့ပြန်မှုများကို လုပ်ဆောင်သွားမည်ဆိုသည့် အစ္စရေး၏ခြိမ်းခြောက်မှုများကို ပြန်လည်တုံ့ပြန်ခြင်းမျိုးဖြစ်ကြောင်းသိရသည်။ လက်တုံ့ပြန်မှုများကို ကန့်သတ်ထား ရန်နှင့် ဒေသတွင်းတွင် ပိုမိုကျယ်ပြန့်လာနိုင်ခြေရှိသည့်စစ်ပွဲကို ရှောင်ရှားရန်အတွက် အမေရိကန်က ကြိုးပမ်းနေချိန်တွင် အီရန်၏နျူကလီးယားစက်ရုံ များနှင့် ရေနံအခြေခံအဆောက်အအုံများအပေါ် ဆိုးရွားသော လက်တုံ့ပြန်တိုက်ခိုက်မှုများလုပ်ဆောင်ရန် အစ္စရေးအစိုးအရာရှိများကထောက်ခံနေကြောင်း လည်းသိရသည်။

အီရန်နှင့်အစ္စရေးတို့ကြား တင်းမာမှုများ မြင့်တက်လာခြင်းသည် စွမ်းအင်ချမ်းသာကြွယ်ဝသော ပါရှန်းပင်လယ်ကွေ့နိုင်ငံများကြားတွင် ၎င်းတို့၏ကိုယ်ပိုင်ရေနံစက်ရုံများ ဘေးကင်းရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှုများကို မြင့်တက်လာစေခဲ့ ကြောင်းလည်းသိရသည်။ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသတွင်းတွင် အမေရိကန်၏စစ်ဘက်ဆိုင်ရာ ပစ္စည်းများနှင့်တပ်ဖွဲ့များဖြန့်ကြက်ချထားမှုသည် မလိုလားအပ်သော အကျိုးဆက်များရှိလာစေနိုင် သည့် မှားယွင်းသောတွက်ချက်မှုများ သို့မဟုတ် တင်းမာမှုအရှိန်မြင့်တက်လာနိုင်ခြေရှိသည့် အန္တရာယ်များရှိနေကြောင်း WSJ ကရေးသား ဖော်ပြထားသည်။ အီရန်အပေါ် ထိုးစစ်ဆင်သည့် စစ်ဆင်ရေးများတွင် ၎င်းတို့၏စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံ သို့မဟုတ် လေပိုင်နက် များကို အသုံးမပြုလိုသည့်အချက်ကို အမေရိကန် တပ်ဖွဲ့များကို လက်ခံထားသော နိုင်ငံအများအပြား၏ တာဝန်ရှိသူများက အမေရိကန် သမ္မတဂျိုးဘိုင် ဒန်အစိုးရအဖွဲ့ကို အသိပေးခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် ဆော်ဒီအာရေးဗျ၊ ကာတာနှင့် ယူအေအီးနိုင်ငံတို့က အီရန်အပေါ် တိုက်ခိုက်မှုများ တွင် အစ္စရေးတိုက်လေယာဉ်များကို ၎င်းတို့၏လေပိုင်နက်ကို အသုံးပြုခွင့်မပေးဟု အမေရိကန်ကို ပြောကြားခဲ့ကြောင်း အောက်တိုဘာလ(၁၀) ရက်နေ့က ထုတ်ပြန်ခဲ့သည့် သီးခြားအစီရင်ခံစာ တစ်ခုတွင် ရေးသားဖော်ပြထားသည်။ 

အရှေ့ အလယ် ပိုင်းဒေသတွင်းရှိ မိတ်ဖက်နိုင်ငံ အချို့ သည် အမေရိကန်စစ်ဌာန ချုပ်ပင်တဂွန်ကို ၎င်းတို့၏စိုးရိမ်ပူပန်မှုများကို ထုတ်ဖော် ပြောကြားခဲ့ ကြောင်း အမေရိကန်ကာကွယ်ရေး အရာရှိများက အသိအမှတ်ပြုပြောဆိုခဲ့သည်။ အီရန်နိုင်ငံသည် ဖြစ်ပေါ်လာနိုင်ခြေရှိသော အစ္စရေး၏တိုက်ခိုက်မှု များအတွက် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန်နှင့် လက်တုံ့ပြန်ရန် အပြည့်အဝ ပြင်ဆင်ထားကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက RT သတင်းဌာနကို ပြောကြားခဲ့ကြောင်းလည်း သိရသည်။                     

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

“ ဝ ” ဒေသသည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် လွတ်မြောက်နေလျက်ရှိပြီး ပြည်ထောင်စု စိတ်ဓာတ်ရှိရန် တိုက်တွန်းမှုများရှိနေ

RELATED POSTS
RECENT POSTS
ကျန်းမာရေးဝန်ဆောင်မှုတိုက်ခိုက်ခံရခြင်းက မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်အပေါ် ကြီးမားသော သက်ရောက်မှုများဖြစ်စေခဲ့ဟုဆို
18 Oct 2024
ဆိုင်ကယ်ဆီထည့်ရန် တစ်ဖက်လမ်းသို့ ဖြတ်ကူးရာမှ တွဲကားနှင့် တိုက်မိသည့်အတွက် (၂)ဦးသေဆုံးပြီး (၁)ဦးပြင်းထန်ဒဏ်ရာရရှိမှု ဝမ်းတွင်းမြို့၌ ဖြစ်ပွား
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
16 Oct 2024
ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား စစ်တပ်မှာအမှုထမ်းဖို့ လူငယ်(၁)သန်းကျော် စာရင်းပေးခဲ့ဟုဆို
16 Oct 2024
လူမှုကွန်ရက် TikTok ကို အများဆုံးအသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်း သွေးဆောင်သူ ပွဲစားများ ပေါ်ပေါက်နေ
16 Oct 2024
အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်
16 Oct 2024
စက်သုံးဆီကို စမတ်ကတ်ဖြင့်ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်
16 Oct 2024
သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းကလေးငယ်တွေအတွက် ဝမ်သန်း(၁၀ဝ) လှူဒါန်းခဲ့တဲ့ ကင်ယိုဂျန်
16 Oct 2024
ခေတ်ကာလနှင့် သတင်းသမားများ ဘဝ
16 Oct 2024
Emoji ဒရုန်းပြပွဲ ဖန်တီးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့သည့် ကင်ဆာရောဂါသည် ဗြိတိန်အမျိုးသား
16 Oct 2024
NUG ကိုဖယ်ထုတ်ပြီး လက်နက်ကိုင်များ တပ်ပေါင်းစု စုဖွဲ့ကြရန်ဆိုသော အမြင်တစ်ခု တော်လှန်ရေးအင်အားစုများအကြား ပေါ်ပေါက်နေ
16 Oct 2024
ရန်ကုန်-ဒလတံတားစီမံကိန်း သတ်မှတ်ကာလအတွင်း မပြီးစီးရခြင်းမှာ တောင်ကိုရီးယားနှင့် တရုတ်ကုမ္ပဏီတို့ကြောင့် ဖြစ်နေ
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမှုကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရသတင်းထုတ်ပြန်
16 Oct 2024
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန်တွေမြင့်တက်လာတာနဲ့ပတ်သက်ပြီး ဂျပန်အစိုးရသတိပေး
16 Oct 2024
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီး(၂)ဦးပွဲချင်းပြီး သေဆုံး
16 Oct 2024
“ ဝ ” ဒေသသည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် လွတ်မြောက်နေလျက်ရှိပြီး ပြည်ထောင်စု စိတ်ဓာတ်ရှိရန် တိုက်တွန်းမှုများရှိနေ
16 Oct 2024
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ မိတ်ဖက်နိုင်ငံများအတွက် သတိ ပေးချက်တစ်ခုကို အီရန်ထုတ်ပြန်
16 Oct 2024
လင်မယားစကားများရန်ဖြစ်ရာမှ ဖခင်က ဇနီးနှင့် သမီးဖြစ်သူကို ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား
16 Oct 2024
‘‘ ပြည်ပြေးဒေါင်း ဒုက္ခသည်အဖြစ် လွတ်လပ်စွာ သွားလာခွင့်ရနေသလား ’’
07 Oct 2024
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှ အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားပြီဟု မိုးဇလထုတ်ပြန်
07 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved