Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်

Pika (NSS) - အောက်တိုဘာ ၁၆

အမေရိကန်အစိုးရသည် အမေရိကန်ဒေါ်လာကို ငွေကြေးလဲလှယ်မှုကြားခံတစ်ခု သို့မဟုတ် တန်ဖိုးရှိသည့်အရာတစ်ခုအဖြစ် လုပ်ဆောင်ခြင်းထက် လက်နက်တစ်ခုအဖြစ် အသုံးချခဲ့ကြောင်း အမေရိကန်စီးပွားရေး ပညာရှင်နှင့် ပြည်သူ့မူဝါဒ ရေးရာလေ့လာသုံးသပ်သူ ဂျက်ဖာရီဆက်ချ်က ပြော ကြားခဲ့သည်။ ဂျက်ဖာရီဆက်ချ်သည် BRICS အဖွဲ့ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး များ အစည်းအဝေးသို့ ဗီဒီယိုလင့်ခ်မှတစ်ဆင့် ၎င်း၏မိန့်ခွန်းတွင် အောက်တိုဘာလ(၁၀)ရက်က ယခုကဲ့ သို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ BRICS အဖွဲ့ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးများသည် ယခုလနှောင်းပိုင်းတွင် ကာဇန်မြို့၌ကျင်းပမည့် (၂၀၂၄)ခုနှစ် BRICS ထိပ်သီး အစည်းအဝေးမတိုင်မီ နိုင်ငံတကာ ငွေကြေး နှင့်ဘဏ္ဍာရေးစနစ်တိုးတက်ရေးတို့ကို ဆွေးနွေးရန်အတွက် မော်စကိုမြို့တွင်တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။


အမေရိကန်က အမေရိကန်ဒေါ်လာကို လက်နက်အဖြစ်အသုံးပြုခြင်းသည် ရုရှား၏ပိုင် ဆိုင် မှုများကိုသိမ်းယူခြင်းမှတစ်ဆင့် ထင်ရှားစွာဖြစ်ပေါ်ခဲ့ ခြင်းဖြစ်ကြောင်း ဂျက်ဖာရီဆက်ချ်ကပြောကြားခဲ့သည်။

ထို့ပြင် အီရန်၊ ဗင်နီဇွဲလား၊ အာဖဂန်နစ္စတန် နှင့်အခြားနိုင်ငံများ၏ ဘဏ္ဍာငွေများကို အမေရိကန် အစိုးရက သိမ်းဆည်းထားခြင်းကို ဂျက်ဖာရီဆက်ချ်က ထောက်ပြပြောဆိုခဲ့ကြောင်းလည်းသိရသည်။ ယူကရိန်းစစ်ပွဲနှင့်ပတ်သက်သည့် ပိတ်ဆို့အရေးယူမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်နှင့် ၎င်း၏မိတ်ဖက်နိုင်ငံများသည် ရုရှားဗဟိုဘဏ်၏ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ (၃၀ဝ)ဘီလျံဝန်းကျင်ကို သိမ်း ဆည်းထားပြီး ၎င်းတို့အနက် အမေရိကန်ဒေါ်လာ(၅)ဘီလျံဝန်းကျင်မှာ အမေရိကန်ဘဏ်များတွင် ရှိနေ ကြောင်းသိရသည်။ ထို့ပြင် ပြီးခဲ့သည့်ဧပြီလတွင် အမေရိကန် သမ္မတဂျိုးဘိုင်ဒန်သည် အမေရိကန် တွင်ရှိနေသော ရုရှားပိုင်ဘဏ္ဍာငွေများကို သိမ်းယူ ရန်နှင့် ယူကရိန်း ပြန်လည်တည်ဆောက်ရေးရန်ပုံငွေသို့ လွှဲပြောင်းခွင့်ပြုသည့်ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးခဲ့ကြောင်းလည်းသိရသည်။ 

ဂျက်ဖာရီဆက်ချ် က “ အမေရိကန်ဒေါ်လာကို ပေးချေမှုယန္တရားတစ်ခု အနေနဲ့ သုံးလို့မရပါဘူး။ အမေရိကန်ဒေါ်လာဟာ ရန်လိုမှုမူဝါဒရဲ့လက်နက်တစ်ခုဖြစ်လာနေပါတယ်။ ပြီးခဲ့တဲ့(၁၅)နှစ်လောက်အတွင်း အဲဒီလိုလုပ်နေတာ တွေ ရပ်တန့်ဖို့ ကျွန်တော့်အစိုးရကိုပြောခဲ့ပါတယ်။ ဒီလို လုပ်တာက အမေရိကန်ဒေါ်လာအပေါ် ယုံကြည် မှုတွေကို ဖျက်ဆီးပစ်ပါလိမ့်မယ်။ ဒီလိုစနစ်မျိုးနဲ့ ဆက်သွားလို့မရပါဘူး ” ဟုပြောဆိုခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လူမှုကွန်ရက် TikTok ကို အများဆုံးအသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်း သွေးဆောင်သူ ပွဲစားများ ပေါ်ပေါက်နေ

RECENT POSTS
ကျန်းမာရေးဝန်ဆောင်မှုတိုက်ခိုက်ခံရခြင်းက မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်အပေါ် ကြီးမားသော သက်ရောက်မှုများဖြစ်စေခဲ့ဟုဆို
18 Oct 2024
ဆိုင်ကယ်ဆီထည့်ရန် တစ်ဖက်လမ်းသို့ ဖြတ်ကူးရာမှ တွဲကားနှင့် တိုက်မိသည့်အတွက် (၂)ဦးသေဆုံးပြီး (၁)ဦးပြင်းထန်ဒဏ်ရာရရှိမှု ဝမ်းတွင်းမြို့၌ ဖြစ်ပွား
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
16 Oct 2024
ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား စစ်တပ်မှာအမှုထမ်းဖို့ လူငယ်(၁)သန်းကျော် စာရင်းပေးခဲ့ဟုဆို
16 Oct 2024
လူမှုကွန်ရက် TikTok ကို အများဆုံးအသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်း သွေးဆောင်သူ ပွဲစားများ ပေါ်ပေါက်နေ
16 Oct 2024
အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်
16 Oct 2024
စက်သုံးဆီကို စမတ်ကတ်ဖြင့်ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်
16 Oct 2024
သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းကလေးငယ်တွေအတွက် ဝမ်သန်း(၁၀ဝ) လှူဒါန်းခဲ့တဲ့ ကင်ယိုဂျန်
16 Oct 2024
ခေတ်ကာလနှင့် သတင်းသမားများ ဘဝ
16 Oct 2024
Emoji ဒရုန်းပြပွဲ ဖန်တီးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့သည့် ကင်ဆာရောဂါသည် ဗြိတိန်အမျိုးသား
16 Oct 2024
NUG ကိုဖယ်ထုတ်ပြီး လက်နက်ကိုင်များ တပ်ပေါင်းစု စုဖွဲ့ကြရန်ဆိုသော အမြင်တစ်ခု တော်လှန်ရေးအင်အားစုများအကြား ပေါ်ပေါက်နေ
16 Oct 2024
ရန်ကုန်-ဒလတံတားစီမံကိန်း သတ်မှတ်ကာလအတွင်း မပြီးစီးရခြင်းမှာ တောင်ကိုရီးယားနှင့် တရုတ်ကုမ္ပဏီတို့ကြောင့် ဖြစ်နေ
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမှုကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရသတင်းထုတ်ပြန်
16 Oct 2024
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန်တွေမြင့်တက်လာတာနဲ့ပတ်သက်ပြီး ဂျပန်အစိုးရသတိပေး
16 Oct 2024
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီး(၂)ဦးပွဲချင်းပြီး သေဆုံး
16 Oct 2024
“ ဝ ” ဒေသသည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် လွတ်မြောက်နေလျက်ရှိပြီး ပြည်ထောင်စု စိတ်ဓာတ်ရှိရန် တိုက်တွန်းမှုများရှိနေ
16 Oct 2024
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ မိတ်ဖက်နိုင်ငံများအတွက် သတိ ပေးချက်တစ်ခုကို အီရန်ထုတ်ပြန်
16 Oct 2024
လင်မယားစကားများရန်ဖြစ်ရာမှ ဖခင်က ဇနီးနှင့် သမီးဖြစ်သူကို ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား
16 Oct 2024
‘‘ ပြည်ပြေးဒေါင်း ဒုက္ခသည်အဖြစ် လွတ်လပ်စွာ သွားလာခွင့်ရနေသလား ’’
07 Oct 2024
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှ အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားပြီဟု မိုးဇလထုတ်ပြန်
07 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved