Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘရာဇီးအမျိုးသားတစ်ဦးက Sao Paolo မြို့၌ နှစ်(၂၀)ကျော်အတွင်း သစ်ပင်ပေါင်း(၄)သောင်းကျော်စိုက်ပျိုးခဲ့ပြီး ပန်းခြံတစ်ခုဖန်တီး

Pika (NSS) - အောက်တိုဘာ ၁၈

ဘရာဇီးနိုင်ငံမှ အငြိမ်းစားစီးပွားရေးအမှု ဆောင်တစ်ဦးဖြစ်သည့် ဟီလိုဒါဆေးလ်ဗားဆိုသူအမျိုးသားသည် ပြီးခဲ့သည့်နှစ်ပေါင်း(၂၀)ကျော်အ တွင်း ၎င်း၏ဇာတိမြို့Sao Paolo တွင် သစ်ပင်ပေါင်း (၄၁၀ဝဝ)ကျော်ကိုစိုက်ပျိုးခဲ့ပြီး ပန်းခြံတစ်ခုကို ဖန်တီးခဲ့ကြောင်းသိရသည်။ (၃ ဒသမ ၂) ကီလိုမီတာ ရှည်လျားပြီး (၁၀ဝ)မီတာအကျယ်ရှိသော ပန်းခြံ သည် Tiquatira Linear ပန်းခြံဟုလူသိများပြီး ယခင်ကအဆိုပါနေရာမှာ ပျက်စီးနေသည့်နေရာတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ နှစ်ပေါင်းများစွာ ကြာ အောင်မြင်သည့် စီးပွားရေးအမှုဆောင်တစ်ဦး ဖြစ်ခဲ့သော ဟီလိုဒါဆေးလ်ဗားသည် အငြိမ်းစားယူပြီး နောက် ပျက်စီးနေသော Tiquatira  မြစ်ကမ်းပါးများ ကို ၎င်း၏အသိုင်းအဝိုင်းအတွက် စိမ်းလန်းစိုပြည် သောအိုအေစစ်အဖြစ် ဖန်တီးရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ 


ထို့ပြင် အသက်(၇၃)နှစ်အရွယ် ဟီလိုဒါဆေးလ်ဗားက ၎င်းသည် လွန်ခဲ့သည့်ဆယ် စုနှစ်များစွာတည်း က ဇာတိမြို့ဖြစ်ခဲ့သော Sao Paolo  အတွက် အမွေ အနှစ်တစ်ခုချန်ထားခဲ့လိုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဟီလိုဒါဆေးလ်ဗားသည် အဆိုပါဆုံးဖြတ်ချက် ကိုချပြီးနောက် ပထမဆုံး(၄)နှစ်အတွင်း မူးယစ် ဆေးဝါးရောင်းသူများနှင့် သုံးစွဲသူများ မကြာခဏ လာရောက်ကြလေ့ရှိသည့် စွန့်ပစ်ဧရိယာတစ်ခုတွင် သစ်ပင်ပေါင်း(၅၀ဝဝ)ကို တစ်ကိုယ်တည်းစတင် စိုက်ပျိုးခဲ့ကြောင်းသိရသည်။ ၎င်း၏ကြိုးပမ်းအား ထုတ်မှုများကို Sao Paolo  မြို့ တော်က အသိအမှတ် ပြုခဲ့ပြီး မြို့၏ ပထမဆုံးမျဉ်းဖြောင့်ပုံစံပန်းခြံအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါအသိအမှတ် ပြုမှုသည် သစ်ပင်များကို တစ်ကိုယ်တည်းစိုက်ပျိုးနေသော  ဟီလိုဒါဆေးလ်ဗားအတွက် ခွန်အားတစ်ခုဖြစ်စေခဲ့ကြောင်းလည်း သိရသည်။ (၂၀၂၀)ပြည့် နှစ်အထိ ဟီလိုဒါဆေးလ်ဗားသည် (၃ ဒသမ ၂)ကီလိုမီတာရှည်လျားသော ဧရိယာတွင် သစ်ပင် ပေါင်း(၂၅၀၄၇)ပင်ကို စိုက်ပျိုးခဲ့ပြီး ၎င်းတို့အနက် (၈၈)ရာခိုင်နှုန်းမှာ ရှင်သန်ကြီးထွား လာခဲ့ကြောင်း သိရသည်။ ထို့ပြင် ၎င်း၏စိမ်းလန်းစိုပြည်သောအိုအေစစ် သို့ ငှက်များနှင့်တိရစ္ဆာန်များ လာရောက်အောင် ဆွဲဆောင်ရန်မျှော်လင့်ချက်ဖြင့် သီးပင်စားပင်များကို လည်း ထည့်သွင်းစိုက်ပျိုးခဲ့ကြောင်း ဟီလိုဒါဆေးလ် ဗားက ပြောကြားခဲ့သည်။ ယနေ့ခေတ်တွင်Tiq­uatira Linear ပန်းခြံမှာ သစ်ပင်ပေါင်း(၄၁၀ဝဝ)ကျော်ရှိပြီး စုစုပေါင်းသစ်ပင် အနည်းဆုံး(၅)သောင်း အထိ မရောက်မချင်း စိုက်ပျိုးမှုများကို ရပ်တန့်သွား မည်မဟုတ်ကြောင်း ဟီလိုဒါဆေးလ်ဗားက ပြောကြား ခဲ့သည်။ ၎င်းက "သစ်ပင်တွေက ပန်းတွေ၊ သစ်သီး တွေကိုပေးပြီး ကျေးငှက်တိရစ္ဆာန်တွေကို ဆွဲဆောင် ပါတယ်။ ပြီးတော့ ကျွန်တော်တို့အတွက် အရိပ်နဲ့ လေကောင်းလေသန့်ကိုလည်း ရရှိအောင်လုပ်ဆောင် ပေးပါတယ်။ ဒါကြောင့်မို့  သစ်ပင်တွေစိုက်ပျိုးဖို့ ဆုံး ဖြတ်ခဲ့တာပါ"ဟု ပြောသည်။     

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း

RECENT POSTS
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
ဘရာဇီးအမျိုးသားတစ်ဦးက Sao Paolo မြို့၌ နှစ်(၂၀)ကျော်အတွင်း သစ်ပင်ပေါင်း(၄)သောင်းကျော်စိုက်ပျိုးခဲ့ပြီး ပန်းခြံတစ်ခုဖန်တီး
18 Oct 2024
၂ဝ၂၄-၂ဝ၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်များ
18 Oct 2024
ကျန်းမာရေးဝန်ဆောင်မှုတိုက်ခိုက်ခံရခြင်းက မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်အပေါ် ကြီးမားသော သက်ရောက်မှုများဖြစ်စေခဲ့ဟုဆို
18 Oct 2024
ဆိုင်ကယ်ဆီထည့်ရန် တစ်ဖက်လမ်းသို့ ဖြတ်ကူးရာမှ တွဲကားနှင့် တိုက်မိသည့်အတွက် (၂)ဦးသေဆုံးပြီး (၁)ဦးပြင်းထန်ဒဏ်ရာရရှိမှု ဝမ်းတွင်းမြို့၌ ဖြစ်ပွား
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
16 Oct 2024
ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား စစ်တပ်မှာအမှုထမ်းဖို့ လူငယ်(၁)သန်းကျော် စာရင်းပေးခဲ့ဟုဆို
16 Oct 2024
လူမှုကွန်ရက် TikTok ကို အများဆုံးအသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်း သွေးဆောင်သူ ပွဲစားများ ပေါ်ပေါက်နေ
16 Oct 2024
အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်
16 Oct 2024
စက်သုံးဆီကို စမတ်ကတ်ဖြင့်ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်
16 Oct 2024
သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းကလေးငယ်တွေအတွက် ဝမ်သန်း(၁၀ဝ) လှူဒါန်းခဲ့တဲ့ ကင်ယိုဂျန်
16 Oct 2024
ခေတ်ကာလနှင့် သတင်းသမားများ ဘဝ
16 Oct 2024
Emoji ဒရုန်းပြပွဲ ဖန်တီးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့သည့် ကင်ဆာရောဂါသည် ဗြိတိန်အမျိုးသား
16 Oct 2024
NUG ကိုဖယ်ထုတ်ပြီး လက်နက်ကိုင်များ တပ်ပေါင်းစု စုဖွဲ့ကြရန်ဆိုသော အမြင်တစ်ခု တော်လှန်ရေးအင်အားစုများအကြား ပေါ်ပေါက်နေ
16 Oct 2024
ရန်ကုန်-ဒလတံတားစီမံကိန်း သတ်မှတ်ကာလအတွင်း မပြီးစီးရခြင်းမှာ တောင်ကိုရီးယားနှင့် တရုတ်ကုမ္ပဏီတို့ကြောင့် ဖြစ်နေ
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမှုကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရသတင်းထုတ်ပြန်
16 Oct 2024
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန်တွေမြင့်တက်လာတာနဲ့ပတ်သက်ပြီး ဂျပန်အစိုးရသတိပေး
16 Oct 2024
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီး(၂)ဦးပွဲချင်းပြီး သေဆုံး
16 Oct 2024
“ ဝ ” ဒေသသည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် လွတ်မြောက်နေလျက်ရှိပြီး ပြည်ထောင်စု စိတ်ဓာတ်ရှိရန် တိုက်တွန်းမှုများရှိနေ
16 Oct 2024
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ မိတ်ဖက်နိုင်ငံများအတွက် သတိ ပေးချက်တစ်ခုကို အီရန်ထုတ်ပြန်
16 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved