Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း

Pika (NSS) - အောက်တိုဘာ ၁၈

ဘူဒါပတ်စ်မြို့သည် ဟန်ဂေရီနိုင်ငံ၏မြို့တော် ဖြစ်ပြီး နိုင်ငံတွင်းတွင် လူဦးရေအများဆုံးမြို့တစ်မြို့ လည်းဖြစ်ကာ ထူးခြားသောဗိသုကာလက်ရာများ၊ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းတို့ဖြင့် နာမည်ကျော် ကြားသည်။ ဘူဒါပတ်စ်မြို့သည် လူဦးရေ အရေအ တွက်အရ ဥရောပသမဂ္ဂတွင် (၉)ခုမြောက် အကြီး ဆုံးမြို့တစ်မြို့ဖြစ်ပြီး Danube  မြစ်တစ်လျှောက်ရှိ မြို့များတွင် ဒုတိယမြောက်အကြီးဆုံးမြို့လည်းဖြစ် သည်။ ဧရိယာအကျယ်အဝန်း(၅၂၅)စတုရန်း ကီလိုမီတာရှိကာ ခန့်မှန်းခြေလူဦးရေ (၁ ဒသမ ၇)သန်းကျော်ရှိသော ဘူဒါပတ်စ်မြို့သည် ဧရိယာ အကျယ်အဝန်း(၇၆၂၆)စတုရန်းကီလိုမီတာရှိကာ ခန့်မှန်းခြေလူဦးရေ(၃ ဒသမ ၃)သန်းကျော်ရှိသော ဘူဒါပတ်စ်မြို့ပြဧရိယာ၏ အဓိက ဗဟိုချက်ဖြစ် ကြောင်းလည်းသိရသည်။ ထို့ပြင် ဘူဒါပတ်စ်မြို့တွင် နေထိုင်သူလူဦးရေသည် ဟန်ဂေရီနိုင်ငံတစ်နိုင်ငံ လုံးလူဦးရေ အရေအတွက်၏ (၃၃)ရာခိုင်နှုန်းခန့်ရှိကြောင်းလည်းသိရသည်။ (၁၀၃)ခုနှစ်နှင့် (၂၉၆)ခုနှစ်များအတွင်းရှေးခေတ်ရောမအင်ပါယာ၏ပြည်နယ်ဖြစ်သောLower Pannonia  ၏မြို့တော် Aquincum ကို ဆဲလ်တစ်လူမျိုးများ၏ အစောပိုင်းအခြေချနေထိုင်မှုများအတွင်း ဘူဒါပတ်စ်မြို့၏ သမိုင်းကြောင်းအစပြုခဲ့ခြင်းဖြစ်သည်။ 

    ဟန်ဂေရီလူမျိုးများသည် (၉)ရာစု နှောင်းပိုင်းတွင် အဆိုပါနယ်မြေအတွင်းသို့ရောက်ရှိလာခဲ့သော်လည်း (၁၂၄၁-၁၂၄၂) ခုနှစ်တွင် မွန်ဂိုလူမျိုးများက ယင်းနေရာကို လုယက်ဖျက် ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထို့ နောက် ဘူဒါမြို့ကို ပြန်လည်တည်ထောင်ခဲ့ပြီး နောက် (၁၅)ရာစုတွင် လူသားဆိုင်ရာ ယဉ်ကျေးမှု လက်ရာများ၏ အဓိကဗဟိုချက်နေရာများထဲမှတစ် ခုဖြစ်လာခဲ့သည်။ (၁၆၈၆)ခုနှစ်တွင် ဘူဒါ မြို့သည် သာယာဝပြောသောခေတ်သစ်သို့ ဝင်ရောက်လာ ခဲ့ပြီး (၁၈၇၃)ခုနှစ် နိုဝင်ဘာလ(၁၇) ရက်နေ့တွင် ဘူဒါ၊ အိုဘူဒါနှင့် ပတ်စ်မြို့တို့ကို ပေါင်းစည်းခဲ့ပြီး နောက် ဘူဒါပတ်စ်ဆိုသည့်နာမည်ဖြင့် ဟန်ဂေရီမြို့ တော်အဖြစ်သတ်မှတ်ခဲ့မှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ မြို့များထဲမှတစ်မြို့ဖြစ်လာခဲ့ကြောင်း သိရသည်။ ထို့ပြင် ဘူဒါပတ်စ်မြို့သည် ပထမကမ္ဘာစစ်အပြီး (၁၉၁၈)ခုနှစ်တွင် ပြိုကွဲသွား ခဲ့သော အင်အားကြီး ဩစတြီးယား-ဟန်ဂေရီအင်ပါယာ၏ ပူးတွဲမြို့တော် ဖြစ်လာခဲ့ကြောင်းသိရသည်။ ဘူဒါပတ်စ်မြို့သည် (၁၈၄၈)ခုနှစ် ဟန်ဂေရီတော် လှန်ရေး၊(၁၉၄၅)ခုနှစ် ဘူဒါပတ်စ်တိုက်ပွဲအပြင် (၁၉၅၆)ခုနှစ် ဟန် ဂေရီတော်လှန်ရေးတို့၏ အဓိကအချက်အချာနေရာ ဖြစ်ခဲ့ကြောင်းလည်းသိရသည်။ ဘူဒါပတ်စ်သည် ကူးသန်းရောင်းဝယ်ရေး၊ ဘဏ္ဍာရေး၊ မီဒီယာ၊ အနု ပညာ၊ ဖက်ရှင်၊ သုတေသန၊ နည်းပညာ၊ ပညာရေးနှင့် ဖျော်ဖြေရေးကဏ္ဍများတွင် အားကောင်းသည့်မြို့တစ် မြို့လည်းဖြစ်သည်။ ဟန်ဂေရီနိုင်ငံ၏ ဘဏ္ဍာရေးစင် တာတစ်ခုဖြစ်သော ဘူဒါပတ်စ်မြို့သည် ဆန်းသစ်တီ ထွင်မှုနှင့် နည်းပညာဆိုင်ရာ ဥရောပအဖွဲ့အစည်း၊ ဥရောပရဲကောလိပ်နှင့် တရုတ် ရင်းနှီးမြှုပ်နှံမှုပရိုမိုးရှင်းအေဂျင်စီ၏ ပထမဆုံး နိုင်ငံခြားရုံးတို့အခြေစိုက် သည့်နေရာတစ်ခုလည်းဖြစ်သည်။ 

    ဘူဒါပတ်စ်မြို့တွင် Eötvös Loránd တက္ကသိုလ်၊ Corvinus  တက္က သိုလ်၊ Semmelweis တက္ကသိုလ်၊ Medicine Budapest တက္ကသိုလ်နှင့် နည်းပညာ နှင့်စီးပွားရေးဆိုင်ရာ ဘူဒါပတ်စ်တက္ကသိုလ်တို့ အပါအဝင် ကောလိပ်နှင့်တက္ကသိုလ်ပေါင်း(၄၀)ကျော်ရှိကြောင်းလည်းသိရသည်။ ထို့ပြင် (၁၈၉၆)ခုနှစ်တွင်ဖွင့်လှစ်ခဲ့သော ဘူဒါပတ်စ်မြို့၏မြေအောက် ရထားလမ်းစနစ် ဘူဒါပတ်စ်မက်ထရိုသည် ခရီး သည်(၁ ဒသမ ၂၇)သန်းကို ဝန်ဆောင်မှုပေးခဲ့ပြီး ဘူဒါပတ်စ်ရထားလမ်းကွန်ရက်သည် နေ့စဉ်ခရီးသည် (၁ ဒသမ ဝ၈)သန်းကို ဝန်ဆောင်မှုပေးလျက် ရှိကြောင်းသိရသည်။ Danube  မြစ်တစ်လျှောက်ရှိ ဘူဒါပတ်စ်ဗဟိုဧရိယာသည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် အသိအမှတ်ပြုထားသည့်နေ ရာတစ်ခုဖြစ်ပြီး ဟန်ဂေရီလွှတ်တော်  ဗိသုကာလက်ရာများ၏ ထင်ရှားကျော်  ကြားသောအထိမ်းအမှတ်မြောက်မြားစွာရှိသည့်နေရာတစ်ခုလည်းဖြစ်သည်။ 

    ထို့ပြင် ဘူဒါပတ်စ်မြို့တွင် ရေပူစမ်း(၈၀) ဝန်းကျင်၊ ကမ္ဘာ့အကြီးဆုံးအပူရေလိုဏ်ဂူစနစ်၊ ကမ္ဘာ ပေါ်တွင် ဒုတိယအကြီးဆုံး ဘုရားရှိခိုးကျောင်းနှင့် ကမ္ဘာ့တတိယမြောက်အကြီးဆုံး လွှတ်တော်အဆောက် အအုံတို့ရှိကြောင်းလည်းသိရသည်။ ဘူဒါပတ်စ်မြို့ သည် တစ်နှစ်လျှင် နိုင်ငံတကာခရီးသွား(၁၂)သန်း ဝန်းကျင်ကိုဆွဲဆောင်လျက်ရှိပြီး ဥရောတိုက်တွင် လူကြိုက်အများဆုံးနေရာတစ်ခုအဖြစ် ရပ်တည်လျက် ရှိသည်။

                                                                                             ဗိသုကာပညာ

ဘူဒါပတ်စ်မြို့တွင် အေဒီ(၈၉)ရာစုဝန်းကျင် ရှေးခေတ်ရောမမြို့ Aquincum မှ ခေတ်အမီဆုံး အနုပညာနန်းတော်၊ ခေတ်ပြိုင်အနုပညာပြတိုက်နှင့် ပွဲတော်ခန်းမများအထိ ကျယ်ပြန့်သောပုံစံအမျိုးမျိုး နှင့်မတူကွဲပြားသော အချိန်ကာလများမှ ဗိသုကာ လက်ရာမြောက်သောထင်ရှားကျော်ကြားသည့် အ ဆောက်အအုံများစွာရှိကြောင်းလည်းသိရသည်။ဘူဒါ ပတ်စ်မြို့ရှိ အဆောက်အအုံအများစုသည် ပုံမှန် အားဖြင့်နိမ့်ပြီး (၂၀၁၀)ပြည့်နှစ်အစောပိုင်းကာလများ အတွင်း ဘူဒါပတ်စ်မြို့တွင် အမြင့်(၄၅)မီတာထက် မြင့်သော အဆောက်အအုံ(၁၀ဝ)ဝန်းကျင်ခန့်သာရှိခဲ့ကြောင်းသိရသည်။ သမိုင်းဝင်မြို့ပြပုံစံကို ထိန်း သိမ်းရန်နှင့် ကမ္ဘာ့အမွေအနှစ်နေရာ၏လိုအပ်ချက် များနှင့်ကိုက်ညီစေရန်အတွက် ရည်ရွယ်သည့် အ ဆောက်အအုံဥပဒေကြောင့် ဘူဒါပတ်စ်မြို့တွင် အထပ်မြင့်အဆောက်အအုံအရေအတွက်မှာ နည်း ပါးနေခြင်းဖြစ်ကြောင်းသိရသည်။ အထပ်မြင့်အ ဆောက်အအုံများ ဆောက်လုပ်ခြင်း၊ စီစဉ်ခြင်းနှင့် ခွင့်ပြုချက်တို့အပေါ် တင်းကြပ်သည့်စည်းမျဉ်းများ ချမှတ်ထားသောကြောင့် ဘူဒါပတ်စ်မြို့တွင်းတွင် ရှိနေသင့်သည့်အဆောက်အအုံများ ရှိမနေခြင်းလည်း ဖြစ်သည်။ အချို့သောစီမံကိန်းရေးဆွဲသူများသည် မိုး မျှော်တိုက်များဆောက်လုပ်ခြင်းဆိုင်ရာ စည်းမျဉ်းများ ကို ဖြေလျှော့ပေးစေလိုနေကြပြီး ဘူဒါပတ်စ်မြို့၏သမိုင်းဝင်ဧရိယာအပြင်ဘက်တွင် မိုးမျှော်တိုက်များ တည်ဆောက်နိုင်ခြေကို မြှင့်တင်လိုနေကြကြောင်း လည်းသိရသည်။ ရှေးခေတ်ဗိသုကာလက်ရာများကို ကိုယ်စားပြုသည့် ရောမမြို့တော် Aquincum ခေတ် မှစတင်ကာ ဘူဒါပတ်စ်ဗိသုကာလက်ရာပုံစံများ၏ နှစ်အလိုက်ပုံစံများအားလုံးသည် အချိန်ဇယားတစ်ခု လုံးကို ကိုယ်စားပြုထားသည်။ (၂၀)ရာစု၏ ဒုတိယ နှစ်ဝက်တွင် ကွန်မြူနစ်အစိုးရအုပ်ချုပ်မှုအောက် တွင်ရှိသော ဘူဒါပတ်စ်မြို့သည် အခြားအရှေ့ဥရော နိုင်ငံများကဲ့သို့ပင် တိုက်ခန်းများဆောက်လုပ်မှုများကို လည်း တွေ့မြင်ခဲ့ရသည်။ (၂၁)ရာစုတွင် ဘူဒါပတ်စ် မြို့သည် ၎င်း ၏ဗိသုကာလက်ရာများတွင် စိန်ခေါ်မှုအသစ်များနှင့်ရင်ဆိုင်ခဲ့ရသည်။ အထပ်မြင့် အ ဆောက်အအုံများသည် ယနေ့ခေတ်မြို့ကြီးများတွင် သိသာထင်ရှားစွာရှိနေသော်လည်း ဘူဒါပတ်စ်သည် ထူးခြားသောမြို့ပြရှုခင်း၊ စိမ်းလန်းသောဧရိယာများ နှင့်အတူ ကွဲပြားခြားနားသော ဗိသုကာလက်ရာများကို ထိန်းသိမ်းထားခြင်းဖြင့် ယနေ့ခတ်မြို့ကြီးများကြား တွင် ဟန်ချက်ညီအောင်လုပ်ဆောင်လျက်ရှိသည်။

  ထို့ပြင် အများပြည်သူဆိုင်ရာနေရာများသည် စီးပွားရေးလုပ်ငန်းနှင့်အစိုးရတို့ထံမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်သောကြောင့် ဘူဒါပတ်စ်တွင် ပြန်လည် ပြုပြင်ထားသော သို့မဟုတ် လုံးဝအသစ်ဖြစ်သော ရင်ပြင်များ၊ ပန်းခြံများနှင့်အထိမ်းအမှတ်အဆောက်အအုံများရှိကြောင်းလည်းသိရသည်။ အမျိုးသားပြ ဇာတ်ရုံ၊ အနုပညာနန်းတော်၊Rákóczi  တံတား၊Megyeri တံတား၊ ဘူဒါပတ်စ်လေဆိပ် Sky Court အပြင် ရုံးခန်းအဆောက်အအုံအသစ်များနှင့်တိုက် ခန်းများကဲ့သို့သော အထင်ကရနေရာအများအပြားကို ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ဘူဒါပတ်စ်မြို့တွင် ဖန် တီးခဲ့ကြောင်းသိရသည်။ သို့သော်လည်း ဘူဒါပတ်စ်မြို့ တွင် အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး အခွင့်အလမ်းအများအပြားရှိနေဆဲဖြစ်ကြောင်းသိရသည်။

                                                                                        စီးပွားရေး

ဘူဒါပတ်စ်မြို့သည် Globalization and World Cities Research Network  ၏ လေ့လာ ချက်အရ Beta + ကမ္ဘာ့မြို့အဖြစ်ဖော်ပြခံရသော သိသာထင်ရှားသည့် စီးပွားရေးအချက်အချာကျသော မြို့တစ်မြို့ဖြစ်သည်။  ဘူဒါပတ်စ်မြို့သည် ဟန်ဂေရီ နိုင်ငံ၏စီးပွားရေးဆိုင်ရာ အဓိကမြို့တစ်မြို့ဖြစ်ခဲ့ပြီး ၎င်း၏ဝင်ငွေသည် နိုင်ငံ၏စုစုပေါင်းဝင်ငွေ၏ (၃၉) ရာခိုင်နှုန်းခန့်ရှိကြောင်းလည်းသိရသည်။ ၂၀၁၅ ခုနှစ် တွင် ဘူဒါပတ်စ်မြို့၏ စုစုပေါင်းမြို့ပြထုတ်ကုန်သည် အမေရိကန်ဒေါ်လာ(၁၀ဝ)ဘီလျံကျော်ရှိခဲ့ပြီး ဥရော ပသမဂ္ဂတွင် ဒေသတွင်းအကြီးဆုံးစီးပွားရေးရှိသည့် မြို့များထဲမှတစ်မြို့ဖြစ်ခဲ့သည်။ 

Pricewaterhouse Coopers ကုမ္ပဏီ၏တွက်ချက်မှုများအရ ဘူဒါပတ်စ်မြို့သည် ကမ္ဘာ့အ ကောင်းဆုံးဂျီဒီပီရှိသည့် မြို့ပေါင်း(၁၀ဝ)ထဲတွင် ပါဝင်ခဲ့ကြောင်းလည်းသိရသည်။Worldwide Centres of Commerce Index  အရ ဘူဒါပတ်စ် သည် ကမ္ဘာပေါ်တွင် (၅၂)ခုမြောက် အရေးအကြီး ဆုံးစီးပွားရေးအချက်အချာနေရာအဖြစ် သတ်မှတ်ခံ ခဲ့ရပြီး MasterCard Emerging Markets Index အရ အဆင့်(၃)နေရာတွင်ရှိခဲ့ကြောင်းသိ ရသည်။ ဘူဒါပတ်စ်မြို့သည် ကမ္ဘာပေါ်ရှိ ဈေးအကြီး ဆုံးနှင့် အချမ်းသာဆုံးမြို့များစာရင်းတွင် အဆင့် (၄၈)နေရာ၌ ရပ်တည်နေကြောင်းလည်းသိရသည်။ဘူဒါပတ်စ်မြို့သည် ဘဏ်လုပ်ငန်းနှင့်ဘဏ္ဍာရေး၊ အိမ်ခြံမြေ၊ လက်လီရောင်းချမှု၊ ကုန်သွယ်မှု၊ သယ် ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ မီဒီယာအသစ် များအပြင် ရိုးရာမီဒီယာ၊ ကြော်ငြာ၊ ဥပဒေရေးရာ ဝန်ဆောင်မှုများ၊ စာရင်းကိုင်လုပ်ငန်း၊ အာမခံ၊ ဖက် ရှင်နှင့်အနုပညာလုပ်ငန်းတို့နှင့်ပတ်သက်ပြီး ဟန်ဂေရီနှင့် ဒေသတွင်းတွင် အဓိကအချက်အချာကျသည့်နေရာတစ်ခုဖြစ်သည်။ ဘူဒါပတ်စ်သည်  နိုင်ငံလုံးဆိုင်ရာအဖွဲ့အစည်းများနှင့် အစိုးရ အေဂျင် စီများအားလုံး၏ နေအိမ်ဖြစ်ရုံသာမက ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီများစွာ၏ နေအိမ်လည်းဖြစ် သည်။ ဘူဒါပတ်စ်မြို့သည် ကမ္ဘာပေါ်တွင် လာ ရောက်လည်ပတ်မှုအများဆုံးမြို့(၂၅)မြို့ထဲမှ တစ်မြို့ဖြစ်ပြီး နှစ်စဉ် နိုင်ငံတကာခရီးသွား (၄ ဒသမ ၄)သန်းကျော်ကို ကြိုဆိုလျက်ရှိသည်။ ခရီး သွားလုပ်ငန်းသည် ဘူဒါပတ်စ်မြို့၏စီးပွားရေးကို ကြီးကြီးမားမားအထောက်အကူဖြစ်စေသောကြောင့် အမြဲဖော်ပြခံရလေ့ရှိကြောင်းလည်းသိရသည်။ ထို့ပြင် ဘူဒါပတ်စ်သည် ကွန်ဗင်းရှင်းစင်တာများစွာ၏နေအိမ်ဖြစ်ပြီး မြို့တွင်းတွင် ထောင်နှင့်ချီသောစား သောက်ဆိုင်များ၊ ဘားများ၊ ကော်ဖီဆိုင်များနှင့် ပါတီပွဲကျင်းပသည့်နေရာများအပြင် ဟိုတယ်အများ အပြားလည်းရှိသည်။ EIU ကော်ပိုရေးရှင်း၏ လူနေ မှုဘဝအရည်အသွေးညွှန်းကိန်းအရ (၂၀၁၀)ပြည့် နှစ်တွင် ဘူဒါပတ်စ်မြို့သည် ဥရောပတိုက်အလယ် ပိုင်းနှင့်အရှေ့ပိုင်းတို့တွင် နေထိုင်ရန်အသင့်တော်ဆုံးမြို့အဖြစ်ဖော်ပြခံခဲ့ရပြီး ဥရောပတွင် ဒုတိယအမြန်ဆုံးဖွံ့ဖြိုးဆဲမြို့ပြစီးပွားရေးရှိသည့် မြို့တစ်မြို့အ ဖြစ်လည်း သတ်မှတ်ခံခဲ့ရကြောင်းသိရသည်။   


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

RECENT POSTS
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
ဘရာဇီးအမျိုးသားတစ်ဦးက Sao Paolo မြို့၌ နှစ်(၂၀)ကျော်အတွင်း သစ်ပင်ပေါင်း(၄)သောင်းကျော်စိုက်ပျိုးခဲ့ပြီး ပန်းခြံတစ်ခုဖန်တီး
18 Oct 2024
၂ဝ၂၄-၂ဝ၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈) ပွဲကြိုသုံးသပ်ချက်များ
18 Oct 2024
ကျန်းမာရေးဝန်ဆောင်မှုတိုက်ခိုက်ခံရခြင်းက မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်အပေါ် ကြီးမားသော သက်ရောက်မှုများဖြစ်စေခဲ့ဟုဆို
18 Oct 2024
ဆိုင်ကယ်ဆီထည့်ရန် တစ်ဖက်လမ်းသို့ ဖြတ်ကူးရာမှ တွဲကားနှင့် တိုက်မိသည့်အတွက် (၂)ဦးသေဆုံးပြီး (၁)ဦးပြင်းထန်ဒဏ်ရာရရှိမှု ဝမ်းတွင်းမြို့၌ ဖြစ်ပွား
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
16 Oct 2024
ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား စစ်တပ်မှာအမှုထမ်းဖို့ လူငယ်(၁)သန်းကျော် စာရင်းပေးခဲ့ဟုဆို
16 Oct 2024
လူမှုကွန်ရက် TikTok ကို အများဆုံးအသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်း သွေးဆောင်သူ ပွဲစားများ ပေါ်ပေါက်နေ
16 Oct 2024
အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်
16 Oct 2024
စက်သုံးဆီကို စမတ်ကတ်ဖြင့်ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်
16 Oct 2024
သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းကလေးငယ်တွေအတွက် ဝမ်သန်း(၁၀ဝ) လှူဒါန်းခဲ့တဲ့ ကင်ယိုဂျန်
16 Oct 2024
ခေတ်ကာလနှင့် သတင်းသမားများ ဘဝ
16 Oct 2024
Emoji ဒရုန်းပြပွဲ ဖန်တီးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့သည့် ကင်ဆာရောဂါသည် ဗြိတိန်အမျိုးသား
16 Oct 2024
NUG ကိုဖယ်ထုတ်ပြီး လက်နက်ကိုင်များ တပ်ပေါင်းစု စုဖွဲ့ကြရန်ဆိုသော အမြင်တစ်ခု တော်လှန်ရေးအင်အားစုများအကြား ပေါ်ပေါက်နေ
16 Oct 2024
ရန်ကုန်-ဒလတံတားစီမံကိန်း သတ်မှတ်ကာလအတွင်း မပြီးစီးရခြင်းမှာ တောင်ကိုရီးယားနှင့် တရုတ်ကုမ္ပဏီတို့ကြောင့် ဖြစ်နေ
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမှုကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရသတင်းထုတ်ပြန်
16 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved