Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ

ရဲထက် (NSS) - အောက်တိုဘာ ၂၅

(၂၀၂၄-၂၀၂၅) ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ တဖြည်းဖြည်းနဲ့ ကြည့်ကောင်း လာတော့ မှာဖြစ်ပြီး ပွဲစဉ်(၉)အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဇယားထိပ်ပိုင်း ယှဉ်ပြိုင်မှုအနေနဲ့ ကတော့ မန်စီးတီး၊လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့ရဲ့  ချန်ပီယံဆုအတွက် အကြိတ်အနယ်ရှိလှတဲ့ပွဲစဉ် တွေကို ဆက်လက်ကြည့်ရှုရဖို့ရှိနေပြီး ဒီနှစ်မှာ အ ကောင်းဆုံးခြေစွမ်းတွေကို အသီးသီးပြသထားတာ ကိုတွေ့ရပါတယ်။ တစ်ဖက်မှာတော့ ချဲလ်ဆီး၊ အက်စတွန်ဗီလာ၊ နယူးကာဆယ်နဲ့ ဘရိုက်တန်အ သင်းတို့ရဲ့ အစဉ်လိုက်ရပ်တည်မှုတွေနဲ့အတူ အမှတ် ပေးဇယားကို ဖိအားပေးဖို့ အသင့်အနေအထား မှာရှိနေပြီး ချန်ပီယံဆုအတွက် ဘယ်အသင်းက အလား အလာအကောင်းဆုံးအသင်း ဖြစ်မလဲဆိုတာ ကိုလည်း ပွဲစဉ်(၉)မှာ အဆုံးအဖြတ်ပေးသွားဖို့ရှိနေပါတယ်။ ဒါ့ပြင် ပရီးမီးယားလိဂ်ပွဲစဉ်(၉)ပွဲအထိ ရောက်လာပေ မယ့် နိုင်ပွဲမရသေးတဲ့အသင်းတွေလည်း ရှိနေသေး တာကိုတွေ့ရပြီး တန်းဆင်းရဖို့ အတွက် စောစောစီးစီး မျက်ခုံးလှုပ်နေရတဲ့ အသင်းတွေလည်းရှိနေပါတယ်။ ဒီတစ်ပတ်မှာလည်း ပရိသတ်အကြိုက်တွေ့မယ့် ပွဲစဉ်(၉)ရဲ့ အကောင်းဆုံးပွဲဖြစ်လာမယ့် အာဆင်နယ် အသင်းနဲ့ လီဗာပူးလ် အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကလည်း အကြိတ်အနယ်ရှိလှတဲ့ပွဲကောင်းတစ်ပွဲဖြစ် လာဦးမှာပါ။ ဒါကြောင့်  NSS ကနေ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းကြီးတွေရဲ့  ပရီးမီးယားလိဂ်ပွဲစဉ် (၉) အတွက် ခြေစွမ်းနဲ့ဖြစ်နိုင်ခြေသုံးသပ်ချက်တွေကို တင်ပြသွား မှာဖြစ်ပါတယ်။

အာဆင်နယ် VS  လီဗာပူးလ်

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

အာဆင်နယ် ဝ - ၂  လီဗာပူးလ်  (၄-၂-၂၀၂၄)

လီဗာပူးလ် ၁  - ၁ အာဆင်နယ် (၂၄-၁၂-၂၀၂၃)

လီဗာပူးလ် ၂  - ၂ အာဆင်နယ် (၉-၄-၂၀၂၃)

NSS အကြိုက် ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် ၂ - ၂   လီဗာပူးလ်

အာဆင်နယ် ၁ - ၂  လီဗာပူးလ်

အာဆင်နယ်အသင်းက လီဗာပူးလ်အသင်း နဲ့ ပွဲစဉ်ကစပြီး ပွဲကျပ်ကာလတွေကို ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။ နယူးကာဆယ်၊ ချဲလ်ဆီးနဲ့ဝက်စ် ဟမ်းတို့လိုအသင်းတွေကို ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်တဲ့ အတွက် လီဗာပူးလ်အသင်းနဲ့ပွဲစဉ်ကိုသာ အနိုင်ရလိုက်ရင် နောက်လာမယ့်ပွဲစဉ်တွေမှာလည်း စိတ်ဓာတ် ပိုင်းဆိုင်ရာမှာ အားတက်သွားနိုင်သလို အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကိုလည်း ခြိမ်းခြောက်သွား နိုင်မှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကတော့ ခြေစွမ်းပိုင်းက မနှစ်ကလိုမျိုးအခြေအနေမှာတောင် အာဆင်နယ်အသင်းကို နိုင်ပွဲပိုရထားတာတွေ့ ရပြီး ဒီနှစ်လို ခြေစွမ်းတည်ငြိမ်လာချိန်မှာဆိုရင်တော့ အာဆင်နယ်အသင်းကို ကောင်းကောင်းဒုက္ခ ပေးနိုင်တဲ့ အသင်းမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ အာဆင်နယ် အသင်းမှာ မာတင်အိုဒီဂတ် ပြန်ပါလာပြီဖြစ်တဲ့အတွက် အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ပိုင်းက နေသားပြန်ကျသွားမှာဖြစ်ပြီး ဆက်တိုက်ဂိုးဖန်တီးမှုတွေရော နေရာလွတ်တွေပါ ရှာဖွေပေးတော့မှာ ဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအရ ပြန်ကြည့်ရင် ဒီနှစ်သင်းရဲ့ ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက် တွေ့ ဆုံမှု(၅)ပွဲမှာ (၂)ပွဲသရေကျထားပြီး လီဗာပူးလ်အ သင်းက(၂)ပွဲအနိုင်ရရှိထားကာ အာဆင်နယ်အ သင်းကတော့ (၁)ပွဲသာအနိုင်ရထားတာဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ လီဗာပူးလ် အသင်းနဲ့တွေ့တိုင်း နိုင်ပွဲရဖို့ ရုန်းကန်ရ လေ့ရှိတာကိုတွေ့ရပါတယ်။ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်း အနေနဲ့ နိုင်တဲ့အသင်းက အမှတ်ပေးဇယားကို ဖိအားပေးသွားနိုင်ဖို့ရှိနေပြီး သရေကျခဲ့ရင်တော့ မန်စီးတီး အသင်းအတွက် အခွင့်အရေးတစ်ခုလည်းဖြစ်သွားနိုင်ပါတယ်။ ဒီနှစ်သင်းရဲ့ ရလဒ်ပိုင်းကို ခန့်မှန်းရမယ် ဆိုရင်တော့ အာဆင်နယ်အသင်းက အိမ်ကွင်းမှာဆိုရင် နိုင်ပွဲပိုရထားတဲ့အသင်းဖြစ်ပြီး လီဗာပူးလ် အသင်းကိုလည်း အိမ်ကွင်းမှာပဲ နိုင်ခဲ့တာ ကြောင့် ဒီတစ်ကြိမ်မှာလည်း အာဆင်နယ်အသင်းရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ကန်မှာဖြစ်တာကြောင့် အာဆင်နယ်အသင်းအတွက် အခွင့်အရေးပို ကောင်း နေပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ အာဆင်နယ်အသင်းရဲ့ ကောင်းလှပါတယ်ဆိုတဲ့ ခံစစ်တို့ ထိပ်တိုက်တွေ့မှုဖြစ်တာကြောင့်လည်း သရေကျဖို့များပြီး နိုင်မယ်ဆိုရင် လီဗာပူးလ်အသင်းက တစ်ဂိုး လောက်အကွာနဲ့ ကပ်နိုင်သွားနိုင်ပါတယ်။

ချဲလ်ဆီး   VS  နယူးကာဆယ်

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

ချဲလ်ဆီး  ၃ - ၂   နယူးကာဆယ် (၁၂-၃-၂၀၂၄)

နယူးကာဆယ် ၄ - ၁ ချဲလ်ဆီး  (၂၅-၁၁-၂၀၂၃)

ချဲလ်ဆီး  ၁ - ၁   နယူးကာဆယ်  (၂၈-၅-၂၀၂၃)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်

ချဲလ်ဆီး   ၃ - ၂  နယူးကာဆယ်

ချဲလ်ဆီး   ၂ - ၂  နယူးကာဆယ်

ချဲလ်ဆီးအသင်းက ဒီနှစ်ရာသီမှာ ခြေစွမ်းပိုင်းမှာလည်း အတက်အကျမြန်တဲ့အသင်းလို့ ပြောလို့ရပါ တယ်။ ကစားသမား အင်အားတောင့်တင်း တယ်ဆိုပေမယ့် နည်းပြမာရက်စကာရဲ့ လူထုတ်ပုံ အနေအထားက တစ်ပွဲနဲ့တစ်ပွဲ အပြောင်းအလဲ မြန် ဆန်လွန်းတယ်လို့ ဝေဖန်မှုတွေရှိနေသလို ဒီခြေ စွမ်းကို ထိန်းမထားနိုင်ဘူးဆိုရင်တော့ ချဲလ်ဆီး အသင်းအနေနဲ့ မနှစ်ကအတိုင်း ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပါ လွဲချော်နိုင်ခြေရှိနေပါတယ်။ နယူး ကာဆယ်အသင်းကလည်း ဒီနှစ်မှာ ခြေစွမ်းပိုင်းက အကောင်းကြီးမဟုတ်ပေမယ့် အမှတ်ပေးဇယားမှာ တူတူတန်တန်ခြေစွမ်းပြထားတဲ့အသင်းဖြစ်တဲ့ အပြင် အသင်းကြီးတွေကို ဒုက္ခပေးနိုင်တဲ့ ဖြတ်မျဉ်းအသင်းလည်းဖြစ်နေတာကြောင့် ဒီပွဲစဉ်က ချဲလ်ဆီး အသင်းအတွက် ခက်ခဲနိုင်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအရပြန်ကြည့်ရင် မနှစ်က ထိပ်တိုက်တွေ့ဆုံမှု မှာတော့ ချဲလ်ဆီးအသင်းက နယူးကာဆယ်အသင်း ကို တစ်ပွဲနိုင်တစ်ပွဲရှုံးထားတာကြောင့် ဘယ်အသင်း ကမှ အသာစီးမရခဲ့ဘူးလို့ ပြောလို့ရပါတယ်။ ထိပ် တိုက်တွေ့ဆုံမှုတိုင်းမှာလည်း အကြိတ် အနယ်ရှိတဲ့ အပြင် အပြန်အလှန်သွင်းဂိုးတွေကိုပါ မြင်တွေ့ရပြီး ရန်ပွဲကိုပါ ကြည့်ရလေ့ရှိတဲ့ အသင်း(၂)သင်းရဲ့ ထိပ် တိုက်တွေ့ဆုံမှာလည်းဖြစ်နေပါတယ်။ ရလဒ်ပိုင်း အနေနဲ့ ခန့်မှန်းရမယ်ဆိုရင်တော့ ချဲလ်ဆီး အသင်းက အိမ်ကွင်းဖြစ်တဲ့အတွက် နိုင်ပွဲရခဲ့ရင် ဇယားထိပ်ပိုင်း ကို စိန်ခေါ်နိုင်မှာဖြစ်တာကြောင့် ဒီပွဲစဉ်က နယူး ကာဆယ်အသင်းအတွက် မလွယ်ကူနိုင်ဘဲ သရေတစ်မှတ်လောက်သာ ရယူသွားနိုင်မယ့်ပွဲပါ။ နိုင်ပွဲ အနေနဲ့ဆိုရင်တော့ ချဲလ်ဆီးအသင်းကနိုင်ပါ မယ်။

ဝက်စ်ဟမ်း  VS  မန်ယူ

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

မန်ယူ    ၃ - ဝ  ဝက်စ်ဟမ်း  (၄-၂-၂၀၂၄)

ဝက်စ်ဟမ်း  ၂ - ဝ   မန်ယူ  (၂၃-၁၂-၂၀၂၃)

ဝက်စ်ဟမ်း  ၁ - ဝ   မန်ယူ   (၈-၅-၂၀၂၃)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဟမ်း ၂ - ၂  မန်ယူ

ဝက်စ်ဟမ်း  ၃ - ၂  မန်ယူ

မန်ယူအသင်းအနေနဲ့ နည်းပြတန်းဟတ် လက်ထက်မှာ အခြားအသင်းကြီးတွေထက်ပိုပြီး ဆိုးရွားတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရတယ်လို့ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မန်စီးတီး၊ လီဗာပူးလ်၊ အာဆင်နယ်တို့ကို ခဏထားပြီးပြောရရင် Level တူအသင်းတွေဖြစ်တဲ့ ချဲလ်ဆီး၊ စပါးစ်နဲ့ နယူးကာ ဆယ်လိုအသင်းတွေနဲ့တောင် ယှဉ်ဖို့မလွယ်ကူသေး တဲ့အနေအထားဖြစ်ပါတယ်။ နိုင်ပွဲရရင်တောင် ခြေစွမ်းပိုင်းက အားရစရာမကောင်းတတ်တဲ့ အနေအထားအပြင် ကစားသမားတွေထဲမှာ အကျပိုင်း ရောက်နေပြီဖြစ်တဲ့ ကစားသမားအများစုကို ထုတ်သုံးနေတာ ကြောင့် ရလဒ်ပိုင်းက အားရစရာမကောင်း ဘူးလို့ လည်းဆိုနိုင်ပါတယ်။ ဒီပွဲစဉ်ကို ရှုံးဦးမယ်ဆိုရင်တော့ ပရိသတ်တွေရဲ့ စိတ်ရှည်သည်းခံမှုက ကုန်ဆုံးသွားနိုင်ပြီး နည်းပြအပြောင်းအလဲကိုလည်း မြင်တွေ့သွားရဖို့များ နေပါတယ်။ ဝက်စ်ဟမ်း အသင်းကတော့ မနှစ်က တည်းက ခြေစွမ်းပိုင်းသိသိသာသာ ကျဆင်းသွားတဲ့ အသင်းဖြစ်ပြီး အသင်းရဲ့ အဓိက ကွင်းလယ်ထောက် တိုင် ဒီကလန်ရိုက်ကို အာဆင်နယ်အသင်းထံရောင်း ချပြီးကတည်းက အခြေ အနေ မဟန်တော့တာကိုတွေ့ ရပါတယ်။ ဒါ့ပြင် ခံစစ်ပိုင်းမှာလည်း အမှားများပြီး ဂိုးသမားအနေနဲ့လည်း စိတ်ချရမှုမရှိတဲ့အသင်းဖြစ် ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု အရတော့ နောက်ဆုံး တွေ့ခဲ့တဲ့ ပရီးမီးယား လိဂ်ပွဲစဉ်(၃)ပွဲမှာ ဝက်စ်ဟမ်း အသင်းက (၂)ပွဲနိုင်ထားပြီး မန်ယူအသင်းကတော့ (၁)ပွဲသာအနိုင်ရထား တာကြောင့် ဒီပွဲစဉ်က မန်ယူအ သင်းအတွက် မလွယ်ကူတဲ့ ပွဲလည်းဖြစ်လာနိုင်ပါ တယ်။ ရလဒ်ပိုင်းကို ခန့်မှန်းရမယ်ဆိုရင်တော့ အိမ်ကွင်းအားသာချက်ရှိတဲ့ ဝက်စ်ဟမ်းအသင်းက အသားစီးရသွားနိုင်ပြီး သ‌ရေကျသွားနိုင်သလို မန်ယူ အသင်းအတွက် နိုင်ပွဲရဖို့ခက်တဲ့ ပွဲစဉ်ဖြစ်ပါတယ်။

မန်စီးတီး  VS ဆောက်သမ်တန်

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

ဆောက်သမ်တန်  ၁ - ၄ မန်စီးတီး (၈-၄-၂၀၂၃)

မန်စီးတီး ဝ - ၄ ဆောက်သမ်တန် (၈-၁၀-၂၀ ၂၂)

ဆောက်သမ်တန် ၁ - ၁ မန်စီးတီး (၁၈-၉-၂၀ ၂၁)

NSS အကြိုက် ပွဲကြိုသုံးသပ်ချက်

မန်စီးတီး   ၃ - ဝ ဆောက်သမ်တန်

မန်စီးတီး   ၄ - ဝ  ဆောက်သမ်တန်

မန်စီးတီးက ဒီနှစ်ရာသီမှာ တခြားအသင်းကြီးတွေထက် ခေါင်းတစ်လုံးသာနေတဲ့အနေအထားမျိုးဖြစ် ပါတယ်။ အာဆင်နယ်အသင်းနဲ့ လီဗာပူးလ် အသင်းတို့ ထိပ်တိုက်တွေ့ဆုံချိန်မှာ မန်စီးတီးအသင်း ကတော့ ဇယားထိပ်ပိုင်းကို ဦးဆောင်ဖို့ အကောင်းဆုံး အနေအထားတစ်ရပ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ နောက်ပိုင်းပွဲစဉ်တွေမှာတော့ ဘရိုက်တန်၊ စပါးစ်နဲ့ လီဗာပူးလ်အသင်းတို့ကို ရင်ဆိုင်ကစားရ ဖို့ရှိနေတာကြောင့် မန်စီးတီးအသင်းအတွက် မလွယ်ကူနိုင်ပါဘူး။ ဒါ့ပြင် ဥရောပ ချန်ပီယံလိဂ်ပွဲစဉ်တွေ ကိုလည်း ကစားရဖို့ရှိနေတဲ့ မန်စီးတီးအသင်းအတွက် အဓိက ကစားသမား ရိုဒရို ဒဏ်ရာရရှိနေချိန်မှာ နောက်ထပ် အဓိက ကစားသမားတစ်ယောက်သာ ထပ်ပြီး ဒဏ်ရရှိခဲ့ရင် မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်မှာ တိုင်ပတ်သွားနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ မန်စီးတီးအသင်းက အမှတ်ပေး ဇယားကို အကောင်းဆုံးဦးဆောင်ဖို့ ကြိုးစားကစားသွားဖို့ရှိနေပြီး ဆောက်သမ်တန်လို တန်းဆင်းဇုန်မှာ နိုင်ပွဲတစ်ပွဲရဖို့ ရုန်းကန်နေရတဲ့ အသင်းဖြစ်တဲ့အပြင်တန်းဆင်းရနိုင်ခြေအရှိဆုံးအသင်းဖြစ်နေတာ ကြောင့် ဒီပွဲစဉ်က မန်စီးတီးအသင်းရဲ့ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ထပ်မြင်ရမယ့်ပွဲဖြစ်ပြီး ဟာလန်းရဲ့ ဟတ်ထရစ် ကိုပါ မြင်တွေ့ရဖို့ရှိနေပါ တယ်။

ခရစ္စတယ်ပဲလေ့စ် VS စပါးစ်

ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု

စပါးစ်  ၃ - ၁ ခရစ္စတယ်ပဲလေ့စ် (၂-၃-၂၀၂၄)

ခရစ္စတယ်ပဲလေ့စ်  ၁ - ၂  စပါးစ် (၂၈-၁၀-၂၀၂၃)

စပါးစ်  ၁ - ဝ ခရစ္စတယ်ပဲလေ့စ် (၆-၅-၂၀၂၃)

NSS အကြိုက် ပွဲကြိုသုံးသပ်ချက်

ခရစ္စတယ်ပဲလေ့စ် ၁ - ၂ စပါးစ်

ခရစ္စတယ်ပဲလေ့စ်  ၁ - ၃  စပါးစ်

စပါးစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီး ယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာကို ရရှိထားပြီး ယူရိုပါလိဂ် ဝင်ခွင့်တစ်နေရာကိုပါ ရရှိခဲ့တဲ့အသင်းဖြစ်ပြီး နည်းပြသစ်လက်ထက်မှာ ကောင်းမွန်တဲ့ ရာသီတစ်ခုကို ရရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ရာသီမှာတော့ ခြေစွမ်းပိုင်းကျ ဆင်းမှုတွေနဲ့ အတူ အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းကိုလည်း ဖိအားပေးနိုင်မှု မရှိတော့တဲ့ အနေအထားကို တွေ့ရပါ တယ်။ ကွင်းလယ်နဲ့တိုက်စစ်ပိုင်း ချိတ်ဆက်မှု လိုအပ်ချက်တွေအပြင် တိုက်စစ်အားသန်လွန်းတဲ့ ကစားဟန် တစ်ခုကပဲ စပါးစ်အသင်းကို အရာရာ နိမ့် ကျသွားစေခဲ့သလားဆိုတာကလည်း မေးခွန်းထုတ် စရာကောင်းပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းက တော့ တန်းဆင်းဇုန်ထဲကိုရောက်ရှိနေတဲ့ အသင်း ဖြစ်တဲ့အပြင် နည်းပြနဲ့ကစားသမားတွေရဲ့အဆင်မ ပြေမှုတွေကြားမှာ နိုင်ပွဲရဖို့ ရုန်းကန်နေရတာကြောင့် ဒီပွဲစဉ်က စပါးစ်အသင်းအတွက် နိုင်ပွဲရဖို့ များပါ တယ်။ ဒါပေမဲ့ စပါးစ်အသင်းရဲ့ ခြေစွမ်းပိုင်းက လို အပ်ချက်တွေ‌ကြောင့် ဂိုးမပြတ်နိုင်ပါဘူး။

၂၆ - ၁၀ -၂၀၂၄ (စနေနေ့ညပိုင်း)

ည (၈း၃၀) မန်စီးတီး  VS  ဆောက်သမ်တန်

၂၇ - ၁၀ -၂၀၂၄ (တနင်္ဂနွေနေ့ညပိုင်း)

ည (၈း၃၀)  ချဲလ်ဆီး VS  နယူးကာဆယ်

ည (၈း၃၀) ခရစ္စတယ်ပဲလေ့စ် VS စပါးစ်

ည  (၈း၃၀)  ဝက်စ်ဟမ်း VS  မန်

ည  (၁၁းဝဝ) အာဆင်နယ် VS လီဗာပူးလ်


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော

RECENT POSTS
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ ကနေဒါအမျိုးသား
24 Oct 2024
စစ်ပွဲအဆုံးသတ်ရေး ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည့် အစ္စရေး
24 Oct 2024
မြန်မာနယ်စပ်အနီး ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်
24 Oct 2024
ဝေါမြို့နယ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါသည့် ခရီးသည်ထံမှ ပစ္စတို သေနတ်(၁၆) လက်နှင့် ကျည်(၅၃ဝ)ဖမ်းဆီးရမိ
24 Oct 2024
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ(၉)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဝင်ရောက်မှုများပြားမည်ဟု ခန့်မှန်း
24 Oct 2024
မော်လမြိုင်မြို့တွင် HIJET ကားနှင့် (၁၀)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ
24 Oct 2024
ဝန်ကြီးချုပ်ဟောင်း နှုတ်ထွက်စာ တင်-မတင် အရှုတ်တော်ပုံ ယူနွတ်ယာယီ အစိုးရ တရားဝင်မှု ပြဿနာဖြစ်လာ
24 Oct 2024
မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေး(၃)မျိုးကို သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး
24 Oct 2024
ဟောင်ကောင် တိရစ္ဆာန်ရုံတစ်ခုမှာ မြေဆီလွှာမှ ဘက်တီးရီးယား ကူးစက်မှုကြောင့် မျောက်တွေ သေဆုံး
24 Oct 2024
ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု(၃)ရက်ကျော်အတွင်း ရုပ်အလောင်း(၁၇)လောင်း ပြန်တွေ့ကာ (၈)ဦးပျောက်ဆုံးနေ
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved