Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနယ်စပ်အနီး ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်

Htay Oung (NSS) - အောက်တိုဘာ ၂၄

ထိုင်းနဲ့ တရုတ်တို့ရဲ့ ကာကွယ်ရေးဆိုင်ရာ အပြန်အလှန်ဆက်ဆံရေးဟာ အရှေ့တောင်အာရှဒေသမှာ ထင်ရှားတဲ့ မှတ်တိုင်အတော်များများကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ ၂၀၀၅ ခုနှစ်မှ စတင်ပြီး တရုတ်နိုင်ငံနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တဲ့ ဒေသတွင်း ပထမဆုံးသော နိုင်ငံဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ အတိုင်းအတာပမာဏနဲ့ှ ရှုပ်ထွေးမှုများ ကြီးထွားလာခဲ့ပြီး အထူးသဖြင့် ၂၀၁၄ ထိုင်းအာဏာသိမ်းမှုအပြီး ပေကျင်းနဲ့ ပိုမိုနီးကပ်စွာ ဆက်ဆံဖို့ ဘန်ကောက်အတွက် အကြောင်းဖန်လာပါ တယ်။ ထိုင်းစစ်တပ် လွှမ်းမိုးတဲ့ အုပ်ချုပ်ရေးစနစ်အပေါ် အမေရိကန်ရဲ့ ဝေဖန်မှုကို ကြံ့ကြံ့ခံနိုင်ဖို့ဖြစ်ပါတယ်။ ယနေ့ ထိုင်းနိုင်ငံဟာ ရေတပ် “Blue Strike” နဲ့  လေကြောင်းတိုက်ခိုက်ရေး “Falcon Strike” အပါအဝင် နှစ်နိုင်ငံစစ်ရေးလေ့ကျင့်မှုတွေဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ ကြည်းရေလေ သုံးခုစလုံးနဲ့ ပြုလုပ်ခြင်း ဖြစ်တဲ့အတွက် အရှေ့တောင်အာရှဒေသမှာ တစ်မူထူးခြားလျက်ရှိတယ်လို့ “ဒစ်ပလိုမက်” (22 October 2024) က ရေးသားပါတယ်။


လွန်ခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့မှ စတင်ပြီး ယူနန်ပြည်နယ် ကူမင်းမြို့မှာ တရုတ်နဲ့ ထိုင်းနှစ်နိုင်ငံ ပူး ပေါင်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးလေ့ကျင့်ခန်းကို ၁၁-ရက်ကြာပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလေ့ကျင့်ခန်းဟာ ထိုင်းနိုင်ငံ မြောက်ဘက် မိုင် ၅၀၀ ခန့်အကွာ နယ်စပ်အနီး “Strike 2024” စစ်ရေးလေ့ကျင့်မှုရဲ့ နောက် ဆက်တွဲလည်း ဖြစ်ပါတယ်။ ယခုလေ့ကျင့်ခန်းမှာ နှစ်နိုင်ငံစလုံးမှ တပ်ဖွဲ့ဝင်တွေဟာ မြို့ပြစစ်ဆင်ရေးလေ့ ကျင့်မှု၊ ပရိုလက်နက်အတွေ့အကြုံ ဖလှယ်မှုများနဲ့ တရုတ်နိုင်ငံထုတ် QBZ-95-1 ချေမှုန်းရေး ရိုင်ဖယ်တို့ကို ကိုင်ဆောင်ပြီး စစ်ရေးလေ့ကျင့်နေတဲ့ ထိုင်းစစ်သားများရဲ့ ရုပ်ပုံပါ ဗွီဒီယိုကို ကွန်မြူနစ်အစိုးရပိုင် CCTV  သ တင်းဌာနက လွှင့်ထုတ်ခဲ့ပါတယ်။ ပထမ အသားပေး ဖော်ပြတာကတော့ အဲ့ဒီလေ့ကျင့်ခန်းတွေဟာ ၂၀၀၅ ခုနှစ်ကတည်းက သတ်မှတ်ထားတဲ့ ပုံစံအတိုင်း လုပ်ရိုးလုပ်စဉ်အဖြစ် ရှု့မြင်စေခြင်းပဲ ဖြစ်ပါတယ်။

ယခုနှစ် “Strike-2024” စစ်ရေးလေ့ကျင့်ရာမှာ ဒရုန်းများကို ထည့်သွင်းလာကြောင်း တွေ့ရှိရပါတယ်။ ထိုင်း အနေနဲ့ မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်တလျောက် ကင်းလှည့်ရန်အတွက် စစ်ဘက်ဆိုင်ရာ ဒရုန်းများကို ဝယ် ယူရန် စိတ်အားထက်သန်နေပါတယ်။ တရုတ်ဘက်က ကြည့်ရင်လဲ ဒီလို စစ်ရေးလေ့ကျင့်မှုမှာ ဒရုန်းများကို မိတ်ဆက်ခြင်းအားဖြင့် လက်နက်ရောင်းချမှု တိုးချဲ့ရန်နဲ့ အရှေ့တောင်အာရှဒေသအတွင်း သူ့ရဲ့ ကာကွယ် ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကွန်ရက် မြှင့်တင်ရေးကို ပိုမိုကျယ်ပြန့်လာစေဖို့ အထောက်အကူ ရရှိစေပါ တယ်။

တရုတ်-မြန်မာနယ်စပ်အနီး ပြုလုပ်ခဲ့တဲ့ “Strike-2024” စစ်ရေးလေ့ကျင့်မှုဟာ ထိုင်းနဲ့ တရုတ်တပ်ဖွဲ့ဝင်များ အတွက် နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ လူမှောင်ခိုကူးမှု၊ အထူးသဖြင့် တောင်တန်းဒေသမှာ သာမန် မဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သတင်းအချက်အလက်နဲ့ နည်း ဗျူဟာများကို ဖလှယ်ကြမယ်လို့ ဆိုပါတယ်။ 

တကယ်တော့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဟာ နယ်နိမိတ်ချင်း ထိစပ်နေခြင်း မရှိသော်လည်း ၎င်းတို့ဒေသအတွင်း မျှဝေရင်ဆိုင်နေရတဲ့ လုံခြုံရေးခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကာကွယ်ရေးဆိုင်ရာ အနီး ကပ် ပူးပေါင်းဆောင်ရွက်မှု တည်ရှိနေပါတယ်။ အဲ့ဒီ ပူးပေါင်းဆောင်ရွက်မှုရဲ့ သမိုင်းဝင် ဥပမာတစ်ခုမှာ ထိုင်း အိမ်နီးချင်း ကမ္ဘောဒီးယားကို ဗီယက်နမ်က ကျူးကျော်မှု ၁၉၇၀ ခုနှစ်များနှောင်းပိုင်းမှ ၁၉၈၀ ခုနှစ်များအထိ ဒေသတွင်းဖြစ်ရပ်များနဲ့ ဆက်စပ်နေပါတယ်။ 

အဲဒီအချိန် ကွန်မြူနစ်ဝါဒပြန့်ပွားမှုကို ကြောက်ရွံ့နေတဲ့ ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်အထိ ရောက်ရှိလာတဲ့  ဗီယက်နမ်တပ်များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ပေကျင်းဟာ ဗီယက်နမ် ဟာ တရုတ်နိုင်ငံကို ဝိုင်းပတ်ခြိမ်းခြောက်လာတဲ့ ဆိုဗီယက်သြဇာလွှမ်းမိုးမှုရဲ့ Proxy ကိုယ်စားပြုသူအဖြစ် ရှုမြင် လာပါတယ်။ တုံ့ပြန်တဲ့အနေနဲ့ ထိုင်းနဲ့ တရုတ်တို့ဟာ ဗီယက်နမ်တပ်များကို ခုခံတိုက်ခိုက်ရန် ကမ္ဘောဒီးယား သို့ လက်နက်များ ပေးပို့ခြင်းဖြင့် သူတို့ရဲ့ ဗျူဟာမြောက် အကျိုးစီးပွားကို ချိန်ညှိပေးခဲ့ကြဖူးပါတယ်။

၂၀၂၁ ခုနှစ် နစက အစိုးရ အာဏာရယူမှုကြောင့် မြန်မာနိုင်ငံ ပြည်တွင်းစစ်ဟာ ပိုမိုဆိုးရွားလာပြီး တရုတ်နဲ့ ထိုင်းနိုင်ငံတို့အကြားမှာလည်း  တဖန်ပြန်လည်နီးကပ်လာခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးအနေနဲ့ တရားမဝင်  လူဝင် ရောက်မှုများ၊ လက်နက်မှောင်ခိုကူးမှုမျိုးတို့လို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ အပါအဝင် မြန်မာပြည်တွင်း စစ် က လျှံထွက်လာတဲ့ အကျိုးဆက်များကို ရင်ဆိုင်နေရပါတယ်။ နှစ်နိုင်ငံစလုံးရဲ့ စိုးရိမ်မှုတွေဟာ အထူးသဖြင့် သူ တို့ရဲ့ သက်ဆိုင်ရာ နယ်စပ်တစ်လျှောက် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေပါတယ်။

မြန်မာအစိုးရရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) များပါ နှစ်ဖက်စလုံးမှ ဒရုန်းများ အသုံးပြု တိုက်ခိုက်နေတဲ့ ပဋိပက္ခဟာ ထိုင်းနိုင်ငံရဲ့ လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာများကို မြင့်တက်လာစေပါတယ်။ ဒရုန်းတွေဟာ သမားရိုးကျ ရေဒါထောက်လှမ်းမှုကို ရှောင်လွှဲနိုင်ပြီး ၎င်းတို့ကို ဖျက်ဆီးပစ်ဖို့ ဒုံးကျည်စနစ်တွေ ကိုသာ အသုံးပြုရမယ်ဆိုရင်  ထိုင်းစစ်တပ်အတွက် ဈေးကြီးလွန်းတဲ့ အကန့်အသတ် ရှိနေပါတယ်။ ဒါ့အပြင် မြန်မာနဲ့ ထိုင်းနိုင်ငံကြား မိုင်ပေါင်း ၁၅၀၀ ကျော် ရှည်လျားတဲ့ နယ်စပ်စည်းရိုးတလျှောက် ကင်းလှည့်ရမယ့် ကိစ္စဟာ သိသာထင်ရှားတဲ့ စိန်ခေါ်မှုဖြစ်နေပါတယ်။

အဲဒီ လိုအပ်ချက်များကို ဖြည့်ဆည်းဖို့အတွက် ထိုင်းနိုင်ငံရဲ့ ၂၀၂၄ ခုနှစ် ကာကွယ်ရေးဆိုင်ရာ စက္ကူဖြူ စာ တမ်းမှာ စစ်ဘက်ဆိုင်ရာ ဒရုန်းများကို ဝယ်ယူရန်နဲ့ နိုင်ငံအချုပ်အခြာနယ်နိမိတ်များကို ပိုမိုကောင်းမွန်စွာ လုံခြုံစေရေး တန်ပြန်ဒရုန်း အစီအမံများကို မြှင့်တင်ရန် ထည့်သွင်းထားပါတယ်။ ဒါပေမယ့် “ပရီဒေတာ” နဲ့ “ရီပါး” တိ့ုလို အမေရိကန်ဒရုန်းတွေဟာ ထိုင်းနိုင်ငံအတွက် အလွန်ဈေးကြီးပါတယ်။ ဒါ့ကြောင့် ထိုင်းဘုရင့်တပ် မတော် (RTA) အနေနဲ့ သူတို့ရဲ့ စောင့်ကြည့်ရေးစွမ်းရည်ကို မြှင့်တင်ပေးမယ့် Sky Saker FX80 ဒရုန်းများကို ဝယ်ယူဖို့ “တရုတ်နော်ရင်ကို ကုမ္ပဏီ” နဲ့ ၂၀၂၃- ခုနှစ်မှာ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

Strike-2024 စစ်ရေးလေ့ကျင့်မှုအတွင်း ထိုင်းတပ်ဖွဲ့ဝင်တွေဟာ အဆိုပါ တရုတ်မောင်းသူမဲ့လေယာဉ်များကို ကိုင်တွယ်ထိန်းကျောင်းရန် သင်ယူခဲ့ပြီး အချိန်နှင့်တပြေးညီ ထောက်လှမ်းရေးနဲ့ ကွပ်ကဲမှုစွမ်းရည်များကို မြှင့် တင်ခဲ့ပါတယ်။ ဒရုန်းဆိုတာမျိုးဟာ တောတွင်းစစ်ဆင်ရေးများမှာ အထူးအသုံးဝင်ပြီး အနီအောက်ရောင်ခြည်နဲ့ ညဘက်အမြင်အာရုံကို အသုံးပြုနိုင်တဲ့အတွက် မြင်နိုင်စွမ်းနည်းပါးတဲ့ နေရာများမှာလည်း တိုက်ပွဲဝင်နိုင်ပါ တယ်။ အဲ့ဒီ နည်းပညာဟာ ထိုင်းစစ်တပ်အနေနဲ့ ပူးပေါင်းညှိနှိုင်းစေပြီး နယ်ပယ်အသီးသီးမှာ ပိုမို ကောင်း မွန်တဲ့ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန် အကူအညီပေးပါတယ်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ ထိုင်းဘုရင့်တပ်မတော် RTA တို့အကြား မြန်မာနိုင်ငံမှ သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများကို ရင်ဆိုင်ဖို့ နည်း ဗျူဟာများကို မြှင့်တင်နိုင်စေခဲ့ပါတယ်။ Strike-2024 မှာ သတ်မှတ်ဧရိယာအတွင်း ရှင်းလင်းရေးနဲ့ ဓားစာခံ ကယ်တင်ခြင်းမျိုးတို့လို မြို့ပြအကြမ်းဖက်မှုနှိမ်နင်းရေးလေ့ကျင့်မှုများမှာ နှစ်နိုင်ငံတပ်ဖွဲ့ဝင်များအတွက် အဖိုး တန်လက်တွေ့အတွေ့အကြုံများကို ပေးစွမ်းနိုင်ပါတယ်။ PLA အနေနဲ့ကလည်း ထိုင်းစစ်တပ်ရဲ့ ကျယ်ပြန့်တဲ့ တိုက်ခိုက်ရေး အတွေ့အကြုံ အထူးသဖြင့် ၁၉၆၀- ခုနှစ်များအတွင်း သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေး များနဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းတွင် လတ်တလော စစ်ရေးအတွေ့အကြုံများကို လေ့လာခွင့် ရရှိခဲ့ပါတယ်။

ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ပေကျင်းရဲ့ လက်နက်ရောင်းချမှုကို မြှင့်တင်ရန်နဲ့ အရှေ့တောင်အာ ရှဒေသ ကာကွယ်ရေးဆက်ဆံမှုကို ခိုင်မာစေရေးအတွက် အရေးကြီးပါတယ်။ အဆိုပါ လေ့ကျင့်ခန်းတွေဟာ ထိုင်းတို့လို ဖောက်သည်အသစ်များကို ဆွဲဆောင်နိုင်ရန်နဲ့ တရုတ်ရဲ့ စစ်ရေးနည်းပညာကို သရုပ်ပြရန် ကူညီ ပေးပါတယ်။ လက်နက်တင်ပို့မှု တိုးမြှင့်ခြင်းဖြင့် တရုတ်နိုင်ငံဟာ မျှဝေထိန်းသိမ်းစောင့်ရှောက်မှု၊ ထောက်ပံ့ပို့ ဆောင်ရေးနဲ့ လေ့ကျင့်ရေးတို့ကို မီးမောင်းထိုးပြပြီး အရှေ့တောင်အာရှနိုင်ငံများနဲ့ ကာကွယ်ရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ရည်ရွယ်ထားပါတယ်။

ဒီကိစ္စဟာ ထိုင်းနိုင်ငံအတွက် အလွန်အရေးကြီးပါတယ်။ အိမ်ဖြူတော်ရဲ့ မဟာမိတ်အဖြစ် ထိုင်းနိုင်ငံဟာ အစဉ်အလာအားဖြင့် အမေရိကန် စစ်လက်နက်ပစ္စည်းများကို မှီခိုအားထားခဲ့ပါတယ်။ သို့သော်လည်း့ တရုတ်ရဲ့ ထိုင်းနိုင်ငံသို့ လက်နက်ရောင်းချမှု မြင့်တက်လာခြင်းဟာ ဒေသတွင်း အမေရိကန်ရဲ့ သြဇာလွှမ်း မိုးမှုကို တန်ပြန်ရန် ပေကျင်းရဲ့ မဟာဗျူဟာတစ်စိတ်တစ်ပိုင်းဖြစ်နေပါတယ်။ အမေရိကန်အနေနဲ့ကလည်း တရုတ်ကို ထိန်းချုပ်ဖို့ အရေးကြီးတယ်လို့ ယူဆထားပါတယ်။ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) ရဲ့ အဆိုအရ ယခုအခါ တရုတ်နိုင်ငံဟာ လက်နက်ငယ်များ၊ တင့်ကားများ၊ သံချပ်ကာယာဉ်များနဲ့ ရေငုပ်သင်္ဘောများ အပါအဝင် ထိုင်းနိုင်ငံ စစ်ဘက်တင်သွင်းမှု၏ ၄၄ ရာခိုင်နှုန်းကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရပါတယ်။

ထိုင်းနိုင်ငံရဲ့ တရုတ်နည်းပညာအပေါ် ပိုမိုမှီခိုလာခြင်းအားဖြင့် အမေရိကန်နဲ့ တရုတ်တို့အကြား ကြီးထွားလာ တဲ့ ပြိုင်ဆိုင်မှုမှာ ကြားနေရန် ပေကျင်းက ဘန်ကောက်ကို တွန်းအားပေးသလို ရှိနေပါတယ်။ အမေရိကန်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးဟာ ထိုင်းနိုင်ငံလိုအပ်နေတဲ့ တရုတ်လက်နက်များ လက်လှမ်းမီမှုကို ခြိမ်းခြောက်နိုင်ပြီး ဘန်ကောက်အတွက်လည်း  စူပါပါဝါနှစ်နိုင်ငံနဲ့ သူ့ရဲ့ဆက်ဆံရေး ချိန်ခွင်လျှာကို ချိန်ညှိရန် ပိုမိုခက်ခဲစေ ပါတယ်။

နိဂုံးချုပ် သုံးသပ်ရရင် Strike-2024 စစ်ရေးလေ့ကျင့်မှုဟာ မြန်မာနိုင်ငံ ပြည်တွင်းစစ်ရဲ့ နောက်ခံပုံရိပ်တစ်ခု ဖြစ်ပြီး တရုတ်နဲ့ ထိုင်းနှစ်နိုင်ငံစလုံးအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို မျှဝေပေးခဲ့ပါတယ်။ အဆိုပါ စိန် ခေါ်မှုများကြားမှ စစ်လေ့ကျင့်ခန်းတွေဟာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်း ရာမှာ အချင်းချင်း အတွေ့အကြုံနည်းဗျူဟာများမှ သင်ယူနိုင်ဖို့ အဖိုးတန်အခွင့်အလမ်း ပွင့်ဟသွားခြင်းလည်း ဖြစ်ပါတယ်။

ဒါ့ပြင် အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာနဲ့ နယ်စပ်တစ်လျှောက် လုံခြုံရေး အားကောင်းစေရန် ဒရုန်းများ ကို စိတ်ဝင်စားစွာ ရှာဖွေနေတဲ့ ထိုင်းနိုင်ငံကို တရုတ်အနေနဲ့ သူ့ရဲ့ နောက်ဆုံးပေါ် စစ်ဘက်ဆိုင်ရာ နည်း ပညာများ ပြသခွင့် ရရှိခဲ့ပါတယ်။ ခေတ်မီနည်းပညာများ ထည့်သွင်းခြင်းရဲ့ ဦးတည်လမ်းကြောင်းဟာ ၂၀၂၄-ခုနှစ် ကမ္ဘောဒီးယား-တရုတ်တို့အကြား “ရွှေနဂါးစစ်ရေလေ့ကျင့်ခန်း” မှာ မောင်းသူမဲ့လေယာဉ်များကို တိုက် ခိုက်ရေးနဲ့ ဆက်နွယ်ပြီး နိုင်ငံအများ စိတ်ဝင်တစား ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

ရှေ့တစ်ဆင့်တိုး စဉ်းစားကြည့်ရင်တော့ တရုတ်အနေနဲ့ အရှေ့တောင်အာရှတစ်ဝှမ်းမှာ သူ့ရဲ့လက်နက် ရောင်း ချမှုကို မြှင့်တင်ရန်အတွက် အဆင့်မြင့်မောင်းသူမဲ့လေယာဉ်များနဲ့ စစ်လက်နက်ပစ္စည်းများကို ဆက် လက်အ သုံးပြုနေဖွယ်ရှိပါတယ်။ ဒါပေမယ့်လည်း အမေရိကန်အပါအဝင် အင်အားကြီးနိုင်ငံအားလုံးနဲ့  ချစ် ကြည်ရင်း နှီးစွာ ဆက်ဆံလိုတဲ့ ထိုင်းနိုင်ငံလို တိုင်းပြည်မျိုးမှာတော့ တရုတ်ရဲ့ လက်နက်ရောင်းချမှုဟာ သိသိသာသာ တိုးမြင့်လာဖွယ်  မတွေ့ရှိရပါဘူး။

(The Diplomat., 22 October 2024,” What’s Behind the China-Thailand ‘Strike-2024’ Exercise? ” ကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်ပွဲအဆုံးသတ်ရေး ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည့် အစ္စရေး

RECENT POSTS
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ ကနေဒါအမျိုးသား
24 Oct 2024
စစ်ပွဲအဆုံးသတ်ရေး ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည့် အစ္စရေး
24 Oct 2024
မြန်မာနယ်စပ်အနီး ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်
24 Oct 2024
ဝေါမြို့နယ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါသည့် ခရီးသည်ထံမှ ပစ္စတို သေနတ်(၁၆) လက်နှင့် ကျည်(၅၃ဝ)ဖမ်းဆီးရမိ
24 Oct 2024
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ(၉)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဝင်ရောက်မှုများပြားမည်ဟု ခန့်မှန်း
24 Oct 2024
မော်လမြိုင်မြို့တွင် HIJET ကားနှင့် (၁၀)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ
24 Oct 2024
ဝန်ကြီးချုပ်ဟောင်း နှုတ်ထွက်စာ တင်-မတင် အရှုတ်တော်ပုံ ယူနွတ်ယာယီ အစိုးရ တရားဝင်မှု ပြဿနာဖြစ်လာ
24 Oct 2024
မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေး(၃)မျိုးကို သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး
24 Oct 2024
ဟောင်ကောင် တိရစ္ဆာန်ရုံတစ်ခုမှာ မြေဆီလွှာမှ ဘက်တီးရီးယား ကူးစက်မှုကြောင့် မျောက်တွေ သေဆုံး
24 Oct 2024
ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု(၃)ရက်ကျော်အတွင်း ရုပ်အလောင်း(၁၇)လောင်း ပြန်တွေ့ကာ (၈)ဦးပျောက်ဆုံးနေ
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved