Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်ပွဲအဆုံးသတ်ရေး ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည့် အစ္စရေး

 သန်းထိုက်စိုး (NSS) - အောက်တိုဘာ ၂၄ 

ဟားမတ်စ်အဖွဲ့သည် (၂၀၂၃) ခုနှစ် အောက်တိုဘာလ(၇)ရက်တွင် အစ္စရေးနိုင်ငံကို ကြောက်ခမန်း လိလိတိုက်ခိုက်ခဲ့သည်။ အီရန်နိုင်ငံသည် ထိုအချိန်က တည်းက အစ္စရေးကိုတိုက်ခိုက်ရန်အတွက် လက်ဘ နွန်ရှိ ဟစ္စဘိုလာ၊ အီရတ်ရှိ ရှီယာစစ်သွေးကြွများနှင့် ယီမင်ရှိ ဟူသီလက်နက်ကိုင်အဖွဲ့တို့ပါဝင်သည့်မဟာ မိတ်ဝင်ရိုးတန်းနိုင်ငံများ (Resistance Axis allies)  ကို ထောက်ပံ့ပေးခဲ့သည်။ ဂါဇာကမ်းမြောင်တွင် အစ္စ ရေးနှင့်ဟားမတ်စ်တို့၏ တိုက်ခိုက်မှု၊ အစ္စရေးနှင့် ထိပ်တိုက်ရင်ဆိုင်မှုကိုရှောင်ရှားပြီး အီရန်၏ ကြားခံအသုံးပြုတိုက်ခိုက်မှုတို့သည် အတိုင်းအတာတစ်ခုအထိ ထိရောက်မှုရှိကြောင်း မြင်တွေ့ခဲ့ကြရပြီးဖြစ်သည်။

အီရန်တို့၏ မဟာဗျူဟာမှာ အစ္စရေးနိုင်ငံကို အရူးမီးဝိုင်းသကဲ့သို့ ပြုလုပ်ရန်၊ အစ္စရေး၏ အရင်း အမြစ်များကို အားနည်းအောင်ပြုလုပ်ရန်နှင့် အစ္စရေး ကို စစ်မျက်နှာအများအပြားဖွင့်စေပြီး ၎င်းတို့၏တိုက်ခိုက်လိုစိတ်ကို လျော့နည်းအောင်ပြုလုပ်ရန်ဖြစ် သည်။ ဟစ္စဘိုလာတို့သည် (၂၀၂၃) ခုနှစ် အောက်တို ဘာလ(၈)ရက်နေ့မှစ၍ အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ ရော့ကက်များ၊ မောင်းသူမဲ့ဒရုန်းယာဉ်များဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစ္စရေးပြည်သူ ခုနစ်သောင်း ကျော်တို့ကို နိုင်ငံမြောက်ပိုင်းရှိ ၎င်းတို့၏နေအိမ်များမှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။ ယင်း တိုက်ခိုက်မှုများသည် အစ္စရေးတို့ကို အင်အားသုံး လက်စားချေတိုက်ခိုက်ရန် ဖြစ်လာစေခဲ့သည်။

ဟူသီလက်နက်ကိုင်တပ်ဖွဲ့တို့၏ မစ်ဆိုင်းဒုံး ကျည်ဖြင့် တိုက်ခိုက်မှုများသည် အစ္စရေးတို့အတွက် အရေးကြီးသည့် အီလတ်ပင်လယ်နီဆိပ်ကမ်းကို ပိတ်လိုက်ရသည်အထိ ဖြစ်စေခဲ့သည်။ ပင်လယ်နီမှ တစ်ဆင့် ဖြတ်သန်းသွားလာသည့် နိုင်ငံတကာသင်္ဘော လိုင်းများကိုတိုက်ခိုက်မှုသည် စူးအက်တူးမြောင်းတွင် ဖြတ်သွားသည့် သင်္ဘောအရေအတွက် (၅၀)ရာခိုင် နှုန်းကျော်အထိ ကျဆင်းသွားခဲ့သည်။ သို့ဖြစ်ရာ သင်္ဘောလိုင်းများသည် ဂွတ်ဟုန်အငူအတိုင်းပတ်၍ ခုတ်မောင်းသွားကြရာ အချိန်ပို၍ကြာမြင့်စေခဲ့သည်။ အလားတူ အီရတ်ရှီရာစစ်သွေးြွကတို့ကလည်း အစ္စ ရေးတို့ကို မစ်ဆိုင်းဒုံကျည်များ၊ မောင်းသူမဲ့ဒရုန်း ယာဉ်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြသည်။ ဆီး ရီးယားနှင့်အီရတ်ရှိ အမေရိကန်တပ်ဖွဲ့များကို အကြိမ်ရေ(၁၇၀)ကျော် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ သည်။

အစ္စရေးတို့တွင် စစ်ရေးအရလွှမ်းမိုးနိုင်သည့် နည်းနာတစ်ရပ်ရှိသည်။ သို့သော် လိုအပ်နေသည်မှာ နိုင်ငံရေးမဟာဗျူဟာဖြစ်သည်။ အစ္စရေးတို့တွင် ဟား မတ်စ်တို့၏ စစ်ရေးစွမ်းရည်ကိုဖျက်ဆီးနိုင်သည့် နည်း နာပိုင်းဆိုင်ရာကျွမ်းကျင်မှုရှိသကဲ့သို့ အီရန်လက်ဝေခံ တို့၏ အဆက်မပြတ်တိုက်ခိုက်မှုများကိုလည်း တုံ့ပြန် နိုင်စွမ်းရှိသည်။ အစ္စရေးအနေဖြင့် ကြိုတင်ဟန့်တား ရေးမူဝါဒ ပြန်လည်တည်ဆောက်နေမှုနှင့် ဒေသတွင်း ဩဇာလွှမ်းမိုးနိုင်ရေး ကြိုးပမ်းနေမှုကိုလည်း လက် တွေ့ဖြစ်မလာစေရန် နည်းလမ်းရှာဖွေ အကောင်အ ထည်ဖော်နေခြင်းဖြစ်သည်။ အစ္စရေးတို့သည် ဟား မတ်စ်တိုက်ခိုက်ရေး အင်အားစုတစ်ခုကိုလည်း ဖျက် ဆီးနိုင်ခဲ့သကဲ့သို့ အခြေခံအဆောက်အအုံများကို လည်း ဖြိုချနိုင်ခဲ့သည်။ ထို့ပြင် ဂါဇာရှိ ဟားမတ်စ် အ ကြီးတန်းစစ်ခေါင်းဆောင်များကိုလည်း ရှင်းလင်းနိုင်ခဲ့ သကဲ့သို့ ဟားမတ်စ်တို့၏ တိုက်စွမ်းရည်ကိုလည်း ကန့်သတ်နိုင်ခဲ့သည်။ တစ်နည်းအားဖြင့် ဟားမတ်စ် တို့ကို ဖွဲ့စည်းပုံပျက်သွားသည်အထိ တိုက်ခိုက်နိုင်ခဲ့ သည်။ ဆီးရီးယားရှိ မစ်ဆိုင်းလက်နက်စက်ရုံများ၊ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးတန်းအရာ ရှိများကိုလည်း ပစ်မှတ်ထားကာ အရှိန်မြှင့် တိုက်ခိုက် ခဲ့သည်။ ဟစ္စဘိုလာ ဒုတိယတပ်မှူး Fuad shukr  မှာလည်း ဇူလိုင်လ(၃၁)ရက်က အစ္စရေးတို့၏ လေ ကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီး ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh  မှာလည်း တီဟီရန်ရှိ ၎င်းတည်ခိုသည့် ဧည့်ဂေဟာပေါ်သို့ ဗုံး တစ်လုံးကျရောက်ခဲ့ရာ သေဆုံးသွားခဲ့သည်။ ယင်းမှာ အစ္စရေးတို့သည် စစ်မြေပြင်တွင် စစ်ရေး အသာစီးရ နိုင်ရန်အတွက် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို တိုက်ခိုက်နိုင်စွမ်းရှိကြောင်း သတင်းစကားပါးလိုက် ခြင်းလည်း ဖြစ်သည်။ 

အစ္စရေးတို့သည် စက်တင်ဘာလဝက်လောက်မှ စ၍ အီရန်တို့၏ မဟာမိတ်ဖြစ်သည့် ဟစ္စဘိုလာတို့ ကို ၎င်းတို့၏အဖွဲ့ဝင်များကိုင်ဆောင်သည့် pagers များနှင့် walkie-talkies များကိုဖောက်ခွဲပြီး ဟစ္စဘိုလာတို့၏ ဆက်သွယ်ရေးစနစ်ကိုဖျက်ဆီးနိုင် ခဲ့သည်။ အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုအ တွင်း အလယ်အလတ်အဆင့်ရှိ ဟစ္စဘိုလာတပ်မှူး အချို့ကို ရှင်းလင်းနိုင်ခဲ့သကဲ့သို့ လက်နက်စက်ရုံများ ကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်။ ဟစ္စဘိုလာခေါင်း ဆောင် Hassan Nashrallah သေဆုံးခဲ့ပြီး ၎င်းသေဆုံးမှုသည် ဟစ္စဘိုလာအဖွဲ့အတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ရပ်ဖြစ်ခဲ့သည်။Hassan Nashrallah  သည် ဟစ္စဘိုလာအဖွဲ့ကို ဆယ်စုနှစ်သုံးစုကျော်ကြာ ဦးဆောင်ခဲ့သူဖြစ်ပြီး လက်ဘနွန်နိုင်ငံတွင် ဟစ္စဘို လာအဖွဲ့အတွက် နိုင်ငံရေး၊ စီးပွားရေး ပြန်လည် ခေါင်းထောင်နိုင်ရေး ကျားကုတ်ကျားခဲ ကြိုးစားခဲ့သူ လည်းဖြစ်သည်။ Hassan Nashrallah သည် အစ္စရေးအတွက် ကြီးစွာသော ရန်သူတော်လည်းဖြစ်နေ ပြန်သည်။ ထို့ပြင်Hassan Nashrallah  သည် အီရန်နိုင်ငံ၏ ဥသျှောင်ဖြစ်သည့် Ayatollah Ali  နှင့် နီးစပ်သည့် ဆက်ဆံရေးရှိသူလည်း ဖြစ်သည်။ 

အစ္စရေးတို့သည် တိုက်စစ်ဆင်နိုင်စွမ်းရှိကြောင်း နှင့် တိုက်ခိုက်လာမှုကိုလည်း ပြန်လည်တုံ့ပြန်တိုက် ခိုက်နိုင်စွမ်းရှိကြောင်း ၎င်းတို့၏စွမ်းဆောင်ရည်ကို ပြသခဲ့ပြီးဖြစ်သည်။ (၂၀၂၃) ခုနှစ် ဧပြီလ (၁) ရက် က ဆီးရီးယားနိုင်ငံ ဒမတ်စကတ်ရှိ အီရန်တော်လှန် ရေး အစောင့်တပ်ဖွဲ့အရာရှိများကိုရှင်းလင်းခဲ့ပြီး နှစ်ပတ်အကြာတွင် အီရန်တို့ကလည်း တုံ့ပြန်တိုက် ခိုက်ခဲ့သည်။ အီရန်တို့ ပစ်လွှတ်တိုက်ခိုက်ခဲ့သည့် မစ်ဆိုင်းဒုံးကျည်နှင့် မောင်းသူမဲ့ဒရုန်းယာဉ်အားလုံး နီးပါးကို အစ္စရေးတို့၏ လေကြောင်းရန်ကာကွယ်ရေး စနစ်က ဖျက်ဆီးနိုင်ခဲ့သည်။ မဟာမိတ်အမေရိကန် တို့၏အကူအညီဖြင့်တည်ဆောက်ထားသည့် အစ္စရေး တို့၏လေကြောင်းရန်ကာကွယ်ရေးစနစ်၏ စွမ်း ဆောင်ရည်သည် ဆုံးရှုံးပျက်စီးမှု နည်းနိုင်သမျှနည်း အောင် အကာအကွယ်ပေးနိုင်သည်ကို တွေ့မြင်ခဲ့ကြ ရပြီးဖြစ်သည်။

အီရန်ကိုထိန်းချုပ်ရန် အစ္စရေးတို့လိုအပ်နေသည့် နိုင်ငံရေးမဟာဗျူဟာမှာ ဂါဇာဒေသ အပစ်အခတ် ရပ်စဲရေးကို ခိုင်မာအောင်ပြုလုပ်ရန်၊  ဖမ်းဆီးခံသည့် ဓားစာခံများ ပြန်လည်လွတ်မြောက်လာစေရန်နှင့် စစ်ပွဲပြီးဆုံချိန်တွင် ဂါဇာဒေသ ပြန်လည်ထူထောင် ရေးနှင့် ပြန်လည် ပြုပြင်ဖွဲ့စည်းထားသည့် ပါလက်စ တိုင်းအာဏာပိုင်များအောက်ရှိ ပါလက်စတိုင်း စီမံခန့် ခွဲမှုအတွက် အသွင်ကူးပြောင်းရေး အစီအမံတစ်ရပ် ရေးဆွဲရန်ဖြစ်သည်။ သို့မဟုတ်ပါက အစ္စရေးတပ်ဖွဲ့ များ ပြန်လည်ရုပ်သိမ်းသွားချိန်တွင် ဟားမတ်စ်တို့ ပြန်လည်ခေါင်းထောင်လာပြီး ဒေသတွင်းတွင် အီရန် တို့၏ဩဇာမှာလည်း ပြန်လည်မြင့်တက်လာမည်ဖြစ် သည်။ ပါလက်စတိုင်းပြည်သူများ အသေအပျောက် များလာသည်နှင့်အမျှ အစ္စရေးတို့အပေါ် အာရပ်ပြည် သူများ၏ဒေါသမှာလည်း ဟုန်းဟုန်းတောက်နေမည် ဖြစ်သည်။ အီရန်တို့သည် အာရပ်ပြည်သူများ၏ ဒေါသကို ဆွပေးနိုင်စွမ်းရှိကြသူများလည်း ဖြစ်သည်။ ပါလက်စတိုင်းအရပ်ဘက်အုပ်ချုပ်ရေးအပေါ် အစ္စ ရေးတို့က ခိုင်မာသည့် ကတိကဝတ်ပေးခြင်းနှင့် ပါလက်စတိုင်းနိုင်ငံ တရားဝင်တည်ရှိမှု အသိအမှတ် ပြုခြင်းသည်သာ ရေရှည်ငြိမ်းချမ်းရေး ရရှိနိုင်မည် ဖြစ်သည်။ သို့မှသာ အရှေ့အလယ်ပိုင်းဒေသတွင် အီရန်တို့ ဝင်ရောက်ခြယ်လှယ်နိုင်စွမ်းကိုလည်း ကန့် သတ်နိုင်မည်ဟု ထောက်ပြုချက်များလည်းရှိသည်။

အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး ခိုင်မာ စေရေးကြိုးပမ်းရာတွင် ဆော်ဒီနှင့် အစ္စရေးတို့၏ ဆက်ဆံရေး ပုံမှန်အခြေအနေတစ်ရပ် ရောက်ရှိလာ စေရန်လည်း လိုအပ်သည်။ အစ္စရေးအနေဖြင့် ဆော် ဒီနှင့်ဆက်ဆံရေး ပုံမှန်အခြေအနေရောက်ရှိလာမှ သာ အီရန်ကိုတုံ့ပြန်ရာတွင်လည်းကောင်း၊ ဒေသ တွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးအစီအမံတို့ တွင် အစ္စရေးနိုင်ငံ၏ အခန်းကဏ္ဍကိုမြှင့်တင်ရာတွင် လည်းကောင်း ထိထိရောက်ရောက် ဆောင်ရွက်နိုင် မည်ဆိုသည့် ယူဆချက်များလည်းရှိသည်။

အစ္စရေးတို့သည် ဟစ္စဘိုလာအဖွဲ့အပေါ် မကြာ သေးမီက အရှိန်မြှင့်တိုက်ခိုက်ခဲ့ခြင်းနှင့် ဟစ္စဘိုလာ ခေါင်းဆောင် Hassan Nashrallah ကို ရှင်းလင်း နိုင်ခဲ့ခြင်းတို့သည် ဟစ္စဘိုလာအဖွဲ့အတွက် ကြီးမား သည့် ထိုးနှက်ချက်တစ်ရပ်ဖြစ်ခဲ့သည်။ အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ ဟစ္စဘိုလာအဖွဲ့၏ အဆက်မပြတ်တိုက် ခိုက်မှုများကိုလည်းရပ်တန့်နိုင်ခဲ့ပြီး နေအိမ်များကို စွန့်ခွာခဲ့ကြရသည့် အစ္စရေးပြည်သူများအား ပြန်လည် နေရာချထားနိုင်သည့် အခွင့်အရေးတစ်ရပ်ရရှိစေရန် လည်းဖန်တီးနိုင်ခဲ့သည်။ အစ္စရေးတို့သည် ဟစ္စဘို လာတို့ကိုရှင်းလင်းရန် လက်ဘနွန်နိုင်ငံမြောက်ပိုင်း သို့ မြေပြင်တပ်ဖွဲ့များ ထိုးဖောက်ဝင်ရောက်ခဲ့သကဲ့သို့ နယ်စပ်အနီးရှိ ဟစ္စဘိုလာတို့၏ အခြေခံအဆောက် အအုံများကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်။ 

အီရန်နိုင်ငံ၏ နျူကလီးယားနည်းပညာ အဆင့် မြင့်လာမှုနှင့် ၎င်းထောက်ပံ့ထားသည့်အဖွဲ့များ၏ အဆက်မပြတ်ခြိမ်းခြောက်နေမှုများသည် အစ္စရေးအ တွက် အစဉ်သဖြင့် ရတက်မအေးစရာဖြစ်နေသည်။ သို့သော် ယင်းပြဿနာကို အစ္စရေးတစ်နိုင်ငံတည်းက ကိုယ့်သဘောနှင့်ကိုယ် ဖြေရှင်း၍လည်း ရနိုင်သည့်အခြေအနေမျိုးမဟုတ်ပြန်ပါ။ ဂါဇာစစ်ပွဲအဆုံးသတ် ရန်မှာ ပြန်လည်တည်ဆောက်ရေး အစီအစဉ်တစ်ရပ် လိုအပ်နေသည့်အပြင် သဘောထားအသင့်အတင့်ရှိ သည့် ခေါင်းဆောင်များ ပေါ်ပေါက်လာရန်လိုအပ်သ ကဲ့သို့ ပါလက်စတိုင်းအားနိုင်ငံတစ်နိုင်ငံအဖြစ် အသိ အမှတ်ပြုပေးနိုင်မှသာလျှင် အစ္စရေးနိုင်ငံအနေဖြင့် နိုင်ငံတကာထောက်ခံမှုများရရှိလာပြီး စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ အမေရိကန်နှင့် အစ္စရေးတို့ ၏ဆက်ဆံရေးမှာလည်း အစ္စရေးသည် အရပ်သား အသေအပျောက်မရှိစေရန် လုံလောက်သည့်ဂရုစိုက် မှုမရှိဆိုသည့် သမ္မတဂျိုးဘိုင်ဒန်အစိုးရ၏  သဘော ထားကြောင့် အဆင်ချောလှသည်မဟုတ်ပါ။ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုသည်လည်း အာဏာဆုံး ရှုံးရမည့်အရေးနှင့် မဟာမိတ်တို့၏ သဘောထားကွဲ လွဲမှုကို ရှောင်ရှားနိုင်ရန်အတွက် စစ်ပွဲကို ရေရှည်ဆွဲ ပြီး တိုက်ခိုက်သွားနိုင်သည်ဟုလည်း ယူဆနေကြ သည်။ ဒီမိုကရက်သမ္မတလောင်း ကင်မလာဟားရစ် နှင့် ရီပါဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်တို့ နှစ်ဦးလုံးမှာလည်း အစ္စရေးကို စစ်ရပ်စဲလိုကြသည်။ 

အီရန်တို့သည် ဖိအားများရှိနေသည့်တိုင် အစ္စ ရေးကိုထိန်းချုပ်နိုင်သည့် ရေရှည်မဟာဗျူဟာ တစ် ရပ်ချမှတ်ဆောင်ရွက်နေသည်။ ယင်းမှာ အစ္စရေးတို့ ၏ရန်လိုမှုကိုပုံဖော်ပြီး အီရန်အတွက် ဒေသတွင်းနှင့် နိုင်ငံတကာ၏ ထောက်ခံမှုရရှိကာ အစ္စရေးပြည်သူ များ၏ တိုက်ခိုက်လိုစိတ်ကိုအားနည်းအောင် ပြုလုပ် သည့်မဟာဗျူဟာပင်ဖြစ်သည်။ သို့သော် အစ္စရေးတို့ သည် အီရန်တို့၏ အရူးမီးဝိုင်းပြုလုပ်ရေးနည်းနာ အပေါ် အားနည်းအောင် တန်ပြန်ပြုလုပ်ပြီး ကြိုတင် ဟန့်တားရေးနည်းနာကိုလည်း ပြန်လည် အသက် သွင်းနိုင်ခဲ့သည်။ သို့သော် အစ္စရေးနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ထောက်ခံမှုကိုထိန်းသိမ်းပြီး ၎င်း ၏ နိုင်ငံတကာပုံရိပ်ကိုလည်း ပြန်လည်တည်ဆောက် ကာ ဒေသတွင်းနိုင်ငံများ၏ ခိုင်မာသည့်ပူးပေါင်း ဆောင်ရွက်မှု ရရှိနိုင်မည့် ရေရှည်အစီအမံတစ်ရပ် လိုအပ်နေသည်။ သို့မဟုတ်ဘဲ အဆုံးအစမရှိစစ်ပွဲကို ဆက်လက်ဆင်နွဲနေမည်ဆိုပါက အစ္စရေး ပြည်သူ များ၏ အနာဂတ်မျှော်လင့်ချက်ကို ပေးစွမ်းနိုင်မည်မ ဟုတ်ဘဲ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးမှာလည်း အလှမ်းဝေးနေဦးမည် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရသည်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ ကနေဒါအမျိုးသား

RECENT POSTS
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ ကနေဒါအမျိုးသား
24 Oct 2024
စစ်ပွဲအဆုံးသတ်ရေး ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည့် အစ္စရေး
24 Oct 2024
မြန်မာနယ်စပ်အနီး ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်
24 Oct 2024
ဝေါမြို့နယ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါသည့် ခရီးသည်ထံမှ ပစ္စတို သေနတ်(၁၆) လက်နှင့် ကျည်(၅၃ဝ)ဖမ်းဆီးရမိ
24 Oct 2024
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ(၉)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဝင်ရောက်မှုများပြားမည်ဟု ခန့်မှန်း
24 Oct 2024
မော်လမြိုင်မြို့တွင် HIJET ကားနှင့် (၁၀)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ
24 Oct 2024
ဝန်ကြီးချုပ်ဟောင်း နှုတ်ထွက်စာ တင်-မတင် အရှုတ်တော်ပုံ ယူနွတ်ယာယီ အစိုးရ တရားဝင်မှု ပြဿနာဖြစ်လာ
24 Oct 2024
မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေး(၃)မျိုးကို သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး
24 Oct 2024
ဟောင်ကောင် တိရစ္ဆာန်ရုံတစ်ခုမှာ မြေဆီလွှာမှ ဘက်တီးရီးယား ကူးစက်မှုကြောင့် မျောက်တွေ သေဆုံး
24 Oct 2024
ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု(၃)ရက်ကျော်အတွင်း ရုပ်အလောင်း(၁၇)လောင်း ပြန်တွေ့ကာ (၈)ဦးပျောက်ဆုံးနေ
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved