Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ

စော (NSS) - အောက်တိုဘာ ၂၅

မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များ နေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိ သည့်အတွက် ဝင်ငွေးနည်းပါးနေကြောင်း မျှစ်နှင့်ဝါး စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဝါးပညာရှင် ဦးကျော်ဝင်းက NSS ကိုပြောသည်။

“ နိုင်ငံခြားက ဝါးအဝယ်က တောက်လျှောက်လာတယ်။ ဝါးဆစ်ပိတ်တွေ ဝယ်တာရှိတယ်။ ဝါးတွေကို သုံးပေတိုဝါးတွေ ဝယ်တာရှိတယ်။ ကြသောင်းဝါးတွေ ဝယ်ကြတာတွေရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီက ဝါးတွေက နည်းနည်းပျက်စီးနေတဲ့အတွက် export ဈေးကွက်ကို ဝင်အောင်က နည်းနည်း လိုနေသေးတယ်။ လက်ရွေးစင်ပို့တာဆိုတော့ ဝင်ငွေအရတော့ အရမ်းကြီး တရုတ်တို့၊ အိမ်နီးချင်းတို့ထက်စာရင် ဝင်ငွေသိပ်ပြီးမပြောပလောက်ဘူး။ ကျွန်တော်တို့မှာ အရည်အသွေးမြင့် ဝါးတောမရှိဘူးလေ” ဟု ဦးကျော်ဝင်းက ပြောသည်။

မြန်မာ့ဝါးများကို နှီးဖြာခြင်း၊ ဖြာရက်ခြင်း၊ တောင်း ရက်ခြင်းလုပ်ငန်းများတွင် ပြုလုပ်နိုင်ပြီး ဝါးရင့်သွားပါက ဝါးရေခွက်၊ အမွှေးတိုင်၊ ပရိဘောဂ၊ ပါကေး၊  အထပ်သား၊ စားပွဲကုလားထိုင်၊ ပန်းကန်စင် နှင့် ဗီဒို ကြောင်အိမ်စသည်တို့ကို ပြုလုပ်ရောင်းချနိုင်ကြောင်း သိရသည်။ “ ဝါးတောတစ်တောကို ပိုင်ရှင် က မလိုအပ်တဲ့ ဝါးတွေကို ခုတ်တာ။ ကောက်နေတဲ့ဝါးတွေကို ခုတ်မယ်။ သိပ်ပြီးအဆင်မပြေတဲ့ မျှစ်တွေ ကိုချိုးမယ်။ သက်တမ်းရင့်နေတဲ့ ဝါးတွေကို ခုတ်မယ်ဆိုရင် ဒီဝါးတောက အလုံးကြီးလာမယ်။ ဖြောင့်လာ မယ်။ ဒီအတိုင်းပဲ တခြား ဝါးရုံတွေကလည်း ကိုယ်လိုချင်တဲ့အရွယ်အစားဆိုက်ကို ချန်လိုက်ရင် ဝါးတော က တဖြည်းဖြည်းကောင်းသွားတာပေါ့။ စိုက်တဲ့ဝါးတွေကျတော့ ပိုင်ရှင်ကရှိတဲ့အခါကျတော့ မြင့်အောင် ရယ် ဖြောင့်အောင်ရယ် အလုံးဆိုက်ညီတဲ့ဟာတွေကို ဂရုတစိုက် ထားတဲ့အခါကျတော့ အရည်အသွေး မြင့်တယ် ခေါ်တာပေါ့ ” ဟု ၎င်းကဆက်လက်ရှင်းပြသည်။

ဝါးများ ရှားပါးလာရခြင်းအကြောင်းအရင်းမှာ တုံးသွားသောဝါးတောများကို မီးရှို့ကာ တောင်ယာ စိုက်ပျိုးခြင်းကြောင့် ဝါးမျိုးမဖြစ်ထွန်းခြင်း၊ မျှစ်များကို စနစ်တကျမချိုးခြင်းနှင့် ဝါးများကို စနစ်တကျ မခုတ်ခြင်းတို့လည်း ပါဝင်ကြောင်း သိရသည်။ “ အခု ကျွန်တော်တို့ ဆီကျတော့ ဝါးကစိုက်ခင်းတွေ နည်း တယ်။ သဘာဝဝါးတောတွေမှီခိုနေတဲ့အတွက် မျှစ်ချိုးနေတဲ့ တောက သူများတစ်ယောက်ယောက်က စိုက်ခင်းအနေနဲ့ စိုက်ပြီး ယူသွားရင် အဲဒီတောထဲဝင်မရတော့ဘူး။ အဲဒီတော့ တခြားတစ်နေရာ သွားချိုး ရင်း သွားချိုးရင်းနဲ့ သယ်ယူစရိတ်တွေလည်း ဝေးကုန်တာပေါ့။ သယ်ယူစရိတ်က တအားဝေးတဲ့အခါကျ တော့ ဝါးဖိုး နဲ့ ကားခနဲ့ဆိုရင် ကျွန်တော်ထင်တယ် ကားခက ပိုဈေးကြီးနေတယ်။ အဲဒါကြောင့်လည်း ဈေးတက်တာလည်း ပါတာပေါ့ ” ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိအချိန်တွင် သယ်ယူပို့ဆောင်ခနှင့် လုပ်အားခ ဈေးတက်ခြင်းတို့ကြောင့် ဝါးတစ်လုံးတန်ဖိုးလျှင် ငွေကျပ် (၁၅၀ဝ) မှ (၂၅၀ဝ) ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း သိရသည်။   

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော

RECENT POSTS
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ ကနေဒါအမျိုးသား
24 Oct 2024
စစ်ပွဲအဆုံးသတ်ရေး ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည့် အစ္စရေး
24 Oct 2024
မြန်မာနယ်စပ်အနီး ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်
24 Oct 2024
ဝေါမြို့နယ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါသည့် ခရီးသည်ထံမှ ပစ္စတို သေနတ်(၁၆) လက်နှင့် ကျည်(၅၃ဝ)ဖမ်းဆီးရမိ
24 Oct 2024
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ(၉)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဝင်ရောက်မှုများပြားမည်ဟု ခန့်မှန်း
24 Oct 2024
မော်လမြိုင်မြို့တွင် HIJET ကားနှင့် (၁၀)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ
24 Oct 2024
ဝန်ကြီးချုပ်ဟောင်း နှုတ်ထွက်စာ တင်-မတင် အရှုတ်တော်ပုံ ယူနွတ်ယာယီ အစိုးရ တရားဝင်မှု ပြဿနာဖြစ်လာ
24 Oct 2024
မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေး(၃)မျိုးကို သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး
24 Oct 2024
ဟောင်ကောင် တိရစ္ဆာန်ရုံတစ်ခုမှာ မြေဆီလွှာမှ ဘက်တီးရီးယား ကူးစက်မှုကြောင့် မျောက်တွေ သေဆုံး
24 Oct 2024
ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု(၃)ရက်ကျော်အတွင်း ရုပ်အလောင်း(၁၇)လောင်း ပြန်တွေ့ကာ (၈)ဦးပျောက်ဆုံးနေ
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved