Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဝန်ကြီးချုပ်ဟောင်း နှုတ်ထွက်စာ တင်-မတင် အရှုတ်တော်ပုံ ယူနွတ်ယာယီ အစိုးရ တရားဝင်မှု ပြဿနာဖြစ်လာ

Htay Oung (NSS) - အောက်တိုဘာ ၂၄

ယခင် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာအနေနဲ့ နုတ်ထွက်စာတင်သွင်းခဲ့တယ်လို့ စာရွက်စာတမ်း အထောက် အထား မရှိကြောင်း ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမက် ရှာဟာဘတ်ဒင်က ပြောကြားပြီး ရက်ပိုင်းအကြာ ဒါကာ မြို့ နေရာအများအပြားတွင် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားလျှက်ရှိပါတယ်၊ ဆန္ဒပြသူတွေဟာ  ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ သမ္မတသစ်တစ်ဦး ပြောင်းလဲပေးဖို့အတွက် တောင်းဆိုနေကြတယ်လို့ နယူးဒေလီအခြေစိုက် “သည် ပရင့်” (23 October 2024) က ရေးသားပါတယ်။


အသက် ၇၄-နှစ်အရွယ် ဥပဒေပညာရှင် မိုဟာမက် ရှာဟာဘတ်ဒင်ဟာ ယခင်ဝန်ကြီးချုပ် ရှိတ်ဟာစီနာအစိုးရ လက်ထက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နာမင်းကြီး၊ အဝါမီလိဂ်ပါတီ အမျိုးသားရွေးကောက်ပွဲ ကော်မရှင်နာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၃-ခုနှစ် ဧပြီလ ပါတီရဲ့ သမ္မတရွေးကောက်ပွဲမှာ ကန့်ကွက်သူမရှိ ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပြီး နိုင်ငံရဲ့ ဆဋ္ဌမမြောက် သမ္မတဖြစ်လာပါတယ်။

အဝါမီလိဂ်အစိုးရကို လပေါင်းအတန်ကြာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသူတွေဟာ ဝန်ကြီးချုပ်နေအိမ်ကို ဝင်ရောက်စီး နင်းကြတဲ့အတွက် ရှိတ်ဟာစီနာလည်း ယခုနှစ် သြဂုတ်လ ၅ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ပြေးတိမ်း ရှောင်သွားခဲ့ရပါတယ်။ အဝါမီလိဂ်အစိုးရ ပျက်ပြားသွားတဲ့အတွက် သမ္မတ ရှာဟာဘတ်ဒင်က လွှတ်တော်ကို ဖျက်သိမ်းပြီး ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းရန် နိုင်ငံတစ်ဝှန်းလုံးရှိ နိုင်ငံရေးခေါင်းဆောင်များနဲ့ ဆွေးနွေး ခဲ့ ပါတယ်။ သြဂုတ်လ ၈-ရက်နေ့မှာ နိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်က အကြံပေးအရာရှိချုပ်အဖြစ် တာဝန်ယူတဲ့ ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရက သမ္မတ ရှာဟာဘတ်ဒင်ရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။  

ဟာစီနာ ရာထူးမှ ဖြုတ်ချခံရပြီးနောက် ဝန်ကြီးချုပ်ဟောင်းရဲ့ နုတ်ထွက်စာကို လက်ခံရရှိထားကြောင်း ဘင်္ဂ လားဒေ့ရှ် သမ္မတရဲ့ နိုင်ငံတော် မိန့်ခွန်းမှာ ပါရှိခဲ့ပါတယ်။ ဒါပေမဲ့ ရှိတ်ဟာစီနာ နှုတ်ထွက်တယ်လို့သာ ကြားသိရပေမယ့် မှတ်တမ်းအထောက်အထား တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း လွန်ခဲ့တဲ့ အောက်တိုဘာ ၁၉-ရက်နေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ “မန်နက်ဇာမင်” နေ့စဉ်သတင်းစာနဲ့ တွေ့ဆုံစဉ် သမ္မတ ရှာဟာဘတ်ဒင်က ပြောဆိုခဲ့ခြင်းဖြင့် လက်ရှိ ယူနွတ်ယာယီအစိုးရအနေနဲ့ တရားဝင်မှု ရှိ-မရှိ မေးခွန်းထုတ်စရာ အရှုတ်အထွေး စတင်ဖြစ်ပေါ်လာခဲ့ရပါတယ်။ 

ဝန်ကြီးချုပ်ဟောင်း နိုင်ငံခြားကို ထွက်ခွာသွားတယ်လို့ ကြားသိရကြောင်း၊ ဒါပေမယ့် သမ္မတဖြစ်တဲ့ သူ့ထံ တစ်စုံတစ်ရာအကြောင်းကြားခဲ့ခြင်း မရှိကြောင်း၊ အဲ့ဒီအချိန် သမ္မတအိမ်တော်ကို ရောက်ရှိလာတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာထံ အကြောင်းစုံသိရဖို့ မေးမြန်းခဲ့ကြောင်း၊ ရှိတ်ဟာစီနာ ရာထူးက နှုတ်ထွက်သွားပြီလို့ သူလည်း ကြားသိရတယ်လို့ ဖြေဆိုကြောင်း၊ ဟာစီနာဟာ သမ္မတနဲ့ ကာကွယ်ရေးဦးစီး ချုပ်ဖြစ်သူထံ အကြောင်းကြားရန် အချိန်မရခြင်းလည်း ဖြစ်နိုင်ကြောင်း၊ အခြေအနေတွေ ထိန်းချုပ်လာနိုင်တဲ့ နောက်တစ်နေ့မှာ အစိုးရအဖွဲ့ အတွင်းရေးမှူးက နုတ်ထွက်စာမိတ္တူကို လာရောက်တောင်းခံကြောင်း၊ “ငါလည်း လိုက်ရှာနေတယ်” လို့ သူ့ကိုပြောခဲ့ကြောင်း သမ္မတ ရှာဟာဘတ်ဒင်က ပြောပါတယ်။ အဲဒီအင်တာဗျူးကို တနင်္ဂနွေနေ့ ထုတ်ဝေတဲ့ “ဂျာနာတာခိုးရ်” နိုင်ငံရေး နေ့စဉ် မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာပါ။ အလားတူ ပြောဆိုချက်ကို လွန်ခဲ့တဲ့ သြဂုတ်လလယ် ရိုက်တာသတင်းအေဂျင်စီနဲ့တွေ့ဆုံစဉ် ရှိတ်ဟာစီ နာရဲ့သား “ဆာဂျစ်ဝါဇက်” ကလည်း ပြောခဲ့ဖူးပါတယ်။

သူ့ရဲ့ မိခင်ဖြစ်သူဟာ တရားဝင်နှုတ်ထွက်ခဲ့ခြင်း မဟုတ်ကြောင်း၊ အချိန်လည်း မရှိကြောင်း၊ နုတ်ထွက်စာ တင်ရန် ရည်ရွယ်ခဲ့ပေမယ့် ဝန်ကြီးချုပ်နေအိမ်အနီးထိ ဆန္ဒပြသူများ ချီတက်လာနေတဲ့အတွက် မိခင်ကြီး အနေနဲ့ ပစ္စည်းထုပ်ပိုးရန်ပင် အချိန် မရခဲ့ကြောင်း၊ မိခင် ရှိတ်ဟာစီနာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘင်္ဂလားဒေ့ရှ်ရဲ့ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ဆာဂျစ်ဝါဇက်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး သမ္မတ ရှာဟာဘတ်ဒင်ရဲ့ အင်တာဗျူးများအပြီးမှာ အငြင်းပွားမှု များ ပိုမိုပြင်းထန်လာပါတယ်။ 

မိုဟာမက်ယူနွတ် ဦးဆောင် ကြားဖြတ်အစိုးရရဲ့ တရားဝင်မှု နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်မှုများ ထွက်ပေါ် လာပြီးနောက် အင်္ဂါနေ့ ဒါကာမြို့ လမ်းမပေါ်မှာ ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဟာစီနာအစိုးရကို ပြုတ်ကျ စေခဲ့တဲ့ ကျောင်းသားများ ဦးဆောင် ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဘန်ဘာဘန်း အမည်ရှိ သမ္မတအိမ်တော် ရှေ့မှာ ညနေ ၅-နာရီမှ စတင်ပြီး ထိုင်သပိတ်မှောက်ခဲ့ကြပါတယ်။ ညနေ ၈ နာရီ ၃၀ ဝန်းကျင်မှာ အိမ်တော် လုံခြုံရေးအတားအဆီးများကို ဖြိုဖျက်ရန် အားထုတ်ရာမှ တားဆီးတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငါးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဆန္ဒပြသူတွေဟာ  ဘန်ဂါဘန်းအိမ်တော်ရှေ့မှာ ည ၁၂ နာရီကျော်ကြာအောင် ရှိနေခဲ့ပြီး သမ္မတ ရှာဟာဘတ်ဒင် မနုတ်ထွက်မချင်း လူစုခွဲရန် ငြင်းဆန်နေကြပါတယ်။ တုံ့ပြန်တဲ့ အနေဖြင့် သမ္မတအိမ်တော် တစ်ဝိုက်မှာ လုံခြုံရေးအင်အားကို တိုးမြှင့်ချထားကြောင်း တွေ့ရှိရပါတယ်။ သမ္မတ ရှာဟာဘတ်ဒင်ကို  ယခုသီတင်းပတ်အတွင်း အထူးသဖြင့် ဗုဒ္ဓဟူး သို့မဟုတ် ကြာသပ တေးနေ့နောက်ဆုံးထားပြီး အပြီးတိုင် ဖြုတ်ချမယ်လို့ ဆန္ဒပြသူများကိုယ်စား “ ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး ကျောင်းသားများ လှုပ်ရှားမှုအုပ်စု” ညှိနှိုင်းရေးမှူး ဟာဇက်အဗ္ဗဒူလာက ကြေညာပါတယ်။

ဒါပေမဲ့ ရှာဟာဘတ်ဒင်ရဲ့ မီဒီယာအင်တာဗျုးနဲ့ ပတ်သက်ပြီး သမ္မတရာထူးမှ ဖယ်ရှားဖို့အထိ ဆုံးဖြတ်ချက် မချမှတ်ရသေးကြောင်း ကြားဖြတ်အစိုးရ အကြံပေးအရာရှိချုပ် ယူနွတ်ရဲ့ သတင်းပြန်ကြားရေးအတွင်းဝန်က မီဒီယာများ မေးခွန်းကို ပြန်လည်ဖြေဆိုပါတယ်။ အတည်ဖြစ်နေခဲ့တဲ့ ဟာစီနာ နုတ်ထွက်တဲ့ကိစ္စမှာ ရှာဟာဘတ်ဒင်က ဒီလိုပြောပါတယ်လို့ မီဒီယာတွေက အမျိုးမျိုး ဖွကြတဲ့အတွက် လူအများစိတ်မှာ ရှုပ်ထွေးမှုဖြစ်ရတယ်လို့ ဘင်္ဂလားဒေ့ရှ် သမ္မတက တနင်္လာနေ့မှာ ပြောပါတယ်။ ဒါပေမဲ့ အင်္ဂါနေ့မွန်းလွဲပိုင်း ဒါကာမြို့ ရှာဟိဒ်မင်နာ လူထုအစည်းအဝေးမှာ ဆန္ဒပြကျောင်းသားများက တောင်းဆိုချက်  ၅-ချက်ကို ကြေညာခဲ့ပြီး သူတို့ရဲ့ လှုပ်ရှားမှုကို မရပ်တန့်နိုင်ကြောင်း ပြသလိုက်ပါတယ်။ (ဟာစီနာရဲ့ဖခင် အမျိုးသားခေါင်းဆောင်) 'မူဂျီဘစ်ဝါဒ' အခြေခံတဲ့ ၁၉၇၂ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး အဝါမီလိဂ်ပါတီရဲ့ လက်ရုံး အဖွဲ့ အစည်းအားလုံးကို ပိတ်ပင်ရေး၊ ဇူလိုင်အရေးအခင်း ကြွေးကြော် သံများကို 'သမ္မတနိုင်ငံကြေညာစာတမ်း' အဖြစ် သတ်မှတ်ရေး၊  (ဟာစီနာ အနိုင်ရရှိ) နောက်ဆုံး ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ ၃-ခုကို တရားမဝင် ကြေညာရေးတို့လည်း ပါဝင်ကြောင်း တွေ့ရှိရပါတယ်။ 

အိမ်နီးချင်းနိုင်ငံများက ဘင်္ဂလားဒေ့ရှ်ရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်နိုင်မယ့် အခွင့်အလမ်းမှန်သမျှ တားဆီးရေး၊ သမ္မတသစ်ရွေးချယ်ရန်အတွက် နိုင်ငံရေး ပါတီများအားလုံးနဲ့ တိုင်ပင်သင့်တယ်လို့ သမ္မတအိမ် တော်ရှေ့မှောက်မှာ သပိတ်မှောက်ကျောင်းသားခေါင်းဆောင်က မီဒီယာများကို ပြောပြပါတယ်။ ရှာဟာဘတ် ဒင် (အမည်ပြောင် “ချုပူး”) ကို ဖယ်ရှားလိုက်တဲ့အခါ သမ္မတတစ်ဦး မရှိခြင်းကို အခွင့်ကောင်းယူပြီး အိမ်နီးချင်း နိုင်ငံများက ဘင်္ဂလားဒေ့ရှ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လာနိုင်ကြောင်း၊ ဒါကြောင့် လွန်ခဲ့တဲ့ ၁၅ နှစ် အတွင်း ဖိနှိပ်ခံခဲ့ရတဲ့ နိုင်ငံရေးပါတီများရဲ့ အကြံဉာဏ်သွင်းအားစုပေါ်မူတည်ပြီး နောက်ထပ် သမ္မတတစ်ဦးကို ရွေးချယ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

(The Print., 23 October 2024,” Did Bangladesh president get Hasina’s resignation letter or not? Conflicting statements spark protests” ကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မော်လမြိုင်မြို့တွင် HIJET ကားနှင့် (၁၀)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ

RECENT POSTS
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ ကနေဒါအမျိုးသား
24 Oct 2024
စစ်ပွဲအဆုံးသတ်ရေး ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည့် အစ္စရေး
24 Oct 2024
မြန်မာနယ်စပ်အနီး ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်
24 Oct 2024
ဝေါမြို့နယ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါသည့် ခရီးသည်ထံမှ ပစ္စတို သေနတ်(၁၆) လက်နှင့် ကျည်(၅၃ဝ)ဖမ်းဆီးရမိ
24 Oct 2024
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ(၉)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဝင်ရောက်မှုများပြားမည်ဟု ခန့်မှန်း
24 Oct 2024
မော်လမြိုင်မြို့တွင် HIJET ကားနှင့် (၁၀)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ
24 Oct 2024
ဝန်ကြီးချုပ်ဟောင်း နှုတ်ထွက်စာ တင်-မတင် အရှုတ်တော်ပုံ ယူနွတ်ယာယီ အစိုးရ တရားဝင်မှု ပြဿနာဖြစ်လာ
24 Oct 2024
မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေး(၃)မျိုးကို သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး
24 Oct 2024
ဟောင်ကောင် တိရစ္ဆာန်ရုံတစ်ခုမှာ မြေဆီလွှာမှ ဘက်တီးရီးယား ကူးစက်မှုကြောင့် မျောက်တွေ သေဆုံး
24 Oct 2024
ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု(၃)ရက်ကျော်အတွင်း ရုပ်အလောင်း(၁၇)လောင်း ပြန်တွေ့ကာ (၈)ဦးပျောက်ဆုံးနေ
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved