Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ

စော (NSS) - အောက်တိုဘာ ၂၄

မြန်မာနိုင်ငံတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့သော်လည်း ထပ်မံ စမ်းသပ်သုတေသနလုပ်ပြီး အတည်ပြုရန် လိုအပ်နေသေးကြောင်း တိရစ္ဆာန်မျိုးစိတ်များကို သုတေသနစာတမ်းပြုစုသူတစ်ဦးက  NSS ကိုပြောသည်။


အဆိုပါ မြွေစိမ်းမြီးခြောက်မျိုးစိတ်သည် ယခင်က တရုတ်နိုင်ငံ၊ ယူနန်ခရိုင်တွင်နေထိုင်ကျက် စားသည်ဟု မှတ်ယူဖော်ထုတ်ခဲ့ကြကာ ယခုအချိန်တွင် မြန်မာနိုင်ငံတွင် တွေ့ရနိုင်ကြောင်း စာတမ်းရေး သားတင်ပြနိုင်ခဲ့ခြင်းဖြစ်သည်။

“ ဟိုးအရင်တုန်းက သုံးခဲ့တဲ့ဟာတွေကို နောက်ပိုင်းမှာ သိပ္ပံပညာရှင်တွေက ထပ်ပြီးတော့ စမ်းသပ်တယ်။ စမ်းသပ်တဲ့အခါမှာ သူတို့ရှာတွေ့ခဲ့တဲ့ဖမ်းသွားတဲ့မျိုးစိတ်တွေက ကျွန်တော်တို့ရေးထား တဲ့ အတိုင်းပဲ Caudornatus မျိုးစိတ်ဖြစ်နေတယ်။ မျိုးစိတ်နဲ့ DNA နဲ့ သွားပြီးတော့ တူတယ်ပေါ့နော်။ တူတဲ့အခါမှ အရင်တုန်းကတော့ ဒီ Caudornatus က တရုတ်နိုင်ငံမှာပဲရှိတယ်ပေါ့နော်။ ဒီစာတမ်း ရေးပြီးတော့ ဒီမျိုးစိတ်က မြန်မာနိုင်ငံမှာလည်း ရှိတယ်ဆိုပြီးတော့ သူတို့သက်သေပြနိုင်လိုက် တယ်ပေါ့နော်။အဲဒီအကောင်တွေကို သုံးပြီးတော့ပေါ့ ” ဟု ၎င်းက ပြောသည်။

အဆိုပါ မြွေစိမ်းမြီးခြောက်မျိုးစိတ်ကို စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း အထက်ပိုင်းနှင့် ကချင် ပြည် နယ်တို့တွင် တွေ့ရနိုင်ကြောင်း သတ်မှတ်ထားကာ  စမ်းသပ်မှုမပြုရသေးသည့်အတွက် အခြားဒေသများ တွင်လည်း တွေ့ရနိုင်ကြောင်း ၎င်းကသုံးသပ်ပြောသည်။

“ ဒီအကောင်(မြွေစိမ်းမြီးခြောက်မျိုးစိတ်သစ်)က အခြားမျိုးကွဲတွေထက်စာရင် နည်းနည်းလေး တော့ ပိုပြီးတော့ရှားတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အခြားမျိုးကွဲတွေကတော့ မြန်မာနိုင်ငံမှာ တော်တော်လေးတွေ့ရတယ်။ ဒီကောင်တွေကကျတော့ အခုမှပဲ ဒီစာတမ်းထုတ်ပြီးမှပဲ ဒီမျိုးစိတ်က caudornat ကျဆိုတာ သက်သေပြနိုင်တယ်။ ပြီး တော့ နောက်တစ်ခုက ဒီကောင်တွေကို ကျွန်တော်တို့ စမ်းသပ်ဖို့လိုသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့  သူတို့ရဲ့ ပျံနှံမှုက ဘယ်လောက်ထိပျံနှံနေလဲဆိုလဲ သေချာမသိရသေးဘူး ” ဟု ၎င်းကဆက်လက် ပြောသည်။

အဆိုပါ မြွေစိမ်းမြီးခြောက်၏ ပုံပန်းသဏ္ဍာန် မှာ ခေါင်းနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အစိမ်းရင့် ရောင်၊ နှုတ်ခမ်းတစ်ဝိုက်တွင် အစိမ်းဖျော့ရောင်၊ ဝမ်းဗိုက်တွင် စိမ်းဝါရောင်ရှိပြီး ကျောဖက်ကြေးခွံများ၏ ပထမဆုံး လိုင်းတွင် ခပ်ဖျော့ဖျော့ စိမ်းဝါရောင်လိုင်းရှိကြောင်းသိရသည်။

ထို့ပြင် အမြီးမှာ အနီရောင်ဖြစ်၍ လိုင်း အဖြောင့်သဏ္ဍာန်အပေါ်ပိုင်းတွင် ရှိပြီး အမြှီးအောက်ပိုင်း တွင် အနီရောင်လိုင်းပါးပါးလေးရှိပြီး မျက်လုံးမှာ ရွှေဝါရောင်ဖြစ်ကြောင်း သိရသည်။

နောက်ပိုင်းတွင် အခြားမျိုးစိတ်များကိုလည်း နိုင်ငံခြားမှ ပညာရှင်များနှင့် ပူးပေါင်းကာ စာတမ်း များရေးသားရန် ရှိနေသေးကြောင်း သိရသည်။                                             


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော

RECENT POSTS
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ ကနေဒါအမျိုးသား
24 Oct 2024
စစ်ပွဲအဆုံးသတ်ရေး ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည့် အစ္စရေး
24 Oct 2024
မြန်မာနယ်စပ်အနီး ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်
24 Oct 2024
ဝေါမြို့နယ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါသည့် ခရီးသည်ထံမှ ပစ္စတို သေနတ်(၁၆) လက်နှင့် ကျည်(၅၃ဝ)ဖမ်းဆီးရမိ
24 Oct 2024
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ(၉)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဝင်ရောက်မှုများပြားမည်ဟု ခန့်မှန်း
24 Oct 2024
မော်လမြိုင်မြို့တွင် HIJET ကားနှင့် (၁၀)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ
24 Oct 2024
ဝန်ကြီးချုပ်ဟောင်း နှုတ်ထွက်စာ တင်-မတင် အရှုတ်တော်ပုံ ယူနွတ်ယာယီ အစိုးရ တရားဝင်မှု ပြဿနာဖြစ်လာ
24 Oct 2024
မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေး(၃)မျိုးကို သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး
24 Oct 2024
ဟောင်ကောင် တိရစ္ဆာန်ရုံတစ်ခုမှာ မြေဆီလွှာမှ ဘက်တီးရီးယား ကူးစက်မှုကြောင့် မျောက်တွေ သေဆုံး
24 Oct 2024
ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု(၃)ရက်ကျော်အတွင်း ရုပ်အလောင်း(၁၇)လောင်း ပြန်တွေ့ကာ (၈)ဦးပျောက်ဆုံးနေ
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved