အိန္ဒိယအမျိုးသားတစ်ဦးက ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့အသေးဆုံးအဝတ်လျှော်စက်ကို ဖန်တီး
Pika (NSS) - အောက်တိုဘာ၂၃
အိန္ဒိယအမျိုးသားတစ်ဦးသည် အရွယ်အစား(၁ ဒသမ ၂၈)လက်မ၊ (၁ ဒသမ ၃၂) လက်မ နှင့် (၁ ဒသမ ၅၂) လက်မအသီးသီးရှိသော ကမ္ဘာ့အသေးဆုံး အဝတ်လျှော်စက်ကိုဖန်တီးခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။ ဆီဘင်းဆာဂျီ၏ အဝတ်လျှော်စက်ကို ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က ကမ္ဘာ့အသေးဆုံး အဝတ်လျှော်စက်အဖြစ် အတည်ပြုပေးခဲ့ကြောင်းလည်း သိရသည်။
အဆိုပါအဝတ်လျှော်စက်သည် Tamagotchi ဒီဂျစ်တယ်အရုပ်ထက် ပိုမိုသေးငယ်ပြီး ကမ္ဘာပေါ်တွင် အသေးဆုံးအဝတ်လျှော်စက်ဖြစ်ကြောင်း ဂင်းနစ်စံချိန် မှတ်တမ်းအဖွဲ့များက ပြောကြားခဲ့သည်။ ဆီဘင်းဆာဂျီ၏ အဝတ်လျှော်စက်၏ အလေးချိန်သည် (၂၅) ဂရမ်သာရှိပြီး OREO ကွတ်ကီး(၂)ခု ထက် သာ အနည်းငယ်ပိုလေးကြောင်းသိရသည်။ အဆိုပါဂင်းနစ်စံချိန်အတွက် အရည်အချင်းပြည့်မီရန် ဆီဘင်းဆာဂျီက ၎င်း၏အဝတ်လျှော်စက်သည် လျှော်ဖွပ်ခြင်း၊ ဆေးကြေားခြင်းနှင့် လည်ပတ်ခြင်းတို့ ဖြင့် အပြည့်အဝ အလုပ်လုပ်နိုင်သည်ကို သရုပ်ပြခဲ့ရကြောင်းလည်း သိရသည်။
ဆီဘင်းဆာဂျီ၏ ဂင်းနစ် စံချိန် မှတ်တမ်းတင်ရန်ကြိုးပမ်းမှုကို လူအများအပြားက လာရောက်ကြည့်ရှုခဲ့ကြပြီး ဂင်းနစ်စံချိန်အဖြစ် အသိ အမှတ်ပြုခံရချိန်တွင် တစ်ခဲနက်အားပေးခဲ့ကြကြောင်းလည်း သိရသည်။ ကမ္ဘာ့ဂင်းနစ် စံချိန် မှတ်တမ်းအဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်လာရမည်ဆိုသည့် ၎င်း၏အိပ်မက်ကို အကောင်အထည်ဖော် ရန်အတွက် ကမ္ဘာ့အသေးဆုံး အဝတ်လျှော်စက်ကိုဖန်တီးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆီဘင်းဆာဂျီ ကပြောကြားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာအိုဘက်သို့ ပြောင်းရွှေ့သွားသော ကျားဖျန့်များ မြန်မာနယ်စပ်တစ်လျှောက် ပြန်လည်ဝင်ရောက်လာနေ
RELATED POSTS
18 Oct 2024 | ဗဟုသုတ,နိုင်ငံတကာ
18 Oct 2024 | ဗဟုသုတ,နိုင်ငံတကာ
16 Oct 2024 | ဗဟုသုတ,နိုင်ငံတကာ
07 Oct 2024 | ဗဟုသုတ,ပြည်တွင်း