Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လက်ဘနွန်စစ်တပ်က အစ္စရေးရဲ့ကျူးကျော်မှုတွေကို ဘာကြောင့် မသိကျိုးကျွံပြုနေခဲ့ရသလဲ ....

ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၃

အစ္စရေးနဲ့ ပါလက်စတိုင်းအခြေစိုက် ဟားမတ်စ် အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲနဲ့ဆက်နွှယ် ပြီး လက်ရှိအချိန်မှာ အစ္စရေးနဲ့ လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ္စဘိုလာအဖွဲ့ကြား စစ်ပွဲတွေထပ်မံဖြစ်ပွား လျက်ရှိနေပါတယ်။ အစ္စရေးဟာ ၎င်းနိုင်ငံဘက်ခြမ်းကို ရော့ကက်ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတဲ့ ဟစ္စဘိုလာအဖွဲ့ကိုတိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ လက်ဘနွန်နိုင်ငံကို လေကြောင်းကဗုံး ကြဲတာ၊ မြေပြင်တပ်ဖွဲ့တွေ စေလွှတ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။ အစ္စရေးနဲ့ဟစ္စဘိုလာအဖွဲ့ကြား ဖြစ်ပွားနေတဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု အရှိန်မြင့်တက်နေပေမယ့် လက်ဘနွန်နိုင်ငံရဲ့စစ်တပ် ကတော့ လက်ပိုက်ကြည့်နေခဲ့ပါတယ်။ လက်ဘနွန် စစ်တပ်ဟာ နိုင်ငံတောင်ပိုင်းကို အစ္စရေးမြေပြင် တပ်ဖွဲ့တွေ ကျူးကျော်ဝင်ရောက်လာခြင်းကို တွေ့မြင်ပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်ပစ်ခတ်တိုက်ခိုက် ခြင်းမျိုးမရှိဘဲ လမ်းဘေးက ရပ်ကြည့်နေခဲ့ရာ လက်ဘနွန် စစ်တပ်ရဲ့နိုင်ငံကာကွယ်ရေးအခန်းကဏ္ဍနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ၊ စိတ်ဝင်စားစရာတွေ များစွာဖြစ်လာစေခဲ့ပါတယ်။ 

နိုင်ငံတစ်နိုင်ငံရဲ့စစ်တပ်ဟာ နိုင်ငံတည်ငြိမ်လုံခြုံအောင် ထိန်းသိမ်းဖို့၊ ပြည်ပကျူးကျော် ရန်စမှု တွေကနေ နိုင်ငံနဲ့နိုင်ငံသားတွေကို ကာကွယ်ပေးဖို့၊ နိုင်ငံ့အကျိုးစီးပွားကို ခြိမ်းခြောက်နေတဲ့အရာတွေကို ရင်ဆိုင်ဖို့ စတဲ့အချက်တွေ လုပ်ဆောင်ဖို့ အဓိက တာဝန်ကြီးတွေရှိနေပေမယ့် လက်ဘနွန်စစ်တပ် က တော့ နိုင်ငံလုံခြုံရေးနဲ့တည်ငြိမ်မှုကို ဖျက်ဆီးနေသူကို မသိကျိုးကျွံပြုနေခဲ့ပါတယ်။ လက်ဘနွန်စစ်တပ် ဟာ ဟစ္စဘိုလာအဖွဲ့တွေကို တိုက်ခိုက်ဖို့ အစ္စရေးနိုင်ငံရဲ့ကျူးကျော်တိုက်ခိုက်ခံရချိန်တုန်းက လက်တုံ့ ပြန်မှု မရှိဘဲ ကြားနေအဖြစ်ရပ်တည်ခဲ့တာဟာ ဒီတစ်ကြိမ်နဲ့ဆိုရင် လေးကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။ အစ္စရေး ဟာ လက်ဘနွန်နိုင်ငံကို နှစ်ပေါင်း (၅၀)ကျော်အတွင်းမှာ ကျူးကျော်တိုက်ခိုက်မှု အနည်းဆုံး (၄) ကြိမ် လုပ်ဆောင်ခဲ့ပြီး လက်ဘနွန်စစ်တပ်က အကြိမ်တိုင်း လိုလိုမှာ ကြားနေပုံစံမျိုးသာ ရပ်တည်ခဲ့ တယ်လို့ သိရပါတယ်။ လက်ဘနွန်နိုင်ငံရဲ့စစ်အင်အားနဲ့ ခေတ်မီလက်နက်ပိုင်ဆိုင်မှုတွေဟာ နိုင်ငံ အတွင်း ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်တွေကြောင့် အစစအရာရာ ကျဆင်းခဲ့ရပြီး အမေရိကန်နိုင်ငံက အကြမ်းအဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ ဟစ္စဘိုလာလက်နက်ကိုင် အဖွဲ့လောက် အင်အား တောင့် တင်းမှု မရှိဘူးလို့ ဆိုနိုင်ပါတယ်။ 

လက်ဘနွန်စစ်တပ်မှာ ကြည်း ရေ လေ တပ်ဖွဲ့ တွေရှိနေပြီး ကြည်းတပ်အင်အား (၈၄၂၀ဝ)၊ လေ တပ်အင်အား(၂၅၀ဝ)နဲ့ ရေတပ်အင်အား (၁၇၀ဝ) ရှိနေပေမယ့် စစ်လက်နက်ပိုင်ဆိုင်မှုတွေဟာ ခေတ်မီမှု မရှိဘူးလို့ဆိုနိုင်ပါတယ်။ ဒါ့ပြင် လက်ဘနွန် စစ်တပ်မှာ အင်ဂျင်နီယာတပ်ဖွဲ့၊ အထူးတပ်ဖွဲ့ဝင်တွေလည်း ရှိနေပြီး တပ်ဖွဲ့ဝင်အားလုံးဟာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ရခြင်းမျိုးဖြစ်နေပါတယ်။ လက်ဘနွန် စစ်တပ် ဟာ ဒေသအတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ် ရင် ခေတ်မီအင်အားတောင့်တင်းမှုမရှိဖြစ်နေရာ နိုင်ငံ အတွင်း ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်တွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ လက်ဘနွန်မှာ နိုင်ငံရေးဩဇာ အာဏာကို ဘာသာရေးအသင်းအဖွဲ့ အများအပြား အကြား ခွဲဝေကျင့်သုံးနေရာကနေ နိုင်ငံကာကွယ်ရေး ပိုင်း အင်အားလျော့နည်းမှုတွေဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ 

ပြင်သစ်နိုင်ငံလက်အောက်ကနေ လက်ဘနွန် လွတ်လပ်ရေးရခဲ့ချိန် (၁၉၄၃) ခုနှစ်ကစတင်ပြီး ဘာသာရေးအဖွဲ့စည်းတွေကြား သဘောတူညီချက် တစ်ခုအရ နိုင်ငံသမ္မတအနေနဲ့ မာရွန်နိုက် ခရစ် ယာန် ဘာသာဝင်တစ်ဦးဖြစ်ရမှာဖြစ်ပြီး ဝန်ကြီးချုပ်ရာထူးကို ဆွန်နီ မွတ်စလင်၊ ပါလီမန်ဥက္ကဋ္ဌရာထူးကို ရှီယာ မွတ်စလင် တို့ကိုပဲ ခန့်အပ်ရမှာဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို မာရွန်နိုက် ခရစ် ယာန် ဘာသာဝင်တစ်ဦးက အစဉ်အားဖြင့် တာဝန်ယူထမ်းဆောင်လေ့ရှိနေပါတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် (၁၉၄၃)ခုနှစ်တုန်းက လက်ဘနွန်မှာ မတူကွဲပြားတဲ့ ဘာသာရေးအုပ်စုတွေ အရွယ်အစား ဆတူ ကြီးမားကြတာကို ထင်ဟပ်ပြနေခဲ့ပြီး ခရစ်ယာန်ဘာသာဝင် အရေအတွက်က ဆွန်နီနဲ့ ရှီယာမွတ်စလင် တွေထက် ပိုများပြီး လူဦးရေရဲ့ တစ်ဝက်ကျော်လောက်ရှိပါတယ်။ ဒါပေမဲ့လည်း ခရစ်ယာန်၊ ဆွန်နီ မွတ် စလင်၊ ရှီယာ မွတ်စလင်တွေရဲ့အရေအတွက်က လက်ရှိအချိန်မှာ လူဦးရေရဲ့ (၃၀) ရာခိုင်နှုန်းကျော်စီ ရှိနေတယ်လို့ ခန့်မှန်းထားတဲ့အတွက် ဒီသဘောတူချက်က ခေတ်နဲ့မလျော်ညီတော့ဘူးလို့ အတော် များများက ပြောနေပါတယ်။

လက်ရှိအချိန်မှာတော့ လက်ဘနွန်နိုင်ငံရဲ့ လူဦးရေအများစုဟာ မွတ်စလင်တွေဖြစ်နေကြရာ အဲဒီ မွတ်စလင်အများစုက ခရစ်ယာန်ဘာသာဝင်တွေ ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းခွင့်ရတဲ့ လက်ဘနွန် စစ်တပ်ကို အားပေးထောက်ခံမှုလျော့နည်းတယ်လို့ ဆိုကြပါတယ်။ 

လက်ဘနွန်နိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးမှာပါဝင်နေတဲ့ ခရစ်ယာန်ဘာသာဝင် တွေနဲ့ မွတ်စလင်ဘာသာဝင်တွေကြား သဘောထား အမြင်မတူခဲ့ရာကနေ စစ်တပ်ရဲ့အင်အား တောင့် တင်းမှုကို ထိခိုက်စေခဲ့ပါတယ်။ ခရစ်ယာန်နိုင်ငံရေးသမားတွေက လက်ဘနွန်နိုင်ငံစစ်တပ်အတွင်း မွတ်စ လင်တွေများလာမှုနဲ့အတူ ခေတ်မီလက်နက်တွေရှိ လာမယ်ဆိုရင် မွတ်စလင်တွေရဲ့ အာဏာသိမ်းခံရမှာ စိုးရိမ်ခဲ့သလို နိုင်ငံတွင်းရှိ မွတ်စလင်တွေနဲ့ဆက်နွှယ် တဲ့စစ်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ရမှာကို စိုးရိမ်ခဲ့ပါ တယ်။ အထူးသဖြင့် အစ္စရေးနဲ့ အရှေ့အလယ်ပိုင်း ဒေသအတွင်းရှိမွတ်စလင်တွေကြား စစ်ပွဲဖြစ်လာ မယ်ဆိုရင် လက်ဘနွန်စပ်တပ်အသုံးချခံရမှာ စိုးရိမ်နေတဲ့အတွက် နိုင်ငံ စစ်လက်နက်အင်အား တောင့် တင်းမှုပိုင်းကို လျှော့ချတာတွေရှိခဲ့ပါတယ်။

မွတ်စလင် နိုင်ငံရေးသမားတွေကလည်း ခရစ် ယာန်ဘာသာဝင်တွေကို ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်ထားတဲ့ လက်ဘနွန်စစ်တပ် အင်အားကောင်းလာရင် မွတ်စလင်တွေရဲ့အကျိုးစီးပွားကို ထိခိုက် ဖျက်ဆီးမှာ စိုးရိမ်မှုတွေရှိနေတဲ့အတွက် လက်ဘနွန် စစ်တပ်ခေတ်မီလက်နက်တွေပိုင်ဆိုင်ရေး အပါ အဝင် စစ်တပ်ဖွံ့ဖြိုးရေးကိုအားပေးထောက်ခံခြင်းမရှိခဲ့ဘူး၊ ဒါကြောင့်လည်း လက်ဘနွန်နိုင်ငံဟာ လွတ်လပ်ရေး ရပြီးနောက် (၁၉၅၀)ပြည့်နှစ်ကနေ (၁၉၆၀) ပြည့်အတွင်း စစ်တပ်ရဲ့ကာကွယ်ရေး အသုံးစရိတ်ဟာ နိုင်ငံဂျီဒီပီရဲ့(၄)ရာခိုင်နှုန်းသာ သုံးစွဲနိုင်ခဲ့ပါတယ်။ လက်ဘနွန် နိုင်ငံအတွင်းရှိ မွတ်စလင် နိုင်ငံရေးသမားဟာ ခရစ်ယာန်ဘာသာဝင်တွေကြီးစိုးထားတဲ့စစ်တပ်ကို အား ပေးထောက်ခံခြင်းထက် ရှီယာမွတ်စလင်အများစု ရှိ နေတဲ့ ဟစ္စဘိုလာအဖွဲ့ကို အားပေးထောက်ခံခဲ့ရာ နိုင်ငံစစ်တပ်ရဲ့အင်အားနဲ့ စစ်လက်နက်ပစ္စည်းပိုင်ဆိုင် မှုဟာ ဟစ္စဘိုလာအုပ်စုလောက် ကောင်းမွန်မှုမရှိပါဘူး။ လက်ဘနွန်နိုင်ငံ အတွင်းရှိ လူငယ်အများစုဟာ နိုင်ငံရဲ့ တရားဝင်စစ်တပ်ကို ဝင်ရောက်ခြင်းထက် ဟစ္စဘိုလာ လက်နက် ကိုင်အဖွဲ့ကို ပိုမိုဝင်ရောက်လာခဲ့ပါတယ်။ 

လက်ဘနွန်ရဲ့ စစ်တပ်အင်အားကောင်းမွန်မှု မရှိတဲ့အတွက် (၁၉၇၅) ခုနှစ်မှာဖြစ်ပွားတဲ့ ပြည်တွင်း စစ်ကြောင့် စစ်တပ်ရဲ့စွမ်းရည်ပိုင်းတွေလည်း ပျက်စီးခဲ့ရပြီး နိုင်ငံပိုင်နက်တွေကို  အစ္စရေးနဲ့ ဆီးရီးယားတို့က သိမ်းယူတာတွေလည်း ရှိခဲ့ဖူးပါတယ်။ လက်ဘနွန်နိုင် ငံမှာကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ် နဲ့ နိုင်ငံအတွင်းရှိနေတဲ့ မွတ်စလင်နဲ့ခရစ်ယာန် နိုင်ငံရေးသမားတွေကြား အားပြိုင်မှုတွေကြောင့် စစ်တပ် ရဲ့ အင်အားလျော့ နည်းမှုတွေရှိနေချိန်မှာ နိုင်ငံစီးပွားရေးအခက်ခဲ ထပ်မံတွေ့ကြုံခဲ့ရတဲ့အတွက် စစ်တပ် အတွက်လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို ဝယ်ယူဖြည့်တင်းနိုင်တာ မျိုးမရှိခဲ့ပါဘူး။ လက်ဘနွန် နိုင်ငံမှာ (၂၀၁၉)ခုနှစ် စီးပွားရေးပြိုလဲမှုတွေဖြစ်ပွားခဲ့ရာ စစ်သားတွေရဲ့လစာနဲ့ ကာကွယ်ရေး အသုံး စရိတ် လျှော့ချခံရတာတွေရှိခဲ့ပါ တယ်။ အဲဒီလိုမျိုး စစ်သားတွေရဲ့လစာနဲ့ ကာကွယ် ရေးအသုံးစရိတ်တွေ ထပ်မံလျှော့ချ ခံလိုက်ရတာဟာ လက်ဘနွန်စစ်တပ်အပေါ် တိုက်ရိုက်သက်ရောက်မှု များစွာဖြစ်ခဲ့ရပါ တယ်။ လက်ဘနွန်နိုင်ငံမှာ လွတ်လပ်ရေးရပြီး နှစ်ပေါင်း (၈၀)ကျော်လာခဲ့ပေမယ့် တရားဝင် စစ်တပ်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ တစ်နှစ်ကို နိုင်ငံဂျီပီဒီရဲ့(၄)ရာခိုင်နှုန်းအထိ မရှိခဲ့ပါဘူး၊ ဒါကြောင့် လက်ဘ နွန် စစ်တပ်ဟာ ခေတ်မီတိုက် လေ ယာဉ်တွေ ပိုင်ဆိုင်ခြင်းမျိုးမရှိသလို ခေတ်မီလက် နက်တွေ ဝယ်ယူနိုင်ခြင်း အားနည်းခဲ့ပါတယ်။  နိုင်ငံ့ စီးပွားရေးကျဆင်းခဲ့တဲ့အတွက် လက်ဘနွန်စစ်သား တွေရဲ့ လစာဟာ တစ်လကို အမေရိကန်ဒေါ်လာ (၂၀ဝ)ကျော်ရရှိခဲ့ပြီး စစ်သားအများစုဟာ အလုပ် ထွက်ကာ တခြား အလုပ်တွေကို ပြောင်းလဲလုပ်ကိုင် ခဲ့ပါတယ်။ အမေရိကန်နဲ့ ကာတာနိုင်ငံတို့ဟာ လက်ဘနွန် နိုင်ငံရဲ့စစ်သားတွေကို လစာတွေပေးချေပေး နေရတယ်လို့ဆိုကြပါတယ်။ လက်ရှိအချိန်မှာ အစ္စ ရေးရဲ့ကျူးကျော်မှုတွေနဲ့ပတ်သက်ပြီး လက်ဘနွန် စစ်တပ်ဟာ နိုင်ငံရေးကာကွယ်ရေးအတွက် အကန့် သတ်နဲ့သာလုပ်ဆောင်နေရတယ်လို့ လက်ဘနွန်ဗိုလ် ချုပ်ဟောင်းတစ်ဦးကပြောပါတယ်။ ၎င်းက “ စစ် တပ်ရဲ့သဘောသဘာဝဟာ လက်ဘနွန်နိုင်ငံ ပိုင်နက်တွေကို ကျူးကျော်လာသူတွေရဲ့ရန်က ကာကွယ် ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစ္စရေးစစ်တပ်က လက်ဘနွန် နိုင်ငံအတွင်း ကျူးကျော် ဝင်ရောက်လာချိန်မှာ ကျွန်တော်တို့စစ်တပ်က ကာကွယ်ရမှာဖြစ်ပေမယ့် လက်ဘနွန်စစ်တပ်ရဲ့လုပ်နိုင်စွမ်းက ကန့်သတ်ခံ ထားရသလိုမျိုး ဖြစ်ခဲ့တယ် ” လို့ပြောပါတယ်။ 

လက်ဘနွန်စစ်တပ်ဟာ အစိုးရအဖွဲ့ရဲ့ညွှန်ကြား ချက်တွေအတိုင်းလုပ်ဆောင်ခဲ့ရပေမယ့် ရှီယာ မွတ်စလင်အများစုအားပေးထောက်ခံထားတဲ့ ဟစ္စဘိုလာ အဖွဲ့ကတော့ လွတ်လပ်စွာ လုပ်ကိုင်ခွင်ရရှိနေခဲ့ပါ တယ်။ ဟစ္စဘိုလာ လက်နက်ကိုင်အဖွဲ့နဲ့  နိုင်ငံရေး ပါတီကို လက်ဘနွန်နိုင်ငံ အတွင်းရှိ ရှီယာဘာသာ ဝင်အများစုက အားပေးထောက်ခံခဲ့ပြီး အစိုးရအဖွဲ့ အတွင်းမှာလည်း ဟစ္စဘိုလာ နိုင်ငံရေးပါတီရဲ့ ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရှိနေပါတယ်။ လက်ဘနွန်နိုင်ငံတောင်ပိုင်းကို သိမ်းပိုက်ခဲ့တဲ့အစ္စရေးတပ်ဖွဲ့တွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ ရှီယာ မွတ်စလင် လက်နက်ကိုင်အဖွဲ့တစ်ခုအဖြစ် ဟစ္စဘိုလာအဖွဲ့ကို လက်ဘနွန်ပြည်တွင်းစစ်ကာလ(၁၉၈၂) ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ အီရန်နိုင်ငံက ဟစ္စဘို လာအဖွဲ့တွေကို လက်နက်အပြည့်အစုံတပ်ဆင် ပေးခဲ့ ပြီး ငွေကြေးထောက်ပံ့ခဲ့ပါတယ်။ (၁၉၈၅) ခုနှစ်မှာ ဟစ္စဘိုလာအဖွဲ့က သူတို့ကိုယ်သူတို့ တရားဝင်အဖွဲ့ အစည်းအဖြစ်ထုတ်ပြန်ခဲ့ပြီး အီရန်မှာ ရှိထားသလိုမျိုး လက်ဘနွန်မှာ အစ္စလာမ္မစ်နိုင်ငံတစ်ခု ထူထောင် ဖို့လိုလားတယ်လို့ ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒါ့ပြင် လက်ဘနွန်တောင်ပိုင်းနဲ့ ပါလက် စတိုင်း နယ်မြေတွေ မှာ အစ္စရေးတို့သိမ်းပိုက်ထားမှု အဆုံးသတ်သွား အောင်လုပ်မယ်လို့လည်း ဟစ္စဘိုလာ အဖွဲ့က ပြောဆိုထားပါတယ်။ လက်ဘနွန်နိုင်ငံမှာ တရားဝင်စစ်တပ် ရှိနေရဲ့နဲ့ အဲဒီစစ်တပ်ကို အား ကောင်းအောင် နိုင်ငံအတွင်းရှိ ဘာသာဝင်တိုင်း၊ နိုင်ငံရေးပါတီတိုင်း ဝိုင်းဝန်း အားပေးရမှာဖြစ်ပေမယ့် ဘာသာရေးအ ကြောင်းပြ ချက်တွေနဲ့ တရားဝင်စစ်တပ်ကို အားအင်ချည့်နဲ့ အောင်လုပ်ဆောင်ကာ စစ်ပြိုင်အဖွဲ့စည်းတွေ ဖွဲ့ စည်းခဲ့ခြင်းကြောင့် နိုင်ငံကျူးကျော်ခံရချိန်တိုင်း လက်ဘနွန်စစ်တပ်ဟာ နိုင်ငံကို ကာကွယ်နိုင်စွမ်းမရှိဘဲ ပုံရိပ်ကျဆင်းခဲ့ရတယ်လို့ သုံးသပ်တင်ပြလိုက်ပါတယ်။  

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သည်ဟု ဆိုသည့်တိုင် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးအနာဂတ် ရေရာမူရှိနေပြီလား

RECENT POSTS
တရုတ် နှင့် ရုရှားနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး မျှတသော ကမ္ဘာ့အစီအစဉ်များဖြစ်လာစေရန် လုပ်ဆောင်မည်
23 Oct 2024
လာအိုဘက်သို့ ပြောင်းရွှေ့သွားသော ကျားဖျန့်များ မြန်မာနယ်စပ်တစ်လျှောက် ပြန်လည်ဝင်ရောက်လာနေ
23 Oct 2024
အိန္ဒိယအမျိုးသားတစ်ဦးက ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့အသေးဆုံးအဝတ်လျှော်စက်ကို ဖန်တီး
23 Oct 2024
ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သည်ဟု ဆိုသည့်တိုင် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးအနာဂတ် ရေရာမူရှိနေပြီလား
23 Oct 2024
လက်ဘနွန်စစ်တပ်က အစ္စရေးရဲ့ကျူးကျော်မှုတွေကို ဘာကြောင့် မသိကျိုးကျွံပြုနေခဲ့ရသလဲ ....
23 Oct 2024
ပြည်ပလုပ်သားစေလွှတ်ရေးအတွက် ထပ်မံအရေးယူခံရမည့် အေဂျင်စီ (၅၀) ထက်မနည်းရှိနေ
23 Oct 2024
စက်မှုဇုန်လုပ်သားများအတွက် ကုန်ဈေးနှုန်းဒဏ်အပြင် အဆောင်ခဈေးနှုန်းကြီးမြင့်ခြင်းကလည်း ထိုးနှက်ချက်တစ်ရပ်ဖြစ်လာနေ
23 Oct 2024
ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်ဘက်က ပြန်လည်အကောင်အထည်ဖော်ရန် ဆန္ဒရှိနေ
23 Oct 2024
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု၏ အသုံးစရိတ် ငွေကျပ် ဘီလျံ (၄ဝဝဝဝ)နီးပါး ရှိနိုင်ပြီး ဘီလျံ (၇ဝဝဝ)ကျော် လိုငွေပြနိုင်ဟု ခန့်မှန်း
23 Oct 2024
မန္တလေးတွင် လက်ဖက်ရည်ဆိုင်တွင်ရှိသည့် ရာအိမ်မှူးကို အကြမ်းဖက်သမားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ ကျည်မထွက်သဖြင့် သေနတ်ဖြင့် ပစ်ပေါက်ထွက်ပြေး
19 Oct 2024
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved