Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံက မင်္ဂလာပါ

ဖြိုးဝေလင်း (ပုသိမ်) (NSS) - အောက်တိုဘာ ၂၅

မြန်မာနိုင်ငံသည် ဧရိယာအကျယ်အဝန်းအား ဖြင့်(၂၆၁,၂၂၈)စတုရန်းမိုင်ရှိပြီး အရှေ့တောင်အာရှ တွင် မြေပြင် တစ်ဆက်တည်း အကျယ်အဝန်းအရဆိုလျှင် အကြီးဆုံးနိုင်ငံဖြစ်ပါသည်။ မြင့်မားသော တောင်တန်းကြီးများ၊ ကျယ်ပြန့် သောလွင်ပြင်များ၊ ရှည်လျားသောကမ်းရိုးတန်းများအပြင် ကျွန်းပေါင်း (၈၀ဝ)ကျော်ပိုင်ဆိုင်ထားသည့် နိုင်ငံကြီးလည်း ဖြစ်သည်။ ထိုကဲ့သို့ တောတောင်ရေမြေသဘာဝအလှ များနှင့်ပြည့်နှက်နေသော မြန်မာနိုင်ငံသို့ နိုင်ငံတကာ ခရီးသွား ဝင်ရောက်မှုသည် ကိုရိုနာဗိုင်းရပ်ရောဂါ (ကို ဗစ်-၁၉) မတိုင်မီ (၂၀၁၈) နှင့် (၂၀၁၉) ခုနှစ်တို့တွင် (၁)နှစ်လျှင် ပျှမ်းမျှ (၄)သန်းခန့်ရှိပြီး (၂၀၂၃) ခုနှစ်တွင် (၁,၂၈၄,၇၃၁)ဦးရေရှိခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် နိုင်ငံတကာ ပြည်ဝင်ခရီးသွားစစ်တမ်း (၂၀၂၃)အရသိရှိရသည်။ မြန်မာနိုင်ငံ၏ (၃) ပုံ (၁)ပုံခန့်ရှိသော လာအိုနိုင်ငံ၏ (၂၀၂၃) ခုနှစ် နိုင်ငံတကာခရီးသွားဝင် ရောက်မှုသည် (၃,၄၁၇,၆၂၉) ရှိသည်ဟု လာအို သတင်း အချက်အလက်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန (Ministry of Inf­or­mation, Cu­l­ture and Tourism) ၏ Stati­stical Rep­ort on Tourism in Laos (၂၀၂၃) အရသိရသည်။ နိုင်ငံတကာခရီးသွားများထံမှရရှိသော ဝင်ငွေသည် နိုင်ငံ့ GDP ၏ (၁၂) ရာခိုင်နှုန်းရှိသည့်အပြင် ပျှမ်းမျှ (၁)နှစ်လျှင် နိုင်ငံတကာခရီးသွား‌ပေါင်း (၂၈)သန်းနှင့် သန်း(၃၀)ကြား လာရောက်လည်ပတ်နေသော ထိုင်းနိုင်ငံ၊ အန်ကောဝပ်ဘုရားကျောင်းတစ်ခုတည်းနှင့် ပင်ဆွဲဆောင် ထားပြီး နှစ်စဉ်နိုင်ငံတကာခရီးသွား (၃)သန်းခွဲနှင့် (၆)သန်းကြားဝင်ရောက်နေသော ကမ္ဘောဒီးယားနိုင်ငံတို့နှင့်နှိုင်း ယှဉ်ပါက မြန်မာနိုင်ငံသို့  နိုင်ငံတကာခရီးသွားဝင်ရောက်မှုသည် နည်းပါးလွန်း လှသည်ဟုမှတ်ယူနိုင်သည်။ 

ကမ္ဘာလှည့်ခရီးသွားခြင်းဆိုသည်မှာ အပန်းဖြေရန်ဖြစ်စေ၊ အပျော်သက်သက်ဖြစ်စေ၊ စီးပွားရေး ကိစ္စများ အတွက်ဖြစ်စေ အခြားသောကိစ္စရပ်များအတွက်ဖြစ်စေ မိမိတို့အမြဲနေထိုင်ရာဒေသ၏အပြင် ဘက်သို့ အနည်းဆုံး (၂၄) နာရီနှင့် အများဆုံး တစ် နှစ်အထိ ခရီးသွားလာခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ ခရီးသွားခြင်းအမျိုးအစားပေါ်မူတည်၍ 

၁။ အပန်းဖြေ ခရီးသွားခြင်း

၂။ စွန့်စွန့်စားစား ခရီးသွားခြင်း

၃။ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်သော

ခရီးသွားခြင်း 

၄။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခရီးသွားခြင်း

၅။ စီးပွားရေးနှင့်ဆိုင်သော ခရီးသွားခြင်း

၆။ အားကစားနှင့်ဆိုင်သော ခရီးသွားခြင်း 

၇။ ပညာရေးဆိုင်ရာ ခရီးသွားခြင်း

၈။ ကျန်းမာရေးဆိုင်ရာ ခရီးသွားခြင်း စသဖြင့် အကြမ်းဖျင်း ခွဲခြားနိုင်သည်။ 

(၂၀၂၃) ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားများဝင်ရောက်မှုတွင် လေကြောင်း၊ ရေကြောင်းမှ (၂၂.၄၉) ရာခိုင်နှုန်းရှိပြီး နယ်စပ်များမှ ဝင်ရောက်မှုမှာ (၇၇.၅၁) ရာခိုင်နှုန်းရှိသည်။ ဝင် ရောက်သည့်နိုင်ငံခြားသားများမှာ အာရှဒေသမှ (၈၈.၉၉) ရာခိုင်နှုန်း၊ ဥရောပဒေသမှ (၅.၄၉) ရာခိုင် နှုန်း၊ အမေရိကမှ (၃.၇၃) ရာခိုင်နှုန်း၊ သမုဒ္ဒရာပိုင်း ဇုန်ဒေသမှ (၁.ဝ၆) ရာခိုင်နှုန်း၊ အရှေ့အလယ်ပိုင်းမှ (ဝ.၃၃) ရာခိုင်နှုန်းနှင့် အာဖရိကဒေသမှ (ဝ.၄၀) ရာ ခိုင်နှုန်းရှိ ကြောင်းသိရပြီး (၂၀၂၃) ခုနှစ်တွင် မြန်မာနိုင်ငံသို့ အများဆုံးလာရောက်သောနိုင်ငံသားများမှာ တရုတ်နိုင်ငံသား များဖြစ်ပြီး ဒုတိယနေရာတွင် ထိုင်းနိုင်ငံသားများနှင့် တတိယနေရာတွင် ဂျပန်နိုင်ငံသားတို့ အများဆုံးဝင်ရောက်ကြ သည်။ မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံတကာခရီးသွားများ၏ (၃၅) ရာခိုင်နှုန်းမှာ အသက် (၃၀)နှင့် (၃၉)နှစ်ကြား ဖြစ်ပြီး (၂၃) ရာခိုင်နှုန်းမှာ အသက် (၄၀) နှင့် (၄၉) ကြားဖြစ်သည်။ အသက် (၂၀) နှင့် (၂၉) နှစ်ကြား လူငယ်ခရီးသွားဝင် ရောက်မှုနှုန်းမှာ (၁၅) ရာခိုင်နှုန်းရှိသည်။ နိုင်ငံတကာခရီးသွားစုစုပေါင်း၏ (၅၄) ရာခိုင်နှုန်းမှာ တစ်ဦး ချင်းလွတ်လပ်စွာ သွားလာသည့် ခရီးသွားများ (Inde­p­endent travelers) ဖြစ်ပြီး (၄၆)ရာခိုင်နှုန်းမှာ ခရီးသွားလုပ်ငန်းကုမ္ပဏီများနှင့် ချိတ်ဆတ်သွားလာကြ သည့်ခရီးသည်များ (packaged tour) ဖြစ်သည်။ မြန်မာနိုင်ငံသို့လာရောက်ကြသော နိုင်ငံတကာ ခရီးသွားများ၏ (၆၆) ရာခိုင်နှုန်းသည် အပန်းဖြေခရီးသွားလာရန် လာရောက်ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်း နိုင်ငံတကာခရီးသွား တစ်ဦး၏ ပျမ်းမျှနေထိုင်ရက်မှာ (၉)ရက်ခန့်ဖြစ်သည်။ နိုင်ငံတကာခရီးသွားများ၏ (၂၀၂၃) ခုနှစ် အတွင်း မြန်မာနိုင်ငံအတွင်းသုံးစွဲမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၆၉၃) သန်းဖြစ်ရာ ခရီးသွားတစ်ဦး၏ တစ်ရက်ပျမ်းမျှ အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ (၁၀၄) ဒေါ်လာခန့်ရှိသည်။  

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် နိုင်ငံတကာခရီးသွားများကို နမူနာကောက်ယူခြင်း (Sampling) ပြုလုပ်၍ အကြံပြုချက်များ ကောက်ခံခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်မီးပုံမှန်ရရှိရန်၊ အင်တာနက်လိုင်း ကောင်းမွန် ရန်၊ ဟိုတယ်နှင့်တည်းခိုခန်းများတွင် ဝန်ဆောင်မှုကောင်းမွန်ရန်၊ Public transport ကောင်းမွန်ရန်၊ လည်ပတ်ရာတွင် လုံခြုံ စိတ်ချမှုရှိရန်၊ Night tour လည်ပတ်နိုင် ရေးစီစဉ်ပေးရန်၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် သန့်ရှင်းသပ်ရပ်မှုရှိရန်နှင့် အစားအသောက်များကို သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ချက်ပြုတ်ထုပ်ပိုး တတ်ရန်လိုအပ် ကြောင်း အကြံပြုခဲ့ကြသည်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်ရေးအတွက် ဖိတ်ခေါ်ရာတွင် အခြေခံ ခရီးသွား ခြင်းအမျိုးအစား (၈) ချက်အပေါ်မူတည်၍ အချိန်ကာလ (၃)ခုခွဲခြားကာ ဆောင်ရွက်သင့်သည့် နည်းလမ်းအချို့ကို တင်ပြလိုသည်။ ပထမဆုံးမှာ နိုင်ငံတကာခရီးသွားများကို လည်ပတ်ချင်လာအောင် ဖိတ်ခေါ်ခြင်းကာလ ဖြစ်သည်။ ဒုတိယအနေဖြင့် ဖိတ်ခေါ်ခြင်းကြောင့်လာရောက် လည်ပတ်သည့်ခရီးသွားများကို ဝန်ဆောင်မှုပေးသည့်ကာလ ဖြစ်သည်။ တတိယနှင့်နောက်ဆုံးမှာ ထပ်မံလည်ပတ်စေရန် ပြန်လည် ဖိတ်ခေါ်ခြင်းကာလ ဖြစ်သည်။

ဖိတ်ခေါ်ခြင်းကာလ

မြန်မာနိုင်ငံသို့လာရောက်သည့် နိုင်ငံတကာ ခရီးသွား (၅၀) ရာခိုင်နှုန်းသည် ခရီးသွားအေဂျင်စီများနှင့် လေကြောင်းလိုင်းများမှလည်းကောင်း၊ (၂၈) ရာခိုင်နှုန်းသည် သူငယ်ချင်းဆွေမျိုးများမှလည်းကောင်း၊ (၁၀) ရာခိုင်နှုန်း သည် လူမှုမီဒီယာစာမျက်နှာများမှလည်းကောင်း၊ (၈) ရာခိုင်နှုန်းသည် စီးပွားရေးလုပ်ငန်းများမှလည်းကောင်း၊ (၂) ရာခိုင် နှုန်းသည် ခရီးသွားပြပွဲများမှလည်းကောင်း၊ ကျန် (၂) ရာခိုင်နှုန်း သည် နိုင်ငံတော်အစိုးရ website များမှလည်းကောင်း အကြံÓဏ်ရယူ၍ လာရောက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်လေဆိပ်၌ နိုင်ငံတကာ လေကြောင်းလိုင်း (၁၅) လိုင်းနှင့် မန္တလေး လေဆိပ်တွင် နိုင်ငံ တကာလေကြောင်းလိုင်း (၅)လိုင်း ပြေးဆွဲလျက်ရှိရာ လေကြောင်းလိုင်းများ၊ ခရီးသွားအေ ဂျင်စီများနှင့်ချိတ်ဆက်၍ လာရောက်လည်ပတ်လိုသည့် နိုင်ငံတကာခရီးသွားများအတွက် ကန့်သတ်ချက်များ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် ရန်ကုန်၊ မန္တလေး လေဆိပ်တို့တွင် လေကြောင်းဆိုင်ရာဝန် ဆောင်မှု ပိုမိုမြှင့်တင်ရမည့်အပြင် ရန်ကုန်၊ မန္တလေး ပြီးလျှင် နိုင်ငံတကာခရီးသွားများ အများဆုံးလည်ပတ်သည့် အခြားဒေသများ(ကျိုက်ထို၊ ပဲခူး၊ ပုဂံ၊ ပုသိမ်)ရှိ လေဆိပ်များကို အဆင့်မြှင့်တင်ခြင်းဖြင့် နိုင်ငံတကာ လေကြောင်းလိုင်းများ တိုးချဲ့ဝင်ရောက်နိုင်မည်ဖြစ် သည်။ နိုင်ငံတကာလေကြောင်း လိုင်းများ ဝင်ရောက်နိုင်မှုမရှိလျှင်ပင် နယ်ဘက်ဒေသများရှိ လေဆိပ်များ၌ ခရီးသွားများ၏ ကိုယ်ပိုင်လေယာဉ်များ ဝင်‌ရောက် နိုင်ရန် ပြင်ဆင်ထားသင့်သည်။ ယနေ့ခေတ်သည် လူမှုမီဒီယာအသုံးပြုမှုများ တွင်ကျယ်နေသည့် ခေတ် ဖြစ်ရာ နိုင်ငံတကာခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန်အတွက် လူမှုမီဒီယာကွန်ရက်များကို ထိရောက် စွာအသုံးချသင့်သည်။ ဤနေရာတွင် မြန်မာနိုင်ငံအပေါ် ပျက်စီးစေလိုသည့်အုပ်စုများကြီးစိုးထားသည့် လူမှုမီဒီယာ ပေါ်တွင် မည်ကဲ့သို့ ထိုးဖောက်နိုင်မည်နည်းဟု ဆင်ခြေပေးစရာရှိသည်။ နိုင်ငံတော်၏ ဝန်ကြီးဌာနနှင့် ပြည်တွင်း ခရီးသွားအေ ဂျင်စီများ၏ရုပ်သံဖိုင်များကို လူမှုမီဒီယာပေါ်တင်ဆက်ရာတွင် အကန့်အသတ်ရှိသည်ကို သိပါသည်။ သို့သော် နိုင်ငံတကာမှ မြန်မာနိုင်ငံ အပေါ်စိတ်ဝင်စားသည့်  Travel blogger များ၊ Foodblogger များ၊ Youtuber များ၊  Tiktoker များရှိသည်။ လက်ရှိအခြေအနေအတွက် ပိတ်ဆို့မှုများရှိနေသဖြင့် ၎င်းတို့ကို အစိုးရက တိုက်ရိုက်မခေါ်ဘဲ အခြားလူမှုအဖွဲ့အစည်းမှ တစ်ဆင့်ခံခေါ်ယူ၍ မြန်မာနိုင်ငံ၏အလှတရားများကို ပြသနိုင်ပါသည်။ မကြာမီရက်များ အတွင်းက Youtube တွင် Subscribers (၃၂.၄) သန်းရှိသော၊  Tiktok တွင် Followers (၃၄.၃) သန်းရှိသော IShowSpeed အမည်ရှိ လူငယ်သည် အာဆီယံဒေသတွင်းနိုင်ငံများသို့ လာရောက်လည်ပတ်ရာ မြန်မာနိုင်ငံသို့ လာ ရောက်လည် ပတ်လိုကြောင်းပြော ကြားသည့် ရုပ်သံဖိုင်တစ်ခု တွေ့ခဲ့ရသည်။ သို့သော် (၁)လခန့်အကြာဖြစ်သော ယခု ဤဆောင်းပါးရေးချိန်အထိ ရောက်ရှိမလာနိုင်ခဲ့ပါ။ ထိုကဲ့သို့ကိစ္စရပ်မျိုးတွင် တာဝန်ရှိသူများက ကမကထပြုလုပ်၍ ကြိုဆိုလိုက်ပါ က ထိုလူငယ်ကိုအမှီပြု၍ ခရီးသွားများ ပိုမိုရောက်ရှိ လာနိုင်မည်ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့သည်သာ နှစ်စဉ် ရုပ်ရှင်ဇာတ်ကားများ ပုံမှန်ရိုက်လေ့ရှိပြီး အခြားသောဝန်ကြီးဌာနများ အထူးသဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန် ကြီးဌာနမှာ ရိုက်ကူးလေ့ မရှိသည်ကိုတွေ့ရသည်။ ရုပ်ရှင်ဇာတ်ကားများသည်လည်း နိုင်ငံတကာခရီးသွားများကိုဆွဲဆောင်ရာတွင် ထိရောက်မှုရှိ သည်။ Harry Potter ဇာတ်လမ်းတွဲကြောင့် အင်္ဂလန်နိုင်ငံ၊ Game of thrones ဇာတ်လမ်းတွဲကြောင့် Iceland နိုင်ငံ၊ Kung Fu Panda ဇာတ်လမ်းတွဲကြောင့် တရုတ်နိုင်ငံ၊ ကိုရီးယားဇာတ်လမ်းတွဲများကြောင့် ကိုရီးယားနိုင်ငံ စသဖြင့် ထင်ပေါ်ကျော်ကြားသော ရုပ်ရှင်ဇာတ်ကားများ၊ anime ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများကို အမှီပြု၍ ထိုနိုင်ငံတို့သည် နိုင်ငံတကာခရီးသွားများဝင်ရောက်မှုကို မြှင့်တင်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း အဆင့်မြင့်ရုပ်ရှင် ဇာတ် ကားများ မဟုတ်လျှင်ပင် ခရီးသွားများစိတ်ဝင်စားနိုင်မည့် anime ဇာတ်ကားများရိုက်ကူးနိုင်သည်။ ထို ရုပ်ရှင်/ anime ဇာတ်ကားများတွင် အထင်ကရနေရာများ၊ ရိုးရာပွဲတော်များ၊ အစားအသောက်များကို သမိုင်းကြောင်း နှင့်ယှဉ်၍ဖော်ပြရ မည့်အပြင် အချစ်၊ အလွမ်း ရသများလည်းခံစားနိုင်အောင် ဆောင်ရွက်သင့်သည်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဝင်ရောက်ရာတွင် တစ်ကိုယ်တော်ခရီးသွားပုံစံဖြင့် ဝင်ရောက်မှုသည် (၅၃) ရာခိုင်နှုန်းအထိရှိပြီး မိသားစုနှင့်ဝင် ရောက်မှုမှာ (၃)ရာခိုင်နှုန်းသာရှိသေးကြောင်း သိရသည်။ မိသားစုနှင့်ခရီးသွား လာခြင်းသည် တစ်ကိုယ်တော်ခရီးသွားလာခြင်းထက် စရိတ်ပိုမိုသုံးစွဲလေ့ ရှိသည်မှာ အထင်အရှားဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသို့ မိသားစုများနှင့်အတူ ခရီးသွားများပိုမိုဝင် ရောက်နိုင်ရေး ဆောင်ရွက်ရမည်။ မိသားစုနှင့်အတူ လာရောက် လည်ပတ်နိုင်ရန် အသက်အပိုင်းအခြားအလိုက် အပန်းဖြေနိုင်မည့် စိတ်ဝင်စားနိုင်မည့်ခရီး သွားခြင်းအမျိုးအစားစုံ လင်အောင် ဆောင်ရွက်ရမည်။ ဥပမာအားဖြင့် အဘိုး၊ အဘွား၊ ဖခင်၊ မိခင်၊ သား နှင့် သမီးပါသော မိသားစုသည် ပုဂံတွင် လာရောက်လည် ပတ်သည်ဆိုပါစို့။ ပုဂံဒေသသည် သမိုင်းနှင့်ယဉ်ကျေး မှုဆိုင်ရာစိတ်ဝင်စားသည့် အဘိုးအတွက် အဆင်ပြေသော်လည်း ကျန်းမာရေးဆိုင်ရာအပန်းဖြေလိုသောအဘွား၊ စွန့်စွန့်စားစား ခရီးသွားလိုသည့် ဖခင်၊ အစား အသောက်ကောင်းများ ရှာဖွေစားသောက်လိုသော မိခင်၊ တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝများကိုလေ့ လာလိုသော သားနှင့် Disneyland, Water boom ကဲ့သို့ Theme Parks များကို အလည်အပတ်သွားလို သည့်သမီးအတွက် အဆင်မပြေပါ။ ထို့ကြောင့် ဒေသ တစ်ခုထဲမှာပင် အသက်အရွယ်အပိုင်းအခြားအလိုက် စိတ်ဝင်စားနိုင်မည့်ခရီးစဉ်မျိုး ဖန်တီးထားနိုင်ရန်လိုအပ်သည်။ 

အခြားသောနိုင်ငံများတွင် ဘောလုံးအားကစား၊ တင်းနစ်အားကစားပြိုင်ပွဲများကျင်းပ၍ ခရီးသွားများကို ဖိတ်ခေါ်သကဲ့သို့ ဂေါက်သီးရိုက်အားကစားကွင်းပေါင်း (၁၉၈)ကွင်းရှိသည့် မြန်မာနိုင်ငံတွင်လည်း ဂေါက်သီးရိုက် အားကစားပြိုင်ပွဲများကျင်းပ၍ နိုင်ငံတကာ ခရီးသွားများကို ဖိတ်ခေါ်နိုင်သည်။ ထို့ပြင် E-sport တွင် အဆင့်အတန်း တစ်ခုရှိသည့် မြန်မာလူငယ်များကိုအခြေပြု၍  E-sport ပြိုင်ပွဲများ ကျင်းပနိုင်သည်။ “Swiftonomics”ဟုခေါ်တွင် လောက်အောင်နာ မည်ကြီးလာသော အမေရိကန်အဆိုတော် တေလာဆွစ်ဖ်၏ဂီတဖျော်ဖြေပွဲကိုအခြေပြု၍ ဖြစ်ပေါ်လာ သော စီးပွားရေးနှင့်ခရီးသွားလုပ်ငန်းမှာ ကမ္ဘာ့စီးပွား ရေးကိုပင် ကြွတက်လာအောင် စွမ်းဆောင်နိုင်စွမ်းရှိသည်။ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့်လည်း  ဂီတပွဲများ၊ နိုင်ငံတကာဖျော်ဖြေပွဲများကို လက်ခံကျင်းပနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သင့်သည်။ K-pop ဂီတအဖွဲ့များတွင်လည်း မြန်မာနိုင်ငံမှ လူငယ်များ ပါဝင်လျက်ရှိရာ ၎င်းတို့၏အင်အားကို ရယူနိုင်သည်။ ထို့ပြင် English သီချင်းများကို cover ပြန်ဆိုသော အဆိုပြိုင်ပွဲများပြုလုပ်ခြင်းဖြင့် ထူးချွန်သည့်လူငယ်များ ပေါ်ပေါက်လာနိုင်ပြီး ထိုလူငယ်များသည် မူရင်းအဆိုတော်များနှင့် ရင်းနှီးကျွမ်းဝင်ကာ မိမိနိုင်ငံ အတွင်း၌ ပူးတွဲ ဖျော် ဖြေမှုများ ပြုလုပ်လာနိုင်သည်။  မြန်မာနိုင်ငံ၏ အထင်ကရနေရာများတွင် ဒေသရှုခင်းဆိုင်ရာ ပန်းချီပြိုင်ပွဲ၊ ဓာတ်ပုံပြိုင်ပွဲ များကျင်းပကာ နိုင်ငံခြားသားများကိုဖိတ်ခေါ်၍ ဝင်ရောက်ယှဉ်ပြိုင် စေခြင်းဖြင့်လည်း မြန်မာနိုင်ငံအား နိုင်ငံတကာခရီး သွားများ စိတ်ဝင်စားမှုမြင့်တက်လာအောင်ဆောင် ရွက်နိုင်သည်။ ကီလိုမီတာ (၂၈၀ဝ) ကျော်ရှည်လျား သည့် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်တွင်လည်း ရေလွှာလျှောစီးပြိုင်ပွဲများ၊ တုတ်ထောက်လှေ (Stand-Up Paddle boarding) ပြိုင်ပွဲများ၊ လှေလှော်ပြိုင်ပွဲများစသည့် ရေပြင်နှင့်သက်ဆိုင်သောပြိုင်ပွဲများ ကျင်းပပေးနိုင်သလို သဲသောင်ပြင် ဘောလုံးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲများ စသည့် သဲသောင်ပြင်နှင့်ဆိုင် သောအားကစားများလည်းကျင်းပနိုင်သေးသည်။ 

နိုင်ငံတကာခရီးသွား၏ (၅) ရာခိုင်နှုန်းပမာဏရှိသည့် တရားထိုင်ခြင်းနှင့် တရားစခန်းဝင်ရောက် သည့်ခရီးစဉ် များကို ပိုမိုတိုးချဲ့ရန်လိုအပ်သည်။ သင်္ကြန်ဗီဇာ၊ သီတင်းကျွတ်ဗီဇာ၊ တန်ဆောင်တိုင်ဗီဇာစသည့် အထူးဗီဇာမျိုး ဆောင်ရွက်ကာ ထိုဗီဇာများကို ဆိုက်ရောက်ဗီဇာအဖြစ် ပေးနိုင်သည့်အနေအထား မျိုး ဆောင်ရွက်သင့်ပါသည်။ ထိုကဲ့သို့ ဗီဇာများထုတ် ပေးရာတွင် မသမာသူများဝင်ရောက်မှုမရှိနိုင်စေရေး သွားရောက်မည့်မြို့များနှင့် အချိန်ကာလကန့်သတ် ခြင်းတို့ ဆောင်ရွက်နိုင်သည်။ 

မြန်မာနိုင်ငံတွင် ဟိုတယ်ပေါင်း (၂၄၀ဝ) ကျော်နှင့် တည်းခိုရိပ်သာ‌ပေါင်း (၆၃၀) ခန့်ရှိရာ ခရီးသွားများကို လက်ခံရန် အခန်းပေါင်း (၉၇၀ဝဝ) ကျော်ရှိနေ ကြောင်းသိရသည်။  ဟိုတယ်နှင့်တည်းခိုရိပ်သာများအနေဖြင့် နိုင်ငံ တကာတည်းခိုရေးဆိုင်ရာ website များဖြစ်သော Booking.com, Expedia, Airbnb, Hotels.com စသည်တို့တွင် စာရင်းသွင်း ထားရှိခြင်း၊ နိုင်ငံတကာခရီးသွားအေဂျင်စီများနှင့် ချိတ်ဆက်ခြင်း များဆောင်ရွက်ထားရမည်။ အခန်းကို တည်းခိုသူစိတ်ကြိုက် ပြင်ဆင်ခွင့်ပြုခြင်း၊ (တစ်ခါတစ်ရံတွင် အချို့သောတည်းခိုသူများသည် အခန်းအတွင်းတွင် သစ် ပင်များရှိသည်ကို နှစ်သက်သဘောကျခြင်း၊ အခန်းတွင်းပစ္စည်းနှင့်ပတ်သက်၍ အရောင်ရွေးချယ်မှုရှိခြင်း များရှိတတ် သည်။ တည်းခိုမှုအတွက် အသိအမှတ်ပြု လက်ဆောင်ပေးခြင်း၊ မသန်စွမ်းခရီးသွားများအတွက်     လွယ်ကူအဆင်ပြေစေ သောအခန်းများထားရှိခြင်း စသကဲ့သို့သော တီထွင်ဆန်းသစ်မှုတို့ကို ဆောင်ရွက်သင့်သည်။ 

ယခုအခါ မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်တို့သည် နိုင်ငံတကာခရီးသွားပြပွဲများသို့ သွား ရောက်ကာ မြန်မာနိုင်ငံရှိခရီးစဉ်များနှင့်စပ်လျဉ်း၍ ပြခန်းများဝင်ရောက်ပြသလျက်ရှိကြောင်းကြား သိရသည်။ လက်ရှိ တွင် ကုန်ကျစရိတ်များကြောင့် ဒေသတွင်းနိုင်ငံများနှင့် ကုန်ကျစရိတ်နည်းပါးသော နိုင်ငံအချို့တို့တွင်သာ ပြသနိုင်‌သေး‌ သော်လည်း အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စိန်ခေါ်မှုများကိုကျော်လွှားနိုင်မည်ဟု ယုံကြည်မိသည်။  နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်ဖိတ်ခေါ်ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးသည် ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်း တစ်ခုတည်းကိုသာ အကျိုးပြုခြင်းမဟုတ်ဘဲ နိုင်ငံတစ်ခုလုံးကို အကျိုးပြုနိုင်ခြင်းကြောင့် အခြား‌သော ဝန်ကြီးဌာနများနှင့် လုပ်ငန်းရှင်များ၊ ပြည်သူများမှလည်း နိုင်ငံတကာ ခရီးသွားများကို ဆွဲဆောင်ဖိတ်ခေါ်ခြင်းတွင် ပူးပေါင်းပါ ဝင်ရမည်ဖြစ်သည်။

၀န်ဆောင်မှုပေးသည့်ကာလ

မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းဦးဆောင်သူ အချို့သည် ဈေးကွက်ကိုမကြည့်ဘဲ မိမိရောင်းလို သည့်ပစ္စည်းကို ရောင်းချနေသည့် ကုန်သည်နှင့်တူပေသည်။ မြန်မာနိုင်ငံတွင် စေတီပုထိုးများရှိသည်၊ ကမ်းခြေနေရာများရှိသည်၊ နိုင်ငံတကာခရီးသွားများ ဝင်ရောက်လာရမည်ဟု တစ်ထစ်ချသတ်မှတ်ထားသည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ခရစ်ယာန်ဘုရားကျောင်းများအကြား လည်ပတ်ချင်စိတ်မည်မျှဖြစ် ပေါ်နိုင်မည်နည်း။ မည်မျှကြာကြာ လည်ပတ်ချင် မည်နည်း။ ထို့အတူ ခရီးသွားများ ကမ်းခြေကိုနှစ်သက်ကြခြင်းမှာ ရေကူးခြင်းကို နှစ်သက်လွန်း၍မဟုတ်ဘဲ ကမ်းခြေ တွင်ရနိုင်သော အခြားသောဝန်ဆောင်မှုများကို ရရှိလို၍ဖြစ်သည်။ ဤနေရာတွင် မိမိတို့မြန်မာလူ မျိုးများထိန်းသိမ်း အပ်သော ဟိရိဩတပ္ပတရားများကို ဖယ်ရှားပစ်ရသည့်လုပ်ငန်းများကို လုပ်ဆောင်ရန် တိုက်တွန်းခြင်းမဟုတ်ပါ။ ဒေသတွင်းနိုင်ငံများ၏ ကမ်းခြေများတွင် မည်ကဲ့သို့ဝန်ဆောင်မှုများ ပေးနေသည်ကိုလေ့လာ၍ ၎င်းတို့ထက် ပိုမိုသာ လွန်အောင် ဆောင်ရွက်သင့်ပါသည်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားများ ပိုမိုဝင်ရောက်စေရေးဆောင်ရွက်ရာတွင် အခြေခံအကျဆုံး အချက်မှာ အခြေခံအဆောက်အအုံမြှင့်တင်ခြင်းပင်ဖြစ်သည်။ သို့ရာတွင် မိမိတို့နိုင်ငံအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက် များရှိရာ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာခရီးသွားလုပ်ငန်း (Eco-Tourism)၊ စွန့်စားခရီးသွားလုပ်ငန်း (Adventure Tourism) နှင့် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (Comm­unity-Based Tourism) တို့ကို ဦးစွာအကောင် အထည် ဖော်ရမည်ဖြစ်သည်။ 

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခရီးသွားလုပ်ငန်းနှင့် စွန့်စားခရီးသွားလုပ်ငန်းတို့သည် ခရီးသွားများ တည်းခိုရန် အဆင့်မြင့်ဟိုတယ်များမလိုအပ်ဘဲ တောတွင်း၌စခန်းချခြင်း၊ တည်းခိုရိပ်သာအငယ်စားများဖြင့် ဆောင်ရွက်နိုင်သော အခြေအနေပင်ဖြစ်သည်။ ထို့ပြင် ခရီးသွားများကို ရပ်ရွာဒေသများတွင် တည်းခို၊ စားသောက်အနားယူနိုင်ရန် စီစဉ်ထားသော ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းကိုလည်း ဆက်လက်တိုးတက်အောင်ဆောင်ရွက်ရမည်။ ရပ်ရွာ လူထုအ ခြေပြုခရီးသွားလုပ်ငန်းသည် ဟိုတယ်၏ဝန်ဆောင်မှု အမျိုးမျိုးတို့နှင့် ကွဲပြားခြားနားကာ အတွေ့အကြုံသစ် များကိုရယူခံစားနိုင်သည့် ခရီးသွားလုပ်ငန်းဖြစ်သည်။ မြန်မာနိုင်ငံရှိ ဟိုတယ်လုပ်ငန်း၏ (၈၀) ရာခိုင်နှုန်းမှာ နိုင်ငံခြား သားများပိုင်ဖြစ်သဖြင့် တည်းခိုစရိတ်များ၊ ဝန်ဆောင်မှုစရိတ် အများစုတို့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများထံသို့ စီးဆင်းသွားမည်ဖြစ်ရာ နိုင်ငံ့ဝင်ငွေအများအပြားဆုံးရှုံးသည့်အခြေအနေဖြစ်သည်။ ရပ်ရွာလူထုအခြေပြုခရီးသွား လုပ်ငန်းမှရရှိသောဝင် ငွေသည်ရပ်ရွာပြည်သူလူထုထံ တိုက်ရိုက်စီးဆင်း သွားခြင်းကြောင့် ဒေသအတွင်းအကျိုးကျေးဇူး များစွာ ဖြစ်ထွန်းစေသည်။ ထို့ပြင် ခရီးသွားများနှင့် ဒေသခံ ပြည်သူများအကြား အပြန်အလှန် ရင်းနှီးစွာ ထိတွေ့ ဆက်ဆံနိုင်ပြီး အတွေ့အကြုံနှင့်ယဉ်ကျေးမှုများ ဖလှယ်နိုင်ကာ ဒေသခံများအနေဖြင့် ဘာသာစကားနှင့် အခြားသော စွမ်းရည်များ မြင့်တက်လာနိုင်ပါသည်။ လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (ဃြွှ) အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာပေါင်း (၄၆) ရွာရှိသည်။

မြန်မာနိုင်ငံတွင်ခေတ်စားနေသော ခရီးသွားလာခြင်းမှာ နေ့ချင်းပြန်ခရီးစဉ်များ၊ အလျင်အမြန် ရက်တို ခရီးစဉ်များဖြစ်သည်။ ထို့ကြောင့် ခရီးသွားတို့မှာ ဒေသတစ်ခုကို (၃) ရက်ခန့်လည်ပတ်ပြီးသည်နှင့် ထိုဒေသတွင် ဆက်လက်လည်ပတ်ရန်မရှိတော့သည် အထိဖြစ်သွားရသည်။ ဥပမာအားဖြင့် ပုဂံ၏  ‘‘စွယ်တော်လေးဆူနေ့ချင်းဖူး” ခရီးစဉ်အစား ‘‘တစ်ရက် တစ်ဆူဖူး” ခရီးစဉ်အဖြစ် ပြောင်းလဲလိုက်ပါက ပုဂံသို့ရောက်လာသော ခရီးသွားများအနေဖြင့် ပုဂံတစ်ခု တည်း၌ပင် (၄-၅) ရက် ဆက်တိုက်နေရမည့်အနေအထားဖြစ်သွားမည်။ ခရီးသွားများ ဘုရားတစ်ဆူ ဖူးလျှင် အနည်းဆုံး မိနစ် (၃၀-၄၅) မိနစ်ခန့် အချိန် ကုန်ရန်၊ အချိန်ယူတတ်စေရန်လိုမည်။ ပုဂံဘုရားများ ၏ ဗိသုကာဟန်၊ တည်ဆောက်ပုံ၊ ဆေးရေးပန်းချီ စသည်တို့၏ ထူးခြားပုံများကို ခရီးသွားများ သတိ ထားမိစေရန်၊ သိရှိနားလည်ရန် ရှင်းပြရန်လိုအပ် မည်ဖြစ်သည်။ ထို့ပြင် ဒေသတွင်းရှိ ရှေးဟောင်း ဘုန်းကြီးကျောင်းများ၊ အထင်ကရပုဂ္ဂိုလ် များနေထိုင် ခဲ့သည့်နေအိမ်များ၊ ဒေသရိုးရာအဆောက်အအုံများ ကို လည်ပတ်စရာနေရာများအဖြစ် ထည့်သွင်းခြင်း ဖြင့် ခရီးသွားများ ပိုမိုလည်ပတ်နိုင်ရန် ဖန်တီးပေးနိုင်သည်။ အချို့သောနိုင်ငံများတွင် လုပ်ငန်းခွင်များ၊ စက်ရုံများ၊ စားသောက်ဆိုင်များကို လေ့လာလည် ပတ်စရာနေရာများအဖြစ်ဖန်တီးထားသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် အညာပုန်းရည်ကြီး လုပ်ငန်း တစ်ခုတွင် အခန်းနေရာတစ်ခုကို ပြတိုက်သဘော မျိုးသတ်မှတ်ကာ မိမိကုန်တံဆိပ်၏သမိုင်းကြောင်း၊ အမျိုးအစားများ၊ ထုတ်ကုန်များ အဆင့်ဆင့်တိုး တက်လာပုံ၊ ထင်ရှားသည့် အဖြစ်အပျက်များနှင့် လာရောက်လည်ပတ်ကြသည့် ထင်ရှား သော ပုဂ္ဂိုလ်များ၏မှတ်တမ်းများ စသည်တို့ကို ခင်းကျင်းပြသနိုင်သည်။ နိုင်ငံတကာခရီးသွားများ ဆန္ဒပြုသကဲ့သို့ အနာဂတ်တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသောမြို့ကြီး များတွင် ညအချိန်လေ့လာရေးခရီးများနှင့် မြို့ပြများ တွင် လှည့်လည်သွားလာသည့် Tour Bus ဖန် တီးဆောင်ရွက်သင့်ပါသည်။

ကျွန်တော်တို့ ခရီးသွားလာရာတွင် အမှတ်မိဆုံး အရာနှစ်ခုရှိပါသည်။ ယင်းမှာ ခရီးတစ်လျှောက်ကြုံတွေ့ခဲ့သော အရာများနှင့် စားသောက်ခဲ့သော အစားအစာများအကြောင်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ အဝေးပြေးကားဂိတ်များ၊ အထင်ကရနေရာများတွင် လူတို့၏ သနားကြင်နာမှုကိုအခွင့်ကောင်းယူကာ နှောင့်ယှက် တောင်းရမ်းစားသောက်သူ များစွာ ဖြစ်နေသည်။ ပြည်တွင်းခရီးသွားများအနေဖြင့် နားလည်ခွင့်လွှတ်ပေး နိုင်သော်လည်း နိုင်ငံတကာခရီးသွားများ အနေဖြင့် လက်သင့်ခံနိုင်ဖွယ်မရှိသော စက်ဆုပ်ဖွယ်ရာဖြစ်သည်။ အခြားနိုင်ငံများမှ တောင်းရမ်းစားသောက်သူ များသည် မိမိတို့တတ်သော အတတ်ပညာ၊ အနုပညာဖြင့် ဖျော်ဖြေခြင်း၊ အေးဆေးငြိမ်သက်စွာထိုင်၍   တောင်းရမ်းစား သောက်ခြင်းများကိုသာ ပြုမူကြသည်။ မြန်မာနိုင်ငံရှိ တောင်းရမ်းစားသောက်သူတို့လည်း ခရီးသွားများကိုပိတ်ဆို့ နှောင့် ယှက်၍ လုယက်မတတ် တောင်းရမ်းကြပါသည်။ တာဝန်ရှိသူများကလည်း ထိရောက်စွာ တားဆီးခြင်းမရှိသေးပေ။ မြန်မာနိုင်ငံတွင် နိုင်ငံတကာခရီးသွားများကို ကာကွယ်စောင့်ရှောက်ရန် ကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့ ဖွဲ့စည်းထား ကြောင်းသိရသည်။ ထိုတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင် ရည်နှင့်ကာကွယ်စွမ်းပကားတို့ကို နိုင်ငံတကာခရီး သွားများမြင်သာ အောင် ဖော်ပြထားသင့်ပါသည်။ တပ်ဖွဲ့ဝင်များ၏စွမ်းဆောင်မှု ရုပ်သံမှတ်တမ်းများ၊  တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ များပူးပေါင်း၍ နိုင်ငံတကာခရီးသွားများ၏ လုံခြုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာအစီအမံများအတွက် ဇာတ်တိုက်လေ့ ကျင့်နေမှုရုပ်သံများ စသည်တို့ကို မြင်သာအောင် ထားရှိသင့်သည်။ ထို့ပြင် နိုင်ငံတကာခရီးသွားများ အပေါ် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လည်ပတ်စရာအထင်ကရနေရာများတွင် ရွေ့လျားဆေးပေး ခန်းများထား ရှိခြင်းဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းသည် ယုံကြည်စိတ်ချရသည့်လည်ပတ် ခြင်းမျိုးဖြစ်ကြောင်း ကမ္ဘာကသိရှိနိုင်မည်ဖြစ်သည်။

ခရီးသွားတို့သည် အစားအသောက်စားရန်အတွက် သီးသန့်ခရီးထွက်လာခြင်းမျိုးနည်းပါးသော် လည်း ခရီးစဉ် အတွင်းတွင် အစားသောက်မကောင်းခြင်း၊ အစားအသောက်ကြောင့် စိတ်အနှောင့်ယှက်ဖြစ် ရခြင်းမျိုးကို မှတ်မိ နေတတ်ကြသည်။ ထိုကဲ့သို့အ ခြေအနေမျိုးတွင် ထိုနေရာကို နောက်တစ်ခါ ပြန်မသွားချင်၊ ပြန်မစားချင် ဆိုသည့်စိတ်မျိုး ဝင်သွားတတ် ပါသည်။ ချိုမြိန်သောအမှတ်တရများ ဖြစ်မည့်အစား ဆိုးရွားသည့်အမှတ်တရများ ဖြစ်သွားတတ်ပါသည်။ မြန်မာစားသောက်ဆိုင်နှင့် အစားအသောက်တို့သည် အရသာအားဖြင့် ကောင်းမွန်သော်လည်း သန့်ရှင်း သပ်ရပ်မှုနှင့် တည်ခင်းထုပ်ပိုးမှုအပိုင်းတွင် လိုအပ်ချက်များရှိနေသည်ကိုတွေ့ရသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေ ဖြင့်လည်း သင်တန်းများဖွင့်လှစ်နေသကဲ့သို့ လက် တွေ့မြေပြင်ကွင်းဆင်း၍ တည်ခင်းထုပ်ပိုးနည်းသင်တန်းများ၊ ပညာပေး ဆောင်ရွက်မှုများ ဆောင်ရွက်သင့်သည်။ နိုင်ငံတကာ ခရီးသွားများ ရေးသားခဲ့သည့် အကြံပြုချက်များထဲတွင် အများသုံးသန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်ရေးအ ချက်လည်းပါဝင်ရာ ယာဉ်ရပ်နားရာနေရာများနှင့် စား သောက်ဆိုင်များရှိ သန့်စင်ခန်းများကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီး ဌာနတို့ ပူးပေါင်းစစ်ဆေး၍ လိုက်နာမှုမရှိသည့်ဆိုင်များ၊ တိုင်ကြားခံရမှုများပြားသည့်ဆိုင်များကို လိုင်စင် ပိတ်သိမ်းခြင်းများ၊ အရေးယူခြင်းများ ဆောင်ရွက် သင့်သည်။ 

မြန်မာနိုင်ငံတွင် ဘာသာရေး၊ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်သောနေရာ အများအပြားရှိနေသကဲ့သို့ဆက်လက် ထုတ်ဖော်ရန် နေရာအများအပြား ကျန်ရှိ သေးသည်။ မြန်မာ-တရုတ် စစ်ပွဲကာလအတွင်း အထင်ကရနေရာများ၊ မြန်မာ-ယိုးဒယား စစ်ပွဲကာလအတွင်းအထင်ကရနေရာများ၊ မြန်မာနှင့် အခြားသော နိုင်ငံတစ်ခုချင်းစီအလိုက် ဆက်ဆံမှုသမိုင်း ကြောင်းများကို ပြန်လည်ရှာဖွေကာ ယဉ်ကျေးမှုနှင့် သမိုင်းနှင့် ဆိုင်သော ခရီးသွားခြင်းလုပ်ငန်းအတွက် အသုံးချနိုင် ရမည်။ သို့ရာတွင် ထိုကဲ့သို့ရှာဖွေဖော်ထုတ်မှုသည် နှစ်နိုင်ငံအကြား အမုန်းပွားစေမည့်အမွေအနှစ် (Da­rk heritage) မျိုးမဖြစ်ရပါ။ မြန်မာနိုင်ငံရှိ ပြတိုက်တို့ ၏အပြင်အဆင်များမှာ ပုံသေကားကျဖြစ်နေတတ်ပြီး ခင်းကျင်းမှုများကို ပြောင်းလဲခြင်းများပြု လုပ်လေ့မရှိပါ။ ထိုအချက်မှာ ခရီးသွားများအား ထပ်မံလာရောက်ရန် ဖိတ်ခေါ်မှုမရှိသကဲ့သို့ ဖြစ်နေသည်။ ပြည်ပနိုင်ငံများတွင် ပြတိုက်အပြင်အဆင်၊ ခင်းကျင်းမှုများကို အနည်းဆုံး (၃) လလျှင် (၁) ကြိမ်ခန့် ပြောင်းလဲကြ သည်။ ထိုသို့ ပြောင်းလဲမှုများကြောင့် ပြတိုက်သို့ အကြိမ်ကြိမ် ဝင်ရောက်စူးစမ်းလိုစိတ် ဖြစ်ပေါ်လာစေ သည်။ မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့လုပ်ဆောင်သင့်သည်။ ဥပမာအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် သည် အာဇာနည်နေ့နှင့် ဗိုလ်ချုပ်မွေးနေ့တို့တွင်သာ ဝေဝေဆာဆာခင်းကျင်းပြသသော်လည်း ကျန်အချိန်များတွင် သာမန် အခြေအနေသာ ရှိနေတတ်သည်။ အကယ်၍ ဗိုလ်ချုပ်အောင်ဆန်း တို့ဗမာအစည်းအရုံး သို့ဝင်ရောက်သည့် အချိန်ကာလ၊ ဂျပန်နိုင်ငံသို့သွား ရောက်သည့်ကာလများ၊ အောင်ဆန်း-အက်တလီစာ ချုပ်ချုပ်ဆိုရန်သွားခဲ့သည့် ခရီးစဉ်ကာလစသည့် ထင်ရှားသော နေ့ရက်လများတွင် ပြတိုက်ကို ပြောင်းလဲခင်းကျင်းမှုများပြုလုပ်ပါက နိုင်ငံတကာ ခရီးသွား များအနေဖြင့် မြန်မာနိုင်ငံသို့လာရောက်တိုင်း ပြတိုက်များသို့ ထပ်မံဝင်ရောက်လာမည်ဖြစ်သည်။ 

မြန်မာနိုင်ငံသည် မြစ်ချောင်းများပေါကြွယ်ဝသောနိုင်ငံဖြစ်သည့်အလျောက် မြစ်တွင်းသင်္ဘောခရီး သွားလုပ်ငန်း များကို တိုးချဲ့လုပ်ကိုင်သင့်သည်။  ဧရာဝတီလင်းပိုင်ကိုအသုံးပြု၍ ငါးဖမ်းပြသောပြကွက်ကို နိုင်ငံတကာခရီးသွားများ အထူးကြိုက်နှစ်သက်ကြ ကြောင်းသိရသည်။ သို့သော် ဧရာဝတီလင်းပိုင်များသည် မျိုးတုံးအန္တရာယ်ဖြင့် အထူးရင်ဆိုင် နေရပြီး ဧရာဝတီမြစ်အတွင်း (၇၉)ကောင်ခန့်သာ ကျန်ရှိသဖြင့် ခရီးသွားများကိုပြသရန် ကန့်သတ်ချက်များရှိသည်။ ထိုအခါမျိုးတွင် ဧရာဝတီလင်းပိုင်ပြကွက်များအစား ရေဘဲများ၊ ငှက်များအသုံးပြု၍ ငါးဖမ်းသည့်ပြ ကွက်များ ဖန်တီးပြုလုပ်၍ နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်သင့်သည်။ အင်းလေးကန် သို့မဟုတ် ခရီး သွားများ လည်ပတ်ရန် အဆင်ပြေသော အခြားသော အင်းအိုင်များတွင် အပျော်တမ်း ကွန်ပစ်ခြင်း၊ ပိုက်ချခြင်းနှင့် အင်းလေးဒေသရိုးရာပုံစံ ငါးဖမ်းသည့်အစီ အစဉ် ထည့်သွင်းပေးခြင်းမျိုး ဆောင်ရွက်သင့်သည်။

မြန်မာနိုင်ငံသည် အခြားသောနိုင်ငံများကဲ့သို့ ပညာရေးဆိုင်ရာခရီးသွားလာခြင်းတွင် အားနည်း လျက်ရှိသေး သော်လည်း ဗေဒင်ပညာရပ်၊ အနှိပ်၊ အကြောပြင် ဘာသာရပ်များကို အပန်းဖြေခရီးသွား ခြင်းအတွက် အသုံးချရုံသက် သက်မဟုတ်ဘဲ အိန္ဒိယ ယောဂပညာရပ်ကဲ့သို့ ပညာရေးဆိုင်ရာ ခရီးသွားလာ ခြင်းတွင်ထည့်သွင်းဆောင်ရွက်သင့်သည်။ ထို့ပြင် နိုင်ငံခြားသားများ အထူးစိတ်ဝင်စားကြသည့် မြန်မာ့သိုင်း၊ လက်ဝှေ့နှင့် မြန်မာ့ရုပ်သေးပညာရပ်သည် လည်း ပညာရေးဆိုင်ရာခရီးသွားလာခြင်းတွင် ထည့်သွင်းနိုင်သည်။ နိုင်ငံတကာအစည်းအဝေးများ၊ စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများ တွင်သာ ကျင်းပခြင်းမျိုးမဟုတ်ဘဲ အခြားသောမြို့များ တွင်ကျင်းပခြင်းဖြင့်လည်း ထိုမြို့များရှိ ခရီးသွား လုပ်ငန်းများကို မိတ်ဆက်ပေးနိုင်သည်။

ခရီးသွားလုပ်ငန်းကို နည်းပညာအသုံးပြုမြှင့် တင်ရာတွင် app များ၊ နိုင်ငံတကာငွေကြေးလွှဲ ပြောင်းမှုစနစ်များ၊ online booking system များ ပိုမိုတိုးချဲ့အသုံးပြုသင့်သည်။ Myanmar smart tourism App တီထွင်ကာ ထို app အတွင်း ခရီးသွားများအတွက် အသုံးဝင်သောအချက်အလက်များ (Offline မြေပုံများ၊  Digital directory များ၊ သယ် ယူပို့ဆောင်ရေးဆိုင်ရာအချက်အလက်များ၊ ဟိုတယ်နှင့် စားသောက်ဆိုင် booking စနစ်များ၊  digital pay စနစ်၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် အရေးပေါ်ဆက်သွယ်ရန်ဖုန်းနံပါတ်များ၊ ဒေသတစ်ခုချင်းစီအလိုက် ယဉ်ကျေးမှုကျင့်ဝတ် အကြံပြုချက်များ၊ ဒေသဆိုင်ရာ အခြေခံစကားအချို့၊ ပွဲတော်ကျင်းပမည့်ကာလ ပြက္ခဒိန်(Festival calendar)၊ အဆင့်သတ်မှတ်ချက်နှင့် တိုင်ကြားနိုင်သည့်စနစ်၊ Loyalty Programs and Rewards အစီအစဉ်များ) ထည့်သွင်းသင့် သည်။ လက်ရှိတွင် ဟိုတယ်၊ တည်းခိုခန်းများ၏  နေ့စဉ် အိပ်ခန်းငှားရမ်းရမှု၊ ဧည့်သည်တည်းခိုမှုစာရင်းများ ကောက်ယူခြင်းအတွက်  Hotel Guest List Man­agement System(HGLMS) အသုံးပြုလျက်ရှိ သည်ကိုတွေ့ရသည်။ 

ပြန်လည်ဖိတ်ခေါ်ခြင်း

(၂၀၂၃) ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ်ဝင်ရောက်ခဲ့သည့် ခရီးသွားဧည့်သည်မှာ (၅၅) ရာခိုင်နှုန်းရှိပြီး (၄၅)ရာခိုင်နှုန်းမှာ အကြိမ်ကြိမ် အခါခါလာရောက်သည့် ခရီးသွားများဖြစ်ကြသည်။ ထိုအထဲတွင် (၈) ကြိမ် မှ (၁၀) ကြိမ်အထိ လာရောက်သူများတွင် ထိုင်းလူမျိုးများက အများဆုံးဖြစ်ပြီး (၂) ကြိမ်မှ (၃) ကြိမ်အထိ လာရောက်သူများတွင် တရုတ်လူမျိုးများသည် (၃၇) ရာခိုင်နှုန်းရှိ၍ အခြားနိုင်ငံများမှဝင်ရောက်မှုသည် (၂၅) ရာခိုင်နှုန်း ဖြစ်သည်။ ဆိုလိုသည်မှာ ထိုင်းလူမျိုးများမှလွဲ၍ ကျန်လူမျိုးများသည် မြန်မာနိုင်ငံသို့ အကြိမ်ကြိမ်လာရောက်မှု ရာခိုင်နှုန်းနည်းပါးသည်ကို ဖော်ပြခြင်းဖြစ်သည်။ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ပြီးသည့် ခရီးသွားများ ထပ်မံလာ ရောက်စေရန် ၎င်းတို့လာရောက်ခြင်းသည် သဘာဝပတ်ဝန်းကျင်အတွက် မည်မျှအကျိုးရှိခဲ့ကြောင်း၊ လည်ပတ်မှုသည် ဒေသခံတို့၏ လူမှုစီးပွား ဘဝ၊ ပညာရေး၊ ကျန်းမာရေးတို့ကို မည်မျှအထောက် အပံ့ဖြစ်ကြောင်း ပေါ်လွင်ထင်ရှား အောင်ဆောင်ရွက် ပေးသင့်သည်။ ယခုအခါ မြန်မာနိုင်ငံရှိ CBT ကျေးရွာများတွင် (၁) tourist (၁) tree အစီအစဉ်ဆောင် ရွက်နေသည်။ ထို့ပြင် ဥပမာအားဖြင့် အချို့နေရာများတွင် (၁၄-၁၀-၂၀၂၄) ရက်မှ (၂၀-၁၀-၂၀၂၄)ကာလအတွင်း တည်းခိုခဲ့သည့် နိုင်ငံတကာခရီးသွားများ၏ အကူအညီဖြင့် တည်ဆောက်သည်စသဖြင့် အသိအမှတ်ပြုမှုများ ဆောင်ရွက် မည်ဆိုပါက ခရီးသွားများအတွက် ဂုဏ်ယူဖွယ်အမှတ်တရများ ဖြစ်ပေါ်နိုင်သည်။ နည်းပညာမြင့်မားသောနိုင်ငံများတွင် ကာဗွန်မည်မျှလျှော့ချနိုင်ခဲ့သည်ဟူသော အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနေသည်ကိုတွေ့ရသည်။ ထို့ပြင် ထပ်မံလာရောက်စေရေး မက်လုံးများနှင့် Loyalty Programs များထားရှိရမည်။  မြန်မာနိုင်ငံ သို့လာရောက်လည် ပတ်ပြီးသည့် နိုင်ငံခြားသားများ ပြန်လည်ထွက်ခွာချိန်တွင် မြန်မာနိုင်ငံအတွင်း ၎င်းတို့ သုံးစွဲထားသော အခွန်တံဆိပ်ပါ သော ချလံဖြတ်ပိုင်း များကိုပြသစေကာ သုံးစွဲမှု၏ ရာခိုင်နှုန်း တစ်ခုကို Myanmar smart tourism App &Sd digital pay တွင်ဖြစ်စေ၊ အခြားသော မြန်မာပြည်တွင်းသုံး bank’s mobile pay များတွင်ဖြစ်စေ ပြန်လည်ဖြည့် တင်းပေးခြင်း၊ ငွေသားလက်ခံလိုခြင်းမရှိသည့် ခရီး သွားများအတွက် တန်ဖိုးနှင့်ညီသော လက်ဆောင်ချီး မြှင့်ခြင်းဖြင့် နောက်တစ်ကြိမ် ထပ်မံလည်ပတ်ချင်လာ အောင်ဆွဲဆောင်ရမည်။ ထို့ပြင် ထပ်မံဝင်ရောက်မှုအတွက် ဗီဇာကြေးလျှော့ပေါ့ခြင်း၊ တည်းခိုစရိတ် လျှော့ဈေးပေးခြင်းနှင့် အခြားသော ဆန်းသစ်သည့် မက်လုံးများဖန်တီး၍ ခရီးသွားများ ထပ်မံလာရောက် စေရန် ဆောင်ရွက်သင့်ပါသည်။ 

ဤဆောင်းပါးသည် နိုင်ငံတကာခရီးသွားမြှင့် တင်ရေးအတွက် သိသာထင်ရှားသောအချက်အ လက်များဖြစ် သည့် အခြေခံအဆောက်အအုံများမြှင့် တင်ခြင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းပြောင်းလဲခြင်း၊ လူသားအရင်းအမြစ်မြှင့် တင်ခြင်း၊  နိုင်ငံတကာနှင့်ပူး ပေါင်းဆောင်ရွက်ခြင်းကဲ့သို့သော အကြောင်းအရာ များ ဆွေးနွေးခြင်းမပြုဘဲ တီထွင်ဆန်း သစ်နိုင်မည့် နည်းလမ်းအချို့ကိုသာ ဆွေးနွေးတင်ပြထားခြင်းဖြစ် ရာ ကြီးမားစွာပြုပြင်ပြောင်းလဲရမည့်အချက်များ ကျန် ရစ်နေနိုင်သည်။ အချုပ်အားဖြင့်ဆိုသော် မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားများ တိုးမြင့်ဝင်ရောက်ခြင်း သည် နိုင်ငံတော်နှင့် ပြည်သူအပေါ်များစွာ အကျိုးရှိ သည့်လုပ်ငန်းဖြစ်သဖြင့် ခရီးသွားများ ပိုမိုတိုးမြင့်ဝင် ရောက်ရေးသည် နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများအပြင် ပြည်သူများကလည်း ပူးပေါင်းဆောင်ရွက် ပေးမှသာ ပိုမိုအောင်မြင်မည့် လုပ်ငန်းတစ်ခုဖြစ်သည်။ မိမိတို့နိုင်ငံသည် ရေမြေ၊ တောတောင်၊ သဘာဝအလှ အပများပေါြွကယ်ဝပြီး ထင်ရှားသောအခွင့်အလမ်းများ ရှိနေပါသော်လည်း နိုင်ငံတကာခရီးသွားဝင် ရောက်မှုတွင် မိမိတို့ထက်သေးငယ်သည့်နို င်ငံများနှင့် နှိုင်းယှဉ်လျှင် နောက်ကျကျန်ရစ်နေပါသေးသည်။ ထို့ကြောင့် ပြည်သူအားလုံးတို့၏ စုပေါင်းကြိုးပမ်းမှုဖြင့် “မြန်မာနိုင်ငံက မင်္ဂလာပါ”ဟု နှုတ်ခွန်းဆက်ပြီး မြန် မာ၏အလှတရားများကိုပြသနိုင်စေရေး အကြံပြုတင် ပြလိုက်ရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော

RECENT POSTS
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ ကနေဒါအမျိုးသား
24 Oct 2024
စစ်ပွဲအဆုံးသတ်ရေး ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည့် အစ္စရေး
24 Oct 2024
မြန်မာနယ်စပ်အနီး ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်
24 Oct 2024
ဝေါမြို့နယ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါသည့် ခရီးသည်ထံမှ ပစ္စတို သေနတ်(၁၆) လက်နှင့် ကျည်(၅၃ဝ)ဖမ်းဆီးရမိ
24 Oct 2024
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ(၉)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဝင်ရောက်မှုများပြားမည်ဟု ခန့်မှန်း
24 Oct 2024
မော်လမြိုင်မြို့တွင် HIJET ကားနှင့် (၁၀)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ
24 Oct 2024
ဝန်ကြီးချုပ်ဟောင်း နှုတ်ထွက်စာ တင်-မတင် အရှုတ်တော်ပုံ ယူနွတ်ယာယီ အစိုးရ တရားဝင်မှု ပြဿနာဖြစ်လာ
24 Oct 2024
မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေး(၃)မျိုးကို သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး
24 Oct 2024
ဟောင်ကောင် တိရစ္ဆာန်ရုံတစ်ခုမှာ မြေဆီလွှာမှ ဘက်တီးရီးယား ကူးစက်မှုကြောင့် မျောက်တွေ သေဆုံး
24 Oct 2024
ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု(၃)ရက်ကျော်အတွင်း ရုပ်အလောင်း(၁၇)လောင်း ပြန်တွေ့ကာ (၈)ဦးပျောက်ဆုံးနေ
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved