Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ

Htay Oung (NSS) - စက်တင်ဘာ ၁၆ 

စက်တင်ဘာ ၁၃ ရက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာနဲ့ စစ်တကောင်းမြို့တို့မှာ ဟိန္ဒူဘာသာဝင်တို့က အင်အားထောင်သောင်းချီတဲ့ ချီတက်ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ သြဂုတ်လ ၈ ရက်က ယခင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ပြုတ်ကျသွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လူနည်းစု ဟိန္ဒူဘာသာဝင်တို့ တိုက်ခိုက်ခံနေရကြောင်း၊ ကျူးလွန်သူများကို အမြန်ဆုံး အရေးယူ အပြစ်ပေးရေးအတွက် တောင်းဆိုကြတယ်လို့ နယူးဒေလီအခြေစိုက် “အီကော်နောမစ်တိုင်းမ်” (14 September 2024) က ရေးသားပါတယ်။

နိုင်ငံအတွင်း ဘာသာရေးဆိုင်ရာ သဟဇာတဖြစ်မှုကို ထိန်းသိမ်းကြရန်  ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြံပေး အရာရှိချုပ် မိုဟာမက်ယူနွတ်စ်က တောင်းဆိုကြောင်း ရုပ်သံမိန့်ခွန်းပြောကြားအပြီး နှစ်ရက်အကြာ နိုင်ငံတွင်း  မြို့ကြီးများရဲ့လမ်းများပေါ်မှာ ဟိန္ဒူဘာသာဝင်တို့က အခုလို ဆန္ဒပြခြင်းဖြစ်ပါတယ်။

ရှိတ်ဟာစီနာ ထွက်ပြေးသွားပြီးနောက် ဖွဲ့စည်းခဲ့တဲ့ ကြားဖြတ်အစိုးရဟာ တစ်ရပ်တည်းသာရှိတဲ့ “ဂျာတီယာ ဆန်ဆတ်ဒ်” ဘင်္ဂလားဒေ့ရှ်လွှတ်တော်ကို ဖျက်သိမ်းထားပါတယ်။ ရွေးကောက်ပွဲပြုလုပ်ပြီး ဝန်ကြီးချုပ်သစ် ခန့်အပ်နိုင်သည်အထိ ကြားဖြတ်အစိုးရအဖွဲ့မှာဘင်္ဂလားဒေ့ရှ် ဖွဲ့စည်းပုံဥပဒေအရ ရှိတ်ဟာစီနာလက်ထက် သမ္မတ ဖြစ်သူက မူလအတိုင်း ဆက်လက်တာဝန်ယူပါတယ်။ စုစုပေါင်း အဖွဲ့ဝင် ၂၃ ဦးပါ အစိုးရအဖွဲ့မှာ နိုင်ငံတဝန်း လူထု အုံကြွမှုဖြစ်ပွားစဉ် ဆန္ဒပြခေါင်းဆောင်များနဲ့ ကျောင်းသားခေါင်းဆောင်များက ဝန်ကြီးဌာနအသီးသီးရဲ့ အကြံပေး အရာရှိများအဖြစ် တာဝန်ယူပြီး “မိုဟာမက် ယူနွတ်” က အကြံပေးအရာရှိချုပ်ဖြစ်ပါတယ်။ ရှိတ်ဟာစီနာအစိုးရ လက်ထက် ဝန်ကြီးများမှာ ရာထူးမှ ဖယ်ရှားခြင်းခံရပြီး အချို့မှာ လူထုအုံကြွမှုဖြစ်ပွားစဉ် အကြမ်းဖက် သတ်ဖြတ်မှု များအတွက် ဖမ်းဆီးခံထားရပါတယ်။ 

တိုက်ခိုက်မှုကျူးလွန်သူများကို အမြန်ဆုံး အရေးယူ အပြစ်ပေးရေး၊ လူနည်းစုရေးရာ ကိုယ်စားလှယ်ခန့်အပ် ရေးနဲ့ ဝန်ကြီးဌာနအဆင့်တစ်ခု သီးခြားဖွဲ့စည်းရေး၊ သေဆုံးသူများအတွက် လျော်ကြေးပေးရေးအပါအဝင် အချက် ၈ ချက် ကို တောင်းဆိုကြောင်း ဟိန္ဒူဘာသာဝင်တို့က ဆိုင်းဘုတ်များ ကိုင်ဆောင်လှည့်လည်ကြပါတယ်။  ဆန္ဒပြပွဲများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးကပ်စောင့်ကြည့်ခဲ့ကြောင်းလည်း တွေ့ရှိရပါတယ်။

စစ်တကောင်းမြို့ ဟိန္ဒူဘာသာဝင်များရဲ့ဆန္ဒပြပွဲများမှာ အလားတူ တောင်းဆိုကြတဲ့အပြင် ဟာစီနာအစိုးရ ပြုတ်ကျစေခဲ့တဲ့ ကျောင်းသားဆန္ဒပြပွဲများရဲ့ ညှိနှိုင်းရေးမှူးများအနေနဲ့ ၎င်းတို့နဲ့ ၁၅ ရက်အတွင်း တွေ့ဆုံရန်လည်း တောင်းဆိုခဲ့ကြပါတယ်။ လျော်ကြေးငွေပေးအပ်ရေး၊ ပြန်လည်ထူထောင်ပေးရေး အပါအဝင် ယခု တောင်းဆိုချက် များကို မဖြေရှင်းမချင်း အိမ်ပြန်ကြမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

စစ်တကောင်း ဟိန္ဒူဆန္ဒပြသူတွေသာ မွန်းလွဲ ၃ နာရီအချိန် ဂျမဲလ်ခန်နယ်မြေမှာ စုရုံးကြပြီး သူတို့ဘာသာဝင်များ အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပဲ ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ထားကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။ သတင်းမီဒီယာများဟာ သူတို့ရဲ့အသံကိုဖော်ပြပေးခြင်းမရှိဘဲ လစ်လျူ့ရှု့ထားကြတယ်လို့ စွပ်စွဲကြပါတယ်။ မျိုးနည်းစုများ တိုက်ခိုက်ခံရတဲ့သတင်းနဲ့ပတ်သက်ပြီး “ပရိုသွန်အယ်လို” နေ့စဉ်သတင်းစာ တစ်စောင်သာ ရေးသား ဖော်ရပြီး အာဏာပိုင်များအနေနဲ့ သတိပြုသင့်တယ်လို့ ဆန္ဒပြသူတစ်ဦးက တိုက်တွန်းပါတယ်။

ညနေ ၄ နာရီ ၃ဝ မိနစ် ဒါကာမြို့မှာတော့ ဆန္ဒပြသူများစုဝေးတဲ့ ရှာဘက်ဆုံမှာ ယာဉ်ကြောများ ပိတ်ဆို့ကုန်ပါ တယ်။ ဘင်္ဂလားဒေ့ရှ် ဟိန္ဒူဘာသာအသင်း အများအပြားပါဝင်တဲ့ “စန်နာတာနီ အိုဒီခါ အန်ဒိုလမ်” အဖွဲ့အစည်းက ကြီးမှူးကျင်းပတဲ့ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့များက အနီးကပ် စောင့်ကြည့်နေခဲ့ပါတယ်။

ဆန္ဒပြပွဲများနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံ ပါရီအခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်တဲ့ “ဘင်္ဂလားဒေ့ရှ် တရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့” (JMBF) ကတော့ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့ လူနည်းစုများအတွက် နက်ရှိုင်းစွာ စိုးရိမ်ပူပန်မိတယ်လို့ ပြောပါတယ်။ နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများနဲ့ ဝတ်ပြုရာနေရာများကို ဖျက်ဆီးခြင်းဟာ လူ့အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။

ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ပြုတ်ကျပြီးနောက် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့်ရှ်နိုင်ငံအကြား ခရီးသွားလာမှုများ လျော့ ကျလာကြောင်း၊ တစ်ချိန်က လူစည်ကားခဲ့တဲ့ အိမ်နီးချင်းနှစ်နိုင်ငံအကြား ဘတ်စ်ကား၊ မီးရထားနဲ့ လေကြောင်း ကူးသန်းသွားလာမှုများဟာ ယခုအချိန်မှာ ခရီးသည် မရှိသလောက်ဖြစ်နေပြီး စီးပွားရေးအရ ဂယက်ရိုက်ခတ် မှာကို စိုးရိမ်စရာကောင်းလောက်တယ်လို့ “ဒါကာ ထရိုင်ဗြွန်း” (13 September 2024) က ရေးသားပါတယ်။ 

ဟာစီနာဖြုတ်ချခံရကာစမှာ အိန္ဒိယက ဘင်္ဂလားဒေ့ရှ်အတွက် ဗီဇာဝန်ဆောင်မှုများကို ရပ်ဆိုင်းခဲ့ပါတယ်။  များမကြာမီ ဗီဇာထုတ်ပေးခြင်းများကို ပြန်လည်စတင်ခဲ့ပေမယ့် အကန့်အသတ်များရှိနေပါတယ်။ ယခုအခါ ဗီဇာများကို ဆေးဝါးကုသမှု ခံယူရန် နဲ့ ကျောင်းသားများအတွက်သာ ထုတ်ပေးနေပြီး အလုပ် (သို့မဟုတ်) ခရီးသွား လာရန်အတွက် ဗီဇာလျှောက်ထားသူ နည်းပါးလာပါတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်းများမှာ ဝန်ဆောင်မှုပေးနေ တဲ့ လေကြောင်းလိုင်းများမှာ ငွေကြေးအခက်အခဲများ ဖြစ်ပေါ်လာခဲ့ရပါတယ်။

အိမ်နီးချင်းနိုင်ငံနဲ့ ခရီးသွားလာမှု သိသိသာသာ ကျဆင်းသွားကြောင်း ဘင်္ဂလားဒေ့ရှ် မြို့ပြလေကြောင်း အာဏာပိုင်၊ မီးရထားနဲ့ ဆိပ်ကမ်းအာဏာပိုင်တို့က အတည်ပြုပါတယ်။ ဒါကာနဲ့ အိန္ဒိယမြို့ကြီးတွေအကြား ပျံသန်းနေတဲ့ လေကြောင်းခရီးစဉ်တွေမှာ လက်မှတ်ကြိုတင်မှာယူမှု နည်းပါးလာပြီး ပယ်ဖျက်မှု များပြားလာကြောင်း ခရီးသည် ၆ဝ ရာခိုင်နှုန်းမှ ၇ဝ ရာခိုင်နှုန်းအထိ ကျဆင်းလာတာကို တွေ့ရှိရတယ်လို့ ပြောပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လေဆိပ်များမှာ လုံခြုံရေးအစီအမံများကို တိုးမြှင့်ထားခြင်းကြောင့် အိန္ဒိယဘက်ကို သွား လာရန် နှောင့်နှေးမှုများနဲ့ စိတ်ချလက်ချ ခရီးသွားရန် ဆုံးဖြတ်ရခက်တဲ့အထိ ဖြစ်လာပါတယ်။ ခရီးသည်ရရှိမှု နည်းပါးလာတဲ့အတွက် “အဲအင်းဒီးယား” နဲ့ “ယူအက်စ်ဘင်္ဂလား” တို့လို လေကြောင်းလိုင်းတွေမှာ ပျံသန်းမယ့် အချိန်ဇယားကို လျှော့ချခဲ့ရပါတယ်။ ဘင်္ဂလားနိုင်ငံ “နိုဗိုအဲ” လေကြောင်းလိုင်းဆိုရင် “ဒါကာ-ကာလ ကတ္တား” ခရီးစဉ်များကို ရပ်ဆိုင်းလိုက်ရတဲ့အထိပါပဲ 

လေကြောင်းကုမ္ပဏီတွေဟာ ခရီးသည်များကို ပိုမိုဆွဲဆောင်ရန် ပရိုမိုးရှင်း အမျိုးမျိုးနဲ့ကြိုးပမ်းခဲ့ပေမယ့် ခရီးသည် ရရှိမှု ကျဆင်းမြဲ ကျဆင်းနေတာကြောင့် ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ ဥပမာအားဖြင့် အိန္ဒိယသို့ လေကြောင်းခရီးစဉ်များကို လျှော့ချခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ် “ယူအက်စ်လေကြောင်းလိုင်း” ဆိုရင် ကုမ္ပဏီလည်ပတ်မှု ကုန်ကျစရိတ်များကို ကာမိရန် မနည်းရုန်းကန်နေရပါတယ်။ အိမ်နီးချင်းနိုင်ငံနဲ့ ပျံသန်းပြီး ဝင်ငွေရှာဖွေတဲ့ လေကြောင်းလိုင်းတွေအတွက် အိန္ဒိယခရီးသည်အရေအတွက် ကျဆင်းမှုဟာ လေကြောင်းလိုင်းများရဲ့ လုပ်ငန်း လည်ပတ်မှုနဲ့ အမြတ်အစွန်းကို များစွာ ထိခိုက်စေပါတယ်။

(Economic Times., 14 September 2024,” Hindu protests erupt in Bangladesh demanding action against community attacks” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာ သာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved