Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အီဂျစ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မထောက်ထားပဲ စစ်ဘက်ဆိုင် ရာ အကူအညီ ဒေါ်လာ ၁.၃ ဘီလျံပေးရန် အိမ်ဖြူတော် စီစဉ်

Htay Oung (NSS) - စက်တင်ဘာ ၁၄

ဂျိုးဘိုင်ဒန်အစိုးရက အီဂျစ်နိုင်ငံကို စစ်ဘက်ဆိုင်ရာအကူအညီ ဒေါ်လာ ၁.၃ ဘီလျံထောက်ပံ့ရန် စီစဉ်ထားတယ်လို့ အမေရိကန်ကွန်ဂရက်ကို အကြောင်း ကြားထားပြီးဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပါတယ်။ ကိုင်ရိုရဲ့လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကြောင့် အမေရိကန်ရဲ့ထောက်ပံ့မှု အစီအစဉ်များ ရပ်ဆိုင်းခဲ့တဲ့ ၂၀၂၀-ခုနှစ်နောက်ပိုင်း ယခုလိုပေးကမ်းခြင်းဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ရိုက်တာသတင်းအေဂျင်စီ စက်တင်ဘာလ ၁၁ ရက်က ရေးသားပါတယ်။

၁၉၂၂ ခုနှစ် ဗြိတိသျှကိုလိုနီလက်အောက်မှ အီဂျစ်နိုင်ငံလွတ်လပ်ရေးရရှိခဲ့တဲ့နှစ်မှာပဲ ဝါရှင်တန်နဲ့ ကိုင်ရိုအကြား တရားဝင်ဆက်ဆံရေး စတင်ခဲ့ပါတယ်။ စူးအက်တူးမြောင်းတည်ရှိရာ အီဂျစ်နိုင်ငံမှာ ဆိုဗီယက်လိုလားပြီး အစ္စရေးအပေါ် ဆန့်ကျင်တဲ့ သမ္မတ ဂါမယ်နာဆာ ကွယ်လွန်တဲ့ ၁၉၇၀-ခုနှစ်နောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ဟာ ပိုမိုနီးကပ်လာခဲ့ပါတယ်။ ဆိုဗီယက် အကြံပေးများကို မောင်းထုတ်ပြီး အကြမ်းဖက်မှုနှိမ်နင်းရေး- လူကုန် ကူးမှုတိုက်ဖျက်ရေးနဲ့ ဒေသတွင်းလုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးကိစ္စများမှာ အီဂျစ်ဟာ အမေရိကန်အတွက် တန်ဖိုးရှိတဲ့ မိတ်ဖက်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အစ္စရေးရဲ့ မဟာမိတ်ဖြစ်တဲ့ အီဂျစ်ဟာ ဂျုးနဲ့ ပါလက်စ တိုင်းပဋိပက္ခမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ အီဂျစ်-အစ္စရေး ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုတဲ့ ၁၉၇-ခုနှစ်မှ ၂၀၀၃-ခုနှစ်အတွင်း အီဂျစ်နိုင်ငံ ရရှိခဲ့တဲ့ အမေရိကန်ရဲ့ စစ်ရေးအကူအညီဟာ ဒေါ်လာ ၁၃ ဘီလီ ယံခန့်ရှိပြီး နေတိုးမဟုတ်တဲ့ နိုင်ငံများမှာ ပမာဏအများဆုံး ဖြစ်ခဲ့ပါတယ်။ နှစ်နိုင်ငံအကြား ကာကွယ်ရေး ဆိုင် ရာ ပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်း တည်ငြိမ်ရေးအတွက် မဏ္ဍိုင်တစ်ခုအဖြစ် ဆယ်စုနှစ်များစွာ ကြာမြင့် ခဲ့ပါတယ်။  

ရက်စက်ကြမ်းကြုတ်မှုနဲ့ ဖိနှိပ်ချုပ်ချယ်ရာမှာ နာမည်ထွက်ခဲ့တဲ့ သမ္မတ ဟော့ဇနီမူဘာရက်အပေါ် အမေရိကန်ရဲ့ ထောက်ခံမှုဟာ ဝေဖန်စရာများဖြစ်ခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ် အာရပ်နွေဦး လှုပ်ရှားမှုမှာ ပေါ်ပေါက်ခဲ့တဲ့ အီဂျစ်တော်လှန်ရေးအပြီး  ၂၀၁၃ ခုနှစ် သမ္မတ မိုဟာမက်မော်စီကို ဖြုတ်ချအာဏာသိမ်းခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး ဟောင်း လက်ရှိ သမ္မတ အဗ္ဗဒယ်ဖာတာစီစီ အစိုးရကို အမေရိကန်ရဲ့ ထောက်ခံမှုကလည်း အငြင်းပွားဖွယ် ဖြစ်ခဲ့ရပါတယ်။ သမ္မတ စီစီလက်ထက် လူ့အခွင့်အရေးချိုး ဖောက်မှုများသာမက မွတ်စလင်ဘရားသားဟုဒ်တို့ ကို ချေမှုန်းခြင်းတွေဟာ ဝါရှင်တန်အတွက် စိတ်ပျက်စရာများ ဖြစ်ခဲ့ရပါတယ်။ ၂၀၂၀ ခုနှစ် အီဂျစ်-အမေရိကန် ပူးတွဲနိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူ မိုဟာမက်ဆိုလ်တန်နဲ့ မိသားစုဝင်များ ဖမ်းဆီးခံရပြီးနောက် ဝါရှင် တန်ရဲ့ စစ်ရေးဆိုင်ရာအကူအညီများ ဆိုင်းငံ့လိုက်ပေမယ့် စစ်လက်နက်ရောင်းချခြင်းတော့ ကျန်ရှိနေကြောင်း တွေ့ရှိရပါတယ်။ 

ဂါဇာကမ်းမြောင်ဒေသစစ်ပွဲအဆုံးသတ်ရေးအတွက် အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား မအောင်မမြင်ဖြစ်ခဲ့ရတဲ့ ဆွေးနွေးပွဲများ ပြေလည်စေရန် နှစ်ရှည်လများ မဟာမိတ်ဖြစ်သူ အီဂျစ်အပေါ် ဝါရှင်တန်က အကြီးအကျယ် အားထားစရာအဖြစ် ကျန်ရှိနေခိုက် စစ်ဘက်ဆိုင်ရာထောက်ပံ့မယ့်အကြောင်း ယခုလို ကြေညာချက်ထွက်ပေါ် လာခြင်းဖြစ်ပါတယ်။

အီဂျစ်ကို ခွဲဝေပေးတဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ငွေ ဒေါ်လာ ၁.၃ ဘီလျံအနက် ဒေါ်လာ သန်း ၃၂၀ ဟာ မကြာသေးမီ နှစ်များအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေများအရ ဆိုင်းငံ့ထားတဲ့ ငွေကြေးအချို့ ဖြစ် ကြောင်း သိရှိရပါတယ်။ အီဂျစ်နိုင်ငံရဲ့ ယခုနှစ်အတွင်း လူ့အခွင့်အရေး မှတ်တမ်းနဲ့ပတ်သက်ပြီး ထိန်းချုပ်ထားတဲ့ ဒေါ်လာ ၂၂၅ သန်း အပေါ် တားဆီးချက်ကို အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအရ စွန့်လွှတ်လိုက်တယ်လို့  နိုင်ငံခြားရေးဝန် ကြီး အန်သိုနီဘလင်ကင်က ကွန်ဂရက်လွှတ်တော်မှာ တင်ပြကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွ့်ရှိသူက မှတ် ချက်ပေးပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေး၊ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး ဦးစားပေးမှုအပေါ် အီဂျစ်နိုင်ငံက ပံ့ပိုးကူ ညီနိုင်ရေး၊ ဂါဇာကမ်းမြောင်ဒေသမှာ ဝါရှင်တန်က အကူအညီပေးအပ်နိုင်ရေး၊ ဓားစာခံတွေ ပြန်လည်လွတ် မြောက်လာစေရန်နဲ့ ပါလက်စတိုင်းတို့ကို လူသားချင်းစာနာတဲ့ အကူအညီများ ပေးအပ်နိုင်ရေး၊ အစ္စရေး-ဟားမတ်စ် ပဋိပက္ခကို ဖြေရှင်းနိုင်ရေးအတွက် ယခုလို ဆုံးဖြတ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း အီဂျစ်ရဲ့ လူ့အခွင့်အရေးအခြအနေများ၊ နိုင်ငံရေးအကျဉ်းသားတို့နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ သိသာထင်ရှားတဲ့ တိုးတက်မှု မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ စစ်ရေးဆိုင်ရာ အကူအညီအချို့ကို ဆိုင်းငံ့ယုံသာ ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ လုံးဝလစ်လျု့ရှု့ခြင်း မဟုတ်ကြောင်း၊ အမေရိကန်အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုကို မျှော်လင့်နေဆဲဖြစ်ပြီး လိုအပ်ပါက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းအခြေအနေများနှင့် မကိုက်ညီတဲ့အတွက် နောက်ဆက်တွဲအကျိုး ဆက်များ ရှိနေကြောင်း အီဂျစ်သို့လည်း သတင်းစကားပေးပို့ခဲ့တယ်လို့ ပြောပါတယ်။  

ယခုနှစ်မှာတော့ နိုင်ငံရေးအကျဉ်းသားများနဲ့ ပတ်သက်ပြီး အီဂျစ်ဘက်က လုံလောက်တဲ့ အားထုတ်မှုများ ကြောင့် ဒေါ်လာ ၉၅ သန်း ထောက်ပံ့ရန် ဆုံးဖြတ်ရခြင်းဖြစ်တယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ရှင်းပြပါတယ်။

(ဂါဇာမှာ အစ္စရေးရဲ့ အပြုအမူဟာ ပါလက်စတိုင်းတို့အပေါ် စစ်ရာဇဝတ်မှု၊ လူမျိုးသုဉ်း အပြတ်ရှင်းရာ ရောက် ရှိနေတဲ့အတွက် ကြည့် မနေနိုင်တဲ့ အခြားတိုင်းပြည်များက နိုင်ငံတကာ တရားရုံးတွင် တရားစွဲဆိုထားပါတယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံအချို့အတော်များများမှာ ဗြောင်ကျကျသော်၎င်း မလိမ့်တစ်ပတ်သော်၎င်း အစ္စရေး ဘက်က ရပ်တည်နေပြီး ဂါဇာစစ်ပွဲမှာလည်း ရပ်တန့်မယ့် အရိပ်လက္ခဏာ မတွေ့ရသေးပါ။

အဲဒီလိုအခြေအနေဖြစ်ပေါ်နေသရွေ့ အစ္စရေး-ဟားမတ်စ်ဆွေးနွေးပွဲမှာ အောင်မြင်စရာ မရှိပါ။ ဆွေးနွေးပွဲ ပြေ လည်စေရန်ဟုဆိုကာ အမေရိကန်က သူ့ရဲ့ ဒီမိုကရေစံချိန်စံညွှန်းများကို လစ်လျု့ရှု့၍ အီဂျစ်ကို စစ်ရေးအ ထောက် အပံ့များ ဇွတ်အတင်းပေးအပ်နေခြင်းမှာ အစ္စရေး မဟာမိတ်ဖြစ်သူ အာရပ်နိုင်ငံအား လာဘ်ထိုးခြင်းနှင့် တူနေပါတယ်။ 

အိမ်နီးချင်း မွတ်စလင်အာရပ်နိုင်ငံကြီးက ပါလက်စတိုင်းတို့ လူသိထင်ရှား ရက်စက်စွာ သတ်ဖြတ်ခံနေရခြင်းကို လက်ပိုက်ကြည့်နေယုံမက အစ္စရေးနဲ့ ဆွေးနွေးပွဲအောင်မြင်စေရေး ဖိအားပေးခိုင်းသည့်သဘော သက်ရောက် နေပါတယ်။   ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်ပါသည်။)

(Reuters., 11 September 2024,” US grants Egypt entire $1.3 billion in military aid, waiving human rights requirements” ကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

YBS ဘတ်စ်ကားမီးလောင်မှုများတွင် ယာဥ်မောင်းများ အထူးတာဝန်ရှိနေ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved