Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ လာအိုသမ္မတအကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)

ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၄

လက်ရှိအချိန်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ်တာဝန်ယူနေတဲ့  လာအိုနိုင်ငံဟာ အရှေ့တောင် အာရှဒေသအတွင်းရှိ နိုင်ငံတွေထဲမှာ ကုန်တွင်းပိတ် နိုင်ငံတစ်နိုင်ငံဖြစ်ပြီးအင်ဒိုချိုင်းနားကျွန်းဆွယ်ရဲ့ အလယ်မှာတည်ရှိနေကာ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံတို့နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့နိုင်ငံဖြစ်ပါတယ်။ လာအိုပြည် သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဟာ ကမ္ဘာပေါ်ရှိ တစ်ခုတည်းသောဆိုရှယ်လစ်နိုင်ငံဖြစ်ပြီး ကွန်မြူနစ်ဝါဒကို အတိအလင်းထောက်ခံတဲ့နိုင်ငံဖြစ်ပါတယ်။ လာအိုနိုင်ငံဟာ တစ်ပါတီစနစ်ကျင့်သုံးတဲ့နိုင်ငံဖြစ်ပြီး တစ်ခု တည်းသော တရားဝင်နိုင်ငံရေးပါတီမှာ လာအို ပြည် သူ့တော်လှန်ရေးပါတီဖြစ်ကာ ပါတီအထွေထွေအတွင်းရေးမှူး(ပါတီခေါင်းဆောင်)က နိုင်ငံရဲ့အစိုးရအ ပေါ်မှာ အဆုံးစွန်ဆုံးအာဏာနဲ့ အုပ်ချုပ်ပိုင်ခွင့်ယူ ထားပြီး ထိပ်တန်းခေါင်းဆောင်အဖြစ် ဆောင်ရွက်နေပါတယ်။ လက်ရှိအချိန်မှာ လာအိုအစိုးရအဖွဲ့နဲ့ ပါတီ ခေါင်းဆောင်ဟာ သောင်လွန်း ဆီဆိုလစ်ဖြစ်ပြီး လာအိုသမ္မတအဖြစ် (၂၀၂၁) ခုနှစ်မှလက်ရှိ အချိန်အထိ တာဝန်ယူနေသူဖြစ်ပါတယ်။

သောင်လွန်းဆီဆိုလစ်ဟာ လာအိုပြည်သူ့ တော် လှန်ရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့အ တွက် လာအိုနိုင်ငံရဲ့ အလိုအလျောက် ခေါင်းဆောင် အဖြစ် (၂၀၂၁) ဇန်နဝါရီလကစတင် သတ်မှတ်ခံခဲ့ရ ပါတယ်။ အစိုးရရဲ့ပေါ်လစီတွေကို အာဏာအရှိဆုံး အဖွဲ့ဝင် (၁၁)ဦးပါဝင်တဲ့ လာအိုပြည်သူ့တော်လှန် ရေးပါတီရဲ့ ပေါလစ်ဗျူရိုနဲ့ အဖွဲ့ဝင် (၆၁) ဦးပါဝင်တဲ့  လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီက ဆုံးဖြတ်တာမျိုးဖြစ်ပါတယ်။ သူဟာ လာအိုနိုင်ငံ သမ္မတအဖြစ်တာဝန်မယူခင် လာအိုဝန်ကြီးချုပ်အဖြစ် (၂၀၁၆)ခုနှစ်ကနေ (၂၀၂၁) ခုနှစ်အထိ တာဝန်ယူခဲ့ ပြီး (၂၀၂၁) ခုနှစ်မှာ လာအိုနိုင်ငံရဲ့သမ္မတဖြစ်လာခဲ့ သူဖြစ်ပါတယ်။ ၎င်းကို (၁၉၄၅) ခုနှစ်မှာမွေးဖွားခဲ့ပြီး လက်ရှိအချိန်မှာ အသက် (၇၈) နှစ်အရွယ်ရှိနေပြီ ဖြစ်ပါတယ်။ သူ့ကို လာအိုနိုင်ငံက ပြင်သစ်ကိုလိုနီ လက်အောက်ခံဖြစ်နေချိန်အတွင်းမွေးဖွားခဲ့တာ ဖြစ်ပြီး (၁၉၆၂)ခုနှစ်ကနေ (၁၉၆၉)ခုနှစ်အထိ Houaphan အရပ်ဒေသရှိ Pedagogical College  ကောလိပ်မှာလည်း ပညာသင်ကြားခဲ့ဖူးသလို ဆိုဗီ ယက်ပြည်ထောင်စုနဲ့ ဗီယက်နမ်နိုင်ငံတို့မှာလည်း ပညာသင်ကြားခဲ့ဖူးသူဖြစ်ပါတယ်။ ၎င်းဟာ (၁၉၇၃) ခုနှစ်ကနေ (၁၉၇၈)ခုနှစ်အထိ ဆိုဗီယက်ပြည်ထောင် စု လီနင်ဂရက်မြို့ရှိ Gerzen Pedagogy Institute မှ မာစတာဘွဲ့ရရှိခဲ့သလို မော်စကိုမြို့ရှိ  Academy of Sciences တက္ကသိုလ်ကနေ နိုင်ငံတကာဆက်ဆံ ရေးဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။

ဆီဆိုလစ်ဟာ လာအိုနိုင်ငံသမိုင်းမှာ စစ်တပ် ကျောထောက်နောက်ခံပေးမှုမရှိဘဲ သမ္မတအဖြစ် ပထမဆုံး ရွေးချယ်ခံခဲ့ရသူဖြစ်တယ်လို့ဆိုပါတယ်။ လာအိုနိုင်ငံဟာ ပြည်တွင်းစစ်ဒဏ်ခံနေရပြီး အဲဒီပြည် တွင်းစစ်ကာလအတွင်း သောင်လွန်းဆီဆိုလစ်ဟာ ကျောင်းဆရာအဖြစ်တာဝန်ယူခဲ့ဖူးကာ လာအိုအစိုးရ အဖွဲ့မှာ(၁၉၈၇)ခုနှစ်က နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် စတင်တာဝန်ယူခဲ့ပါတယ်။ သူဟာ လာအို နိုင်ငံမှာ ကျောင်းဆရာအဖြစ်တာဝန်ယူခဲ့ သလို လာအိုတက္ကသိုလ်မှာလည်း တက္ကသိုလ်ဆရာ အဖြစ် ကူညီသင်ကြားပေးခဲ့ပြီး လာအိုတက္ကသိုလ်အ တွင်း ရုရှားဘာသာစကားသင်ကြားနိုင်အောင်ကူညီပေးခဲ့သူဖြစ်ပါတယ်။

၎င်းဟာ သားနှစ်ဦးနဲ့သမီးတစ်ဦးရှိနေပြီး လာအို ဘာသာစကားအပြင် အင်္ဂလိပ်၊ ရုရှားနဲ့ ဗီယက်နမ် ဘာသာစကားတွေကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူဖြစ် ကာ (၁၉၈၇)ခုနှစ်နောက်ပိုင်းမှာ လာအိုနိုင်ငံရေး အတွင်းပါဝင်ဆောင်ရွက်ခဲ့ပြီး လာအိုအစိုးရအဖွဲ့မှာ ဒုတိယဝန်ကြီး၊ ဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ်နဲ့ဝန်ကြီးချုပ်တာဝန်တွေကို ရယူခဲ့ဖူးသူဖြစ်ပါတယ်။ သူဟာ ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးအဖြစ် သတ်မှတ် ပြောဆိုခံရပြီး အထူးသဖြင့် အမေရိကန်နိုင်ငံနဲ့ လာ အိုနိုင်ငံကြား အပြန်အလှန် ဆက်ဆံရေးတိုးတက် ကောင်းမွန်အောင် ကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။ သောင်လွန်းဆိုလစ်ဟာ အမေရိကန်နိုင်ငံနဲ့ ဆက်ဆံ ရေးအပြင် တရုတ်၊ ဗီယက်နမ် နိုင်ငံတို့နဲ့လည်းဆက် ဆံရေးကောင်းမွန်အောင် ဖန်တီးခဲ့သူဖြစ်ပါတယ်။ အစိုးရအဖွဲ့တွေမှာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း နိုင်ငံအတွင်းအကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေးကိုဦးစားပေးဆောင်ရွက်ခဲ့သူလည်းဖြစ်ပါ တယ်။ လာအိုနိုင်ငံရဲ့စီးပွားရေးဟာ အိမ်နီးချင်းနိုင်ငံ တွေဖြစ်တဲ့ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနဲ့ တရုတ်နိုင်ငံ တို့ရဲ့ ရင်းနှီးမြှုပ်နှံ့မှုနဲ့ ကုန်သွယ်မှုတွေအပေါ် မှီခိုခဲ့ရ ပြီး တရုတ်နိုင်ငံဟာ လာအိုစီးပွားရေးရဲ့အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူနိုင်ငံဖြစ်နေပါတယ်။ သောင်လွန်း ဆီဆိုလစ်ဟာ လာအိုနိုင်ငံရဲ့သမ္မတအဖြစ်တာဝန်ယူ တဲ့ (၂၀၂၁)ခုနှစ်နောက်ပိုင်းတည်းက လာအိုနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနဲ့ ဆင်းရဲမူလျှော့ချရေးကိုဦးစား ပေးဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

၎င်းဟာ လာအိုနဲ့ တရုတ်နိုင်ငံကြားဆက်သွယ်မယ့် မီးရထားလမ်းဖွင့်နိုင်အောင် ကြိုးပမ်းပေးနိုင်ခဲ့ပေမယ့် လက်ရှိအချိန်အထိ အကြွေးထောင်ချောက် ထဲကျဆင်းခဲ့တယ်လို့ နိုင်ငံတကာသတင်းမီဒီယာ တွေရဲ့ဝေဖန်ပြစ်တင်မှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ လာအိုနိုင်ငံတင်ရှိနေတဲ့အကြွေးအားလုံးရဲ့တစ်ဝက်ကျော်ဟာ တရုတ်နိုင်ငံကိုပေးချေရမှာဖြစ်ပြီး တရုတ် နိုင်ငံရဲ့အကြွေးထောက်ချောက်ထဲကိုကျဆင်းနေ တယ်လို့ဝေဖန်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ လာအိုသမ္မတဟာ တရုတ်နိုင်ငံရဲ့အကြွေးထောင်ချောက်အတွင်းကျဆင်းနေတယ်ဆိုတဲ့ စိုးရိမ်ချက် တွေကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ သမ္မတအဖြစ် တာဝန်ယူပြီးနောက် နိုင်ငံတကာဆက်ဆံရေးပိုင်းမှာ ဟန်ချက်ညီအောင်ကြိုးပမ်းခဲ့ရပြီး အထူးသဖြင့် တရုတ်၊ ဗီယက်နမ်နိုင်ငံတို့နဲ့ သံတမန်ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေဖို့ ကြိုးပမ်းခဲ့တယ်လို့ဆိုပါတယ်။ လာအိုနိုင်ငံရဲ့အဆိုးရွားဆုံးစိန်ခေါ်မှုဟာ နိုင်ငံ၊ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ငွေကြေးဖောင်းပွမှုပြဿနာ တွေဖြစ်နေရာ သောင်လွန်းဆီဆိုလစ်ဟာ အဲဒီပြဿနာတွေကိုရင်ဆိုင်ဖို့ ကြီးမားတဲ့စိန်ခေါ်မှုအဖြစ် ရှိနေပါတယ်။ သောင်လွန်းဆိုလစ် သမ္မတအဖြစ်တာ ဝန်ယူပြီးနောက်ပိုင်း နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ငွေ ကြေးဖောင်းပွမှုပြဿနာတွေ၊ ကုန်သွယ်ရေးလိုငွေပြ မှုတွေနဲ့ နိုင်ငံခြားအြွေကးပြဿနာတွေကို ဖြေရှင်းနိုင် အောင်ကြိုးပမ်းနေပေမယ့် မျှော်လင့်သလောက်တိုးတက်မှုမရှိသေးဘဲဖြစ်နေပါတယ်။

လာအိုနိုင်ငံအတွင်း အဆိုးရွားဆုံးပြဿနာဟာ လက်ရှိအချိန်မှာ ငွေကြေးဖောင်းပွမှုပြဿနာဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှုန်းဟာ (၂၆ ဒသမ ၁) ရာခိုင်နှုန်း အထိရှိနေတယ်လို့ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လာအိုအစိုးရဟာ နိုင်ငံ စီးပွားရေးတိုးတက်ကောင်းမွန်လာအောင် ကြိုးပမ်း နေပေမယ့် မျှော်လင့်သလောက်တိုးတက်ကောင်း မွန် မှုမရှိဘဲဖြစ်နေပါတယ်။ လာအိုဗဟိုဘဏ်ဥက္ကဋ္ဌ အကြီး အကဲက နိုင်ငံအတွက် အကြီးမားဆုံး အခက်ခဲဟာ စီးပွားရေးပြဿနာဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေး အ ခြေနေတွေက လာအိုနိုင်ငံရဲ့စီးပွားရေးကို သက် ရောက်မှုတွေရှိလာနေပြီး ငွေကြေးတန်ဖိုးကျဆင်းခဲ့ သလို စီးပွားရေးမတည်ငြိမ်မှုတွေလည်းဖြစ်ပွားနေ တယ်လို့ဆိုပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ဖော်ပြချက်တွေအ ရ လာအိုနိုင်ငံရဲ့အြွေကးစုစုပေါင်းဟာ နိုင်ငံဂျီဒီပီရဲ့ (၁၁၂) ရာခိုင်နှုန်းအထိရှိနေပြီး အမေရိကန်ဒေါ်လာ (၁၄)ဘီလျံကျော် ပြည်ပြွေကးမြီရှိနေတယ်လို့ ဖော်ပြ ထားပါတယ်။ လာအိုနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေခြင်း၊ စီးပွားရေးတည်ငြိမ်မှုမရှိတာတွေ ဟာ သမ္မတ သောင်လွန်းဆီဆိုလစ်အတွက် ကြီးမား တဲ့စိန်ခေါ်မှုအဖြစ်ရှိနေခဲ့ပါတယ်။ သူကတော့ လာအို နိုင်ငံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ အခက်ခဲတွေကို ရင်ဆိုင်ကျော်ဖြတ်သွားမှာဖြစ်သလို ငွေကြေးဖောင်းပွမှုနှုန်းလျော့နည်းအောင်ကြိုးပမ်းမယ်လို့ ကတိပြု ထားပါတယ်။ အသက် (၇၈)နှစ်အရွယ်ရှိ လာအို သမ္မတအသစ်ဟာ နိုင်ငံရေးအရ ကြီးမားတဲ့စိန်ခေါ်မှု တွေ မရင်ဆိုင်ရပေမယ့် နိုင်ငံစီးပွားရေးတိုးတက်စေဖို့၊ ငွေကြေးဖောင်းပွမှုနှုန်းကျဆင်းစေဖို့ စိန်ခေါ်မှုတွေရှိ နေရာ အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်မ လားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။    



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မုံရွာမြို့တွင် စသုံးလုံးမှဟု အယောင်ဆောင်ကာ အကြမ်းဖက်သမား(၃)ဦး က အမျိုးသမီးတစ်ဦးကို လက်နက်ပြခြိမ်းခြောက်ခေါ်ဆောင်

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved