Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
Jake Sullivan ၏ခရီးစဉ်မှ အမေရိကန်-တရုတ် ဆက်ဆံရေးကို ခြေရာခံကြည့်ခြင်း (ဘာသာပြန်ဆောင်းပါး)

သန်းထိုက်စိုး (NSS) - စက်တင်ဘာ ၁၃

နှစ်နိုင်ငံဆက်ဆံရေးကိုလေ့လာရာတွင် ကမ္ဘာ့ နိုင်ငံများအပေါ် အကျိုးသက်ရောက်မှုကြီးမား သော အမေရိကန်နှင့်တရုတ် အင်အားကြီးနှစ်နိုင်ငံ၏ ဆက်ဆံရေးကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့ ရှိကြသည်။ အမေရိကန်-တရုတ်ဆက်ဆံရေးမှာ လွန်ခဲ့ သည့်ဆယ်စုနှစ်တစ်စုခန့်က ပိုမိုတင်းမာလာ ခဲ့သည်။ သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲ သည် လက်ရှိအမေရိကန် သမ္မတ ဂျိုးဘိုင် ဒန် လက်ထက်အထိ ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။ အမေရိကန်တို့သည် တရုတ်နိုင်ငံကို ထိန်းချုပ် ရန်အတွက် အင်ဒိုပစိဖိတ်ဒေသတွင်းတွင် လုံခြုံရေးမဟာ မိတ်များဖွဲ့စည်းမှုကို အရှိန်မြှင့်ဆောင်ရွက် လာခဲ့သည်။

မကြာသေးမီရက်ပိုင်းအတွင်းက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်၏ ထိပ်တန်းလက်ထောက် တစ်ဦး ဖြစ်သူ Sullivan သည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ သည့်ခရီးစဉ်နှင့်ပတ်သက်၍လည်း ကမ္ဘာ့ သတင်း မီဒီယာများတွင် ရှုထောင့်အမျိုးမျိုးဖြင့် ကျယ်ကျယ်ပြန့် ပြန့်ဖော်ပြခဲ့ကြသည်။ သမ္မတ ဂျိုးဘိုင် ဒန်သည် သမ္မတ ဂျင်မီကာတာပြီးလျှင် တရုတ်နိုင်ငံသို့ ကိုယ်တိုင် လာရောက်ခြင်းမရှိသည့် သမ္မတ တစ်ဦးလည်း ဖြစ်သည်။ သမ္မတဂျိုးဘိုင်ဒန်၏ အမျိုးသားလုံခြုံရေး အကြံပေးတစ်ဦးဖြစ်သည့် Sullivan အနေဖြင့် တရုတ်နိုင်ငံခြားရေးကြီး ဝမ်ယိ၊ တရုတ်ထိပ်တန်း စစ် ဘက်ခေါင်းဆောင်များအပြင် သမ္မတ ရှီကျင့်ဖျင်နှင့်ပါ တွေ့ဆုံခွင့်ရရှိခဲ့သည်။ Jake Sullivan သည် (၂၀၁၆) ခုနှစ်နောက်ပိုင်း တရုတ် နိုင်ငံသို့ လာရောက်ခဲ့သည့် ပထမဆုံးသော အမေရိကန်အမျိုးသားလုံခြုံ ရေးအကြံပေးတစ်ဦးလည်းဖြစ်သည်။ Jake Sullivan သည် သမ္မတဂျိုးဘိုင်ဒန်နှင့် သမ္မတရှီကျင့်ဖျင်တို့နှစ်ဦး ထိပ်သီးချင်းတွေ့ဆုံနိုင်ရေး အတွက် အကြိုလာရောက် တွေ့ဆုံညှိနှိုင်းခြင်းဖြစ်သည်ဟုလည်း သတင်းများတွင် ဖော်ပြကြသည်။ 

သမ္မတရှီကျင့်ဖျင်ကမူ  Jake Sullivan  ကို လက်ခံတွေ့ဆုံရာတွင် တရုတ်နိုင်ငံအနေဖြင့် အမေရိ ကန်နိုင်ငံနှင့် ခိုင်မာသည့်ဆက်ဆံရေးတစ်ရပ် ရရှိထားမှုကို ဆက်လက်ထိန်းသိမ်းထားမည်ဟု ကတိပြု ပြောဆိုခဲ့သည်။ နှစ်နိုင်ငံဆက်ဆံရေးတွင် ကြီးမားသည့် အပြောင်းအလဲများရှိနေသော်လည်း တည်ငြိမ် ခိုင်မာပြီး စဉ်ဆက်မပြတ်တိုးတက်နေသည့် နှစ်နိုင်ငံ ဆက်ဆံရေးအခြေခံရရှိထားမှုမှာ မပြောင်းမလဲရှိနေ မည်ဟု သမ္မတ ရှီကျင့်ဖျင်ကပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာများတွင် ထုတ်ပြန်ခဲ့သည်။ 

အမေရိကန်နိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်မှုများရှိသော်လည်း အဆိုပါယှဉ်ပြိုင်မှု များသည် ပဋိပက္ခသို့မဟုတ် ထိပ်တိုက်ရင်ဆိုင်မှုများဆီ ရောက်ရှိမလာစေရန်နှင့် နှစ်နိုင်ငံအကျိုးစီးပွား ဆုံမှတ်ရှိသည့်နေရာများတွင် အတူတကွပူးပေါင်းဆောင်ရွက်ကြရန် သမ္မတဂျိုးဘိုင်ဒန်က သတင်း စကားပါး လိုက်ကြောင်း Jake Sullivan  က ပြောဆိုခဲ့သည်။ Jake Sullivan  နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိတို့သည် လာမည့်သီတင်းပတ်အနည်းငယ်အတွင်း နှစ်နိုင်ငံ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦး တွေ့ဆုံနိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။  

Jake Sullivan သည် တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည့် Zhang Youxia  နှင့်လည်း တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ရုံးတွင်တွေ့ဆုံခဲ့ သည်။ ထိုသို့တွေ့ဆုံချိန်တွင် ထိုင်ဝမ် (တရုတ်တိုင် ပေ)ကိစ္စနှင့် စစ်မီးထတောက်နိုင်သည့် အခြားကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြသည်။ မကြာသေးမီက တရုတ်နှင့် ဖိလစ်ပိုင်တို့ ထိပ်တိုက်တွေ့ဆုံမှုများရှိခဲ့ ကြသည့် တောင်တရုတ်ပင်လယ်တွင် လွတ်လပ်စွာ ရေကြောင်းသွားလာမှုနှင့် ထိုင်ဝမ် (တရုတ်တိုင်ပေ) ရေလက်ကြားတည်ငြိမ်ရေး အရေးကြီးကြောင်း Jake Sulli­van က ပြောဆိုခဲ့သည်။ ထိုင်ဝမ်(တရုတ် တိုင်ပေ)သည် တရုတ်-အမေရိကန်ဆက်ဆံရေးတွင် ဖြတ်၍ မရသော မီးနီမျဉ်းဖြစ်ကြောင်း တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Zhang Youxia ကလည်း သတိပေးပြောဆိုခဲ့သည်။ တရုတ် နိုင်ငံအနေဖြင့် ထိုင်ဝမ်(တရုတ်တိုင်ပေ)ရေ လက်ကြား တည်ငြိမ်ရေးနှင့်ငြိမ်းချမ်းရေး ထိန်းသိမ်း ရန် အမြဲတစေ အလေးအနက်ထားကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနကလည်း သတင်းထုတ် ပြန်ခဲ့သည်။ သို့သော် ထိုင်ဝမ်(တရုတ်တိုင်ပေ) တည် ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးဆိုသည်မှာ ထိုင်ဝမ်(တ ရုတ်တိုင်ပေ) သီးခြားခွဲထွက်ရေးမဟုတ်ကြောင်းလည်း Zhang Youxia က ပြောဆိုခဲ့သည်။ အမေရိ ကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်(တရုတ်တိုင်ပေ)နှင့် စစ် ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်ရန်၊ လက် နက်ထောက်ပံ့မှုရပ်ဆိုင်းရန်နှင့် ထိုင်ဝမ်(တရုတ်တိုင်ပေ)နှင့်ပတ်သက်၍ သတင်းမှားများဖြန့်ချိနေမှုကို လည်း ရပ်တန့်ရန် တရုတ်နိုင်ငံဘက်ကတောင်းဆိုခဲ့ သည်။ တရုတ်နှင့်အမေရိကန်နိုင်ငံတို့သည် အင်အား ကြီးနိုင်ငံများဖြစ်သည်နှင့်အညီ တာဝန်ယူမှုရှိရှိဖြင့် ပူးပေါင်းဆောင်ရွက်ရန်၊ နှစ်နိုင်ငံစစ်ဘက်နှစ်ရပ်ကြား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် အပြန် အလှန်ဖလှယ်မှု မြှင့်တင်ဆောင်ရွက်နိုင်ရေး တရုတ် နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း Zhang Youxia က   Jake Sullivan ကို ပြောဆိုခဲ့သည်။ ထိုင်ဝမ် (တရုတ်တိုင်ပေ)အနေဖြင့် တရုတ်ပြည်မကြီး နှင့် ပြန်လည်ပေါင်းစည်းရေးမှာ တရုတ်နိုင်ငံ၏ ရည်မှန်း ချက်ဖြစ်ပြီး တရုတ်တပ်မတော်၏ တာဝန်လည်း ဖြစ်ကြောင်း ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး Zhang Youxia က ပြောဆိုခဲ့သည်။ 

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပလိုစီသည် (၂၀၂၂) ခုနှစ် ဩဂုတ်လတွင် ထိုင် ဝမ် (တရုတ်တိုင်ပေ) သို့ သွားရောက်ခဲ့ပြီးနောက် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ဆက်သွယ်မှုများကို ဆိုင်းငံ့ခဲ့သည်။ သမ္မတရှီကျင့်ဖျင် နှင့် သမ္မတဘိုင်ဒန် တို့ အမေရိကန်နိုင်ငံ ဆန်ဖရန် စစ္စကို မြို့တွင်တွေ့ဆုံအပြီး နောက်တစ်နှစ်ကျော်အကြာ မှသာလျှင် ဆွေးနွေးမှုများ တဖြည်းဖြည်း ပြန်လည် စတင်နိုင်ခဲ့ခြင်းဖြစ်သည်။ တောင်တရုတ်ပင်လယ်တွင် တရုတ်ရေတပ်သင်္ဘောများနှင့် ဖိလစ် ပိုင် ရေတပ်သင်္ဘောများ မကြာခဏဆိုသကဲ့သို့ ထိတွေ့မှုဖြစ်ပွားနေခြင်းသည် ဆက်သွယ်ရေး လမ်း ကြောင်း လိုအပ်နေခြင်းဖြစ်သည်ကို အချက်ပြနေခြင်းပင်ဖြစ်သည်။ 

အမေရိကန်နှင့်ဖိလစ်ပိုင်နိုင်ငံတို့သည် အပြန်အလှန်အကာအကွယ်ပေးရေး စာချုပ်ချုပ်ဆိုထား ကြသည်။ အကယ်၍ ဖိလစ်ပိုင်အတိုက်ခံရပါက အမေရိကန်နိုင်ငံအနေဖြင့် ၎င်း၏မဟာမိတ်ကို အကာအ ကွယ်ပေးရန်တာဝန်ရှိသည်။ တောင်တရုတ်ပင်လယ် အတွင်း တရုတ်နိုင်ငံ၏ အပြုအမူများနှင့် ပတ်သက် ၍ စိုးရိမ်ကြောင်း ပြောဆိုခဲ့သော်လည်း အမေရိကန်-ဖိလစ်ပိုင်အပြန်အလှန်အကာအကွယ်ပေးရေး စာ ချုပ်ကို အသုံးချပြီး တရုတ်နိုင်ငံ၏အချုပ်အခြာ အာဏာ ထိခိုက်အောင်ပြုလုပ်မည်မဟုတ်ကြောင်း  Jake Sullivan က ပြောဆိုခဲ့သည်။ 

အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ရုရှားနိုင်ငံ၏ ကာကွယ်ရေးလုပ်ငန်းတွင် ထောက်ပံ့ ပေးနေခြင်းနှင့်ပတ်သက်၍စိုးရိမ်မိကြောင်း Jake Sullivan ကလည်း ပြောဆိုခဲ့သည်။ အမေရိကန် နိုင်ငံ ၏ အဆိုပါစွပ်စွဲမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံက ပယ်ချခဲ့သည်။ ထို့ပြင် ဂါဇာဒေသ ငြိမ်းချမ်းရေး ဆက် လက်ကြိုးပမ်းအားထုတ်နေမှု၊ ဆိုက်ဘာနယ်ပယ်တွင် အရှိန်မြင့်လာမှုနှင့် တွက်ချက်မှု လွဲမှားနိုင်ခြေကို ရှောင်လွှဲရန်လိုအပ်ကြောင်းလည်း သမ္မတ အိမ်ဖြူတော်ကလည်း သတင်းပြန်ခဲ့သည်။ 

နိုင်ငံရေးတွင် တိုက်ဆိုင်မှုမရှိဟုဆိုကြသည့်အတိုင်း Jake Sullivan ၏ ခရီးစဉ်မှာလည်း နိုဝင်ဘာ လတွင်ကျင်းပမည့် အမေရိကန်ရွေးကောက်ပွဲမတိုင် မီတွင် လာရောက်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် လည်း အမေရိကန်ရွေးကောက်ပွဲကို မျက်ခြည်မပြတ် စောင့်ကြည့်နေမည်မှာ သေချာ သည်။ ဇန်နဝါရီလတွင် အစိုးရအပြောင်းအလဲသည် ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံ၏ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှု ကြီးမားမည်ဖြစ်သည်။ ဒီမိုကရက်သမ္မတလောင်း ကဲမလာဟားရစ် အနိုင်ရခဲ့ပါက တရုတ်နှင့် ဆွေးနွေးရေး နည်းလမ်းကိုရှာဖွေနေသည့် သမ္မတဂျိုးဘိုင်ဒန်၏ ချဉ်းကပ်နည်းလမ်းအတိုင်း ဆက်လက်ကျင့်သုံးနိုင် ရေး သတင်းစကားလာပေးခြင်းဖြစ်သည်ဟုလည်း သုံးသပ်ချက်များရှိသည်။ ပြိုင်ဘက် ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ကမူ တရုတ်နိုင်ငံနှင့် ပတ်သက်၍ တင်းမာ သည့်သဘောထားရှိသူဖြစ်သည်။ သမ္မတဂျိုးဘိုင်ဒန်အနေဖြင့် အမေရိကန်-တရုတ် နှစ်နိုင်ငံကြား ရှိရင်းစွဲ ဆက်သွယ်ရေးလမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားလိုကြောင်း  Jake Sullivan က ထပ်ဖန်တ လဲလဲပြောဆိုခဲ့သည်။ သမ္မတ ရှီကျင့်ဖျင်နှင့် သမ္မတဂျိုးဘိုင်ဒန်တို့နှစ်ဦး၏တွေ့ဆုံမှုမှာ ပီရူးနိုင်ငံတွင် ကျင်းပမည့် Asia-Pacific Economic Cooperation Forum  သို့မဟုတ် နိုဝင်ဘာလတွင် ဘရာဇီးလ် နိုင်ငံ၌ ကျင်းပမည့် စက်မှုထိပ်သီးနိုင်ငံများ G-20 ထိပ်သီးဆွေးနွေးပွဲတွင်ဖြစ်နိုင်ကြောင်း ခန့်မှန်းပြော ဆိုမှုများလည်းရှိသည်။ ရီပတ်ဘလစ်ကန် ခေါင်းဆောင်အချို့ကမူ အမေရိကန်နိုင်ငံ ၏ တရုတ် နိုင်ငံ နှင့်တွေ့ဆုံနေမှုများကို အချိန်ဖြုန်းသည့် ကြိုးပမ်းအားထုတ်မှုများအဖြစ် ပြစ်တင်ဝေဖန်ခဲ့ကြသည်။ 

Jake Sullivan က ၎င်း၏ တရုတ်နိုင်ငံခရီးစဉ် အကြောင်းပြောဆိုရာတွင် တောင်တရုတ် ပင်လယ် အရေးနှင့်ပတ်သက်၍ သဘောတူညီချက်အသစ်များ မရရှိခဲ့ကြောင်း၊ သို့သော် စီးပွားရေး၊ ကုန်သွယ်ရေး ကိစ္စများနှင့်ပတ်သက်၍ ခိုင်မာသည့်အပေးအယူ ပြုလုပ်မှုများရရှိခဲ့ကြောင်း၊ ရွေးကောက် ပွဲနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ တောင်တရုတ်ပင်လယ်ကိစ္စ၊ တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းများကိစ္စနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများမှာ အကန့် အသတ်ဖြင့် ရှိနေဆဲဖြစ်သည်။ သမ္မတ ရှီကျင့်ဖျင်နှင့် သမ္မတဂျိုးဘိုင်ဒန်တို့၏ ထိပ်သီးတွေ့ဆုံမှုတွင် ဆွေးနွေးစရာ၊ ဆောင်ရွက်စရာ များစွာလိုအပ်သည်။ သို့သော် Jake Sullivan တရုတ်နိုင်ငံသို့ ရောက်ရှိ လာခြင်းနှင့် စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ ခြင်းတို့မှာ အပြု သဘော တိုးတက်မှုများအဖြစ် ယူဆနိုင်စရာရှိပါကြောင်း Jake Sullivan  ၏ ခရီးစဉ်မှ အမေရိကန်-တရုတ်ဆက်ဆံရေးကို ခြေရာခံမိသမျှ စုစည်းတင်ပြရပါသည်။     

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

TNLA လက်အောက်က မြို့တွေမှာ NUG ထောက်ခံသူတွေ သွားနေကြမလား . . (အင်တာဗျူး)

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved