Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တိုက်ပွဲများကြားမှ ပညာရေးဓားစာခံဖြစ်နေသော ကလေးငယ်များကို လက်ခံသင်ကြားမည့် အထူးအစီအစဉ် IBEC စတင်

သုတကျော် (NSS) - ဩဂုတ် ၂၉

နယ်မြေမတည်ငြိမ်သည့်နေရာ၊ စစ်ဘေးရှောင်ဒေသများမှ ပညာတစ်ပိုင်းတစ်စဖြစ်နေသော ကလေးငယ်များ အတွက် IBEC ကျောင်းတိုက်ကြီးမှ ပညာရေးအထူးအစီစဉ်ကို စတင်ပြုလုပ်ပေးနေကြောင်း စတော့ဟုမ်း ငြိမ်းချမ်းရေး ဆုရှင် IBEC ဆရာတော် ဦးသောဘိတက NSS ကို မိန့်ကြားသည်။


ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး အပါအဝင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်အစရှိသည့် နယ်မြေဒေသ မအေးချမ်းသည့် နေရာများမှ လည်းကောင်း၊ စစ်ဘေးရှောင်ဒေသများမှလည်းကောင်း နယ်မြေပဋိပက္ခများကြောင့် ယခုပညာသင်နှစ်တွင် ပညာရေး တစ်ပိုင်းတစ်စဖြစ်နေသော ကလေးငယ်များအား IBEC ဆရာတော်ဘုရား နှင့် IBEC ကျောင်းတိုက်ကြီးမှ မေတ္တာရှေ့ထား ကာ ‘‘ IBEC ဆရာတော် ဘုရား၏ ပညာရေး အထူးအစီအစဉ်”အဖြစ် ကျန်ရှိ ပညာသင်နှစ်များအတွက် လက်ခံသင်ကြား ပေးခြင်း ဖြစ်ပြီး ဩဂုတ်လ (၂၂) ရက် နံနက် (၉) နာရီမှ စတင်၍ လက်ခံပေးခြင်းဖြစ်သည်။ 

“အခုက စစ်ပွဲတွေ၊ ပဋိပက္ခတွေနဲ့ လက်နက်အားကိုးပြီးတော့မှ အကုန်လုံးက မြို့ဖျက်၊ ရွာဖျက် ဖျက်တော့ ကလေးတွေက ဓားစာခံဖြစ်နေတယ်။ ဓားစာခံဖြစ်နေတော့ ဒီကလေးတွေတော်တော် များများက မန္တလေး၊ စစ်ကိုင်း ပတ်ဝန်းကျင်ကို ပြေးလာကြတာပေါ့။ ပြေးလာကြတဲ့ကလေးတွေက တက်လက်စတန်းလန်းနဲ့ သူတို့ပညာဆက် သင်ချင်ကြတယ်။ ဒါပေမဲ့ အခြေအနေအရ ဘယ်ကျောင်းကမှ ဒီဟာကို ရဲရဲဝံ့ဝံ့လက်ခံဖို့ကျတော့လည်း နည်းနည်း လေး စဉ်းစားကြတာပေါ့နော်။ အဲဒါကြောင့်မို့လို့  လူထုရဲ့အကျပ် အတည်းမှာ တို့ကတတ်နိုင်သလောက် ဒီပညာရေးပိုင်းနဲ့ စောင့်ရှောက်ပေးတဲ့အပိုင်း လူသားချင်းဆိုင်ရာနဲ့ပတ်သက်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တွေနဲ့ ပေါင်းကူးပြီးတော့မှ နေရပ် စွန့်ခွာတွေအတွက်ကို တတ်စွမ်းသမျှကူညီပေးနေတယ်ဆိုတဲ့အပိုင်းနဲ့ဆို နှစ်ပိုင်းပေါ့။ ဒါကတော့ ပညာရေးပိုင်းကို လုပ်သင့် လုပ်ထိုက်တဲ့အပိုင်းကို ရဲရဲဝံ့ဝံ့လုပ်တဲ့သဘောပါ” ဟု ဆရာတော်က မိန့်ကြားသည်။

ထိုသို့ဆောင်ရွက်ရာတွင် အရေအတွက်ကို ကန့်သတ်ထားခြင်းမရှိဘဲ လိုအပ်သောအတိုင်း အတာပမာဏအထိ ဆောင်ရွက်သွားမည်ဖြစ်ကာ စိတ်ဝင်စားသူလည်း များပြားကြောင်းလည်း ဆရာတော်က မိန့်ကြားသည်။

‘‘ကျောင်းနေအရွယ်ကလေးများအားလုံး ခွဲခြားမှုမရှိဘဲ လွတ်လပ်ငြိမ်းချမ်းစွာ ပညာသင်ကြား နိုင်ရေး” ဟူသော IBEC ကျောင်းတိုက်ကြီး၏ ပညာရေးမူဝါဒအရ အထူးအစီအစဉ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွား မည် ဖြစ်ပြီး ယခုလိုစိန်ခေါ်မှုမြင့်မားသည့်အခြေအနေမျိုးတွင် IBEC ဆရာတော်ဘုရားနှင့် IBEC ကျောင်းတိုက်ကြီးမှ မေတ္တာတရားရှေ့ထားကာ လက်ခံဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ 

အဆိုပါအထူးအစီအစဉ်ဖြင့် ပါဝင်ဆောင်ရွက် လိုသူများသည် IBEC ကျောင်းတိုက်ကြီးသို့ လူကိုယ်တိုင်သော် လည်းကောင်း၊ ဖုန်းနံပါတ်ဖြစ်သည့် ဝ၉ ၇၉၈၇၁၆၂၅၉ ထံသို့လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သကဲ့သို့ IBEC ဆရာတော် ဘုရားနှင့်လည်း တိုက်ရိုက်တွေ့ဆုံမေးမြန်းနိုင်ကြောင်း သိရသည်။   


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူကရိန်းက ပထမဆုံးပြည်တွင်းထုတ်ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

RELATED POSTS
RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved