Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
TNLA အုပ်ချုပ်ရေးအောက်က မိုးကုတ်မြို့ခံတွေရဲ့ ဘဝ (အင်တာဗျူး)

သုတကျော် (NSS) - ဩဂုတ် ၂၈

မိုးကုတ်မြို့သည် လက်ရှိတွင် TNLA ၏ ထိန်းချုပ်မှုအောက်တွင်တည်ရှိနေကာ ပြည်သူအများအပြားသည်လည်း စီးပွားရေး အကျပ်အတည်များအကြား ကျရောက်နေရသည်။ ထို့ပြင် စိုးရိမ်ထိတ်လန့်မှုများလည်း ရှိနေရသည်။ ငါနှင့်မတူ ငါ့ရန်သူ အမြင်မျိုးဖြင့် ဒလန်ဟုဆိုကာ သတ်ဖြတ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်မှုများလည်းရှိနေသည်ဖြစ်ရာ ယင်းမြို့က အခြေအနေများနှင့်ပတ်သက်၍ စစ်ဘေးရှောင်လာခဲ့သူ အမျိုးသမီးတစ်ဦးထံ The Statesman  ဂျာနယ်မှ မေးမြန်းထားသည်များကို NSS က ထပ်ဆင့်ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - တိုက်ပွဲစဖြစ်တဲ့အချိန်မှာ စိုးရိမ်မှုတွေရှိခဲ့ ပါသလား။ 

ဖြေ - စိုးရိမ်တာတော့ တအားတွေ စိုးရိမ်မှုတွေ ရှိခဲ့တာပေါ့။ ဘာလို့လဲဆိုတော့ ကိုယ့်အိမ်နား ကပ်နေတာ ကိုး။ အိမ်နား ပတ်ဝန်းကျင်ကိုလည်း လက်နက်ကြီးတွေ ခဏခဏကျတာ။ 

မေး - တိုက်ပွဲ မစခင်တုန်းက သူတို့လာမယ်ဆိုတာကို ကြိုပြီး ကောလာဟလသတင်းတွေ ကြားရတာရှိပါသလား။ 

ဖြေ - မဖြစ်ခင်တည်းက သူတို့ မြို့ထဲရောက်နေပြီ ဆိုတာလည်း ကြားတယ်၊ သိတယ်။ ဘယ်နေ့ကျရင် ဝင်တော့မယ် ဝင်တော့မယ်ဆိုပြီး ခဏခဏ ကြားရတယ်။ အရင်တစ်ခါတုန်းကလည်း အဲဒီလိုကြားပြီးတော့ မိုးမိတ်ဖြစ်ပြီး အေးသွား တော့ ဒီတစ်ခါလည်း အဲဒီလို အေးသွားမယ်ထင်တာလေ။ အခုကျတော့ မအေးတော့ဘဲ အနောက်ပိုင်းမှာ အရင်ဖြစ်ပြီး တော့ တောက်လျှောက် အရှေ့ပိုင်းကို ရောက်လာတာပေါ့။ 

မေး- တိုက်ပွဲကာလမှာကော ဘယ်လိုစိတ်နဲ့ ရှင်သန်ခဲ့ရပါသလဲ။ 

ဖြေ- စိုးရိမ်ကြောင့်ကြမှုတွေနဲ့ နေခဲ့ရတာပေါ့။ အနောက်ပိုင်းကိုလည်း အရှေ့ပိုင်းကနေ လက်နက်ကြီးနဲ့ ပစ်တယ်လေ။ လက်နက်ကြီးသံ ကြားတည်းကကို ကြောက်လန့်နေရပြီလေ။ ဘယ်နေ့ ကိုယ့်အိမ်ပေါ် ကျမလဲဆိုပြီး စိုးရိမ်နေရတာ။ တိုက်ပွဲက ကိုယ့်အိမ် နားမှာ ဖြစ်တာလေ။ ပြေးစရာလည်း မြေမရှိဘူး။ ဗုံးခိုကျင်းတူးဖို့လည်း မလွယ်ဘူး။ ဖုန်းလိုင်းလည်း မရတော့ အဆက်အသွယ်တွေလည်း ပြတ်သွားတာ။ 

မေး- အရင်တုန်းကတော့ တိုက်ပွဲနဲ့ပတ်သက်လို့ ကိုယ်တိုင်ကြုံရတဲ့ အတွေ့အကြုံရှိလား။ 

ဖြေ- မိုးကုတ်မှာ ဖြစ်တာကတော့ ပထမဆုံးပါပဲ။ 

မေး- တိုက်ပွဲကာလမှာ စိုးရိမ်မှုတွေက ဘယ်လိုရှိခဲ့ပါသလဲ။ 

ဖြေ- ခံစားရတာကတော့ အစုံပါပဲ။ အိမ်မှာက အမေအိုကလည်း ရှိတယ်။ ကလေးပေါက်စလေးလည်း ရှိတော့ စိုးရိမ် တာရော ထိတ်လန့်တာရော အကုန်ပါပဲ။ 

မေး- လျှပ်စစ်မီးတွေကကော ဘယ်အချိန်လောက်မှာ စပြတ်တာပါလဲ။ 

ဖြေ- တိုက်ပွဲဖြစ်ပြီးတော့ နှစ်ရက်၊ သုံးရက်နေတော့ ပြတ်သွားတာပဲ။ ဆည်တော်ဘက်ကနေ မီးယူတာဆိုတော့ ဆည် တော်ဘက်ကဖြစ်တော့ မီးကတောက်လျှောက် ပျက်သွားတာပဲ။ စိုးရိမ်စိတ်က ပိုလာတယ်။ မီးမလာတော့တာလည်း သိလိုက်တယ်။ မိုးကုတ်က တောင်ချိုင့်ဝှမ်းထဲမှာလေ။ အရေးကြီးတဲ့နေရာတွေ လည်းနီးတာ။ အချုပ်ထောင်ကို လာသိမ်း တဲ့နေ့ကလည်း အိမ်နားမှာကပ်ပစ်နေတဲ့အတိုင်းပဲ။ မီးကလည်းမှောင်နေတော့ အားလုံးက အိမ်အောက်မှာ စုပြီး နေကြရတာလေ။ အရှေ့ပိုင်းမှာ တိုက်ပွဲဖြစ်တဲ့ ကာလမှာလည်း အဲဒီလို နေကြရတာပါပဲ။ အရှေ့ပိုင်းမှာ ဖြစ်တော့မယ် ဆိုတုန်ကလည်း ဖြစ်တော့မယ်ဆိုတာ သိတယ်။ ရောက်နေပြီဆိုတာ လာပြောကြတာပေါ့။ 

မေး- တိုက်ပွဲဖြစ်တဲ့ ကာလတစ်လျှောက်မှာ အတွေ့အကြုံတွေ ပြောပြပေးပါဦး။ 

ဖြေ- ငရဲကျသလိုပါပဲ။ အဲဒီလို ခံစားရတယ်။ အိမ်နားမှာ (၂) ရက် (၃)ရက်ဖြစ်တာ။ နောက်တော့ တခြားရပ်ကွက်ကို ပြောင်းနေလိုက်တာ။ အိမ်နားမှာ အသံတွေ တအားဆူနေတာ။

မေး- တိုက်ပွဲဖြစ်တုန်းကပေါ့နော်။ ဒီကနေပြီးတော့ လွတ်ပါတော့မလားဆိုတဲ့ အားငယ်စိတ်ကော ဖြစ်မိလား။ 

ဖြေ- အားငယ်တာပေါ့။ လွတ်ပါတော့မလားလည်း တွေးမိတယ်။ မိုးမိတ်ဘက်ကလည်း တချို့က အရဲ ကိုးပြီး ထွက်ကြ တာ။ ထွက်တဲ့သူတွေလည်း တအားဒုက္ခရောက်တာ။ လမ်းတွေက တအားဆိုးတာလေ။ မိုးကမပြတ်ဘူး ရွာနေတော့ တောင်ပေါ်လမ်းတွေလေ။ 

မေး- အဲဒီတိုက်ပွဲ ဖြစ်တုန်းက အခြေအနေက မြို့ကထွက်ဖို့လည်း ခက်၊ အပြင်ရောက်တော့လည်း ဒုက္ခတွေ့ကြရ တာလား။ 

ဖြေ- ဟုတ်တယ်။ တချို့လည်း လမ်းမှာတင် မတော်တဆမှုဖြစ်ပြီး ဆုံးတာအများကြီးရှိတယ်။ ဇရပ်ကွင်း တို့ဘက်မှာ ပိတ်မိခဲ့တာတွေ အများကြီးပဲ။ တချို့လည်း လချီ၊ တချို့ကလည်း ရက်အကြာကြီးပိတ်မိတာ။ တချို့ကလည်း တကောင်း ဘက်ကနေ လှည့်ထွက်ကြတာ။ ဇရပ်ကွင်းတို့ဆို ဘုန်းကြီးကျောင်းတွေမှာထားပြီး ရွာခံတွေက ချက်ကျွေး ကြတယ်တဲ့။ 

မေး- အသိတွေထဲမှာကော တိုက်ပွဲကြောင့် ဖိတ်စဉ်သွားခဲ့ရသူတွေ ရှိပါသလား။ ထင်ရှားတဲ့ ဖြစ်စဉ်တစ်ခုလောက် ပြောပြပါလား။ 

ဖြေ- ရင်းနှီးတဲ့သူတစ်ယောက်ကတော့ သူတို့အိမ် နားမှာ ခဏခဏ လက်နက်ကြီးတွေကျတော့ တခြားရပ်ကွက်ကို ရွှေ့မယ်ဆိုပြီးတော့ ဆိုင်ကယ်ပေါ် အတက်ပေါ့၊ သူ့သမီးကိုလည်း နောက်ကအထိုင်မှာ အိမ်ခေါင်မိုးပေါ်ကို လက်နက်ကြီး ကျပြီးတော့ သူ့ ခေါင်းလာမှန်ပြီးတော့ ဆုံးသွားတယ်။ 

မေး- ဘယ်မှထွက်မရတဲ့အခြေအနေမှာ သိရသလောက်ပေါ့နော် အခုလိုသေဆုံးရတဲ့သူ ဘယ်နှယောက်လောက် ရှိနိုင်ပါ သလဲ။ အသိအကျွမ်းထဲ ကပေါ့။ 

ဖြေ- ၁၅ ယောက်လောက်တော့ရှိမယ်။ 

မေး- TNLA က ပြည်သူတွေရဲ့ အိမ်ကို အကာအကွယ်ယူပြီးတော့ တပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ပြောကြတယ်။ မြို့ခံ တစ်ယောက် အနေနဲ့ကော အဲဒီလို မြင်ရပါသလား။ 

ဖြေ- မြင်ရပါတယ်။ ကိုယ်တိုင်ကတော့ ကြောက်နေတာပေါ့။ ဒါပေမဲ့ အကာအကွယ်ယူပြီးတော့ တိုက်ခိုက်တယ် ဆိုတာကိုလည်း မြင်ရတယ်။ ပြီးတော့ ဒီအကြောင်းကိုလည်း ကြားရပါတယ်။ ဒါကြောင့် တပ်က ပြန်ပစ်ရင် ပြည်သူ အိမ်ပစ်တယ် ဆိုပြီးတော့ ဖြစ်တာပေါ့။ ဓားစာခံ သဘောမျိုးလို့ ပြောရမယ် ထင်တယ်။ 

မေး- မိုးကုတ်တိုက်ပွဲနဲ့ ပတ်သက်ပြီး အမှတ်ထင်ထင် ရှိခဲ့တဲ့ ဖြစ်ရပ်တစ်ခုလောက် ပြောပြလို့ရမလား။ 

ဖြေ- ကျွန်မတို့ ကြားတာပေါ့နော်။ အချုပ်ထောင်ကို လာတိုက်တော့ လက်နက်မချဘဲ အသေခံပြီးတော့ တိုက်သွားတဲ့ စစ်သားငါးယောက်ရှိတယ်လို့ သိရပါတယ်။ သူတို့က လက်နက်ချဖို့အော်တာ လုံးဝမချဘဲ အသေခံပြီး ကာကွယ် သွား တာ။ အင်အားရာနဲ့ချီ ဝိုင်းထားတာကို ပြန်ပစ်တာလေ အချုပ်ထောင်ထဲကနေ။ သေတဲ့အထိ ခုခံသွားတာပေါ့။ သနားပါ တယ်။ 

မေး- မိုးကုတ်မှာ စီးပွားရေးတွေ ပြန်ထူထောင် တယ်လို့ ကြားရတာပေါ့နော်။ အခြေအနေက ဘယ်လိုရှိပါသလဲ။ 

ဖြေ- အခု ဆိုင်တွေ တချို့လည်း ပြန်ဖွင့်ချင်ကြရင် သူတို့ကို ပိုက်ဆံပေးပေါ့။ အခု ကြားရတာက အခွန်လား ဘာလား မသိဘူး။ ဆေးခန်း ဖွင့်ချင်ရင်တောင် သိန်းတစ်ရာ ပေးရတယ်ပြောတယ်။ 

မေး- မိုးကုတ်မြို့ခံ စီးပွားရေးသမားတွေကကော စစ်ဘေးကြားမှာ အခွန်ပေးပြီး ဆိုင်ဖွင့်နိုင်ကြရဲ့လား။ 

ဖြေ- တချို့လည်း သူတို့ကြိုက်တဲ့သူတော့ ဖွင့်ချင်၊ ဖွင့်ကြမှာပေါ့။ ဒါပေမဲ့ တော်တော်များများကတော့ ထွက်ချင် နေကြတာပါ။ ထွက်လည်း ထွက်လာနေကြပါပြီ။ ထွက်လာလည်း လမ်းမှာစစ်တော့ ကြားရတာက တစ်ယောက်ဆို အကင်းမပါးတာလား မသိဘူး။ ဘယ်သွားမှာလဲဆို ပင်စင်သွားထုတ်မှာလို့ ပြောတာတဲ့။ သူက စစ်သားတော့ မဟုတ်ဘူး။ သူတို့က အဲဒီလိုဖြေတာ မကြိုက်ပါဘူးဆို ဘယ်အချိန်မေးမေး အဲဒါပဲ ဖြေတော့ သူတို့ကသွားခွင့် မပေးပြန်ဘူး။ အစိုးရ ဝန်ထမ်း အဟောင်းဆိုလည်းမရဘူး။ အခုတော့ ပြန်လွတ်တယ်ပြောတယ်။ ဘာကြောင့်လဲတော့ မသိဘူး။ နောက် မိသားစုတစ်စုဆိုလည်း ဖုန်းထဲ Message တွေ့လိုက်လို့တဲ့။ ဘာစာတွေ့လဲတော့မသိဘူး။ သွားခွင့် မပေးဘူး။ 

မေး- ဖမ်းတာလား။ 

ဖြေ- ဒီစာကို ဘယ်သူပို့တာလဲ ဘာညာ မေးတယ်တဲ့။ ကျွန်တော် ပို့တာမဟုတ်ဘူး၊ ကျွန်တော် မလုပ်တတ်ဘူးဆိုတော့ ဘယ်နှယောက်ပါလဲ အကုန်ဆင်းခဲ့ ဆိုပြီး ခရီးသည်တင် ကားပေါ်ကနေ နေရစ်ခဲ့ရတာ။ 

မေး- စစ်ပွဲကြောင့် သေသလို တခြားအကြောင်းတွေကြောင့် သေတာမျိုးတွေကော ရှိနေပါသလား။ 

ဖြေ - ပျောက်တာလည်း မနည်းဘူး။ ထွက်ပြေးရင်း လမ်းမှာတင် ပျောက်တာလည်း အများကြီးပဲ။ ဟိုက ထွက်လာတယ်၊ ဒီဘက်လည်း မရောက်ဘူး ပျောက် သွားတာ။ လမ်းမှာ တချို့တွေ့လို့ သောင်းကျန်းသူက စစ်ပြီး ဖမ်းခေါ်တာလည်း မနည်းဘူးလေ။ ဖုန်းထဲကို အကုန်စစ်တာ။ သူတို့က ဖုန်းကို အကြာကြီး စစ်တာ။ ဖုန်းကို အသေးစိတ်ကို ကြည့်တာ။ သူတို့ကျတော့ လည်း သေချာစစ်လိုက်တာလို့။ ဒီဘက် ပြင်ဦးလွင်တို့ ရောက်လာတော့ကျ ဘယ်သွားမှာလဲ၊ ဘယ်လာမှာ လဲပဲ မေးတာ။ သေချာလည်း မစစ်ဘူးနော်။ 

မေး- တိုက်ပွဲ ဖြစ်ပြီးတဲ့နောက် TNLA ကို ဒေသခံတွေက ကြိုက်ကောကြိုက်ကြရဲ့လား။ 

ဖြေ - သူတို့ကိုကြိုက်တဲ့ဟာတွေကတော့ ပျော်နေတာပေါ့။ နောက်ဆက်တွဲ လာမယ့်ဟာတွေကို မသိကြသေးဘူး။ လေယာဉ်လာမယ်ဆိုတာတော့ အကုန်လုံးကြောက်တာ။ အခုက ကျန်တဲ့သူတွေကတော့ သူတို့ကိုမကြိုက်တဲ့သူတွေ၊ မတည့်တဲ့သူတွေက ဒလန်လို့အပြောခံရတဲ့သူတွေကတော့ သူတို့ကို ဘယ်အချိန်လာသတ်မလဲဆိုတာပဲ ကြောက်နေ ရတာပေါ့။ ဒလန်တွေ ရှင်းတော့မယ်ဆိုပြီး လုပ်နေတာ။ ဒလန်ဆိုပြီး သူတို့မှာ စာရွက်ရှိတယ်။ နာမည်စာရင်းပေါ့။ အဲဒီလူတွေကိုတော့ မြို့အထွက်မှာတင် ခေါ်ထားလိုက်တာ။ 

မေး- စာရင်းဝင်ခြင်း၊မဝင်ခြင်းက ဘယ်လို စစ်ပါသလဲ။ 

ဖြေ- မြို့အထွက်မှာတင် မှတ်ပုံတင် စစ်တာ။ နာမည်ဘယ်သူ၊ ဘယ်သူဆို တစ်ခါတည်း ခေါ်ထားလိုက်တာ။ ဒီမှတ်ပုံ တင်ထဲ ဝန်ထမ်းဆိုရင်လည်း တအားကို စစ်တော့တာလေ။ 

မေး- TNLA ရဲ့ လက်အောက်မှာကော လုပ်ကိုင်စား သောက်ရတာ ပြေလည်ရဲ့လား။ 

ဖြေ - အကုန်ပိတ်ထားတော့ မလွယ်ပါဘူး။ ဆေးဝါး ကုန်ပစ္စည်းကလည်း အများကြီးပေးမသယ်ဘူး။ တစ်လလောက် ပြင်ဦးလွင်လေး လမ်းပွင့်တော့ ကုန်ဈေးနှုန်းလေး နည်းနည်း ပြန်ကျတယ်။ ကြက်ဥတစ်လုံး ကျပ်ထောင့်ရှစ်ရာကနေ သုံးရာ့ငါးဆယ် ပြန်ဖြစ်သွားတယ်။ အခုလည်း လမ်းပိတ်ပြီဆိုတဲ့ သတင်းလွှင့် လိုက်တာနဲ့ တစ်ထောင်လောက် ဖြစ်သွား ပြန်ရော။ လမ်းပိတ်တယ် ဆိုတဲ့ ကောလာဟလနဲ့တင် ဈေးက တစ်ချိန်လုံး တက်နေတာ။ 

မေး - မိုးကုတ် မြို့ခံတစ်ယောက်အနေနဲ့ TNLA က မိုးကုတ်ကို အုပ်ချုပ်မယ်ဆို သဘောတူလား။ 

ဖြေ - ကျွန်မက သဘောမတူဘူး။ ပလောင်တွေ ဆိုရင် ဥပဒေမဲ့လို ဖြစ်သွားပြီလေ။ သူတို့ အပြစ်ပေး မယ်ဆိုရင် ခေါ်မယ်၊ သတ်မယ် အဲဒီလိုတွေ ဖြစ်မှာလေ။ ပြီးရင် အရွယ်ရောက်ရင်ပလောင်တပ်ထဲ ဝင်ရမှာလေ။ သူတို့ ခိုင်းတာလုပ်ရမှာ။ ပြီးရင် စစ်တပ်က ထုတ်တဲ့ဟာတွေဆိုရင် ရှာမယ် ပေးမရောင်းဘူးပေါ့။ အခွန်တွေလည်း အများကြီးဆောင်ရမယ်။ တကယ်တော့ ဆက်ကြေးပေါ့။ အခုက ပလောင်ထက် PDF တွေက ပိုကြောက်စရာကောင်းတာ။ PDF တွေက ဗျူဟာ မရှိတာနဲ့ ဘယ်သူဒလန်ဆိုပြီး စာရင်းတွေပေးကြတာ။ နေရတာက မလုံခြုံတော့ပါဘူး။ အခု ဖုန်းလိုင်းတွေ လျှပ်စစ်မီး တွေ မရတော့ဘူးလေ။ အကုန်အဆက်အသွယ် ပြတ်သွားပြီလေ။ 

မေး- တစ်ခုလေး ထပ်မေးချင်ပါတယ်။ ဒါကတော့ မိုးကုတ်မြို့ခံတွေနေရတာ အခုလုံခြုံပါသလား။ 

ဖြေ - ဘယ်လုံခြုံမလဲ။ ဥပဒေမှမရှိတာ။ သူပုန်လက်အောက်မှာ ဥပဒေမရှိဘူးလေ။ ဘယ်နေ့ ဘာဖြစ်မလဲ မသိရဘူး။ ဒါကြောင့် ဒီဘက်ကို ပြေးလာကြတာပေါ့။ အခြေအနေက ဘာမှန်းလည်း မသိဘူးလေ။ ခုနက ပြောသလိုပဲ ဒလန် ဆိုပြီးတော့ သတ်မယ်ဆိုရင်လည်း ခံရမှာ။ ပြောပြမယ် မကျေနပ်တဲ့သူက ဒလန်ဆိုပြီး တိုင်ရင်လည်း အလကားနေရင်း အ သတ်ခံရမှာ။ စိုးတထိတ်ထိတ်ပေါ့။ အရှင်းဆုံး ပြောရရင် အရင်တုန်းက အာဏာသိမ်းတယ်ပဲ ဆိုပါစို့။ အခုထိလည်း သူတို့ကို မကြိုက်ရင်တောင် မဆန့်ကျင်ရင်၊ သူပုန်မလုပ်ရင် အစိုးရက ဘာမှမလုပ်ဘူးလေ။ အခု ကတော့ မဆန့်ကျင်ဘူး မကြိုက်ဘူး ဆိုရင်တောင်မှ အသတ်ခံရမယ့် အခြေအနေ ရှိနေတာပါ။ 

ကျေးဇူးတင်ပါတယ် ခင်ဗျာ။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ သည် ရွေးကောက်ပွဲ အားဖြည့်ဆောင်ရွက်ရန်အတွက်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved